Day: August 20, 2018
Android
Download
ရသစုံ
Read More
Profile
မာ့ခ်ဇူကာဘတ်
[ Zawgyi ] မာ့ခ်အီလီယော့ဇူကာဘတ်ကို ၁၉၈၄ ခုနှစ် မေလလ၊ နယူးယောက်ပြည်နယ် ဝှိုက်ပလိန်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မာ့ဇူကာ ဘတ်ဟာ အမေရိကန်နိုင်ငံသား နည်းပညာစွန့်ဦတီထွင်လုပ်ငန်းရှင်နဲ့ ပရဟတိသမားဖြစ်ပြီး Facebook ကိုတွဲဖက်တည် ထောင်သူဖြစ်သလို ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။ နယူးယောက်ပြည်နယ် ဝှိုက်ပလိန်းမြို့မှာ မွေးဖွားခဲ့သူ ဇူကာဘတ်အနေနဲ့ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ဟားဗတ်က အဆောင်ခန်းမှာ ဇူကာဘတ်ဟာ ကောလိပ်အခန်းဖော်တွေဖြစ်တဲ့ အက်ကွာဒိုဆာဗရင်း၊ အန်ဒရူးမက်ကိုလန်၊ ဒက်စတင်မော့ကိုဗစ်နဲ့ ခရစ္စဟုခ်ျ့တို့နဲ့ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှာ Facebook ကို စတင်ခဲ့ပါတယ်။ မူလက Facebook ဟာ ကောလိပ်ကျောင်းဝန်းတွေကို ရွေးချယ်ဖို့အတွက် စတင်လွှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီဝက်ဘ်ဆိုက်က ကျယ်ပြန့်လာပြီး ကောလိပ်ပြင်ပအထိ ပျံ့နှံ့သွားခဲ့ […]
Read More
News
Tech
လက်ကောက်ဝတ်ကို သက်သောင့်သက်သာရှိစေမယ့် Logitech MX Vertical mouse
[ Zawgyi ] Logitech ဟာ နောက်ဆုံးပေါ် MX စီးရီးဖြစ်တဲ့ MX Vertical mouse ကို မိတ်ဆက်လိုက်ပါတယ်။ အဲ့ဒီ mouse ရဲ့ ဒီဇိုင်းတစ်ခုလုံးဟာ လက်ကောက်ဝတ် လှုပ်ရှားမှုနဲ့ နာကျင်မှုကို လျှော့ချပေးနိုင်ပါတယ်။ Logitech ရဲ့အဆိုအရ mouse ကို အသုံးပြုတဲ့အခါမှာ လက်ကို ၅၇ ဒီဂရီ အနေအထား စောင်းပြီး အသုံးပြုရတာကြောင့် သာမန် mouse တစ်ခုနဲ့ယှဉ်ရင် ကြွက်သားလှုပ်ရှားမှုကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ Sensor က 4,000 DPI အထိ ထောက်ပံ့ပေးတာကြောင့် mouse ကို သိပ်ရွှေ့စရာမလိုဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် DPI setting တွေကို […]
Read More
Local
News
မိုဘိုင်းဒေတာ အပိုရရှိမည့်အစီအစဉ် Telenor ပြုလုပ်
[ Zawgyi ] မိုဘိုင်းဒေတာ Package ဝယ်ယူသူတိုင်းအတွက် ဒေတာတွေကို လက်ဆောင်အဖြစ်ပြန်လည် ပေးမယ့်အစီအစဉ် Telenor ပြုလုပ်လိုက်ပါတယ်။ Telenor FlexiPlan မိုဘိုင်း Application ကနေတစ်ဆင့် ရယူနိုင်မှာဖြစ်ကာ အသုံးပြုသူအနေနဲ့ Package တစ်ခါဝယ်ယူပြီးတိုင်း စက်ဝိုင်းကိုလှည့်ကာ ကံစမ်းရမှာဖြစ်ပါတယ်။ ဒေတာအပိုလက်ဆောင်ကို မိမိ ရွေးချယ်လိုက်တဲ့ Package အလိုက် အများဆုံး ဒေတာ 1400Mb အထိ ရရှိမှာဖြစ်ကြောင်းသိရပါတယ်။ “ကိုယ်ဝယ်လိုက်တဲ့ Package အလိုက် လက်ဆောင်မျိုးစုံကို ကံစမ်းနိုင်ပါတယ်၊ အများဆုံးဒေတာ Package ကိုဝယ်ရင် 1400MB ကို ကံစမ်းနိုင်မှာပါ” လို့ Telenor Myanmar ရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh ကပြောပါတယ်။ Telenor FlexiPlan Application တွင် […]
Read More
News
Tech
ကျောင်းများတွင် အင်္ဂလိပ်စကားပြော စက်ရုပ်များ အသုံးပြုရန် ဂျပန် စီစဉ်နေ
[ Zawgyi ] ဂျပန်ပညာရေးဝန်ကြီးဌာနဟာ ကလေးငယ်တွေရဲ့ အင်္ဂလိပ်စကားပြော ကျွမ်းကျင်မှု တိုးတက်စေရေးမှာ အထောက်အကူ ဖြစ်စေဖို့အတွက် နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျောင်းတွေမှာ အင်္ဂလိပ်စကားပြော စက်ရုပ်တွေကို အသုံးပြုသွားဖို့ စီစဉ်နေကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဝန်ကြီးဌာနဟာ ဧပြီလမှာ စမ်းသပ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံတစ်ဝန်းက ကျောင်း ၅၀၀ ခန့်မှာ ပဏာမခြေလှမ်းကို စတင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနအနေနဲ့ ကျောင်းသားတွေအတွက် သင်ကြားရေး app တွေနဲ့ အွန်လိုင်း စကားပြောခန်းတွေနဲ့အတူ အင်္ဂလိပ် native speaker တွေကိုလည်း ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံဟာ မူလတန်း ကျောင်းဆရာတွေရဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု တိုးတက်ဖို့ဆောင်ရွက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကျောင်းတိုင်းအတွက် အင်္ဂလိပ် native speaker […]
Read More
Local
News
ပခုက္ကူကွန်ပျုတာတက္ကသိုလ်တွင် UCSPKKU IT CAMP 2018 ကျင်းပမည်
[ Zawgyi ] ပခုက္ကူကွန်ပျုတာတက္ကသိုလ်မှာ UCSPKKU IT CAMP 2018 အခမ်းအနားကို သြဂုတ် ၂၃ မှာ ကျင်းပမယ်လို့ သိရပါတယ်။ UCSPKKU IT CAMP 2018 ဆိုတာက ပခုက္ကူကွန်ပျူတာတက္ကသိုလ်မှာ ပထမအကြိမ်အဖြစ် စတင်ကျင်းပမယ့် IT နည်းပညာနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို နှီးနှောဖလှယ်ဆွေးနွေးကြမယ့် ဆွေးနွေးပွဲဖြစ်ပါတယ်။ ပြည်တွင်းမှ နည်းပညာရှင်တွေ လုပ်ငန်းရှင်တွေ ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမှာဖြစ်ပါတယ်။ IT Camp ကျင်းပရာမှာ ဦးဆောင်ဆွေးနွေးသူနဲ့ ပါဝင်ဆွေးနွေးသူဆိုပြီး နှစ်မျိုးရှိမှာဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူ guest speakers တွေရဲ့ ပြောဆိုဆွေးနွေး မျှဝေမယ့် အကြောင်းအရာတွေကို ပွဲကျင်းပတဲ့နေ့မှာ သတ်မှတ်ထားတဲ့ […]
Read More
Local
News
ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) တွင် IT Camp 2018 ကျင်းပမည်
[ Zawgyi ] ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) မှာ IT Camp 2018 ကျင်းပမယ်လို့ သိရပါတယ်။ သြဂုတ် ၂၅ ရက်ကျင်းပမှာဖြစ်ပြီး IT နည်းပညာပြန့်ပွားရေးနဲ့ IT နည်းပညာနဲ့ဆက်စပ်တဲ့ အကြောင်းအရာတွေကို ကဏ္ဍအလိုက် စိတ်ဝင်စားမှုအလိုက် အပြန်အလှန်တင်ပြ ဆွေးနွေး ဗဟုသုတ ဖလှယ်တဲ့ အခမ်းအနားတစ်ခု ဖြစ်တယ်လို့ ကျင်းပရေးကော်မတီထံကနေ သိရပါတယ်။ ကွန်ပျုတာတက္ကသိုလ် (မိတ္ထီလာ) IT Camp ကို အိုင်တီပညာရှင်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ အကြားမှာ အိုင်တီပညာရပ်နဲ့ ပတ်သက်တဲ့အတွေ့အကြုံ ဗဟုသုတတွေကို မျှဝေလ့လာနိုင်ရန်၊ အိုင်တီ ဆိုင်ရာအလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း သိရှိပြီး ရှာဖွေနိုင်ရန်၊ အိုင်တီနဲ့ပတ်သက်ပြီး ခေတ်မီနည်းပညာအကြောင်းအရာတွေကို လေ့လာဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်တွေနဲ့ ကျင်းပမှာဖြစ်ပါတယ်။ ကွန်ပျုတာတက္ကသိုလ်( မိတ္ထီလာ) မှ […]
Read More
Events
Local
News
BarCamp Pyay 2018 အခမ်းအနားကျင်းပခဲ့
[ Zawgyi ] ၇ ကြိမ်မြောက်အဖြစ် ပြည်ဘားကမ့် BarCamp Pyay 2018 အခမ်းအနားကို သြဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ အထက (၁) ပြည်မြို့မှာ ကျင်းပခဲ့ပါတယ်။ နယ်ပယ်ပေါင်းစုံကဝါသနာတူ၊ စိတ်တူကိုယ်တူတွေ တွေ့ဆုံပြီး အသိပညာ၊ အတတ်ပညာတွေကို မျှဝေကာဆွေးနွေးကာ အတူယှဉ်တွဲပူးပေါင်းသွားနိုင်စေဖို့၊ IT နည်းပညာပိုင်းဆိုင်ရာတွေသာမက အခြားသော လူမှုရေး၊ ပညာရေး၊ စီးပွားရေးစသဖြင့် အလုပ်အကိုင် အခွင့်အလမ်းတွေတိုးလာပြီး အတွေးအမြင်သစ်တွေကို ရင်းနှီးစွာပူးပေါင်းဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကာ ကျင်းပကြောင်း သိရပါတယ်။ ယခင်ကျင်းပခဲ့တဲ့ Barcamp တွေအတိုင်း မိမိပြောလိုတဲ့ အကြောင်းအရာ၊ ဆွေးနွေးလိုတဲ့ အကြောင်းအရာတွေကို တင်ပြနိုင်အောင် Barcamp စီစဉ်သူတွေက စီစဉ်ပေးတာဖြစ်ပါတယ်။ ပြည်ဘားကမ့်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ BarCamp […]
Read More
Asia
News
တရုတ်နိုင်ငံမှာ search engine ဖြန့်ချိဖို့ Google မနီးစပ်သေးကြောင်း ဆန်းဒါးပီချိုင်း ပြောကြား
[ Zawgyi ] Google ဝန်ထမ်းတွေဟာ ကုမ္ပဏီရဲ့ တရုတ်ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေမှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သြဂုတ် ၁၆ ရက်က Google အမှုဆောင်အရာရှိချုပ် ဆန်းဒါးပီချိုင်းက ဝန်ထမ်းတွေအပေါ် နှစ်သိမ့်ပြောကြား သွားပါတယ်။ Google အနေနဲ့ တရုတ်နိုင်ငံမှာ ရှာဖွေမှုထုတ်ကုန်တစ်ခုကို စတင်ဖို့ မနီးစပ်သေးဘူးလို့ ပီချိုင်းက ပြောခဲ့ပေမယ့် တရုတ်နိုင်ငံအတွင်းမှာ လုပ်ငန်းဘယ်လိုတိုးချဲ့နိုင်မလဲဆိုတာကို စဉ်းစားနေတယ်လို့ Wall Street Journal ကပြောခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်ဗျူးမြိုက Google ရဲ့ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ အပတ်စဉ်တွေ့ဆုံပွဲမှာ ပီချိုင်းက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ Google အနေနဲ့ မိုဘိုင်းသတင်း app နဲ့ search engine သစ်တစ်ခုကို […]
Read More