[ Zawgyi ] ၂ဝ၁၈ ခုနှစ်ရဲ့ စမတ်ဖုန်းဈေးကွက်က နည်းပညာပိုင်းမှာ အပြိုင်အဆိုင်တွေများသလို တစ်နှစ်တာလုံးအတွင်း ထွက်သမျှ စမတ်ဖုန်းတိုင်းမှာ ဆန်းသစ်တဲ့ဒီဇိုင်း၊ မြင့်မားကောင်းမွန်လှတဲ့ နည်းပညာတွေ၊ ပိုမိုကောင်းမွန်တဲ့ ကင်မရာစနစ်တွေနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ နည်းပညာတွေများစွာ ပါဝင်လာပါတယ်။ အဓိက ထူးခြားဆန်းသစ်မှုတစ်ခုကတော့ Display ပိုင်း၊ Fingerprint လုံခြုံရေးပိုင်း၊ AI စနစ်ထောက်ပံ့ပါဝင်တဲ့ ကင်မရာစနစ်တွေပဲ ဖြစ်ပါတယ်။ Display ပိုင်းမှာ FullView မျက်နှာပြင် ပြည့်တွေ ခေတ်စားလာသလို ကင်မရာပိုင်းကလည်း အနည်းဆုံးနောက် ဘက်ကင်မရာနှစ်လုံး၊ ဒါမှမဟုတ် ရှေ့ဘက်ကင်မရာနှစ်လုံးကို ဖုန်းတိုင်း လိုလိုမှာ ထည့်သွင်းလာပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာတော့ နောက် ဘက်ကင်မရာ သုံးလုံးနဲ့ လေးလုံးပါတဲ့ စမတ်ဖုန်းတွေ ဈေးကွက်မှာ စတင်မိတ်ဆက် ရောင်းချခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ဂိမ်းကစားဖို့အတွက်ကို သီးသန့်အနေနဲ့ […]
Read More[ Zawgyi ] ကားလိုင်စင်တွေကို 1A နေ 2P အထိ ကားနံပါတ်၊ မော်ဒယ်၊ အမျိုးအစား၊ အရောင်စတာတွေကို အလွယ်တကူ စစ်ဆေးကြည့်နိုင်မယ့် App ဖြစ်ပါတယ်။ မိမိသိရှိလိုတဲ့ ကားလိုင်စင်ဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူရှာဖွေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု App ဖြစ်တဲ့အတွက် App အသုံးပြုတိုင်းမှာ အင်တာနက်ဖွင့်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ App ကို Android version 2.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကားလိုင်စင်တွေကို 1A နေ 2P အထိ ကားနံပါတ်၊ မော်ဒယ်၊ အမျိုးအစား၊ အရောင်စတာတွေကို အလွယ်တကူ စစ်ဆေးကြည့်နိုင်မယ့် […]
Read More[ Zawgyi ] လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်နေတဲ့ CES 2019 ပြပွဲမှာ Matrix ဟာ PowerWatch 2 ကိုမိတ်ဆက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ CES ပြပွဲမှာ ပါဝင်ခဲ့တဲ့ Matrix ရဲ့ PowerWatch ဟာ ဝတ်ဆင်သူရဲ့ လက်ကောက်ဝတ်က ခန္ဓာကိုယ်အပူချိန်နဲ့ လည်ပတ်နိုင်ပါတယ်။ PowerWatch 2 မှာတော့ အရင်မျိုးဆက်လို အဖြူအမည်း screen မဟုတ်တော့ဘဲ ၁.၂ လက်မ ရောင်စုံ display အပြင် အပူချိန်တိုင်းကိရိယာနဲ့ နေရောင်ခြည်စွမ်းအင်သုံးပြီး အားသွင်းနိုင်တဲ့စနစ်တို့ ပါဝင်လာပါတယ်။ ဒါ့အပြင် GPS နဲ့ fitness ခြေရာခံမှုလည်း ပါဝင်လာပါသေးတယ်။ PowerWatch 2 ရဲ့ထူးခြားချက်ကတော့ ပလပ်ထိုးပြီး အားသွင်းစရာမလိုတာဘဲ ဖြစ်ပါတယ်။ Matrix ရဲ့ […]
Read More[ Zawgyi ] တန်ဖိုး – ကန်ဒေါ်လာ ၈၅၉.၉၉ အားသာချက် အလွန်ပါးလွှာတဲ့ အလူမီနီယံ ကိုယ်ထည်က အလွယ်တကူပဲ ပုံစံမျိုးစုံပြောင်းလဲ အသုံးပြုနိုင်အောင် ဖန်တီးထားတာဖြစ်တဲ့အပြင် ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာက သဘောကျစရာပါ။ ဒါ့အပြင် LTE ကွန်ရက်ကို Laptop ကနေ ချိတ်ဆက် အသုံးပြုနိုင်တာတွေကလည်း ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ အားနည်းချက် သူ့ရဲ့ပေးရတဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်ပိုင်းက ဒီထက်ပိုကောင်းသင့်တယ်လို့ မြင်ပါတယ်။ ကီးဘုတ်ကရိုက်ရတာ အနည်းငယ်မာတယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုက အသံထွက်ပိုင်းကလည်း ဒီထက်ပိုကောင်းသင့်တယ်လို့မြင့်ပါတယ်။ သုံးသပ်ချက် Yoga C360 က ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်း၊ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့အပြင် 4G LTE […]
Read More[ Zawgyi ] ကမ္ဘာကြီးရဲ့ ပူနွေးလာမှုဟာ တစ်နှစ်ထက်တစ်နှစ် ဆက်တိုက်ဆိုသလို မြင့်တက်လာတာကြောင့် ရာသီဥတုတွေ ဖောက်ပြန်ခြင်း အကျိုးဆက်ကို လူတွေပိုမိုခံစားလာခဲ့ နေခဲ့ကြပြီလည်း ဖြစ်ပါတယ်။ အဆိုပါဖောက်ပြန်တဲ့ ရာသီဥတုတွေအထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ပြင်းထန်တဲ့နေရောင်ခြည် ကျရောက်မှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ထိုစိန်ခေါ်မှုက အေးမြတဲ့ရာသီဥတုများကို ပိုင်ဆိုင်ထားတဲ့ ဥရောပကဲ့သို့သော နိုင်ငံများအတွက် ကြီးမားတဲ့အခက်အခဲ တစ်ခုမဟုတ်ပေမယ့်လည်း အပူပိုင်းဇုန်အတွင်း နေထိုင်ကြရတဲ့ အခြားသောနိုင်ငံတွေ အတွက်တော့ တကယ့်ကိုကြီးမားတဲ့ ပြဿနာပါ။ ကျွန်တော်တို့က ထင်ကြတယ်။ ဟုတ်ပြီ ဒီလိုပြင်းထန်တဲ့ နေရောင်ခြည်ထိတွေ့မိရင် ဘာဖြစ်မလဲ။ အချိန်တိုင်းထိတွေ့နေရတာလည်းမဟုတ်။ အပြင်ခဏသွားလာ လှုပ်ရှားရင်းသာ ထိတွေ့မိတာကြောင့် သက်ရောက်မှု ဘယ်လိုရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး တွေးထင်မိကြမှာပါ။ အဆိုပါမေးခွန်းတွေအပေါ်ကို ပြန်လည်ဖြေရှင်းမှု ပြုရမယ်ဆိုရင် နေရောင်ခြည်မှာ ကင်ဆာဆဲလ်ကိုဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် ပါဝင်နေခြင်းကြောင့်ပါပဲ […]
Read More[ Zawgyi ] အခုလက်ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှာ ဘယ်လိုပညာရပ်တွေကို အဓိကထားသင်ကြားနေလဲ သိပါရစေ။ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နဲ့ ပြဇာတ်ဆိုပြီး ဌာနကြီး ၅ ခုခွဲပြီး သင်ကြားပေးနေပါတယ်။ အခုခေတ်မှာ မြန်မာ့အနုပညာထက် အဆို၊ အကပိုင်းမှာ နိုင်ငံခြားရေစီးကြောင်းတွေကို လူတွေပိုအလေးထားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ သိပါရစေ။ ဒီလို Globalization ခေတ်မှာမှ တိုးတက်တဲ့နိုင်ငံတွေဖြစ်တဲ့ အိမ်နီးချင်း နိုင်ငံတရုတ်တို့အပြင် အခြားနိုင်ငံတွေမှာလည်း ခေတ်ရေစီးကြောင်းဘက်ကို လူငယ်တွေ တော်တော် လိုက်လာကြတယ်။ ဂျပန်တို့၊ ကိုရီးယားတို့ တိုးတက်တဲ့ နိုင်ငံတွေမှာလည်း ဒီအတိုင်းပဲ ရိုးရာယဉ်ကျေးမှုဘက်ကို လူငယ်တော်တော်များများက POP, Rock တို့ ဘက်ကို လိုက်လာကြတယ်။ ကျွန်တော်တို့ ဒီနိုင်ငံကလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် […]
Read More[ Zawgyi ] ဖုန်းပြောဆိုတဲ့အခါ အသံထွက်အရည်အသွေး ကောင်းမွန်တဲ့ VoLTE (Voice over Long Term Evolution) ဝန်ဆောင်မှုကို Telenor စတင်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ ဝန်ဆောင်မှုကို VoLTE စနစ် အထောက်အပံ့ပါဝင်တဲ့ စမတ်ဖုန်းတွေမှာ အရည်အသွေးမြင့် ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ VoLTE စနစ်ဟာ 4G နဲ့ အင်တာနက်အသုံးပြုနေစဉ် ဖုန်းခေါ်ဆိုမှုပြုလုပ်ပါက 2G/ 3G စနစ်ကို ပြန်လည် ကျဆင်းခြင်းမရှိဘဲ အင်တာနက် အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ “VoLTE စနစ်ဆိုတာက ပုံမှန်ဖုန်းခေါ်ဆိုမှုတွေကို 2G/ 3G ကွန်ရက်တွေကနေတစ်ဆင့် ဖုန်းခေါ်ဆိုတာမဟုတ်ဘဲနဲ့ 4G LTE ကွန်ရက်ပေါ်ကနေပဲ […]
Read More[ Zawgyi ] ၂၀၁၇ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ CES ပြပွဲမှာ ရေပန်းအစားဆုံး ထုတ်ကုန်တွေထဲကတစ်ခုကတော့ Willow brast pump ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်ဟာ အမျိုးသမီးတွေရဲ့ ဘရာထဲမှာ ထည့်သွင်းထားနိုင်ပါတယ်။ CES 2019 ပြပွဲမှာတော့ ကုမ္ပဏီက Willow 2.0 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Willow 2.0 ဟာ ပထမဆုံး pump ထက် တိုးတက်ကောင်းမွန်လာပါတယ်။ Willow အနေနဲ့ pump ဗားရှင်းသစ် ဒီဇိုင်းကို ပြောင်းလဲလိုက်ပါတယ်။ Willow ရဲ့ ပထမဆုံး ထုတ်ကုန် breast pump မှာ မိခင်နို့ရည် ဘယ်လောက် စီးဆင်းနေလဲဆိုတာကို app ကနေပဲ ကြည့်နိုင်ပါတယ်။ Willow 2.0 […]
Read More[ Zawgyi ] ဇန်နဝါရီလ – ဆက်သွယ်ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာအတွက် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သဘောထားမှတ်ချက် တောင်းခံခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ဆက်သွယ်ရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ စာရင်းအင်းကိန်းဂဏန်း အချက်အလက်တွေ၊ အစီရင်ခံစာတွေကို တိကျမှန်ကန်စွာ အချိန်နဲ့တစ်ပြေးညီ တင်ပြနိုင်ရေးအတွက် ယခုလိုတောင်းခံလိုက်ခြင်း ဖြစ်ပါတယ်။ – မိုဘိုင်းအော်ပရေတာတွေရဲ့ ကွန်ရက်ဆိုင်ရာ အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အကြံပေးခေါ်ယူနိုင်ဖို့ REOI (Request for expression of interest) ခေါ်ယူခဲ့ပါတယ်။ မြန်မာ့တယ်လီကွန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ ဆောင်ရွက်တဲ့နေရာမှာ တယ်လီကွန်းကဏ္ဍအတွက် အရည်အသွေး တိုင်းတာခြင်းတွေ၊ စစ်ဆေးခြင်းတွေ ပြုလုပ်ဖို့ အကြံပေးခေါ်ယူခြင်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ – eGovernment Integrated Data Center […]
Read More