Day: December 5, 2018

Android
Download

Gonlolo

[ Zawgyi ] ကုန်ပစ္စည်းပို့ဆောင်သူများနဲ့ ကုန်ပစ္စည်းပို့မယ့်သူများ အလွယ်တကူ ဆက်သွယ်နိုင်မယ့် App ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်မယ့် သူတွေနဲ့ ကုန်စည်ပို့ဆောင်ပေးမယ့်သူများ အနေနဲ့ ကုန်တင်ယာဉ်မောင်းသူများနဲ့ App ကတစ်ဆင့် ဆက်သွယ်နိုင်စေရန် ဖန်တီးထားပြီး မိမိပို့ဆောင်လိုက်တဲ့ကုန်ပစ္စည်းလမ်းကြောင်းနဲ့ ရောက်ရှိတဲ့ အခြေအနေတွေကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ အွန်လိုင်းအခြေပြု app ဖြစ်ပြီး ကုန်တင်ပို့မှုတိုင်းအတွက် ရရှိတဲ့ ရမှတ်များဖြင့်လည်း လက်ဆောင်တွေလဲလှယ် ရယူနိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကုန်ပစ္စည်းပို့ဆောင်သူများနဲ့ ကုန်ပစ္စည်းပို့မယ့်သူများ အလွယ်တကူ ဆက်သွယ်နိုင်မယ့် App ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်မယ့် သူတွေနဲ့ ကုန်စည်ပို့ဆောင်ပေးမယ့်သူများ […]

Read More
Local
News

မြန်မာ့ရှေ့ဆောင်ဘဏ်မှ SME Loan ကို မိတ်ဆက်

[ Zawgyi ] မြန်မာ့ရှေ့ဆောင်ဘဏ်မှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းချေးငွေ (SME Loan) ကို ဒီဇင်ဘာ ၅ ရက် (ယနေ့) နံနက်ပိုင်းက မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ချေးငွေလုပ်ငန်းကို အကောင်အထည်ဖော်ဖို့အတွက် German Development Bank (KfW) နဲ့ ဂျာမန်ဘဏ်လုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံအဖွဲ့အစည်းမှ ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ချေးငွေအမျိုးအစားအနေနဲ့ နှစ်ခုလျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ပစ္စည်းနဲ့ကုန်ကြမ်းတွေကို ဝယ်ယူဖို့အတွက်နဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များဖြစ်တဲ့ လစာ၊ လျှပ်စစ်မီတာ အစရှိတာတွေအတွက် လျှောက်ထားမှုနဲ့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ စက်ပစ္စည်း၊ ကိရိယာတန်ဆာပလာ ဝယ်ယူမှုအပါအဝင် စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု (အိမ်၊ ခြံ၊ မြေ) ဝယ်ယူရန် လျှောက်ထားမှုတွေပဲဖြစ်ပါတယ်။ “MAB ကနေ SME ကဏ္ဍအတွက် KfW မှ ငွေကျပ် ၁၀ […]

Read More
Education
News

ကျောင်းထွက်နှုန်း လျော့နည်းရေး ဆောင်ရွက်လျက်ရှိ

[ Zawgyi ] ကျောင်းထွက်နှုန်း လျော့နည်းရေးနဲ့ အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်တဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲအခမ်း အနားမှာပြောကြားခဲ့တာဖြစ်ပါတယ်။ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ မည်သည့် ခွဲခြားမှုမျှမရှိဘဲ တစ်ဦးတစ်ယောက်မှ မကျန်ရစ်စေရေး အလေးထားဆောင်ရွက်နေကြောင်း၊ ပညာသင်ယူမှုအခွင့် အလန်းမြင့်မားရေးအတွက် သတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ ကျောင်းတွေကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ကြောင်း၊ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူအားလုံး မူလတန်းပညာသင်ယူ ပြီးမြောက်ရေး၊ ကျောင်း ထွက်နှုန်းလျော့နည်းရေးနဲ့ အခြေခံပညာ အထက်တန်းအဆင့် သင်ယူပြီးမြောက်ရေးတို့ကို ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဆရာ၊ ဆရာမတွေရဲ့အင်္ဂလိပ်စာအိုင်စီတီ ကျွမ်းကျင်မှုနဲ့ သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား/ကျောင်းသူတွေကို […]

Read More
Education
News

၂၀၁၈ – ဥရောပတွင် ပညာသင်ပွဲတော် ကျင်းပမည်

[ Zawgyi ] ၂၀၁၈ – ဥရောပတွင် ပညာသင်ပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဗြိတိသျှကောင်စီမှ စီစဉ်ပြီး ဥရောပသမဂ္ဂမှ ရန်ပုံငွေထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ထိပ်တန်းဥရောပ ကျောင်း ၁၉ ကျောင်း၊ နိုင်ငံတော်အဆင့် ကိုယ်စားလှယ် အဖွဲ့/သံရုံး ၈ ခုနဲ့ နိုင်ငံ ၁၃ နိုင်ငံတို့မှ ပါဝင်ခင်းကျင်းပြသမှာဖြစ်ပြီး ပထမဘွဲ့၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ အတွက် ရန်ပုံငွေထောက်ပံ့မှုနဲ့ ပညာသင်ဆုအခွင့်အလမ်းတွေအကြောင်း လေ့လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ဘယ်ဥရောပနိုင်ငံမှာမဆို ပညာသင်ကြားခြင်းဟာ အရည်အသွေးမြင့် ပညာရေးကို ပေးရုံမျှမက စိတ်လှုပ်ရှားဖွယ် မတူခြားနားတဲ့ ယဉ်ကျေးမှုတွေ နေထိုင်ဖို့ […]

Read More
Local
News

Yangon Driver’s Vocational Academy သင်တန်းကျောင်း ပြီးစီးနေမှုများကို ဆွေးနွေး

[ Zawgyi ] ရန်ကုန်တိုင်းဒေသကြီးအတွက် Yangon Driver’s Vocational Academy (YDVLA) သင်တန်းကျောင်း ဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိးမင်းသိန်းနဲ့ Elite Telecom Public Co., Ltd မှ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။ Elite Telecom Public Co., Ltd မှ တာဝန်ရှိသူတွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း Yangon Driver’s Vocational Academy (YDVLA) သင်းတန်းကျောင်း ဖွင့်လှစ်ဖို့အတွက် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေတွေကို တင်ပြဆွေးနွေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဲဒီတွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး […]

Read More
Local
News

အိမ်သုံး FTTH အင်တာနက်ဝန်ဆောင်မှု MPT ထပ်မံတိုးချဲ့

[ Zawgyi ] အိမ်သုံးအင်တာနက်လိုင်းဖြစ်တဲ့ FTTH အင်တာနက်ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်ရှိနေရာအချို့မှာ ထပ်မံတိုးချဲ့လိုက်ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုံ၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်၊ ကြည်မြင်တိုင်၊ ရန်ကင်းအစရှိတဲ့ မြို့နယ်တွေမှာ တိုးချဲ့ထားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်၊ ရှမ်းပြည်နယ်မှာ တောင်ကြီးမြို့တို့မှာ တိုးချဲ့လိုက်ကြောင်း သိရပါတယ်။ ဒေတာမြန်နှုန်း 10Mpbs ကနေ အမြင့်ဆုံး 50Mpbs အထိနှစ်သက်ရာ အစီအစဉ်ကို ရွေးချယ်အသုံးပြုနိုင်ကာ လစဉ်ကြေးအနေနဲ့ 10Mbps အတွက် ၃၉,၀၀၀ ကျပ်၊ 25Mbps အတွက် ၆၉,၀၀၀ ကျပ် နဲ့ 50Mbps အတွက် ၁၀၉,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ “အိမ်မှာအသုံးပြုတဲ့သူတွေ၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုမယ့်သူတွေအတွက် FTTH အင်တာနက်ကွန်ရက်ကို မြန်မာနိုင်ငံမြို့ကြီးတွေရဲ့နေရာအနှံ့အပြားမှာ […]

Read More