Day: July 26, 2018

အမေရိကန်ပညာရေးကို ၅ ပတ်ကြာလေ့လာနိုင်မည့် Open Lecture Series ပြုလုပ်မည်

[ Zawgyi ] ပြည်တွင်းမှ ကျောင်းသား လူငယ်များအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းများရရှိစေနိုင်မယ့် အမေရိကန် ပညာရေးကို ၅ ပတ်ကြာ လေ့လာနိုင်မယ့် Open Lecture Series ကို ဇူလိုင်လ ၂၆ ရက်မှ သြဂုတ်လ ၂၃ ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ပညာရေးစနစ်ကို အခြေခံတဲ့ သင်ကြားမှုပုံစံများဖြစ်တဲ့ အပြန်အလှန်ဆွေးနွေးသင်ယူမှုပုံစံနဲ့ အတွေးအခေါ် ဦးစားပေးခြင်းကို အခြေခံတဲ့ သင်ယူမှုပုံစံများကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါ တယ်။ ဒီအစီအစဉ်ကို ကြာသပတေးနေ့တိုင်း ပြုလုပ်သွားမှာဖြစ်ပြီး Open Lecture Series မှာ Connect University ရဲ့ အမေရိကန်တက္ကသိုလ်ပရိုဂရမ်မှာ သင်ကြားနေတဲ့ ဘာသာရပ်တွေကို နိုင်ငံခြားတက္ကသိုလ်ပါမောက္ခတွေက Short Lecture များပို့ချသင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ […]

Read More

Xiaomi Mi 8 Explorer ကို ဇူလိုင် ၃၀ တွင် ရောင်းချမည်

[ Zawgyi ] Xiaomi ဟာ Mi 8 Explorer ကို ဇူလိုင်လ ၃၀ ရက်မှာ ၃,၆၉၉ ယွမ် (၅၄၅ ဒေါ်လာ) နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီ flash sale မှာ ရောင်းချမယ့် အရေအတွက်ကို Xiaomi က မပြောကြားပေမယ့် အရေအတွက် မများနိုင်ဘူးလို့ ဆိုပါတယ်။ Mi 8 Explorer မှာ under display fingerprint scanner အပြင် ဖောက်ထွင်းမြင်နိုင်တဲ့ ကျောဘက် panel ပါဝင်ပါတယ်။ လက်ရှိမှာ 8GB/128GB မော်ဒယ်ကိုသာ ရောင်းချသွားမှာဖြစ်ပြီး 4GB/64GB နဲ့ 6GB/128GB မော်ဒယ်တွေကိုတော့ သိပ်မကြာခင် ရောင်းချသွားမယ်လို့ သိရပါတယ်။ […]

Read More

Mytel ၏ အင်တာနက် တပ်ဆင်ပေးခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

[ Zawgyi ] အင်တာနက်တပ်ဆင်ပေးခြင်းနှင့် လွှဲပြောင်းပေးအပ်ပွဲ “ အင်တာနက် ကျောင်းတော် အခမ်းအနား” ကို ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ပုပ္ပသီရိမြို့ အမှတ်၁၀၉ အခြေခံမူလလွန်ကျောင်း အောင်သာယာမှာ ကျင်းပခဲ့ပါတယ်။ ဒစ်ဂျစ်တယ်ပညာရေးကို ထောက်ပံ့ပေးခြင်းအားဖြင့် ကျောင်းသား/သူတွေ သာမကဆရာ ဆရာမတွေအနေနဲ့ပါ နိုင်ငံတကာအဆင့်မီ ဗဟုသုတတွေနဲ့ ထိတွေ့ခွင့်ရပြီးတော့ ပုံမှန်သင်ကြားပို့ချနေတဲ့ သင်ရိုးတွေကို ဒစ်ဂျစ်တယ်လမ်းကြောင်း ပေါ် ရောက်လာနိုင်အောင် တဖြည်းဖြည်း လုပ်ဆောင်လာစေဖို့ ရည်ရွယ်ကြောင်း Mytel ရဲ့ ပြင်ပဆက်ဆံရေးအရာရှိချူပ် ဦးဇော်မင်းဦးက ပြောပါတယ်။ ကရင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီိတိုင်းရှိ ကျောင်းပေါင်း ၁၃ ကျောင်းမှာ အခမဲ့ အင်တာနက် တပ်ဆင်ပေးထားပြီဖြစ်တယ်လို့ […]

Read More

ဒီဂျစ်တယ်ဆိုင်ရာကို မန္တလေးတိုင်းဒေသကြီးရှိ အများပြည်သူ အသုံးချတတ်စေရေး ဆောင်ရွက်မည်

[ Zawgyi ] အများပြည်သူတွေ e-Government ဆိုင်ရာတွေ ပိုမိုသိရှိလာအောင် နဲ့ ဒီဂျစ်တယ်အကျိုးကျေးဇူးဆိုင်ရာ အသိပညာတွေကို ပြည်သူတွေ ပိုမိုသိရှိ အသုံးချတတ်လာအောင် ဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဌ ဦးဥက္ကာကျော်က ပြောကြားပါတယ်။ “ဥပမာပြောရရင် အခုဆိုကုမ္ပဏီ လုပ်ငန်းလိုင်စင်လျှောက်တဲ့နေရာမှာ အွန်လိုင်းကနေ လျှောက်နိုင်ပြီဖြစ်ပြီးတော့၊ မလျှောက်တတ်တဲ့ လူတွေကျတော့ လူကိုယ်တိုင်သွားလျှောက်တော့ အချိန်ကုန်တာတွေ၊ ဝန်ဆောင်ခမကုန်သင့်ပဲ ကုန်တာတွေ ဖြစ်လာတော့ နစ်နာမှုရှိတယ်ပေါ့။ ဒါကြောင့် အများပြည်သူတွေ အနေနဲ့ Digital အကျိုးကျေးဇူးဆိုင်ရာတွေ ၊မိုဘိုင်းဖုန်းကနေ အသုံးချနိုင်တာတွေ သိရှိလာအောင် အသင်းအနေနဲ့ အသိပညာပေးတွေကို အရင်ထက်ပိုမို ပြုလုပ်သွားဖို့ရှိပါတယ်” လို့ပြောကြားပါတယ်။ အုပ်ချုပ်မှုပိုင်းဆိုင်ရာ များ ၊ စည်ပင်သာယာရေး ကော်မတီဝင်များကိုလည်း e-Government ဆိုင်ရာ ဘာသာရပ်ကို သင်ကြားပို့ချပေးလျက် ရှိတယ်လို့သိရပါတယ်။ […]

Read More

မကွဲနိုင်တဲ့ display သစ်တစ်မျိုး ဖန်တီးနေကြောင်း Samsung ထုတ်ပြန်

Samsung Display ဟာ မကွဲနိုင်တဲ့ display သစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ မကွဲနိုင်တဲ့ display ဟာ Underwriters Laboratries (UL) ကနေ အတည်ပြုထားတဲ့ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။ အဲဒီ panel ကို Samsung ရဲ့ခေတ်သစ်ဖုန်းတွေလိုပဲ ကွေးနိုင် ဆန့်နိုင်တဲ့ OLED နဲ့ ပြုလုပ်ထားပါတယ်။ ဖုန်းကုမ္ပဏီတော်တော်များများက မျက်နှာပြင်ကို မကွဲအောင် synthetic sapphire ကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ပါတယ်။ Synthetic sapphire ဟာ ကွဲကြေဖို့ ခက်ခဲပေမယ့် OLED panel နဲ့ ပေါင်းစပ်တဲ့အခါမှာ အကြမ်းခံပါတယ်။ ဒါပေမဲ့ ကြွပ်ဆတ်သွားတဲ့အတွက် ကွဲကြေနိုင်ပါသေးတယ်။ ဒါပေမဲ့ Samsung ကပြုလုပ်တဲ့ မကွဲနိုင်တဲ့ panel […]

Read More

Application Log In များကို Standard Password Policy အသုံးပြုသင့်

[ Zawgyi ] Email, Application log In တွေရဲ့ Password တွေကို Standard Password Policy အတိုင်းအသုံးပြုသင့်ကြောင်း Information Security Serise 1 ပွဲဖြစ်မြောက်ရေးတွင်ပါဝင်သူဖြစ်တဲ့ Myanmar Payment Solution Service က General Manager ဖြစ်သူ ဦးရဲဝင့်သူကပြောပါတယ်။ “အင်တာနက်သုံးတာဘဲဖြစ်ဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် ဒေတာတွေကိုဝေမျှတာတွေလုပ် တဲ့ အခါမှာ Security ပိုင်းဆိုင်ရာတွေက ပိုပြီးအရေးကြီးတယ်၊ နောက်တစ်ခုကကျတော့ဒီ Email သုံးတဲ့အခါနဲ့ Facebook သုံးတဲ့အခါတွေမှာဆိုရင် ကိုယ့်ရဲ့ User Name, Password တွေကိုတတ် နိုင်သလောက် လုပ်ထားသင့်တယ်၊ Authentication တွေအဆင့်ဆင့်ခံထားသင့်တယ်၊ ကျွန်တော် ပြောတဲ့ Password Policy လို့ပြောတဲ့နေရာမှာ […]

Read More

လူဦးရေ ၂.၅ ဘီလျံက အနည်းဆုံး Facebook app တစ်ခု အသုံးပြုနေ

[Zawgyi] ဇွန်လအတွင်းမှာ လူဦးရေ ၂.၅ ဘီလျံဟာ ကုမ္ပဏီရဲ့ app တွေဖြစ်တဲ့ Facebook, Instagram, WhatsApp နဲ့ Messenger ထဲက အနည်းဆုံးတစ်ခုကို အသုံးပြုနေကြတယ်လို့ Facebook က ကြေညာခဲ့ပါတယ်။ လူတွေဟာ app တစ်ခုပေါ်မှာ တစ်ခုထက်ပိုတဲ့ account တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါဟာ account တွေအစား လူတွေကို ရေတွက်ထားတာဖြစ်တဲ့အတွက် အသုံးဝင်တဲ့ ကိန်းဂဏန်းတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ကိန်းဂဏန်းသစ်ကို Mark Zuckerberg က Facebook ရဲ့ ၂၀၁၈ ဒုတိယသုံးလပတ် ဝင်ငွေအစီရင်ခံစာနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ active account တွေထက် တစ်ဦးတစ်ယောက်ချင်းစီကို ရေတွက်ထားတာဖြစ်ပြီး app တစ်ခုပေါ်က account အများအပြား ပိုင်ဆိုင်သူတွေကို […]

Read More

၂၀၁၈ iPhone က Android ဖုန်းတွေထက် ပိုမိုနှေးကွေးနိုင်

[ Zawgyi ] Apple ဟာ အသစ်ထွက်ရှိမယ့် iPhone တွေမှာ အပြောင်းအလဲ ကြီးကြီးမားမားလုပ်ဖို့ ရှိနေပါတယ်။ အဲဒီအပြောင်းအလဲကြောင့် မျိုးဆက်သစ် iPhone တွေရဲ့ ဒေတာ download လုပ်နှုန်းက Android ထုတ်ကုန်တွေထက် နှေးကွေးနိုင်ပါတယ်။ စမတ်ဖုန်းတွေအတွက် 4G ချစ်ပ်တွေ ထောက်ပံ့နေတဲ့ Qualcomm က အသစ်ထွက်ရှိမယ့် iPhone တွေအတွက် modem တွေထောက်ပံ့ဖို့ မျှော်လင့်မထားကြောင်း ဇူလိုင် ၂၅ ရက် (ဗုဒ္ဓဟူးနေ့) က ပြောပါတယ်။ “Apple က မျိုးဆက်သစ် iPhone တွေမှာ ကျွန်တော်တို့ modem တွေမဟုတ်ဘဲ ပြိုင်ဘက် modem တွေကိုပဲ အသုံးပြုဖို့ရှိတယ်လို့ သိရပါတယ်” လို့ Qualcomm ဘဏ္ဍာရေးအကြီးအကဲ […]

Read More

iPhone မှာ Facebook ရဲ့ Cache data နဲ့ Document တွေကို ဘယ်လိုရှင်းမလဲ

iPhone သုံးစွဲသူတွေအနေနဲ့ မိမိရဲ့ဖုန်းထဲမှာ ရှိနေတဲ့ Facebook App ထဲမှာမလိုအပ်ပဲ မှတ် ဉာဏ်သုံးစွဲမှု များနေတာမျိုးတွေ ကြုံတွေ့တက်ပါတယ်။ Facebook App ကိုဝင်ကြည့်လိုက်တဲ့အ ချိန်မှာ App ရဲ့ ဖိုင်အရွယ်အစားနဲ့ မှတ်ဉာဏ်သုံး စွဲမှုဟာ သင့်တင့်တဲ့ အခြေအနေမှာပဲ ရှိနေပေမယ့်လည်း App ထဲမှာ အသုံးပြုထားတဲ့ မှတ်ဉာဏ် ပမာဏဟာ တစ်ခါတစ်ရံမှာ အလွန်ကျွံများပြား နေတက်တာမျိုး ရှိပါတယ်။ ဥပမာအနေနဲ့ပြောရ ရင်တော့ App ရဲ့ ဖိုင်အရွယ်အစားဟာ 109MB ပဲရှိနေတဲ့အချိန်မှာ App ထဲကနေ Data တွေအတွက် မှတ်ဉာဏ်သုံးစွဲမှု ပမာဏက 1GB ကျော် နေတာမျိုးကိုဆိုလိုပါတယ်။ အချို့ ဖုန်းတွေမှာ ဖုန်းထဲမှာ App တွေအများအပြား အသုံးပြုထားတာမျိုး မရှိပဲနဲ့ […]

Read More