Day: August 2, 2018

အနှိပ်တစ်ချက်နဲ့ DeDoo ကုန်သည် – ကုန်ပို့ကြမယ်

[ Zawgyi ] ကုန်စည်ပို့ဆောင်မှု App ဖြစ်ပါတယ်။ ကုန်တင်ယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့စနစ်နဲ့ ကုန်စည်တွေလက်ခံ ပို့ဆောင်ပေးဖို့ ရည်ရွယ်ဖန်တီး ထားတာဖြစ်ပါတယ်။ မိမိပို့ဆောင်ပေးစေလိုတဲ့ ကုန်စည်ကို လက်ခံစေလိုတဲ့နေရာ၊ ပေးပို့စေလိုတဲ့နေရာ၊ ကားအမျိုးအစား၊ ကုန်အမျိုးအစား၊ ကုန်အလေးချိန်တွေကို အော်ဒါတင်ကာ ဖုန်းကနေ ခလုတ်တစ်ချက်နှိပ် ပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ အွန်လိုင်း အခြေပြု App ဖြစ်ပြီး App ကို မြန်မာဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ App ကို Android version 2.3 နဲ့ အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ကုန်စည်ပို့ဆောင်မှု App ဖြစ်ပါတယ်။ ကုန်တင်ယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့စနစ်နဲ့ ကုန်စည်တွေလက်ခံ ပို့ဆောင်ပေးဖို့ […]

Read More

ဝန်ဆောင်မှုသုံးစွဲတဲ့ မိနစ်အရေအတွက်ကို ပြသပေးမယ့် Facebook နဲ့ Instagram

Facebook မှာ သူငယ်ချင်းတွေနဲ့ မဆက်သွယ်ဘဲ News Feed ကိုပုံသေ scroll ပြုလုပ်ကြည့်ရှုတာဟာ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ စစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး Facebook က ထောက်ပြပြောဆိုနေတာ ၇ လတိုင်တိုင် ရှိပါပြီ။ အခုဆိုရင် Facebook နဲ့ Instagram ဟာ အမေရိကန်အတွင်းက သုံးစွဲသူတွေရဲ့ ကျန်းမာရေးအတွက် screen-time management dashboard တွေကို မိတ်ဆက်ခဲ့ပါတယ်။ ဒီ dashboard တွေကို လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ dashboard သစ်တွေဟာ app တွေအတွင်းမှာ အချိန်ဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာကို ဖော်ပြပေးသလို လူမှုရေးမီဒီယာ နေ့စဉ်သုံးစွဲမှုကို ကန့်သတ်ပေးနိုင်ပြီး push notification တွေကိုလည်း ယာယီပိတ်ပေးနိုင်ပါတယ်။ […]

Read More

တရုတ်ကို Google ပြန်ဝင်မယ်ဆိုတဲ့ သတင်းတွေက သတင်းမှားသာဖြစ်

[ Zawgyi ] Google က တရုတ်နိုင်ငံထဲ ပြန်ဝင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကို အစိုးရပိုင်မီဒီယာက ငြင်းဆိုလိုက်ပါတယ်။ အမေရိကန် သတင်းဆိုက် The Intercept က Google ဟာ တရုတ်နိုင်ငံမှာ စိစစ်တားမြစ်ခံထားရတဲ့ ကုမ္ပဏီရဲ့ search engine နဲ့အတူ နောက်ကိုးလအတွင်း တရုတ် web search ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း အစိုးရပိုင်မီဒီယာဖြစ်တဲ့ China Securities Daily က အဆိုပါသတင်းတွေဟာ မမှန်ကန်ကြောင်း တရုတ်အစိုးရရဲ့ သက်ဆိုင်ရာဌာနတွေက အချက်အလက်တွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။ Google ဟာ တရုတ်အစိုးရနဲ့ ချိတ်ဆက်ထားတယ်လို့ ယူဆရတဲ့ ဟက်ကာတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံအတွင်း ကုမ္ပဏီရဲ့ […]

Read More

Galaxy Tab S4 ထက် ဈေးပိုသက်သာတဲ့ ဗားရှင်းတစ်မျိုးကို မိတ်ဆက်လိုက်တဲ့ Samsung

[ Zawgyi ] Flagship tablet သစ်ဖြစ်တဲ့ Galaxy Tab S4 ကို မိတ်ဆက်ခဲ့တဲ့ Samsung ဟာ ဈေးပိုသက်သာပြီး စွမ်းဆောင်ရည်နိမ့်တဲ့ Galaxy Tab A 10.5 ကိုလည်း မိတ်ဆက်ကြေညာခဲ့ပါတယ်။ Tab S4 လိုပဲ Galaxy Tab A 10.5 မှာ ၁၀.၅ လက်မ display ပါဝင်ပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ Tab S4 ထက် နိမ့်ပါတယ်။ Screen က 1080p LCD panel ဖြစ်ပြီး Tab S4 ကို resolution မြင့်မားတဲ့ 2560 x 1600 AMOLED မပါဝင်ပါဘူး။ Tab […]

Read More

Valve ရဲ့ Artifact ဂိမ်းသစ်ကို နိုဝင်ဘာလတွင် ဖြန့်ချိမည်

[ Zawgyi ] Valve ရဲ့ ဂိမ်းအသစ်ဖြစ်တဲ့ digital card ဂိမ်း Artifact ကို နိုဝင်ဘာ ၂၈ ရက်မှာ Steam ကနေ ဖြန့်ချိသွားမှာဖြစ်ပါတယ်။ Artifact ကို နိုဝင်ဘာမှာ Linux, Mac နဲ့ Windows PC အတွက် ဖြန့်ချိသွားမှာဖြစ်တယ်လို့ Valve က ထုတ်ပြန်ခဲ့ပါတယ်။ Android နဲ့ iOS ဗားရှင်းကိုတော့ ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်သွားဖို့ စီစဉ်ထားပါတယ်။ Artifact ရဲ့ဈေးနှုန်းက ၁၉.၉၉ ဒေါ်လာ ဖြစ်ပါတယ်။ ဆီယက်တဲလ်က PAX West 2018 ကို တက်ရောက်သူတွေကတော့ ဂိမ်းကို စောလျင်စွာ ကစားနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိမှာဖြစ်ပါတယ်။ Artifact […]

Read More

ကျေးရွာများတွင် အကြိုလျှပ်စစ်မီးရရှိရေးစနစ် (Pre-Electrification System) ဖြင့်ဆောင်ရွက်ရန် စီစဉ်

[ Zawgyi ] ကျေးရွာတွေမှာ မီးလင်းရေးလုပ်ငန်းတွေကို အီတလီနိုင်ငံအစိုးရမှပေးအပ်တဲ့ ချေးငွေနဲ့ဆောင်ရွက်မယ် လို့သိရပါတယ်။ အီတလီအစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့တစ်နိုင်ငံလုံးလျှပ်စစ်မီး ရရှိရေးဆောင်ရွက်ချက်တွေကို ကူညီပံ့ပိုးဖို့၊ မဟာဓါတ်အားလိုင်းနဲ့ ဝေးကွာတဲ့ကျေးရွာတွေမှာ အကြိုလျှပ်စစ်မီးရရှိရေးစနစ် (Pre-Electrification System) ဖြင့် ဆောင်ရွက်နိုင်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ချေးငွေပေးအပ်ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။ သြဂုတ်လ ၁ ရက်နေ့ကကျင်းပတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မီးလင်းရန်ကျန်ရှိနေသေးတဲ့ ကျေးရွာတွေမှာ မဟာ ဓါတ်အားလိုင်း ပြင်ပမှ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးဖို့ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းမှာ အီတလီနိုင်ငံမှချေးငွေ (Soft Loan) ယူရိုသန်း ၃၀ ကို Co-Financing အဖြစ်ထည့်ဝင် ဆောင်ရွက်သွားစေနိုင်ဖို့ အီတလီအစိုးရကနေ ကမ်းလှမ်းဆွေးနွေးခဲ့ကြောင်း […]

Read More

မြောက်ကိုရီးယား လူဦးရေ ၄၀ ရာခိုင်နှုန်းခန့် စမတ်ဖုန်း အသုံးပြုနေ

[ Zawgyi ] မြောက်ကိုရီးယားနိုင်ငံအတွင်း စမတ်ဖုန်းအသုံးပြုမှုဟာ အံ့အားသင့်စရာကောင်းအောင် များပြားလာတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ခန့်မှန်းသူတချို့ကတော့ မြောက်ကိုရီးယားရဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့် က စမတ်ဖုန်းကို အသုံးပြုနေကြတယ်လို့ NKNews က ဖော်ပြခဲ့ပါတယ်။ အခြားနိုင်ငံတွေမှာ အသုံးပြုနေကြတဲ့ ဖုန်းလိုပဲ မြောက်ကိုရီးယားနိုင်ငံသားတွေ အသုံးပြုတဲ့ စမတ်ဖုန်းတွေဟာ message ပေးပို့တာ၊ ဖုန်းခေါ်ဆိုတာ၊ ဈေးကွက်ထွက်တာနဲ့ ဂိမ်းကစားတာတွေကို ပြုလုပ်နိုင်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က အဖိနှိပ်အခံရဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား အများစုက အင်တာနက်အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံသားတွေဟာ internal intranet ကိုအသုံးပြုကြပါတယ်။ မြောက်ကိုရီးယားက ဖုန်းတွေမှာလည်း အဲဒီအကန့်အသတ်တွေ အသုံးပြုထားနိုင်ပါတယ်။ ဥပမာအနေနဲ့ စမတ်ဖုန်းအတွက် app အသစ်တွေကို app store […]

Read More

“Desktop mode” ပါဝင်တဲ့ Galaxy Tab S4 Android tablet ကို Samsung မိတ်ဆက်

[ Zawgyi ] Samsung ဟာ Apple, Microsoft တို့နဲ့ ယှဉ်ပြိုင်မယ့် tablet သစ်တစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ကိုရီးယားနည်းပညာကုမ္ပဏီကြီးက မိတ်ဆက်ကြေညာခဲ့တဲ့ ဒေါ်လာ ၆၅၀ တန် Galaxy Tab S4 ဟာ ၁၀.၅ လက်မ convertible tablet တစ်ခုဖြစ်ပါတယ်။ အဲ့ဒီ tablet သစ်မှာ ‘desktop mode’ အတွက် Samsung ရဲ့DeX နည်းပညာ အသုံးပြုထားတဲ့ AMOLED display ပါဝင်လာပါတယ်။   Samsung DeX ဟာ dock တစ်ခုဖြစ်ပြီး Galaxy ဖုန်းတွေကို desktop ကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်ကာ သက်ဆိုင်ရာ mobile app တွေကို PC […]

Read More

Mytel က ပထမဦးဆုံး တပ်ဆင်မည့် ကျောင်းပေါင်းတစ်ရာတွင် DIA စနစ်ဖြင့် တပ်ဆင်ပေးမည်

[ Zawgyi ] Mytel မှ ပထမဦးဆုံးအင်တာနက် တပ်ဆင်ပေးမယ့် ကျောင်းပေါင်း ၁၀၀ မှာ မြန်နှုန်းမြင့် ISP ဖြစ်တဲ့ DIA ( Direct Internet Access) စနစ်နဲ့ဆောင်ရွက်သွားမယ်လို့ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။ “ အခု တပ်ပြီးသွားတာကတော့ ကျောင်း (၁၃) ကျောင်း တပ်ပြီးသွားပြီ။ အဲ့ကျောင်းတွေ အပါအဝင် ပထမဦးဆုံး တပ်ဆင်မယ့် ကျောင်းပေါင်း(၁၀၀)ကို တိုက်ရိုက်ချိတ်ဆက်ပေးထားတဲ့ DIA ( Direct Internet Access) စနစ်ဖြင့် မြန်နှုန်းမြင့် ISP တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်” လို့ ဇူလိုင်လ (၂၇) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားတဲ့ အင်တာနက်ကျောင်းတော် […]

Read More