Day: October 8, 2018

Vivo

ဖုန်းတစ်လုံးဝယ်တာနဲ့ ပြန်အမ်းငွေနဲ့ လက်ဆောင်တွေရနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်

[ Zawgyi ] ဖုန်းတစ်လုံးဝယ်တာနဲ့ ဖုန်းဖိုးကျသင့်ငွေထဲကနေ ငွေပြန်အမ်းပေးမယ့်အပြင် လက်ဆောင်ပစ္စည်းတွေလည်း ရနိုင်မယ့် အစီအစဉ်တစ်ခုကို Vivo မြန်မာကနေပြီး ပြုလုပ်လိုက်ပါတယ်။ သီတင်းကျွတ်အထူးပရိုမိုးရှင်းအစီအစဉ်တစ်ခုအနေနဲ့ Vivo V11 နဲ့ V11i စမတ်ဖုန်း ဝယ်ယူသူတွေကို ဖုန်းဖိုးကျသင့်ငွေထဲကနေ ငွေကျပ် ၂၀,၀၀၀ ပြန်အမ်းပေးမယ့်အပြင် လက်ဆောင် ပစ္စည်းတွေကိုလည်း ပေးမယ်လို့ ဆိုပါတယ်။ ဒီအစီအစဉ်ကိုတော့ ‘’သီတင်းကျွတ်ပွဲတော် Cashback နဲ့နွှဲပျော်’’ ဆိုတဲ့ ခေါင်းစဉ်ပေးထားပြီး ပရိုမိုးရှင်းကာလကတော့ အောက်တိုဘာ ၇ ရက်ကနေ အောက်တိုဘာ ၂၅ ရက်နေ့အထိ ၁၉ ရက်ကြာ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ V11 ဟာ ၅၅၉,၀၀၀ ကျပ်ဖြစ်ပြီး V11i ကတော့ ၄၁၉,၀၀၀ ကျပ်ရှိပါတယ်။ ဒီဖုန်းနှစ်ခုစလုံးဟာ […]

Read More
Local
News

eGovernment အကောင်အထည်ဖော်ဆောင်မှု တစ်စိတ်တစ်ပိုင်း အောင်မြင်မှုရရှိထား

[ Zawgyi ] eGovernment အကောင်အထည်ဖော်ဆောင်မှုမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အောင်မြင်မှုရရှိထားတယ်လို့ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း နာယက ဦးတင်ဝင်းအောင်က အောက်တိုဘာ ၅ ရက်က ပြုလုပ်တဲ့ e-Government Forum မှာ ပြောကြားခဲ့ပါတယ်။ “အစိုးရဝန်ကြီးဌာနတွေမှာ တစိုက်မတ်မတ်လုပ်နေတဲ့ ဝန်ကြီးဌာနတွေလည်းရှိတယ်၊ အလုပ်လည်း အောင်မြင်နေတယ်၊ ပြီးမြောက်နေသလို သုံးလဲသုံးနေတယ်၊ တချို့ဝန်ကြီးဌာနတွေမှာ သိပ်မရှိသေးပေမယ့် တချို့ဝန်ကြီးဌာနတွေမှာ တော်တော်လေးကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာတွေရှိတဲ့အတွက် တစ်စိတ်တစ်ပိုင်း အနေနဲ့တော့ eGovernment ဟာ အရင်ကထက်စာရင် တော်တော်လေးကို ဖြစ်မြောက်နေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။ အစိုးရပြောင်းသွားခြင်း၊ လူကြီးပြောင်းသွားခြင်း၊ ဝန်ကြီးပြောင်းသွားခြင်းတွေမှာ အရင်အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ဆက်မလုပ်ဘဲ အစကနေပြန်စတာတွေရှိကြောင်း၊ eGovernment ကော်မတီအသစ် ပြန်ဖွဲ့ခြင်းတွေလည်းရှိကြောင်း၊ အမှန်တကယ်ဖြစ်သင့်ခြင်းက နောက်တက်လာတဲ့ အစိုးရအနေနဲ့ ယခင်ပြီးမြောက်နေတာထက် ဘယ်လောက်အထိ […]

Read More
Android
Download

Kalaymyo Business Directory

[ Zawgyi ] ကလေးမြို့ စီးပွားရေးလုပ်ငန်းလမ်းညွှန် App ဖြစ်ပါတယ်။ ကလေးမြို့မှာရှိတဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ လုပ်ငန်းတွေရဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို လုပ်ငန်းအမျိုးအစားလိုက် ရှာဖွေ ကြည့်ရှုနိုင်မှာဖြစ်ပြီး အသစ်ထပ်မံဖြည့်စွက်တဲ့ လုပ်ငန်းလိပ်စာတွေကို App ကို update ပြုလုပ်ကာ ရယူနိုင်မှာ ဖြစ်ပါတယ်။ မိမိတို့လုပ်ငန်းတွေကို ထပ်မံဖြည့်စွက်လိုတာ ဒါမှမဟုတ် လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ပြောင်းလဲပြင် ဆင်လိုတာတွေကိုလည်း App ကနေ တိုက်ရိုက် ချိတ်ဆက်ပြောင်းလဲ ပြင်ဆင်နိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 2.3.3 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] […]

Read More
Local
News

သီတင်းကျွတ်မီးထွန်းပွဲစတစ်ကာ Viber တွင်ရယူနိုင်

[ Zawgyi ] သီတင်းကျွတ်မီးထွန်းပွဲတော် စတစ်ကာတွေကို Viber မှာ ရယူနိုင်ကြောင်း သိရပါတယ်။ အဲ့ဒီစတစ်ကာကို Viber နဲ့ Sweety Home ကုမ္ပဏီနှစ်ခု ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ မြန်မာဘာသာ၊ မြန်မာမှုဒီဇိုင်းနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကို ကြိုဆိုတာဖြစ်ကြောင်း၊ မီးထွန်းပွဲတော်ကို ထင်ဟပ်စေမယ့် စတစ်ကာ၊ ဝါကျွတ် မင်္ဂလာဆောင် တော့မယ့် မင်္ဂလာမောင်နှံစတစ်ကာ၊ ချစ်စဖွယ်ဟန်ပန် အမူအရာတွေနဲ့ဖန်တီးထားတဲ့ စတစ်ကာ အပါအဝင် စတစ်ကာပေါင်း ၂၄ ခုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ခေတ်လူငယ်တွေအကြိုက် ရေပန်းစားတဲ့ ဗန်းစကားတွေကိုပါ ထည့်သွင်းပေးထားကြောင်းလည်း သိရပါတယ်။ “သီတင်းကျွတ်ပွဲတော် Viber စတစ်ကာကို သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ မိသားစုဝင် တွေဆီကိုပါ ပို့လို့ရအောင် မြန်မာမှုစတစ်ကာအဖြစ် Viber အသုံးပြုသူတွေအတွက် လုပ်ပေးခဲ့တာဖြစ်ပါတယ်” လို့ […]

Read More
News
Nokia

Mega Display ပါဝင်တဲ့ Nokia ဖုန်းသစ်တစ်မျိုးကို မကြာမီ HMD မိတ်ဆက်ဖွယ်ရှိ

[ Zawgyi ] ပြီးခဲ့တဲ့တစ်ပတ်က HMD Global ဟာ Nokia 7.1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပေမယ့် လူတော်တော်များများက စိတ်ပျက်ခဲ့ကြပါတယ်။ Nokia 7.1 ဟာ အရင်ထွက်ရှိထားတဲ့ Nokia 6.1 Plus မှာ Carl Zeiss ကင်မရာ lens နဲ့ Nokia ရဲ့ “PureDisplay” နည်းပညာကို ထည့်သွင်းထားတဲ့ ပုံစံ ဖြစ်နေပါတယ်။ ဒါပေမဲ့ HMD အနေနဲ့ မကြာမီမှာ အခြားဖုန်းတစ်မျိုးကို မိတ်ဆက်ဖွယ်ရှိပြီး အဲဒီဖုန်းမှာ “Mega Display” ပါဝင်လာနိုင်ပါတယ်။ Nokia Mobile India ရဲ့ တရားဝင် Twitter account မှာ မကြာမီ မိတ်ဆက်မယ့် ထုတ်ကုန်သစ်နဲ့ပတ်သက်ပြီး tweet […]

Read More
News
Tech

ယာဉ်မောင်း အိပ်ပျော်သွားတဲ့အတွက် Waymo မောင်းသူမဲ့ကား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့

[ Zawgyi ] Waymo ရဲ့မောင်းသူမဲ့ကား Chrysler Pacifica မီနီဗန်ကားမှာ လိုက်ပါလာတဲ့ ယာဉ်မောင်းဟာ အိပ်ပျော်သွားခဲ့တဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗျူးမှာရှိတဲ့ ကုမ္ပဏီရဲ့ ရုံးအပြင်ဘက်က အမြန်လမ်းမကြီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ Waymo ရဲ့မောင်းသူမဲ့ကား ယာဉ်တိုက်မှု သတင်းကို The Information က ပထမဆုံး ဖော်ပြခဲ့ပါတယ်။ မောင်းသူမဲ့ကားကို ထိန်းကျောင်းတဲ့ လူသားယာဉ်မောင်းဟာ အမြန်လမ်းပေါ်အရောက် နာရီဝက်လောက်မှာ တစ်မှေးအိပ်ပျော်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ကားရဲ့လုံခြုံမှုကို ထိန်းသိမ်းပေးတဲ့ ယာဉ်မောင်းဟာ ခြေနင်းကို နင်းပြီး မောင်းသူမဲ့ software ကို အမှတ်တမဲ့ ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယာဉ်မောင်းအနေနဲ့ စတီယာတိုင်ကို ပြန်လည်မထိန်းသိမ်းနိုင်တော့ဘဲ ကားက အမြန်လမ်းက အလယ်ကျွန်းကို တိုက်မိခဲ့ပါတယ်။ […]

Read More
News
Tech

USB-C port နဲ့ လုံးဝန်းတဲ့ ခလုတ်တွေပါဝင်တဲ့ Google Pixel Slate tablet ဓာတ်ပုံများ ထွက်ပေါ်

[ Zawgyi ] အောက်တိုဘာ ၉ ရက်မှာ ကျင်းပမယ့် Google ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Pixel 3 XL နဲ့အတူ တွေ့မြင်ရမယ့် Pixel Slate tablet ရဲ့ ဓာတ်ပုံအသစ်တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Google ရဲ့ ပထမဆုံး Chrome tablet နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ထွက်ပေါ်လာခဲ့ပါတယ်။ အောက်တိုဘာ ၈ ရက် (ဒီနေ့) မှာတော့ MySmartPrice က Chrome OS သုံးထားပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ keyboard ပါဝင်တဲ့ ထုတ်ကုန်တစ်ခုရဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။ အဲ့ဒီထုတ်ကုန်မှာ 3:2 aspect ratio အပြင် pen တစ်ခုနဲ့ […]

Read More
Local
News

သီတင်းပတ် (၃၀) အတွင်း Cyber Law မူကြမ်းထွက်ရှိရန် စီစဉ်

[ Zawgyi ] သီတင်းပတ် (၃၀) ကာလအတွင်းမှာ Cyber Law မူကြမ်းထွက်ရှိဖို့ စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။ အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့တဲ့ eGovernment Forum 2018 အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အောက်တိုဘာ ၁ ရက်က ကမ္ဘာ့ဘဏ်နဲ့ ညှိနှိုင်းပြီးတော့ အကြံပေးအဖွဲ့ကို အပ်နှံပြီးဖြစ်ပါတယ်၊ သီတင်းပတ်သုံးဆယ်အတွင်းမှာ မူကြမ်းတင်ပြရမှာ ဖြစ်ပါတယ် Cyber Law အမြန်ဆုံးထွက်ရှိရေး ရေးဆွဲနေကြောင်း ပြောကြားလိုပါတယ်” လို့ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ e-Governance လုပ်ငန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ်အနေနဲ့ ဥပဒေမူဘောင် ချမှတ်သွားရမှာဖြစ်ကြောင်း၊ လက်ရှိမှာ Cyber Legal and […]

Read More
Local
News

ပြည်နယ်တိုင်းအစိုးရများ eGovernment အကောင်အထည်ဖော်ရန် ကွန်ပျုတာအသင်းချုပ်ကို အကူညီတောင်းခံနိုင်

[ Zawgyi ] ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ eGovernment ကို အကောင်အထည်ဖော်ဖို့အတွက် မြန်မာနိုင်ငံကွန်ပျုတာ အသင်းချုပ်ကို အကူအညီတောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောပါတယ်။ အောက်တိုဘာ ၅ ရက်က ကျင်းပခဲ့တဲ့ eGovernment Forum 2018 အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အသင်းချုပ်နဲ့ နိုင်ငံအဆင့် အသင်းတွေသာမကဘဲ ပြည်နယ်တိုင်း ကွန်ပျုတာ အသင်းတွေကပါ သူတို့ရဲ့ပြည်နယ်တိုင်း အစိုးရတွေကို လိုအပ်ရင် ကူညီဖို့အတွက်အား လုံးပြင်ဆင်ထားကြပါတယ်၊ ဒါဟာ ဘာကိုဆိုလိုတာလဲဆိုတော့ ကျွန်တော်တို့ ကွန်ပျုတာအသင်းတွေဟာ ပြည် ထောင်စုအစိုးရအတွက်သာမကဘဲ ပြည်နယ်တိုင်းအစိုးရတွေအတွက်ပါ ကြိုတင်ပြီးပြင်ဆင်ထားတယ်ဆိုတာကို ပြောလိုတာဖြစ်ပါတယ်၊ ပြည်နယ်တိုင်းအစိုးရတွေအနေနဲ့လည်း လိုအပ်ရင် ကျွန်တော် တို့ကွန်ပျုတာအသင်းတွေကို အချိန်မရွေး အကူအညီတောင်းခံနိုင်ပါတယ်” လို့ ဦးခွန်ဦးကပြောပါ တယ်။ […]

Read More