Day: December 29, 2018

Yar Pyae (ရာပြည့်)

[ Zawgyi ] တက္ကသိုလ်ဝင်တန်း တက်ရောက်နေသူတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ဗီဒီယိုတွေနဲ့ သင်ခန်းစာတွေကို App ကနေ အလွယ်တကူ လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ စီးပွားရေးစတဲ့ ဘာသာရပ်ဆိုင်ရာတွေကို စာ၊ ရုပ်ပုံ၊ ဗီဒီယို၊ အသံဖိုင်စတဲ့ ပုံစံများဖြင့် အလွယ်တကူ ဖုန်းကနေ လေ့လာနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း အခြေပြု App ဖြစ်ပြီး သင်ခန်းစာဗီဒီယိုတွေကို ဖုန်းထဲသို့ Download ပြုလုပ်ကာ Offline အနေနဲ့လည်း လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း […]

Read More

ShareLike Myanmar

[ Zawgyi ] မိမိတို့ရဲ့ အတွေ့အကြုံတွေကို Facebook ကဲ့သို့ အချင်းအချင်းအလွယ်တကူ မျှဝေနိုင်မယ့် ဆိုရှယ်ပလက်ဖောင်း App ဖြစ်ပါတယ်။ ပြည်တွင်းက ဟိုတယ်၊ စားသောက်ဆိုင်နဲ့ တစ်ခြားနာမည်ကြီး နေရာတွေနဲ့ဆိုင်တဲ့ မိမိရဲ့ အတွေ့အကြုံဆိုင်ရာတွေကို မျှဝေနိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့လည်း မိမိတို့ရဲ့ လုပ်ငန်းတွေကို ShareLike ပလက်ဖောင်းပေါ်တင်ကာ လာရောက်လည်ပတ်သူတွေရဲ့ မှတ်ချက် တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ App ကို အသုံးပြုဖို့အတွက် Facebook အကောင့်ဖြင့်အလွယ်တကူ မှတ်ပုံတင်နိုင်မှာဖြစ်သလို အီးမေးလ်ဖြင့်အကောင့်အသစ်ပြုလုပ်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို မြန်မာဘာသာဖြင့်အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ […]

Read More