Day: August 29, 2018

ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် MCPA ICT Tour 2018 ကျင်းပ

[ Zawgyi ] MCPA ICT Tour 2018 ကို ရန်ကုန်နည်းပညာ တက္ကသိုလ်မှာ သြဂုတ်လ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းက Progressive Web App ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးအောင်စိုးမိုးက Top 10 Technology Trends for 2018 ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း စာမေးပွဲ ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မြင့်က Today Cyber Crimes ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးတင်မောင်မောင်ယဉ်က Creating WebVR Using A-Frame ခေါင်းစဉ်များဖြင့်လည်းကောင်း ဆွေးနွေးဟောပြောခဲ့ပါတယ်။ -ဝေဝေ [ Unicode ] […]

Read More

နောက်ဆုံးပေါ် Intel 8th Gen Core processor တွေပါဝင်တဲ့ Dell Inspiron 2-in-1

IFA 2018 မစတင်ခင်မှာ Dell ဟာ အဆင့်မြှင့်ထားတဲ့ Inspiron 2-in-1 စီးရီးတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီ ကွန်ပျူတာသစ်တွေမှာ Intel ရဲ့ 8th Gen Core U processor သစ်တွေကို အသုံးပြုထားရုံသာမက webcam နည်းပညာသစ်နဲ့ Amazon Alexa တို့ကိုလည်း ထည့်သွင်းထားပါတယ်။ Inspiron 7000 2-in-1 စီးရီးတွေကို ၁၃ လက်မ၊ ၁၅ လက်မ၊ ၁၇ လက်မ အရွယ်အစားတွေနဲ့ ရရှိနိုင်ပါတယ်။ RAM ကို 16GB DDR4 အထိ ရရှိနိုင်သလို optional Intel Optane memory နဲ့လည်း ရနိုင်ပါတယ်။ Storage ကိုတော့ PCIe NVME […]

Read More

တက္ကသိုလ်ဘွဲ့ရများ အလုပ်အကိုင်ရရှိမှု ကိုယ်ရည်ကိုယ်သွေးနဲ့သာ သက်ဆိုင်သည်ဟုဆို

[ Zawgyi ] တက္ကသိုလ်ဘွဲ့ရများ အလုပ်အကိုင် ရရှိမှုတစ်ဦးချင်း အခွင့်အလမ်းဟာ သူတို့ရရှိတဲ့ ဘွဲ့၊ ဒီကရီတွေနဲ့ သက်ဆိုင်မှုမရှိကြောင်း၊ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့သာ သက်ဆိုင်ကြောင်း ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။ တက္ကသိုလ်များမှ အင်ဂျင်နီယာဘွဲ့ရရှိသူများ၏ အလုပ်အကိုင်အခွင့်အလမ်း စီစဉ်ထားရှိမှုနှင့် အခြားနည်းပညာတက္ကသိုလ်များမှ ရရှိသောဘွဲ့သည် မည်သို့ကွာခြားမှု ရှိသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ တက္ကသိုလ်ဘွဲ့ရတွေ အလုပ်အကိုင်ရရှိမှု တစ်ဦးချင်းရဲ့ အခွင့်အလမ်းဟာ ၄င်းတို့ရရှိတဲ့ ဘွဲ့ဒီကရီတို့နှင့် သက်ဆိုင်မှုမရှိပဲ ၄င်းတို့ရဲ့ လူကောင်းဖြစ်ခြင်း၊ အသင်းအဖွဲ့ စိတ်ဓါတ် ရှိခြင်း၊ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးရှိခြင်း၊ ဓမ္မဒိဌာန်ကျခြင်း၊ ဇွဲလုံ့လ […]

Read More

ပန်ကာမပါဝင်တဲ့ laptop တွေမှာ ဘက်ထရီနဲ့ ၁၆ နာရီသုံးနိုင်စေမယ့် Intel ရဲ့ Core ပရိုဆက်ဆာအသစ်

Intel ဟာ ပန်ကာမပါဝင်တဲ့ laptop အသစ်တွေမှာ ဘက်ထရီကို ၁၆ နာရီကြာအထိ အသုံးပြုနိုင်စေမယ့် အဋ္ဌမမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာအသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ Intel ရဲ့ U-series နဲ့ Y-series ပရိုဆက်ဆာတွေကို ပါးလွှာပေါ့ပါးတဲ့ laptop တွေနဲ့ laptop-tablet နှစ်မျိုးပေါင်းစပ် ထုတ်ကုန်တွေအတွက် ဒီဇိုင်းထုတ်ထားပါတယ်။ အဲဒီ laptop တွေဟာ ငါးနှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ laptop တွေထက် ပိုမိုမြန်ဆန်ပါတယ်။ ဒါ့အပြင် ချိတ်ဆက်မှု မြန်ဆန်သလို ဘက်ထရီသက်တမ်း ပိုမိုတာရှည်ခံပြီး Amazon Alexa လိုမျိုး ဝန်ဆောင်မှုလည်း ပိုမိုတိုးတက်လာပါတယ်။ “Intel အနေနဲ့ PC ကို အသွင်ပြောင်းဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ အခြေခံအားဖြင့် လူတွေရဲ့ ကွန်ပျူတာအသုံးပြုပုံ […]

Read More

Intel mobile CPU သစ်တွေနဲ့ အဆင့်မြှင့်ထားတဲ့ XPS 13 2-in-1 စီးရီးသစ်တွေကို Dell မိတ်ဆက်

[ Zawgyi ] မကြာခင် ဘာလင်မြို့မှာကျင်းပမယ့် IFA 2018 မှာ Dell ဟာ အဆင့်မြှင့်ထားတဲ့ laptop တွေကို မိတ်ဆက်ပြသသွားဖို့ အသင့်ရှိနေပါတယ်။ Dell ဟာ Inspiron 7000 သစ်နဲ့ 5000 2-in-1 update အပြင် ဈေးသက်သာတဲ့ XPS 13 အပါအဝင် XPS 13 စီးရီးသစ်တွေကိုပါ မိတ်ဆက်ပြသခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ XPS 13 ကို အခုအခါ ဈေးသက်သာစွာနဲ့ ရရှိနိုင်ပြီဖြစ်ပါတယ်။ ဒီ laptop မှာ Intel Core i3 processor ကိုအသုံးပြုထားပါတယ်။ အဆိုပါ Core i3 မော်ဒယ်သစ်ကို အခုအခါ ၈၉၉ ဒေါ်လာနဲ့ ရောင်းချနေပြီ […]

Read More

မြန်နှုန်းမြင့်မားတဲ့ Samsung ရဲ့ Thunderbolt 3 SSD

[ Zawgyi ] Samsung ဟာ ဖိုင်အကြီးစားတွေကို လျင်မြန်စွာကူးယူဖို့ လိုအပ်တဲ့ IT ကျွမ်းကျင်သူတွေနဲ့ content ဖန်တီးသူတွေအတွက် ကုမ္ပဏီရဲ့ပထမဆုံး NVME အခြေခံ SSD ဖြစ်တဲ့ Portable SSD X5 ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ SSD ရဲ့ read မြန်နှုန်းက တစ်စက္ကန့် 2,800MB ဖြစ်ပြီး write မြန်နှုန်းက တစ်စက္ကန့် 2,300MB (500GB မော်ဒယ်မှာတော့ တစ်စက္ကန့် 2,100MB) ဖြစ်ပါတယ်။ အဲဒီ read နဲ့ write မြန်နှုန်းတွေက 40Gbps bandwidth Thunderbolt 3 ပေါင်းစပ် ထားတဲ့အတွက် X5 ပိုင်ဆိုင်သူတွေအနေနဲ့ ၁၂ စက္ကန့်လောက်နဲ့ 20GB […]

Read More

Inspiron အမှတ်တံဆိပ် ပထမဆုံး consumer Chromebook ကို Dell မိတ်ဆက်

Dell ဟာ ကုမ္ပဏီရဲ့ ပထမဆုံး consumer Chromebook ကို Inspiron အမှတ်တံဆိပ်နဲ့ မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ Inspiron အမှတ်တံဆိပ် ပထမဆုံး consumer Chromebook ဖြစ်ပြီး ပရီမီယံ ဒီဇိုင်းအသွင်အပြင်၊ တမူထူးခြားတဲ့ အောက်ခံထည်နဲ့ integrated pen တစ်ချောင်းတို့ ပါဝင်ပါတယ်။ “ကျောင်းတွေမှာ Chromebook တွေသုံးနေတဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားထားပါတယ်။ ဒီကလေးတွေက အထက်တန်းကျောင်းနဲ့ ကောလိပ်တွေကို ရောက်ရှိလာတဲ့အခါမှာ ပရီမီယံ consumer device တစ်ခုလို ခံစားရပြီး သုံးနေကျ Chrome application တွေနဲ့ အသုံးပြုနိုင်စေမယ့် ထုတ်ကုန်တစ်ခုကို အသုံးပြုစေချင်တဲ့ဆန္ဒ ကျွန်တော်တို့မှာ ရှိပါတယ်” လို့ Dell ဒုဥက္ကဋ္ဌဖြစ်သူ Raza Haider က ပြောကြားခဲ့ပါတယ်။ […]

Read More

အလုပ်အကိုင်ပြပွဲ Job Nation ကို စက်တင်ဘာလတွင် ပြုလုပ်မည်

၂၀၁၈ ခုနှစ်ရဲ့ အကြီးမားဆုံးသော အလုပ်အကိုင်ပြပွဲကြီးတစ်ခုကို စက်တင်ဘာလ ၂၂ ရက်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်မယ်လို့ www.jobnet.com.mm က ထုတ်ပြန်လိုက်ပါတယ်။ ပြပွဲမှာ ကုမ္ပဏီပေါင်း ၇၀ ခန့် ပါဝင်မှာဖြစ်ပြီး PTTEP, Nestle, Ooredoo, Myanmar Japan Tobacco, Panellist, Wilmar, Anada, New Ever Best Trading, KEB Hana Microfinance, Future Hub, Colgate Palmolive Myanmar, MESI, Bagan Soft Drink , MBT, Food 2 U, DKSH, […]

Read More

Third-party two-factor authenticator အထောက်အပံ့ အပါအဝင် လုံခြုံရေး feature သစ်များ ထည့်သွင်းလိုက်တဲ့ Instagram

[ Zawgyi ] မကြာသေးခင်က account များစွာ ဟက်ခံခဲ့ရတဲ့နောက် Instagram ဟာ လုံခြုံရေး feature သစ် သုံးမျိုးကို မိတ်ဆက်ကြေညာ ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ About This Account option ကို profile တိုင်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီ option ဟာ Instagram ကို စတင်သုံးစွဲတဲ့ ရက်စွဲ၊ အသုံးပြုတဲ့ နိုင်ငံ၊ ပြီးခဲ့တဲ့နှစ်အတွင်း ပြောင်းလဲခဲ့တဲ့ username တွေလို အရာတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ ဘယ် account ကို ဘယ်သူတွေက တကယ်ပိုင်ဆိုင်တယ်၊ ဘယ် account က အတုဖြစ်တယ် ဒါမှမဟုတ် spam bot တွေ […]

Read More

Twitter ရဲ့ cross-post tweet များကို Facebook ဖယ်ရှား

[ Zawgyi ] Facebook ဟာ Twitter ကနေ cross-post တွေအဖြစ် စတင်ထွက်ပေါ်လာတဲ့ status update တွေကို သုံးစွဲသူတွေရဲ့ timeline တွေကနေ ဖယ်ရှားခဲ့ပါတယ်။ Facebook သုံးစွဲသူတွေဟာ Facebook နဲ့ Twitter account တွေအကြား ချိတ်ဆက်မှု ပြုလုပ်ထားတာ ကာလအတန်ကြာပြီ ဖြစ်ပါတယ်။ Twitter ကလည်း tweet တွေကို Facebook timeline တွေပေါ်မှာ အလိုအလျောက်တင်ခွင့်ပြုထားပါတယ်။ ပြီးခဲ့တဲ့အပတ်က အဲဒီချိတ်ဆက်မှုအပေါ် မှီခိုနေတဲ့ Facebook သုံးစွဲသူတစ်ဦးက tweet တွေဟာ timeline ပေါ်မှာ ပျောက်သွားတာကို တွေ့ရှိခဲ့ပါတယ်။ အခုကိစ္စဟာ သုံးစွဲသူတွေရဲ့ တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးအပေါ် စိုးရိမ်နေမှုကို သက်သာစေဖို့ third-party developer […]

Read More