Day: August 1, 2018
Canon မှ Selfie သမားများအကြိုက် Compact Camera အသစ်အား လာမည့်လတွင် ရောင်းချသွားမည်
[ Zawgyi ] နာမည်ကျော် ကင်မရာကုမ္ပဏီဖြစ်တဲ့ Canon ကုမ္ပဏီက ရှေ့လမှာ 40x Optical zoom နဲ့ 4K ဗီဒီယို ရိုက်နိုင်ပြီး Selfie သမားတွေ စိတ်ကြိုက်ဖြစ်စေမယ့် ကင်မရာမော်ဒယ်သစ် Powershot SX740 HS ကို ဈေးကွက်အတွင်း ရောင်းချတော့မယ်လို့ ကြေညာ လိုက်ပါတယ်။ ဒီမော်ဒယ်ဟာ ခရီးဆောင် Compact Camera ဖြစ်ပြီး Optical Zoom အနေနဲ့ အဆလေးဆယ် ဆွဲယူနိုင်ကာ ၃၅ မမ မြင်ကွင်းနဲ့နှိုင်းယှဉ်ရင် 24-960mm မြင်ကွင်းကိုမြင်နိုင်မှာပါ။ DIGIC 8 Processing ဖြစ်ပြီး ရုပ်ပုံအနေနဲ့ 20.3 MP ရရှိမှာဖြစ်ကာ 10fps မြန်နှုန်းနဲ့ ရိုက်ယူနိုင်မှာပါ။ ဗီဒီယိုအတွက် 4K […]
Read More
စားဖိုမှူးလက်စွဲ
Read More
Study Grant ဖြင့် စင်ကာပူနှင့် သြစတြေးလျဘွဲ့ရယူနိုင်မည့် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်
[ Zawgyi ] James Cook University Singapore မှာ Study Grant တွေနဲ့ တက်ရောက်လျှောက်ထားနိုင်မယ့် အခွင့်အရေးတွေကို မှန်ကန်စွာသိရှိနိုင်ရန်ရည်ရွယ်ကာ ပညာရေးဆွေးနွေးပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ မန္တလေးမြို့ရှိ Swan Hotel နဲ့ သြဂုတ်လ ၁၉ ရက်မှာ ရန်ကုန်မြို့ Novotel Hotel တွေမှာ ပြုလုပ်သွားမှာပါ။ ပွဲမှာ James Cook University Singapore မှ ပေးအပ်ချီးမြှင့်မယ့် Study Grant တွေ လျှောက်ထားနိုင်ရန် ပြင်ဆင်ထားရမယ့် ပညာရေးဆိုင်ရာ ပြင်ဆင်မှုတွေအပြင် တခြားလိုအပ်သည်များ မည်သို့မည်ပုံ ပြင်ဆင်ထားရမည်များစတဲ့ အသေးစိတ် အကြောင်းအရာတွေကိုပါ James […]
Read More
ဒုတိယသုံးလပတ် စမတ်ဖုန်း တင်ပို့ရောင်းချမှုမှာ Apple ကို နောက်ကောက်ချခဲ့တဲ့ Huawei
၂၀၁၈ ဒုတိယသုံးလပတ် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းတင်ပို့ရောင်းချမှု ဈေးကွက်ရှယ်ယာမှာ Huawei က Apple ကို ကျော်တက်ပြီး ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ IDC, Canalys နဲ့ Stretegy Analytics တို့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ Huawei ဟာ ဒုတိယသုံးလပတ်မှာ ဟန်းဆက် ၅၄ သန်းကျော် တင်ပို့ခဲ့ပါတယ်။ Apple ကတော့ iPhone ၄၁.၃ သန်း တင်ပို့ခဲ့ပြီး Samsung ကတော့ ၇၁.၅ သန်း တင်ပို့ရောင်းချခဲ့ပါတယ်။ IDC ရဲ့ ကိန်းဂဏန်းတွေအရ ဒုတိယသုံးလပတ် ဈေးကွက်ရှယ်ယာဟာ ကျဆင်းသွားခဲ့ပြီး Samsung က ၂၀.၉ ရာခိုင်နှုန်း၊ Huawei က ၁၅.၈ ရာခိုင်နှုန်း (ကုမ္ပဏီအတွက် စံချိန်သစ်) နဲ့ […]
Read More
ခေါက်စမတ်ဖုန်းကို ၂၀၁၉ မှာ မိတ်ဆက်ဖို့စီစဉ်နေတဲ့ OPPO နဲ့ Xiaomi
[ Zawgyi ] ခေါက်စမတ်ဖုန်း ပြိုင်ပွဲက စတင်နေပါပြီ။ Samsung ဟာ ကွေးဆန့်နိုင်တဲ့ display ပါဝင်တဲ့ ခေါက်စမတ်ဖုန်းကို မိတ်ဆက်ဖို့ စီစဉ်နေကြောင်း ပြောကြားခဲ့တဲ့နောက် Huawei ကလည်း ခေါက်စမတ်ဖုန်းကို Samsung ထက် အရင်မိတ်ဆက်ဖို့ ကြိုးပမ်းနေပါတယ်။ အခုအခါမှာလည်း တရုတ်စမတ်ဖုန်းကုမ္ပဏီနှစ်ခုက ဒီပြိုင်ပွဲထဲကို ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ Xiaomi နဲ့ OPPO ဟာ သူတို့ရဲ့ ခေါက်စမတ်ဖုန်းတွေအတွက် display ထုတ်လုပ်သူတွေကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရွေးချယ်စရာတွေက BOE, Visionox နဲ့ LG Display တို့ပဲရှိပါတယ်။ ဒါပေမဲ့ Xiaomi ဟာ ခေါက်စမတ်ဖုန်းပြိုင်ပွဲမှာ ဦးဆောင်သူဖြစ်ဖို့ ရည်မှန်းထားပြီး ကွေးဆန့်နိုင်တဲ့ထုတ်ကုန်ကို ပွဲထုတ် မိတ်ဆက်ပြီးတာနဲ့ […]
Read More
Canon Ultra Wide Lens
[ Zawgyi ] Canon ရဲ့ မော်ဒယ်သစ် Ultra Wide Lens ဖြစ်တဲ့ EF 16-35mm f/2.8L III USM Lens ပြည်တွင်းဈေးကွက် ဝင်ရောက်လာပါတယ်။ Canon Full Frame တွေမှာရော Crop Frame တွေမှာပါ သုံးနိုင်ပါတယ်။ Full Frame Camera မှာ 16-35mm ရရှိနိုင်ပြီး Crop Frame Camera မှာ 24-54mm ရရှိမှာဖြစ်ပါတယ်။ EF Mount အမျိုးအစားဖြစ်ပါတယ်။ အလင်းဝင်တံခါးကို အကျယ်ဆုံး 2.8 အထိ ချဲ့နိုင်မှာဖြစ်ပြီး အကျဉ်းဆုံး အနေအထား 22 အထိ ကျဉ်းနိုင်ပါတယ်။ Focus စနစ်ကို Auto/ Manual […]
Read More
အမေရိကန် ပညာသင်ဆုများအကြောင်း ဆွေးနွေးပေးမည်
[ Zawgyi ] အမေရိကန် ပညာသင်ဆုများအကြောင်း ဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်၊ ညနေ ၃ နာရီမှ ၅ နာရီထိ Novotel Hotel (Bagan Room) မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးပွဲကို EDUVISION မှ ကျင်းပပြုလုပ်မှာဖြစ်ပြီး အမေရိကန် Public တက္ကသိုလ်ပေါင်း ၁၃ ကျောင်းမှ ပေးအပ်မယ့် စာသင်နှစ် ၄ နှစ်စာအတွက် ပညာသင်ဆုတွေအကြောင်း၊ IGCSE (သို့) တက္ကသိုလ် ဝင်တန်း အောင်မြင်ထားသူတွေအတွက် SAT, ACT မလိုဘဲ အမေရိကန်အစိုးရ တက္ကသိုလ်များ၏ ပထမနှစ်သို့ တိုက်ရိုက်ဝင်ရောက်နိုင်တဲ့ ပညာရေးအကြောင်း၊ IGCSE ဖြေဆို ထားပြီး Result စောင့်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် […]
Read More
Programming ပြိုင်ပွဲကျင်းပမည်
တတိယအကြိမ်မြောက် Myanmar Collegiate Programming ပြိုင်ပွဲကို ရန်ကုန်ကွန်ပျုတာတက္က သိုလ်မှာ ကျင်းပမယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၈ ရက်မှာကျင်းပမှာဖြစ်ကြောင်းသိရပါတယ်။ အမေရိကန်နိုင်ငံ Assocoation Of Computing Machinery (ACM) နည်းပညာဆိုင်ရာအဖွဲ့အစည်းနဲ့ အမေရိကန်နိုင်ငံအခြေစိုက် Baylor University မှာအခြေစိုက်ထားတဲ့ ICPC အဖွဲ့အစည်းတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုနဲ့ ကျင်းပတာဖြစ်ကြောင်း၊ အဲဒီ ACM-ICPC Programming Contest ပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ်ကနေ စတင်ပြီး အိမ်ရှင်တက္ကသိုလ်အဖြစ် ကြီးမှူးကာ နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေအဖြစ် ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အခုနှစ်မှာ နိုင်ငံတစ်ဝန်းရှိ ကွန်ပျုတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေ (၂၆) ခုမှ ကျောင်းသား၊ ကျောင်းသူအသင်းပေါင်း (၇၁) သင်းယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရပါတယ်။ အဲဒီကနေ […]
Read More
၇ လက်မ AMOLED display, 5000 mAh ဘက်ထရီနဲ့ Kirin 970 ပါဝင်တဲ့ Huawei Honor Note 10
[ Zawgyi ] Huawei ဟာ Honor Note 10 ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ ကောလာဟလသတင်းတွေမှာ ဖော်ပြခဲ့တဲ့ spec တွေ ပါဝင်လာသလို ထင်မှတ်မထားတဲ့ feature အချို့လည်း ပါဝင်လာပါတယ်။ Honor Note 10 မှာ ၆.၉၅ လက်မ Full HD+ (1080 x 2220 pixels) AMOLED display နဲ့ သေးငယ်တဲ့ bezel တွေပါဝင်လာပါတယ်။ ဒါပေမဲ့ notch ပါဝင်လာခြင်းမရှိပါဘူး။ Display က HDR10 စံသတ်မှတ်ချက်ကို အထောက်အပံ့ပေးသလို 115% NTSC color gamut coverage လည်း ပါဝင်လာပါတယ်။ Honor […]
Read More
လုပ်ငန်းခွင်လက်တွေ့ စီမံခန့်ခွဲမှုအရာထမ်း သင်တန်းလျှောက်ထားနိုင်
[ Zawgyi ] ဘွဲ့ရပြီးလူငယ်တွေအနေနဲ့ ကုမ္ပဏီတွင်းက ဌာနပေါင်းစုံမှာ ဝင်ရောက်လေ့လာကာ လုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နိုင်သူတွေ ဖြစ်လာစေဖို့အတွက် ရည်ရွယ်ကာ ပြုလုပ်ပေးတဲ့ စီမံခန့်ခွဲမှုအရာထမ်း သင်တန်းကို လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ အဲဒီသင်တန်းကို Unilever ကဦးစီးပြုလုပ်ပေးခြင်းဖြစ်ကာ လုပ်ငန်းလုပ်ကိုင်မှု ပိုမိုကျွမ်းကျင်ကာ လက်တွေ့လေ့လာ သင်ယူနိုင်ဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ သင်တန်းအတွက် အရွေးခံရသူတွေအနေနဲ့ ကုမ္ပဏီက ဌာနပေါင်းစုံမှာ ၂ နှစ်ကြာ လက်တွေ့လေ့လာ ရမှာဖြစ်ကာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတွေကို ကျနစွာသိစေဖို့နဲ့ ဌာနအချင်းချင်း ချိတ်ဆက် လုပ်ဆောင်ပုံတွေကို သင်ကြားရမှာဖြစ်ကြောင်း သိရပါတယ်။ သင်ကြားနေတဲ့ အတောအတွင်းမှာ တန်းတူညီတဲ့လစာနဲ့ အခြားအကျိုးခံစားခွင့်တွေကိုပါ ပေးသွားမှာဖြစ်ကာ သင်တန်းပြီးဆုံးပါက လစ်လပ်နေရာအတွက် အလုပ်ခန့်သွားမယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ သြဂုတ် ၃ ရက်နောက်ဆုံးထားကာ ဒီနေရာမှာ […]
Read More