Day: September 4, 2018

တက္ကသိုလ်များ၏ ဦးနှောက်သည် စာကြည့်တိုက်များဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးပြောကြား

[ Zawgyi ] တက္ကသိုလ်များ၏ ဦးနှောက်သည် စာကြည့်တိုက်များဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။ “ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေနိုင်ရေး လိုအပ်ချက်တွေကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပညာရေးစနစ်ကြီးရဲ့ အဓိက အသက်ဝိညာဉ်ဟာ သင်ယူခြင်း (Learning) ပင်ဖြစ်ပါတယ်။ ဆရာ၊ ဆရာမများဟာလည်း ထာဝရသင်ယူသူများဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူတွေကို လက်တွေ့နဲ့နီးစပ်တဲ့ သင်ကြားသင်ယူမှုများ ပြုလုပ်နိုင်ရန် အကိုးအကားပြုနိုင်တဲ့နေရာမှာ စာကြည့်တိုက်များပင် ဖြစ်တယ်” လို့ ၎င်းက ရွှေအိုရောင်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာကြည့်တိုက်ကို များများအသုံးပြုကာ စာသင်ခန်းထဲမှာ ဘာသာရပ်ရဲ့ အရည်အသွေးမြင့်မားရေးနဲ့ ဘွဲ့ရပြီးတဲ့အခါမှာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဘွဲ့ရလူငယ်တွေအဖြစ် စာကြည့်တိုက်တွေက အကျိုးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ […]

Read More

Feature သစ်တွေကို flagship မတိုင်ခင် mid-range ဖုန်းတွေမှာ စတင်ထည့်သွင်းသွားဖွယ်ရှိတဲ့ Samsung

[ Zawgyi ] တန်ဖိုးအကြီးဆုံး စမတ်ဖုန်းတွေမှာ feature သစ်တွေ စတင်ပါဝင်လာတဲ့ အလေ့အထရှိပါတယ်။ ဒါပေမဲ့ Samsung ကတော့ ကွဲပြားတဲ့ နည်းလမ်းတစ်ခုကို အသုံးပြုလာနိုင်ပါတယ်။ ကုမ္ပဏီအနေနဲ့ flagship ဖုန်းတွေထက် အရင်ထွက်ရှိမယ့် mid-range ဖုန်းတွေရဲ့ ကွဲပြားမှုကို ပိုမိုအာရုံစိုက်သွားမယ်လို့ Samsung ရဲ့မိုဘိုင်းဌာနခွဲအကြီးအကဲ ဒီဂျေကို့ခ်ျက ပြေပာပါတယ်။ “အတိတ်မှာတုန်းက flagship ဖုန်းတွေဟာ ကွဲပြားခြားနားတဲ့ နည်းပညာသစ်တွေ ပါဝင်ခဲ့ပြီးမှ အလယ်အလတ်ဖုန်းဆီ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပညာနဲ့ ကွဲပြားမှုတွေကို အလယ်အလတ်တန်းစားဖုန်းတွေမှာ ထည့်သွင်းသွားမယ့် ကျွန်တော်ရဲ့နည်းဗျူဟာကို ဒီနှစ်ကစပြီး ပြောင်းလဲလိုက်ပါပြီ” လို့ ကို့ခ်ျက CNBC ထံ ပြောကြားခဲ့ပါတယ်။ ကို့ခ်ျအနေနဲ့ နည်းဗျူဟာပြောင်းလဲမှုအတွက် Samsung ရဲ့မိုဘိုင်းဖွံ့ဖြိုးရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ ဒီဇိုင်းသစ်နဲ့ […]

Read More

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာခေါ်ယူ

[ Zawgyi ] သွားလာရေးနဲ့ လူမှုရေးခက်ခဲတဲ့ ဒေသများနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုတို့မှ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ခေါ်ယူနေတယ်လို့ သိရပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များမှာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် နိုင်ငံတော်မှ ထုတ်ပြန်ထားတဲ့ ဒေသစရိတ်ခံစားခွင့်ရှိတဲ့ (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) အစရှိတဲ့ ဒေသတွေက သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာတွေကို စက်တင်ဘာ ၂၈ ရက် နောက်ဆုံးထားကာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနကို တိုက်ရိုက်ပေးပို့ လျှောက်ထားရမှာ စ်ြပါတယ်။ အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်း နိုင်ပါတယ်။ -သန္တာ […]

Read More

Cambridge English Certificate Awarding Ceremony ကျင်းပပြုလုပ်

[ Zawgyi ] NELC (Nelson English Language Centre) ရဲ့ Cambridge English Certificate Awarding Ceremony အခမ်းအနားကို စက်တင်ဘာလ ၂ ရက်က NOVOTEL YANGON HOTEL မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ခြောက်ဘာသာဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ NELC မှ ကျောင်းသူဟောင်းများက သင်ယူလေ့လာမှု အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ ယင်းနောက် စာမေးပွဲတွေမှာ ထူးချွန်စွာအောင်မြင်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပါတယ်။ [ Unicode ] NELC (Nelson English Language Centre) ရဲ့ Cambridge English Certificate Awarding […]

Read More

ပညာရေးနှင့် ပတ်သက်သည့် အွန်လိုင်းဗီဒီယို ဇာတ်လမ်းတိုပြိုင်ပွဲ ပြုလုပ်မည်

[ Zawgyi ] ကျွန်ုပ် (တို့) မျှော်မှန်းသော ပညာရေးစနစ် ခေါင်းစဉ်နဲ့ ဇာတ်လမ်းတိုပြိုင်ပွဲ ကျင်းပမယ်လို့ သိရပါတယ်။ Youth Society for Education Official Page မှာ ဖိတ်ခေါ်ထားတာဖြစ်ပြီး ပညာရေးစနစ် အရည်အသွေးမြှင့်တင်မှုနဲ့ ပတ်သက်ပြီး ကျောင်းသားလူငယ်တွေရဲ့ ကိုယ်ပိုင်အတွေးအမြင် ထက်သန်စေရန်၊ မိဘပြည်သူများအားလုံး စိတ်ပါဝင်စားစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ကာ Youth Society for Education က ဦးဆောင်ပြုလုပ်တာဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲဝင်ဇာတ်လမ်းတိုတွေကို September 15 ရက်နေ့ နောက်ဆုံးထား တင်သွင်းရမှာဖြစ်ကြောင်း၊ ဒီနေရာမှ ပြိုင်ပွဲဝင်လျှောက်လွှာကို ရယူဖြည့်စွက် လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံတွင်းမှာ နေထိုင်နေတဲ့ လက်ရှိမြန်မာနိုင်ငံသားတွေသာ ဝင်ရောက်ပြိုင်ခွင့်ရှိပါတယ်။ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ယှဉ် ပြိုင်နိုင်မှာဖြစ်ပြီး […]

Read More

ViU ၏ အွန်လိုင်းဒီဂျစ်တယ် ဗီဒီယိုဝန်ဆောင်မှု မြန်မာနိုင်ငံတွင် မိတ်ဆက်

[ Zawgyi ] နိုင်ငံတကာ အွန်လိုင်းဒီဂျစ်တယ်ဗီဒီယို ဝန်ဆောင်မှုဖြစ်တဲ့ ViU ရဲ့ကို မြန်မာနိုင်ငံမှာ စတင်လိုက်ပါတယ်။ မြန်မာစာတန်းထိုး ဇာတ်ကားတွေကို အွန်လိုင်းကနေ ကြည့်ရှုနိုင်အောင် ဆောင်ရွက်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး Myanmar Net နဲ့ ပူးပေါင်းဆောင်ရွက် လိုက်တာလို့ သိရပါတယ်။ ViU Application ကို Download ပြုလုပ်ပြီး Myanmar Net အင်တာနက်နဲ့ ချိတ်ဆက်ကာ ပြည်တွင်းပြည်ပ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဝသုံးအမုန်းကြည့်လို့ နာမည်ပေးထားတဲ့ Package ကို ပုံသေနှုန်းထား တစ်ရပ်နဲ့ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ “မြန်မာနိုင်ငံအပါအဝင် ရေပန်းစားလူကြိုက်များနေတဲ့ နောက်ဆုံးပေါ်ကိုးရီးယား၊ ထိုင်းနဲ့အိန္ဒိယ ဇာတ်ကားတွေကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုနိုင်မှာပါ၊ ကိုးရီးယားနဲ့ တစ်ရက်တည်းပြသမယ့် Running Man အစီအစဉ်တွေသာမက ဒရာမာဇာတ်လမ်းတွဲတွေ […]

Read More

ကျောဘက်ကင်မရာ လေးလုံးပါဝင်တဲ့ ပထမဆုံးဖုန်းကို ၂၀၁၈ တွင် Samsung မိတ်ဆက်ဖွယ်ရှိ

[ Zawgyi ] Samsung ဟာ ကျောဘက်ကင်မရာ လေးလုံးပါဝင်တဲ့ စမတ်ဖုန်းတစ်မျိုးအတွက် အသင့်ဖြစ်နေတယ်လို့ ယူဆရပါတယ်။ ဒီသတင်းဟာ Twitter သုံးစွဲသူနဲ့ နာမည်ကျော် leakster ဖြစ်သူ Ice universe ကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲ့ဒီ tweet မှာ Ice universe က ကျောဘက်ကင်မရာ လေးလုံးပါဝင်တဲ့ စမတ်ဖုန်းကို ၂၀၁၈ မှာ မိတ်ဆက်သွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ မဖော်ပြထားပါဘူး။ Ice universe ရဲ့ tweet မှာ ဖော်ပြထားတဲ့ အချိန်ကာလသာ မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီဖုန်းဟာ Galaxy S စီးရီးရော Galaxy Note စမတ်ဖုန်း မဟုတ်တာ သေချာသလောက်ရှိနေပါတယ်။ ဒါကြောင့် […]

Read More

Mi Mix 3 Slider စမတ်ဖုန်းပေါ်မှာ 5G ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့ Xiaomi

Xiaomi ဟာ Mi Mix 3 စမတ်ဖုန်းပေါ်မှာ 5G စမ်းသပ်မှုတွေကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီသတင်း အချက်အလက်ကို Xiaomi ရဲ့ဥက္ကဋ္ဌ လင်ဘင်က Weibo မှာဝေမျှခဲ့ပြီး စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့ ထုတ်ကုန်ကိုပါ ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်ဟာ မကြာခင်မှာ ထွက်ရှိလာမယ့် Mi Mix 3 ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လင်ဘင်ဟာ Honor က Magic 2 စမတ်ဖုန်းကို မိတ်ဆက်အပြီးမှာ Weibo ကနေ Mi Mix 3 ဓာတ်ပုံကို ဝေမျှခဲ့ပါတယ်။ Xiaomi Mi Mix 3 နဲ့ Honor Magic 2 တို့ရဲ့ဒီဇိုင်းက ဆင်တူပါတယ်။ အဲဒီဖုန်းတွေဟာ […]

Read More