Day: August 7, 2018
ခေတ်ရှေ့ပြေးဒီဇိုင်းနဲ့ OPPO Find X ကို မြန်မာပြည်တွင် ဝယ်ယူနိုင်တော့မည်
[Zawgyi] မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် OPPO က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ Global Launch အဖြစ်မိတ်ဆက်ပေးခဲ့တဲ့ Find X စမတ်ဖုန်းသစ်ကို သိပ်မကြာခင်ကာလမှာ ရောင်းချပေးသွားတော့မှာဖြစ်ပြီး မြန်မာကျပ်ငွေ ၁,၁၉၉,ဝဝဝ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အရောင်ရွေးချယ်မှုအနေနဲ့က Bordeaux Red နဲ့ Glacier Blue ၂မျိုးကို Global Market အတိုင်းရွေးချယ်နိုင်ဦးမှာဖြစ်ပါတယ်။ OPPO Find X ဟာ ခေတ်ရှေ့ပြေမျက်နှာပြင်ဒီဇိုင်းနဲ့ထုတ်လုပ်ထားတဲ့ မြင်ကွင်းကျယ်ကွေးညွတ်မျက်နှာပြင်အ မျိုးအစားဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၄ လက်မရှိမှာဖြစ်ပါတယ်။ FullHD+ (19.5:9) အချိုးအစားရှိ AMOLED Display အမျိုးအစားကြောင့် တောက်ပစိုပြေတဲ့ရုပ်ထွက်အရည်အသွေးကို ခံစားရမည့်အပြင် ကွယ်မြှုပ်ထားတဲ့ 3D ကင်မရာစနစ်တွေကြောင့်လည်း ဖုန်း၏ရှေ့နောက်ဒီဇိုင်းသွင်းပြင်က ညီညွတ်မျှတဆွဲဆောင်မှုရှိတဲ့အသွင်းမျိုးကို ထိတွေ့အသုံးပြုရမှာဖြစ်ပါတယ်။ မျက်နှာပြင်ကိုယ်ထည်အချိုးအစားက 93.8 ရာခိုင်နှုန်းအထိရှိလို့ မျက်နှာပြင်အကျယ်ပြန့် […]
Read More
Dictionary (LearnIt)
Read More
GrabThoneBane ဝန်ဆောင်မှု မန္တလေးတွင်ပြုလုပ်
[ Zawgyi ] ပုံသေဈေးနှုန်းနဲ့ ငှမ်းရမ်းနိုင်မယ့် Grab ရဲ့ သုံးဘီးဝန်ဆောင်မှုကို မန္တလေးမှာ စတင်လိုက်ပါတယ်။ GrabThoneBane အမည်ရ သုံးဘီးအငှားယဉ် ဝန်ဆောင်မှုကို ၂၀၁၈ မေ ၁၄ ရက်က စတင်စမ်းသပ်ပြေးဆွဲနေပြီး အခုအခါ တရားဝင်စတင်ပြေးဆွဲပြီလို့ သိရပါတယ်။ Grab application ကို မိုဘိုင်းဖုန်းမှာ ထည့်သွင်းအသုံးပြုကာ GrabThoneBane ကို ဝင်ရောက်ရွေးချယ် ငှားရမ်းနိုင်မှာဖြစ်တယ်လို့ Grab မှတာဝန်ရှိသူက မန္တလေးမြို့ သြဂုတ် ၈ ရက်က Hotel Marvel မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။ သုံးဘီးယဉ်အရေအတွက် လည်း စမ်းသပ်ပြေးဆွဲချိန်ကထက် နှစ်ဆ တိုးလာတာဖြစ်ပြီး အပလီကေးရှင်းအသုံးပြု စီးနင်းသူလည်း လ စဉ် ၅၀% တိုးတက်လာတယ်လို့ […]
Read More
Pepito လို့ခေါ်တဲ့ Palm ဖုန်းသစ်က ဘတ်ဂျက်ဖုန်း ဖြစ်နိုင်ဖွယ်ရှိ
[Zawgyi] Palm အမှတ်တံဆိပ်ကို ပိုင်ဆိုင်တဲ့ TCL ဟာ Palm စမတ်ဖုန်းသစ်တစ်မျိုး ဖြန့်ချိသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းက ဒီနှစ်အစောပိုင်းမှာ ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ FCC ဝက်ဘ်ဆိုက် စာရင်းအရ အဆိုပါ Palm စမတ်ဖုန်းသစ်ကို တွေ့မြင်ရဖို့ တဖြည်းဖြည်း နီးကပ်နေပါပြီ။ ဒါ့အပြင် အဲ့ဒီ စမတ်ဖုန်းသစ်ကို Palm Pepito လို့ခေါ်ဆိုဖွယ်ရှိကြောင်း Bluetooth SIG ရဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။ FCC ရဲ့စာရင်းမှာ အဆိုပါဖုန်း (မော်ဒယ်နံပါတ် PVG100) ရဲ့ အချက်အလက် အနည်းငယ်ကိုပဲ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဖုန်းရဲ့ကျောဘက်မှာတော့ “designed by Palm in San Francisco” ဆိုပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ […]
Read More
Mytel က နိုင်ငံအချို့သို့ တသမတ်တည်းနှုန်းဖြင့် ဖုန်းခေါ်ဆိုနိုင်ရန်ဆောင်ရွက်
[Zawgyi] Mytel အနေနဲ့ ပြည်ပနိုင်ငံအချို့ကို တသမတ်တည်း ဖုန်းခေါ်ဆိုနိုင်ဖို့ ဈေးနှုန်းတွေထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံအတွက် Calling Local Service (ဗီယက်နမ်မှ ဗီယက်နမ်သို့ခေါ်ဆိုမှု၊ လာအိုမှလာအိုသို့၊ ကမ္ဘောဒီးယားမှ ကမ္ဘောဒီယား) နဲ့ Calling Home Service (အဲဒီနိုင်ငံသုံးနိုင်ငံမှ မြန်မာနိုင်ငံကိုခေါ်ဆိုမှု) ၀န် ဆောင်မှုအတွက် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံေ တွရဲ့ပြည်တွင်းခေါ်ဆိုမှုနှုန်းထားအတိုင်းကောက်ခံ သွားမယ်လို့သိရပါတယ်။ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေက မိတ်ဖက်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ထားတာဖြစ်ကြောင်းပြောပါ တယ်။ “ဆိုလိုချင်တာကတော့ Mytel သုံးစွဲသူတွေအနေနဲ့ Mytel ဆင်းမ်ကတ်ကိုအသုံးပြုပြီး ဗီယက်နမ်၊ လာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေက ဖုန်းခေါ်ဆိုတဲ့အခါမှာ ဒီနိုင်ငံတွေရဲ့ပြည်တွင်းဖုန်းခေါ်ဆိုမှုနဲ့တူညီ တဲ့ Roaming နှုန်းထား တစ်မိနစ်ကို ၁၂၅ ကျပ်နဲ့ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်၊ နောက်ပြီး ဒီ Roaming ကောက်ခံမှုနှုန်းက Mytel […]
Read More
အသစ်ပရိုမိုးရှင်း အစီအစဉ်များ ပါဝင်သည့် MPT Special Offer အစီအစဉ်မိတ်ဆက်
[ Zawgyi ] ဒေတာအပိုလက်ဆောင်ရမယ့် အစီအစဉ်တွေပါဝင်တဲ့ MPT Special Offer အစီအစဉ်ကိုမိတ် ဆက်လိုက်ပါတယ်။ မိမိတို့ ရယူထားတဲ့ Data Package တွေအတွက် Data အပိုဆုလက်ဆောင်၊ သက်တမ်းကာလ ကြာကြာအသုံးပြုနိုင်ခွင့် ၊ ငွေဖြည့်အပိုဆုလက်ဆောင် (သို့မဟုတ်) အသစ်ပရိုမိုးရှင်း အစီအစဉ်နဲ့ အခြားသော အထူးအစီအစဉ်တွေကို နေ့တိုင်းရရှိမယ့် အစီအစဉ်ဖြစ်ကြောင်း သိရပါတယ်။ သြဂုတ် လ ၇ ရက်ကနေအသုံးပြုနိုင်မှာဖြစ်ကြောင်း၊ *555# ကိုခေါ်ဆိုပြီး မိမိရရှိမယ့် Special Offer ကို စစ်ဆေးကြည့်နိုင်မှာဖြစ်ပြီးရယူလိုရင် နံပါတ်(၁)ကို ရွေးချယ်ရိုက်နှိပ်ပြီး အတည်ပြုရယူနိုင်မှာဖြစ်ပါတယ်။ တစ်ရက်တာအတွင်း ရရှိမယ့် Special Offer ကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ရယူ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ နောက်ရက်မှာတော့ *555#ကို ထပ်မံခေါ်ဆိုပြီး […]
Read More
နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုခြင်းက အချိန်တိုအတွင်း ထိရောက်နိုင်
[ Zawgyi ] နည်းပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် အချိန်တိုအတွင်း ထိရောက်နိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် ဥက္ကဋ္ဌ ဦးခွန်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။ “နှစ်ပေါင်းအများကြီးရင်းပြီးမှ အောင်မြင်တဲ့အလုပ်မဟုတ်ဘဲ ကြိုးစားရင် တစ်နှစ်နှစ်နှစ်အတွင်း အောင် မြင်နိုင်ပါတယ်၊ အိုင်တီနည်းပညာကို အသုံးပြုဖို့တွက်တွန်းရခြင်းဖြစ်ပါတယ်” လို့ ဦးခွန်ဦးကပြောပါတယ်။ မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ် (MCF) နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်း ကျင်းပတဲ့ အစီအစဉ်ကနေ လူငယ်နည်းပညာ စွန့်ဦးတီထွင်လုပ်ငန်း (၃) ခု ပေါ်ထွက်ခဲ့ကြောင်းသတင်း စာရှင်းလင်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “လူငယ်တွေရဲ့ အိုင်ဒီယာနဲ့ဖန်တီးထားတဲ့ ထုတ်ကုန်တစ်ခုက သူတို့ရဲ့ဘဝကြီး တစ်ခုလုံးကိုပြောင်းလဲ နိုင်စေပါတယ်” လို့ ပြောပါတယ်။ အဲဒီလို အတွေးအခေါ်အသစ်တွေ ပေါ်ထွက်လာဖို့ Myanmar Youth Technopreneurship Development […]
Read More
၆.၂ လက်မ screen နဲ့ stylus ပါဝင်တဲ့ LG Q8 (2018)
[ Zawgyi ] မေလတုန်းက G7 ThinQ ရဲ့ ဈေးသက်သာတဲ့ မော်ဒယ်တွေအဖြစ် Q7 စမတ်ဖုန်းသုံးမျိုးကို ပွဲထုတ်မိတ်ဆက်ခဲ့တဲ့ LG ဟာ သြဂုတ်လ ၇ ရက် (ဒီကနေ့) မှာတော့ V35 ThinQ ထက် ဈေးပိုသက်သာတဲ့ LG Q8 (2018) ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဆိုပါ Q8 စမတ်ဖုန်းသစ်မှာ အရွယ်ကြီးမားတဲ့ ၆.၂ လက်မ FullVision display နဲ့ built-in stylus တို့ ပါဝင်လာပါတယ်။ Chipset က 14nm Snapdragon 450 ဖြစ်ပြီး 1.8GHz octa-core CPU နဲ့သုံးနိုင်ပါတယ်။ Memory က 4GB/64GB ဖြစ်ပါတယ်။ […]
Read More
ဂျပန်နိုင်ငံ JDS ၏ Master of Business Administration (MBA) ဘာသာရပ်အလိုက် ပညာသင်ဆုလျှောက်ထားနိုင်
[ Zawgyi ] ၂၀၁၈ အစီအစဉ်အရ ဂျပန်နိုင်ငံရှိ The Project for Human Resource Development Scholarship (JDS) in Myanmar မှ Master of Business Administration (MBA) ဘာသာရပ်အလိုက် ပညာသင်ဆုများ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆုပေးအပ်မယ့် ဘာသာရပ်တွေကတော့ Economic/Business Administration, Master of Business Administration နဲ့ Information and Communication Technology (ICT) ဆိုပြီး ခွဲခြားလျှောက်ထားနိုင်သလို ပညာသင်ဆုရရှိသူတွေအနေနဲ့ International University of Japan (IUJ) နဲ့ Ritsumeikan Asia Pacific University (APU) များမှာ […]
Read More
Android P ရဲ့ နာမည်ကို တရားဝင်ထုတ်ပြန်လိုက်တဲ့ Google
[ Zawgyi ] သြဂုတ်လ ၁ ရက် (တနင်္လာနေ့) က Google ဟာ Android P နောက်ဆုံးပေါ်ဗားရှင်းကို ထုတ်ဖော်မိတ်ဆက်ခဲ့သလို နာမည် အပြည့်အစုံကိုလည်း ထုတ်ပြန်သွားခဲ့ပါတယ်။ အဆိုပါ Android 9 Pie ကို Pixel ဖုန်းပိုင်ဆိုင်သူတွေက download လုပ်နိုင်ပြီး App Actions, Adaptive Battery စတဲ့ feature တွေကို အသုံးပြုနိုင်ပါပြီ။ Google ဟာ Android Pie ကို နှစ်စဉ်ကျင်းပပြုလုပ်တဲ့ developer ကွန်ဖရင့်မှာ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာမှာ ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ Android Pie မှာ အဆင့်မြှင့်တင်မှုနဲ့ အပြောင်းအလဲတွေ ပါဝင်လာပါတယ်။ Android Pie ရဲ့အကြီးမားဆုံး feature […]
Read More