Day: September 6, 2018

Local
News

ဟန်ဂေရီနည်းပညာသုံး လျှပ်စစ်ကားများ ပြည်တွင်းတွင် ထုတ်လုပ်မည်ဟုဆို

[ Zawgyi ] ဟန်ဂေရီနည်းပညာ အသုံးပြုထားတဲ့ လျှပ်စစ်ကားတွေကို ပြည်တွင်းမှာ ထုတ်လုပ်သွားပြီး ပြည်တွင်း သာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့ ရောင်းချမယ်လို့သိရပါတယ်။ အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့က သိရပါတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အခိုးအငွေ့ လုံးဝမရှိတဲ့ ဈေးကွက်ဝင် လျှပ်စစ်ဘက်(စ်)ကားတွေကို ဥရောပနည်းပညာနဲ့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ် သွားမှာဖြစ်ကြောင်း၊ သာဂရ စက်မှုနယ်မြေအတွင်းမှာ လျှပ်စစ်ကားတွေကို တပ်ဆင်ရမယ့် လျှပ်စစ်မော်တာတွေကို ထုတ်လုပ်ဖို့ ပြည်ပ ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။ ဥရောပနည်းပညာဖြစ်တဲ့ ဟန်ဂေရီ နည်းပညာနဲ့ ပြည်တွင်းမှာသာ တပ်ဆင်ထုတ်လုပ်မှာ ဖြစ်ကြောင်း၊ စွမ်းအင်သုံးစွဲမှုအတွက် အဆင်ပြေစေဖို့ ရန်ကုန်အပါအဝင် […]

Read More
Asia
News
Tech

AI ကဏ္ဍမှာ တရုတ်က အမေရိကန်ကို အသာစီးရထားကြောင်း ရင်းနှီးမြှုပ်နှံသူ ကိုင်ဖူလီ ပြောကြား

AI ကဏ္ဍမှာ တရုတ်က အမေရိကန်ကို အသာစီးရယူထားတယ်လို့ Sinovation ကုမ္ပဏီကို တည်ထောင်သူနဲ့ ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ AI ကျွမ်းကျင်ပညာရှင်ဖြစ်တဲ့ ကိုင်ဖူလီကပြောခဲ့ပါတယ်။ ကိုင်ဖူလီရဲ့ Sinovation ကုမ္ပဏီဟာ ဒီနှစ်အစောပိုင်းမှာ ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိတဲ့ ရန်ပုံငွေကို ရရှိထားပါတယ်။ ကိုင်လီဖူဟာ Google အနေနဲ့ တရုတ်ပြည်က မထွက်ခွာခင်မှာ တရုတ်နိုင်ငံရဲ့ Google ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ဆန်ဖရစစ္စကိုမြို့မှာပြုလုပ်တဲ့ TechCrunch Disrupt ပွဲမှာ ကိုင်လီဖူက အခုမှတ်ချက်ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “အမေရိကန်ဟာ AI သုတေသန အလွန်ခိုင်မာတဲ့အတွက် အမေရိကန်ပဲ လွှမ်းမိုးထားသင့်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ တရုတ်က လျင်မြန်စွာ အမီလိုက်ထားနိုင်ပြီ ဖြစ်ပါတယ်” လို့ လီကပြောပါတယ်။ Sinovation […]

Read More
Asia
News
Tech

စင်ကာပူမှာ အာရှရဲ့ ပထမဆုံး ဒေတာစင်တာ တည်ဆောက်သွားမယ့် Facebook

[ Zawgyi ] Facebook အနေနဲ့ စင်ကာပူနိုင်ငံမှာ အာရှရဲ့ ပထမဆုံး ဒေတာစင်တာ တည်ဆောက်ဖို့အတွက် စင်ကာပူဒေါ်လာ ၁.၄ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဒေတာစင်တာဟာ စင်ကာပူနိုင်ငံ အနောက်ဘက်က Tanjon Kling (Data Centre Park လို့သိခဲ့ကြတဲ့) နေရာမှာ တည်ရှိမှာ ဖြစ်ပါတယ်။ အချက်အလက်စင်တာရဲ့ အကျယ်က စတုရန်းမီတာ  ၁၇၀,၀၀၀ ရှိလာမှာ ဖြစ်သလို အလုပ်ရာပေါင်းများစွာလည်း ထောက်ပံ့လာနိုင်မှာ ဖြစ်တယ်လို့ Facebook ကထုတ်ပြန်ခဲ့ပြီး ဒေသတွင်းနဲ့ စင်ကာပူနိုင်ငံအတွင်း ကုမ္ပဏီကို တိုးတက်အောင် စုစည်းတည်ဆောက်သွားမယ်လို့ ပြောကြားခဲ့ပါသေးတယ်။ Facebook ရဲ့ Infrastructure Data Centers ဒုဥက္ကဋ္ဌဖြစ်သူ သောမတ်စ်ဖာလောင်းက အခုစီမံကိန်းသစ်ဟာ ဆောက်လုပ်ရေး အလုပ်ကိုင် […]

Read More
Asia
News

အိန္ဒိယနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ မျက်စိကျနေတဲ့ Alibaba

တရုတ်အင်တာနက် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Alibaba group ဟာ အိန္ဒိယမှာ အကြီးစားရင်းနှီးမြှုပ်နှံသွားဖို့ ရှာဖွေနေပြီး နိုင်ငံတစ်ဝန်းက ပုံနှိပ်ထုတ်ဝေမှု၊ ဗီဒီယိုနဲ့ ဝက်ဘ်ဆိုက်စတဲ့ content platform တွေကို ဝယ်ယူသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ကုမ္ပဏီအနေနဲ့ သုံးစွဲသူ အချက်အလက် တကိုယ်ရည်လုံခြုံရေးနဲ့ လုံခြုံရေးအပြင် အိန္ဒိယနိုင်ငံက ဆာဗာတွေမှာရှိတဲ့ သုံးစွဲသူအချက်အလက်အများစု သိမ်းဆည်းပုံကိုလည်း လေ့လာနေပါတယ်။ “အိန္ဒိယဟာ UCWeb အတွက် အရေးအကြီးဆုံး နိုင်ငံရပ်ခြား ဈေးကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ browser ကို သုံးစွဲသူ သန်း ၄၆၀ ရှိပြီး အိန္ဒိယက သုံးစွဲသူတွေက သန်း ၁၃၀ ရှိပါတယ်” လို့ ကုမ္ပဏီဥက္ကဋ္ဌ Shunyan Zhu ကပြောပါတယ်။ UCWeb ဟာ […]

Read More
Education
News

သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် စွန့်ဦးတီထွင်မှုစင်တာ တည်ထောင်ရန်လိုအပ်

[ Zawgyi ] သတင်းအချက်အလက် နည်းပညာတက္ကသိုလ် (UIT) မှာ စွန့်ဦးတီထွင်မှုစင်တာ (Entrepreneurship and Innovation Centre) တစ်ခုတည်ထောင်ဖို့ လိုအပ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ UIT မှာ အသစ်ထပ်မံ ဆောက်လုပ်နေတဲ့ အဆောက်အဦနှစ်လုံးထဲမှာ တစ်လုံးကို Entrepreneurship and Innovation Centre အဖြစ်တည်ထောင်ရန် လိုအပ်ကြောင်းပြောကြား ခဲ့တာဖြစ်ပါတယ်။ ” ဒီ Campus မှာ အဆောက်အဦလေးလုံး တည်ဆောက်ရမှာပါ၊ အခုဆို နှစ်လုံးပြီးသွားပါပြီ၊ အဲ့ဒီထဲက တစ်လုံးကိုတော့ အခုပါမောက္ခကြီး တွေနဲ့ညှိနှိုင်းနေပါတယ်၊ အဲ့တစ်လုံးသည် တက္ကသိုလ် ကျောင်းသား/ကျောင်းသူတွေအတွက် Entrepreneurship and Innovation Centre အဖြစ် ထူထောင်ပြီးတော့ဒီ စင်တာကနေ နည်းပညာနဲ့ ပတ်သက်လို့ […]

Read More
News
Xiaomi

Xiaomi အမှုဆောင် ကြော်ငြာထားတဲ့ Poco F1 ဓာတ်ပုံမှာ အတုဖြစ်နေ

[ Zawgyi ] စမတ်ဖုန်းတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အတုပြုလုပ်နေတာဟာ ပုံမှန် ဈေးကွက်ရှာဖွေရေး နည်းဗျူဟာတစ်ခု ဖြစ်နေပါပြီ။ Huawei ကတင်ထားတဲ့ Nova 3i ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ DSLR နဲ့ရိုက်ကူးထားတဲ့ ပုံဖြစ်တယ်ဆိုတာကို သိရှိခဲ့ကြသလို တရုတ်စမတ်ဖုန်းအမျိုးမျိုးက benchmark တွေ လိမ်လည်ထားကြတယ်ဆိုတာကိုလည်း ဖော်ထုတ်ခဲ့ကြပါတယ်။ အခုအခါမှာလည်း Xiaomi ရဲ့နောက်ဆုံးပေါ် flagship စမတ်ဖုန်းက ဓာတ်ပုံတုတွေတင်ပြီး ကြော်ငြာခဲ့ပါတယ်။ Xiaomi ရဲ့ထိပ်တန်းအမှုဆောင် ဒိုနိုဗန်ဆွန်ဟာ PocoF1 စမတ်ဖုန်းကို ကြော်ငြာဖို့ Instagram မှာ ကင်မရာ ဓာတ်ပုံ နမူနာတင်ခဲ့ပါတယ်။ ဒါပေမယ့် Reddit သုံးစွဲသူတချို့ကတော့ အဲ့ဒီ ကင်မရာ ဓာတ်ပုံနမူနာဟာ Xiaomi Poco F1 ရဲ့ […]

Read More
Education
News

ကျွမ်းကျင်ပညာရှင်များ လိုအပ်ချက်နှင့် ပတ်သက်၍ လွှတ်တော်၌ဆွေးနွေး

ကျွမ်းကျင်ပညာရှင်တွေ လိုအပ်နေမှုနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၅ ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ် တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ကျွမ်းကျင်ပညာရှင်တွေ လိုအပ်တဲ့အရေအတွက်ကို သုတေသနပြုလုပ်ပြီး သင့်လျော်တဲ့ မူဝါဒနဲ့ နည်းဗျူဟာ ချမှတ်ရေးဆွဲသင့်ကြောင်း အဆိုကို ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက စတင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နည်းပညာရှင် မွေးထုတ်ရာမှာတစ်နှစ်ကို အိန္ဒိယနိုင်ငံက ၁၃၅၀၀၀၊ စင်ကာပူနိုင်ငံက ၇၀၀၀၀ ရှိပြီး မြန်မာနိုင်ငံက ၁၀၀၀၀ ခန့်သာရှိကြောင်း ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်း သစ်ကပြောပါတယ်။ တက္ကသိုလ်ပညာသင်ကြားဖို့ အစိုးရ၊ ကျောင်းသားမိဘများက ငွေကြေးကျခံပြီး ကျောင်းသားတွေ အနေနဲ့လည်း အချိန်နဲ့ အားစိုက်ထုတ်ရသလို ကျောင်းပြီးလို့ပညာနဲ့ လုပ်ကိုင်ခွင့်မရရင် အားလုံးအတွက် ဆုံးရှုံးမှုကြီးဖြစ်ကြောင်း၊ တက်မြောက်ထားတဲ့ ပညာနဲ့ လူမှန်၊ နေရာမှန် ဆောင်ရွက်မှသာ တိုးတက်မှာ ဖြစ်တဲ့အတွက် အဲဒီအဆိုကို ဆောင်ရွက်သင့်ကြောင်း […]

Read More
Mobile
News

ကျောဘက်ကင်မရာနှစ်ခုနဲ့ notch ပါဝင်တဲ့ 8X နဲ့ 8X Max ကို Honor ပွဲထုတ်မိတ်ဆက်

Honor ဟာ upper midrange စမတ်ဖုန်းတွေဖြစ်တဲ့ Honor 8X နဲ့ 8X Max တို့ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ စမတ်ဖုန်းနှစ်မျိုးထဲက အရွယ်သေးငယ်တဲ့ မော်ဒယ်မှာ HiSilicon Kirin 710 chipset ကို အသုံးပြုထားတာကြောင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။ RAM ကို 4GB ဒါမှမဟုတ် 6GB နဲ့ ရရှိနိုင်ပါတယ်။ ဒါ့အပြင် 8X မှာ megapixel မြင့်မားတဲ့ ကင်မရာတွေ ပါဝင်ပြီး ကျောဘက်မှာ 20MP f/1.8 + 2MP နဲ့ အရှေ့ဘက်မှာ 16MP f/2.0 တို့ ပါဝင်လာပါတယ်။ Honor 8X ဟာ 8X Max […]

Read More
News
Tech

ကာလာ AMOLED screen နဲ့ နှလုံးခုန်နှုန်း ခြေရာခံစနစ်ပါဝင်တဲ့ Honor Band 4

Honor ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် စမတ်လက်ပတ်ဖြစ်တဲ့ Honor Band 4 ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်လက်ပတ်သစ်မှာ စိတ်ဝင်စားဖွယ်ရာ feature သစ်တွေ ပါဝင်လာပါတယ်။ အကြီးမားဆုံး အပြောင်းအလဲက ကာလာ AMOLED screen တစ်ခုကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ အဲ့ဒီ screen ဟာ ၀.၉ လက်မရှိပြီး တရုတ်စာလုံး ၄၅ လုံးအထိ ပြသပေးနိုင်ပါတယ်။ နောက်ထပ်ပါဝင်လာတဲ့ feature သစ်က နှလုံးခုန်နှုန်းကို အဆက်မပြတ် စောင့်ကြည့်ပေးနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ အခြား စမတ်လက်ပတ်တွေနဲ့ မတူတာက Honor Band 4 ဟာ သုံးစွဲသူရဲ့ နှလုံးခုန်နှုန်းကို အချိန်ပြည့် စောင့်ကြည့်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ နှလုံးခုန်နှုန်း ဇယားကွက်ကို […]

Read More