Day: August 28, 2018

Pocophone F1 ကို ရောင်းချသွားမယ့် နိုင်ငံများစာရင်း

[ Zawgyi ] Pocophone F1 ကို မနေ့က ပြင်သစ်၊ ဟောင်ကောင်နဲ့ အင်ဒိုနီးရှားတို့မှာ မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ flagship killer စမတ်ဖုန်းသစ်ကို အဆိုပါ နိုင်ငံ သုံးနိုင်ငံအပြင် အခြားနိုင်ငံအများအပြားမှာလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။ Pocophone F1 ကို ရောင်းချသွားမယ့် နိုင်ငံစာရင်း အပြည့်အစုံက အောက်ပါအတိုင်း ဖြစ်ပါတယ်။ အဲ့ဒီစာရင်းမှာ မြန်မာနိုင်ငံလည်း ပါဝင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံအပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားမယ်လို့ ဆိုပါတယ်။ ဥပမာအနေနဲ့ စပိန်နိုင်ငံမှာ 64GB မော်ဒယ်ကို ယူရို ၃၃၀ နဲ့ ရောင်းချပေမယ့်လည်း Xiaomi က ယူရို ၃၀ ကူပွန်ပေးတာကြောင့် ယူရို ၃၀၀ ပဲ […]

Read More

၆.၂ လက်မ FullView display နဲ့ 4,230mAh ဘက်ထရီပါဝင်တဲ့ Realme 2

[ Zawgyi ] အိန္ဒိယဈေးကွက်မှာ OPPO ရဲ့ Realme 1 စမတ်ဖုန်းက အောင်မြင်မှုရရှိခဲ့တဲ့နောက် Realme ဟာ မိခင်ကုမ္ပဏီကနေ ခွဲထွက်ပြီး သီးခြားအမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ အဲ့ဒီအမှတ်တံဆိပ်ရဲ့ စမတ်ဖုန်းသစ်တစ်မျိုးဖြစ်တဲ့ Realme 2 ကို အိန္ဒိယမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ဖုန်းရဲ့ဈေးနှုန်းက ၁၂၈ ဒေါ်လာဖြစ်တာကြောင့် Realme 2 ဟာ အိန္ဒိယဈေးကွက်မှာ notched display ပါဝင်တဲ့ ဈေးအသက်သာဆုံးဖုန်း ဖြစ်လာပါတယ်။ ဒီစမတ်ဖုန်းကို စက်တင်ဘာ ၄ ရက်ကစပြီး Flipkart ကနေ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ နောက်လမှာ ရောင်းချသွားမယ့် Realme 2 Pro ကိုလည်း အမြည်းမိတ်ဆက်ခဲ့ပါတယ်။ Realme 2 […]

Read More

လူငယ်များဆွေးနွေးမည့် TEDxYangon 2018 ပြုလုပ်မည်

[ Zawgyi ] ပြည်တွင်း၊ ပြည်ပကလူငယ်တွေ ဆွေးနွေးဟောပြောသွားမယ့် TEDx Yangon အခမ်းအနား ကို အောက်တိုဘာ ၆ ရက်မှာ Strand Hotel Ballroom မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဆွေးနွေးပြောကြားသူ ၂၀ ဦးနဲ့ ပြုလုပ်သွားမှာဖြစ်ကာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် ပွင့်ပွင့်လင်းလင်း တွေးမြင်ပုံဖော်နိုင်ဖို့နဲ့ လူ့အဖွဲ့အစည်း၊ လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုစေမယ့် စိတ်ကူးအကြံဉာဏ်ကောင်းတွေကို မျှဝေဖို့အတွက်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ “ဒီနှစ်မှာ ဆွေးနွေပြောကြားဖို့ လျှောက်ထားသူဦးရေ များပြားခဲ့တဲ့အတွက် ကျွန်မတို့ အနေနဲ့ ခက်ခက်ခဲခဲနဲ့ အကောင်းဆုံးအကြံဉာဏ်ပေးနိုင်မယ့်သူ ၂၀ ဦးကို ရွေးချယ်လိုက်ရပါတယ်၊ ရွေး ချယ်ခံရတဲ့ သူတွေအနေနဲ့ ရန်ကုန်မြို့နေ လူထုအပါအဝင် တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ အတွေ့အကြုံအမျိုးမျိုးကို ဆွေးနွေးပေးရမှာဖြစ်ပါတယ်” လို့ TEDxYangon […]

Read More

M ပိုက်ဆံတွင်လူအများ တစ်ပြိုင်နက်တည်း ငွေပေးပို့နိုင်ရန်ဆောင်ရွက်

[ Zawgyi ] M ပိုက်ဆံ ဝန်ဆောင်မှုကို အသုံးပြုသူတွေအနေနဲ့ လူအများကိုတပြိုင်နက် ငွေပေးပို့နိုင်တဲ့စနစ် (Bulk Disbursement) ကို အသုံးပြုနိုင်ဖို့ ဆောင်ရွက်လိုက်ကြောင်း သိရပါတယ်။ HelpAge Internation Myanmar နဲ့ Ooredoo Myanmar ပူးပေါင်းကာ ပြုလုပ် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံက သက်ကြီးရွယ်အိုတွေအနေနဲ့ ပင်စင်ငွေနဲ့ ထောက်ပံ့ကြေးငွေကို နီးစပ်ရာ M ပိုက်ဆံကိုယ်စားလှယ်တွေဆီမှာ ထုတ်ယူနိုင်ဖို့အတွက် ရည်ရွယ်ကာပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ “ဒီဝန်ဆောင်မှုဟာ ကျွန်မတို့ကူညီပေးချင်တဲ့ သက်ကြီးရွယ်အိုတွေဆီကို ပင်စင်လစာတွေ အချိန်နဲ့ တပြေးညီပေးချေတဲ့အခါမှာ စိတ်ချမှုရှိစေမှာပါ”လို့ HelpAge က Programme Manager ဖြစ်သူ ဒေါ်အေးမြတ်ဖြူက ပြောကြားခဲ့ပါတယ်။ ကျေးလက်နေသက်ကြီးရွယ်အိုတွေအနေနဲ့ ခရီးဝေးကနေ လာရောက်ကာ ပင်စင်ငွေရယူရန် မလိုတော့တဲ့အတွက် အချိန်ကုန်သက်သာစေမှာဖြစ်ကြောင်း၊ ရသင့်ရထိုက်တဲ့ […]

Read More

Uber မှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံလိုက်တဲ့ Toyota

[ Zawgyi ] Toyota ဟာ Uber မှာ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး မောင်းသူမဲ့ကားတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တွင်ကျယ်လာမှုကို အရှိန်မြှင့်တင်ဖို့ Uber နဲ့အနီးကပ် လက်တွဲလုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ Uber အနေနဲ့ Toyota Sienna မီနီဗင်ကားတွေမှာ မောင်းသူမဲ့ ကားနည်းပညာကို တပ်ဆင်ဖို့ စီစဉ်ထားပြီး ၂၀၂၁ ခုနှစ်မှာ စတင်စမ်းသပ်သွားမှာ ဖြစ်ပါတယ်။ အခုလိုပူးပေါင်းမှုကြောင့် Toyota အနေနဲ့ အဆက်မပြတ်တိုးတက်နေတဲ့ မောင်းသူမဲ့ကားနယ်ပယ်အတွင်း အဓိကကျတဲ့ ကုမ္ပဏီဖြစ်လာနိုင်ပါတယ်။ “အခုသဘောတူညီချက်နဲ့ ရင်းနှီးမြှုပ်နှံမှုက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ အသွင်ပြောင်းလဲမှုအတွင်း အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်” လို့ Toyota Connected Company ဥက္ကဋ္ဌဖြစ်သူ ရှိဂီကီတိုမိုယာမာ သတင်းထုတ်ပြန် ခဲ့ပါတယ်။ […]

Read More

Google Pixel 3 ကို အောက်တိုဘာ ၉ ရက်တွင် မိတ်ဆက်မည်

[ Zawgyi ] Google ဟာ အောက်တိုဘာလ ၉ ရက် နယူးယောက်စီးတီးမှာ ပြုလုပ်မယ့် အခမ်းအနားမှာ Pixel 3 နဲ့ Pixel 3 XL စမတ်ဖုန်းတွေကို ထုတ်ဖော်မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Pixel နဲ့ Pixel 2 စမတ်ဖုန်းကို ၂၀၁၆ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တုန်းက အောက်တိုဘာလ ၄ ရက်မှာပဲ မိတ်ဆက်ခဲ့ပါတယ်။ အရင်ဖုန်းတွေတုန်းက မိတ်ဆက်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။ အရွယ်ကြီးမားတဲ့ Pixel 3 XL ထုတ်ကုန်ရဲ့ ဗီဒီယိုတွေများစွာ၊ ဓာတ်ပုံတွေနဲ့ ပေါက်ကြားမှုတွေ ထွက်ပေါ်အပြီးမှာ ထုတ်ကုန်ရဲ့ ရည်ရွယ်ချက်နဲ့ မိတ်ဆက်မယ့် နေရာသစ်လည်း ထွက်ပေါ်လာခဲ့ပါတယ်။ Google ရဲ့ဖုန်းအသစ်မှာ notch […]

Read More

ဒုတိယအကြိမ်မြောက် ASEAN Student Mobility Forum သို့ အာဆီယံကျောင်းသားဦးရေ ၁၃၀ တက်ရောက်

[ Zawgyi ] ဒုတိယအကြိမ်မြောက် ASEAN Student Mobility Forum သို့ အာဆီယံကျောင်းသားဦးရေ ၁၃၀ အပါအ၀င် ၁၇၅ ဦး တက်ရောက် ခဲ့ကြပါတယ်။ အဆိုပါ အာဆီယံကျောင်းသားတွေဟာ ASEAN တက္ကသိုလ်တွေက Share ပညာသင်ဆု၊ SEAMEO RIHED ရဲ့ ASEAN International Mobility for Students (AIMS), ASEAN University Network (AUN) နဲ့ Erasmus ကျောင်းသားတွေရဲ့ ကျောင်းသားရွှေ့ပြောင်းဖလှယ်မှု အစီအစဉ်တွေထဲက တစ်ခုခုကို စွမ်းဆောင်ရရှိထားပြီးသူတွေဖြစ်ပါတယ်။ ” ဒီနှီးနှောဖလှယ်ပွဲရဲ့ အာဘော်ကတော့ ကျောင်းသားရွှေ့ပြောင်း ဖလှယ်ခြင်းဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် အာဆီယံနှင့် ၎င်းအဖွဲ့ဝင်နိုင်ငံများ ဖွံ့ဖြိုးရေးအတွက် အခရာကျသော အကြောင်းရင်းပင်ဖြစ်ကြောင်း၊ ယနေ့အချိန်အခါမှာ […]

Read More

Qualcomm Snapdragon 855 ကို ၂၀၁၈ စတုတ္ထသုံးလပတ်မှာ အလုံးအရင်း စတင်ထုတ်လုပ်မယ့် TSMC

[ Zawgyi ] ထိုင်ဝမ်ချစ်ပ်ကုမ္ပဏီ TSMC ဟာ ၂၀၁၉ flagship စမတ်ဖုန်းတွေမှာ တွေ့မြင်ရဖွယ်ရှိတဲ့ Qualcomm Snapdragon 855 ကို ထုတ်လုပ်သွားဖွယ်ရှိတယ်လို့ ထိုင်ဝမ်ရဲ့Central သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ Qualcomm ရဲ့ Snapdragon ချစ်ပ်အော်ဒါတွေဟာ TSMC ရဲ့ ၂၀၁၉ စုစုပေါင်းဝင်ငွေရဲ့ ၈ ရာခိုင်နှုန်း ရှိလာမှာဖြစ်ပြီး လာမယ့်နှစ်အတွက် စက်ရုံရဲ့ စုစုပေါင်းဝင်ငွေကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။ အဲ့ဒီ chipset ဟာ TSMC 7nm manufacturing process သစ်ကို အသုံးပြု ထုတ်လုပ်သွားမှာဖြစ်တယ်လို့ TSMC စီအီးအို CC Wei ရဲ့အစောပိုင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 7nm ချစ်ပ်တွေကို ၂၀၁၈ ဒုတိယသုံးလပတ်မှာ ထုတ်လုပ်မှုစတင်သွားမှာဖြစ်ပြီး […]

Read More

အောက်တိုဘာတွင် Telenor ၏ ဒီဂျစ်တယ်နည်းပညာ သင်တန်းအသစ် ဖွင့်လှစ်ရန်ရှိ

လာမယ့်အောက်တိုဘာလအှာ Telenor ရဲ့ ဒီဂျစ်တယ်နည်းပညာသင်တန်းသစ် ဖွင့်လှစ်ဖို့ရှိကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာ လူဦးရေ ၆၀၀,၀၀၀ နီးပါးကို ဒီဂျစ်တယ် ဝန်ဆောင်မှုတွေ ဘယ်လိုအသုံးပြုရမလဲဆိုတာ အသိပညာပေးပြီဖြစ်ကြောင်း၊ အောက်တိုဘာလမှာ သင်တန်းသစ်အဖြစ် ဖွင့်လှစ်သွားဖို့ရှိ ကြောင်းသိရပါတယ်။ “ Telenor နဲ့ Telenor ရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက် ကာလဖြစ်တဲ့ မတ်လကနေ မေလအထိ သုံးလတာကာလ အစိုးရကျောင်းက ကျောင်းသား/ကျောင်းသူတွေကို သင်တန်းပေးခဲ့ပါတယ်၊ ကလေးငယ်တွေနဲ့ ဆရာ/ဆရာမတွေကလည်းကျွမ်းကျင်မှု အသစ်တွေကို လေ့လာသင်ယူဖို့ စိတ်အားထက်သန်နေကြပြီး ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအသစ်တွေကို ထပ်တောင်းဆိုလို့ အောက်တိုဘာမှာ ဒီဂျစ်တယ်နည်းပညာ သင်တန်းအသစ်တွေ ပို့ချဖို့ စီစဉ်နေပါတယ်” လို့ တယ်လီနော မြန်မာရဲ့ အမှုဆောင်အရာရှိချူပ် Mr SHARAD MEHROTRA က […]

Read More