Day: August 12, 2018

OPPO Find X Super Flash Edition ကို သြဂုတ် ၁၇ တွင် ရောင်းချမည်

[Zawgyi] OPPO Find X ရဲ့ တတိယအမျိုးအစားက Super Flash Edition ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ Lamborghini Edition ရဲ့ Super VOOC fast charging နည်းပညာပါဝင်ပြီး 256GB storage နဲ့ ရရှိနိုင်ပါတယ်။ OPPO ဟာ OPPO Find X Super Flash Edition ကို ၅,၉၉၉ ယွမ် (၈၇၆ ဒေါ်လာ) နဲ့ ရောင်းချသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ပထမဆုံး flash sale ကို သြဂုတ် ၁၇ မှာ စတင်သွားမှာဖြစ်ပါတယ်။ OPPO Find X Super Flash Edition မှာ Lamborghini […]

Read More

Technology and Engineering Career Conference ကျင်းပ

[Zawgyi] နည်းပညာ၊အင်ဂျင်နီယာအလုပ်အကိုင်ပြပွဲနှင့်ဆွေးနွေးပွဲ ( Technology and Engineering Career Conference) ကို ယနေ့နံနက် ၉ နာရီမှ စတင်ကာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနဲ့အင်ဂျင်နီယာနယ်ပယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမို ပေါ်ထွက်လာရေး၊ နည်းပညာနဲ့အင်ဂျင်နီယာနယ်ပယ်မှာ ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေတဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ် အလုပ်အကိုင် လမ်းကြောင်း အတွက် အသိပညာနဲ့ ဗဟုသုတတွေကို မျှဝေနိုင်ရေးတို့အတွက်ရည်ရွယ် ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အလုပ်​အကိုင်​ပြပွဲမှာ နည်းပညာနှင့်​ အင်​ဂျင်​နီယာနယ်​ပယ်​မှ ကျွမ်းကျင်​သူများစွာက ​ဟော​ပြော​ဆွေး​နွေးမှု​တွေကိုလည်း ပြုလုပ်​သွားမယ်​လို့ သိရပါတယ်​။ အဆိုပါ အလုပ်အကိုင်ပြပွဲမှာ ooredoo ၊ Huawei ၊ ကမ္ဘောဇဘဏ်၊ ရွှေတောင်၊ အနန္တ၊ GRAB, […]

Read More