[Zawgyi] ပုဂံဘုရားများရဲ့ သမိုင်းကြောင်းနဲ့ အချက်အလက်တွေကို QR Code Scan ဖတ်ကာ လေ့လာ နိုင်မှာဖြစ်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာတက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ Nation Electronics and Computer Technology Cneter (NECTEC) တို့ပူးပေါင်းပြီးတော့ အဲ့ဒီစနစ်ကိုပြုလုပ်ခြင်းဖြစ်ကာ ယဉ်ကျေးမှုအ မွေအနှစ်ဒေသတွေမှာ သတင်းအချက်တွေကိုအလွယ်တကူရနိုင်ဖို့ရည်ရွယ်ကြောင်း ရှေးဟောင်းသု တေသနနဲ့အမျိုးသားပြတိုက်ဦးစီးဌာနက ပုဂံဌာနခွဲဦးစီးအရာရှိဖြစ်သူ ဦးဖြိုးပြည့်ကိုကိုက ပြောကြား ခဲ့ပါတယ်။ “အခုကဒီစနစ်ကိုယာယီလုပ်ဆောင်နေတာဖြစ်ပါတယ်၊ Playstore ကနေ Museum Pool Application ကိုဒေါင်းလုဒ်လုပ်ပြီး QR Code Scan ဖတ်ကာ ဘုရားသမိုင်းကြောင်းတွေကိုလေ့လာနိုင် မှာပါ၊ ဒီလိုလေ့လာတဲ့အခါမှာ မြန်မာလိုလေ့လာနိုင်သလို အင်္ဂလိပ်လိုလည်း လေ့လာနိုင်အောင်လုပ် ပေးထားပါတယ်၊ ယာယီဖြစ်တဲ့အတွက် လောလောဆယ် ပုဂံကဘုရားအဆူ ၂၀ မှာဒီစနစ်ကိုစတင် နေပါပြီ” လို့ […]
Read More[ Zawgyi ] ကလေးများ မြန်မာဗျည်းအက္ခရာ App ကို Android version 4.2 နဲ့အထက်မှာ သုံးနိုင်ပြီး ဗျည်းကဗျာ၊ အလင်္ကာ၊ ကဗျာ၊ ဖတ်စာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် ဗျည်းအက္ခရာရေးသားလေ့ကျင့်နည်းတွေကို လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကလေးများ မြန်မာဗျည်းအက္ခရာ App ကို Android version 4.2 နဲ့အထက်မှာ သုံးနိုင်ပြီး ဗျည်းကဗျာ၊ အလင်္ကာ၊ ကဗျာ၊ ဖတ်စာတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ […]
Read More[ Zawgyi ] မိုဘိုင်းဖုန်းအသုံးပြုသူ အမျိုးသမီးတွေရဲ့ စိတ်သဘောထားကို ကောက်ခံထားတဲ့ စစ်တမ်းအရ မြန်မာအမျိုးသမီး အများစုဟာ လူမှုကွန်ရက်အက်ပလီကေးရှင်းကို အများဆုံးအသုံးပြုကြောင်း Telenor ရဲ့ စစ်တမ်းကောက်ခံချက်အရ သိရပါတယ်။ အဲဒီစစ်တမ်းကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ မလေးရှာ၊ စင်္ကာပူ၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံ အစရှိ တဲ့နိုင်ငံတွေက အသက် ၂၀ နဲ့ ၄၀ ကြားက အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးပေါင်း ၁,၃၀၀ ဆီက စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။ မြန်မာအမျိုးသမီးတွေအနေနဲ့ မိုဘိုင်းဖုန်း ပေါ်မှာ အများဆုံးလုပ်ဆောင်တဲ့ အရာ ၃ ခုမှာ လူမှုကွန်ရက်အသုံးပြုခြင်း၊ သတင်းဖတ်ရှု့ ခြင်းနဲ့ ဖုန်းခေါ်ဆိုခြင်းတို့ ဖြစ်ပါတယ်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင် နှုန်းခန့်ဟာ လူမှုကွန်ရက် Application […]
Read More[ Zawgyi ] Qualcomm အနေနဲ့ စက်တင်ဘာလ ၁၀ ရက်မှာ ပြုလုပ်မယ့်ပွဲအတွက် ဖိတ်စာတွေကို ပေးပို့နေပါပြီ။ အဲဒီဖိတ်စာက နာရီဒိုင်ခွက်ထဲမှာ ၉ နာရီ ၁၀ မိနစ်လို့ ပြသထားပြီး “It’s time. Set your watces.” လို့ ရေးသားထားပါတယ်။ ပိုစတာအရ Qualcomm အနေနဲ့ နာရီနဲ့သက်ဆိုင်တဲ့ အရာတစ်ခုကို မိတ်ဆက်ဖွယ်ရှိပါတယ်။ Qualcomm အနေနဲ့ စမတ်နာရီသစ်တွေအတွက် ပရိုဆက်ဆာသစ်ကို ထုတ်ဖော်မိတ်ဆက်နိုင်ပါတယ်။ Qualcomm ရဲ့ Snapdragon 2100 ဟာ စမတ်နာရီထုတ်လုပ်သူတွေ အသုံးပြုနေကျ SoC ဖြစ်ပါတယ်။ Snapdragon 2100 ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖြန့်ချိခဲ့ပါတယ်။ အခုမိတ်ဆက်မယ့် ပရိုဆက်ဆာအမည်က Snapdragon […]
Read More[ Zawgyi ] လွန်ခဲ့တဲ့ ရက်အနည်းငယ်က OPPO F9 အချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့နောက် အခုအခါမှာတော့ OPPO F9 Pro ရဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ OPPO က ဝေမျှခဲ့တဲ့ F9 Pro ကြော်ငြာဗီဒီယိုတစ်ခုမှာ “Waterdrop Screen” လို့ခေါ်တဲ့ သမားရိုးကျမဟုတ်တဲ့ display ဒီဇိုင်းနဲ့ gradient ကျောဘက်ဒီဇိုင်းကို ပြသထားပါတယ်။ ဒါ့အပြင် ရှင်းရှင်းလင်းလင်း မဖော်ပြထားတဲ့ ကျောဘက်ကင်မရာနှစ်ခုနဲ့ fingerprint reader လည်း ပါဝင်ပါတယ်။ Mid-range ကနေ high-end OPPO ဟန်းဆက်တွေအတွက် အထင်ကရ feature တစ်ခုဖြစ်တဲ့ VOOC Flash အားသွင်း စနစ်ကိုလည်းကို အဲ့ဒီ ဗီဒီယိုမှာ ပြသထားပါတယ်။ အဲ့ဒီစနစ်ဟာ […]
Read More[ Zawgyi ] Samsung ဟာ laptop နဲ့ အခြားထုတ်ကုန်တွေမှာ သိုလှောင်သိမ်းဆည်းမှုတွေကို ပိုမိုတိုးတက်ကောင်းမွန်စေဖို့အတွက် 4TB SSD တွေကို အလုံးအရင်းနဲ့ ထုတ်လုပ်နေပြီလို့ ကြေညာခဲ့ပါတယ်။ အခု ထုတ်လုပ်နေတဲ့ SSD တွေရဲ့ တရားဝင်ဈေးနှုန်းကိုတော့ Samsung က မကြေညာခဲ့ပါဘူး။ လက်ရှိမှာတော့ 4TB 860 Evo ကို ဒေါ်လာ ၁,၀၀၀ ကျော်နဲ့ ရောင်းချနေပါတယ်။ 4TB mechanical drive ကိုတော့ ဒေါ်လာ ၁၀၀ နဲ့ ရနိုင်ပါတယ်။ Samsung ရဲ့ SSD သစ်တွေမှာ 4-bit quad-level cell (QLC) နည်းပညာကို ပထမဆုံး အသုံးပြုထားပါတယ်။ 4TB ဗားရှင်းမှာ စုစုပေါင်း […]
Read More[ Zawgyi ] Epson ဟာ လူသိနည်းတဲ့ MOVERIO မော်ဒယ် စမတ်မျက်မှန်အမျိုးအစားကို အွန်လိုင်းမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ အခုထုတ်ဖော်ပြသလိုက်တဲ့ MOVERIO BT-36E ဟာ မော်ဒယ်သစ် စမတ်မျက်မှန်ဖြစ်ပါတယ်။ Epson ရဲ့ MOVERIO စမတ်မျက်မှန်တွေဟာ ကမ္ဘာပေါ်က အဆင့်အမြင့်ဆုံး လုပ်ငန်းသုံး augmented reality မျက်မှန်တွေဖြစ်ပါတယ်။ အခုစမတ်မျက်မှန်သစ်မှာ 720p HD ရုပ်ထွက်အရည်အသွေးရှိပြီး မျက်မှန်က ဖော်ပြပေးတဲ့ screen အရွယ်အစား ၈၀ လက်မက ၁၆.၄ ပေနဲ့ ညီမျှပါတယ်။ မျက်မှန်မှာ Si-OLED binocular display နဲ့ 100,000:1 contrast ratio ပါဝင်လာပါတယ်။ Epson စမတ်မျက်မှန် MOVERIO BT-36E ကို သုံးစွဲသူရဲ့ […]
Read More[ Zawgyi ] Samsung အနေနဲ့ Galaxy Note 9 ကို သြဂုတ်လ ၉ ရက်မှာ ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Galaxy Note 9 မှာပါဝင်တဲ့ feature တွေရဲ့ အသေးစိတ်အချက်အလက်ပါဝင်တဲ့ ဓာတ်ပုံတွေတော့ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ S Pen, camera နဲ့ DeX mode အသေးစိတ်အချက်အလက်တွေကို အသေးစိတ်ဖော်ပြထားပါတယ်။ Galaxy Note 9 ရဲ့ S Pen သစ်မှာ Bluetooth ချိတ်ဆက်မှုပါဝင်တဲ့အတွက် ကင်မရာကို အဝေးကနေ ဖွင့်နိုင်ပါတယ်။ ဒါ့အပြင် S Pen မှာအသုံးပြုတဲ့ app အပေါ်မူတည်ပြီး presentation ထဲက slide […]
Read Moreအင်္ဂလန်နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်တဲ့ University of Gloucestershire မှ တိုက်ရိုက်ချီးမြှင့်မယ့် BA (Hons) International Business Studies (UK) ပညာရေးဆွေးနွေးပွဲကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေနဲ့ IGCSE အောင်မြင်ထားပြီးတဲ့ ကျောင်းသား လူငယ်တွေအတွက် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ၁၂ ရက် နေ့လယ် ၂ နာရီ မှ ညနေ ၄ နာရီအထိ Novotel Yangon Max Hotel ရှိ Mandalay Room မှာကျင်းပမှာဖြစ်ပါတယ်။ ၎င်းဘွဲ့ကိုရယူရန် အင်္ဂလန်နိုင်ငံကို သွားရောက်တက်ရန် မလိုဘဲ ရန်ကုန်မြို့ရှိ GUSTO College မှာပင် ကုန်ကျစရိတ်သက်သာစွာနဲ့ ပထမနှစ်မှ နောက်ဆုံးနှစ်ဘွဲ့ရသည်အထိ Full […]
Read More[ Zawgyi ] ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနဲ့ Hitachi Company တို့ပူးပေါင်းကာ Data Centre သင်တန်းဖွင့်မယ်လို့ သိရပါတယ်။ အိုင်တီနည်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုသူတွေအတွက် ဖွင့်တာဖြစ်ကြောင်း၊ သြဂုတ် လ ၁၆ နဲ့ ၁၇ ရက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ နည်းပညာပြောင်းလဲ တိုးတက်လာမှု အခြေအနေအရ မြန်မာနိုင်ငံတွင်း Data Centre နဲ့ပတ်သက်တဲ့ နည်းပညာတွေ ကျယ်ပြန့်တိုးတက် လာစေဖို့အတွက် ရည်ရွယ်ကာပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲဒီသင်တန်းမှာ Data Centre နဲ့ ပတ်သက်တဲ့ အခြေခံအကြောင်းအရာဖြစ်တဲ့ Basic Data Centre, Components of Data Centre Facility စတဲ့ အကြောင်းအရာတွေကို နည်းပြဆရာ Mr.Satoshi Yokomoto (Hitachi) […]
Read More