Day: July 23, 2018

Samsung Galaxy Watch ကို အရွယ်အစားနှစ်မျိုးနဲ့ ရနိုင်မည်

[Zawgyi] Samsung Galaxy Watch ကို နောက်လမှာ Samsung Galaxy Note 9 နဲ့အတူ တရားဝင် မိတ်ဆက်မှာဖြစ်ပါတယ်။ Samsung ဟာ အဆိုပါ ထုတ်ကုန်သစ်နှစ်မျိုးစလုံးကို သြဂုတ် ၉ ရက်မှာကျင်းပမယ့် Samsung Unpacked အခမ်းအနားမှာ ပွဲထုတ်မိတ်ဆက်ပြီး သြဂုတ်လကုန်မတိုင်ခင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Samsung Galaxy Watch ဟာ မကြာသေးခင်က အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်မှာ ထွက်ပေါ်လာခဲ့ပြီး အရွယ်အစားနှစ်မျိုးနဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ Galaxy Watch စမတ်နာရီတစ်ခုမှာ ၁.၁၉ လက်မ display တစ်ခုပါဝင်ပြီး ကျန်တစ်ခုမှာတော့ အရွယ်ပိုကြီးတဲ့ ၁.၃ လက်မ display ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Galaxy […]

Read More

ဆက်သွယ်ရေးလိုင်စင်ဆိုင်ရာ အဖွဲ့အစည်း အသင်းဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ ဖွဲ့စည်း

[ Zawgyi ] ဆက်သွယ်ရေးလိုင်စင်ဆိုင်ရာ အဖွဲ့အစည်း အသင်းဖြစ်မြောက်ရေးဦးဆောင်ကော်မတီ (Steering Committee) ကို ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။ အဲဒီ Myanmar Network Facilities Service Licensee Association အသင်းအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးကို ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။ အသင်းဖွဲ့စည်းရာမှာ ဆက်လက်လုပ်ဆောင်ဖို့ လုပ်ငန်းစဉ်တွေ ရှိတာကြောင့် စနစ်တကျဦးဆောင်မှုနဲ့ တာဝန်ခွဲယူမှုတွေရှိစေဖို့ Steering Committee ကို ဖွဲ့စည်းခဲ့ကြတာ ဖြစ်ကြောင်း၊ ဦးဆောင် ကော်မတီမှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင်စုစုပေါင်း ခြောက်ဦးပါဝင်ကြောင်း၊ ကော်မတီအဖွဲ့ဝင်တွေအဖြစ် ကိုးဦးပါဝင်ကြောင်း စာရင်းအရသိရပါတယ်။ အသင်းအဖွဲ့အစည်း ပေါ်ပေါက်ရေးနဲ့ပတ်သက်ပြီး DICA (ကုမ္ပဏီများအက်ဥပဒေအသစ်) အရ ဆက်လက်လုပ်ဆောင်ဖို့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း […]

Read More

ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေ

[ Zawgyi ] အဖွဲ့အစည်းတွေအနေနဲ့ ဆိုက်ဘာလုံခြုံရေး (Cyber Security) မှာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ Cyber Security မှာ အများပြည်သူ အားထားယုံကြည်ရတဲ့ ပတ်ဝန်းကျင်မရှိသေးကြောင်း Kernellix ရဲ့ Principle Analyst ဖြစ်သူ ဦးရဲသူရသက်က သုံးသပ်ပြောကြားပါတယ်။ ဇူလိုင် ၂၃ ရက်ကကျင်းပခဲ့တဲ့ ICT Professional Summit အခမ်းအနားရဲ့ Cyber Security ဆိုင်ရာ Panel Discussion မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အမြင်ကတော့ ကျွန်တော်တို့ဆီမှာ Cyber Security နဲ့ပတ်သက်ပြီး ဒီ Industry ကို Lead လုပ်ဖို့ခေါင်းဆောင်မရှိဘူး၊ အဲဒီပြသနာရှိတယ်၊ ပူးပေါင်းဆောင် ရွက်မှုမရှိဘူး၊ ကိုယ့်အလုပ်ကိုယ် လုပ်ကြတယ်၊ ကိုယ့်စီးပွားကိုယ်ရှာကြတယ်၊ တစ်ခါ […]

Read More

လုပ်ငန်းများတွင် Cyber Security ဆောင်ရွက်မှု နည်းပါးကြောင်းသိရ

[ Zawgyi ] ပြည်တွင်းလုပ်ငန်းတွေမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်လို့ဆောင်ရွက်ထားမှု နည်းပါးကြောင်း သိရပါတယ်။ ပြည်တွင်းမှာ ဆိုက်ဘာလုံခြုံရေး (Cyber Security) နဲ့ပတ်သက်လာရင် ငွေအသုံးပြုမှုနည်းပါးကြောင်း၊ လုပ်ငန်းရှင်တွေက ဘတ်ဂျက်ချထားပေးခြင်းမျိုး မရှိကြောင်း ဇူလိုင် ၂၂ ရက်ကပြုလုပ်တဲ့ Cyber Security ဆွေးနွေးပွဲကနေသိရပါတယ်။ “Security လို့ ပြောလိုက်ရင် ဘယ်ဘဏ်မှ ဘယ်ကုမ္ပဏီမှ ဘယ်သူဌေးမှ လက်မခံဘူး၊ ဒါတွေသုံးမယ့်အစား အခြားကိုသုံးမယ်ဆိုတာ မျိုးရှိတယ်၊ ကျွန်တော်တို့က အခြား issue တစ်ခုနဲ့ ချည်းကပ်ရတာပေါ့နော်၊ ဒါကတော့ data center ဆောက်ဖို့၊ လုံခြုံရေးပစ္စည်းဝယ်ဖို့ စသည်ဖြင့် ပြန်လုပ်ရတယ်” လို့ AYA Bank ရဲ့ CTO ဦးမင်းဝင့်ဦးက သုံးသပ်ပြောကြားပါတယ်။ လက်ရှိအချိန်မှာ ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ဖို့ကို […]

Read More

Xiaomi User Guide

[ Zawgyi ] Xiaomi အမှတ်တံဆိပ် ထုတ်ကုန်တွေဖြစ်တဲ့ စမတ်ဖုန်း၊ တီဗွီ၊ Laptop ၊ Tablets ၊ Fitness Trackers ၊ Power Banks ၊ WiFi Router စတာတွေရဲ့ အသုံးပြုနည်း လမ်းညွှန်တွေကို ဖတ်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ Xiaomi နဲ့ပတ်သက်တဲ့ သတင်း၊ ထုတ်ကုန် သုံးသပ်ချက်၊ အသုံးပြုပုံ စတာတွေကို မြန်မာလို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် MIUI Recovery ROMs တွေကိုလည်း App ကနေ တိုက်ရိုက် Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး […]

Read More

ဖုန်းကင်မရာတွေအတွက် ကမ္ဘာ့ resolution အမြင့်ဆုံး image sensor ကို Sony မိတ်ဆက်

[Zawgyi] စမတ်ဖုန်းတွေအတွက် image sensor တွေထောက်ပံ့နေတဲ့ Sony ဟာ ဟန်းဆက်ကင်မရာတွေအတွက် IMX586 stacked CMOS image sensor သစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ IMX586 ဟာ image sesnor တွေထဲမှာ pixel အရေအတွက် အမြင့်မားဆုံးဖြစ်ပြီး 48 effective megapixel (8000 x 6000) resolution ရှိပါတယ်။ ဒါ့အပြင် ဒီ sensor မှာ သုံးထားတဲ့ 0.8-micron pixels ကလည်း ဈေးကွက်ထဲမှာ အသေးဆုံး ဖြစ်တယ်လို့ Sony က ပြောကြားခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Sony ရဲ့ IMX586 image sensor ဟာ စွမ်းဆောင်ရည်မြင့် SLR ကင်မရာတွေနဲ့ […]

Read More

နွေရာသီကျောင်းပိတ်ရက် ဒီဂျစ်တယ်နည်းပညာသင်တန်း ကျောင်းသား၊ ကျောင်သူတစ်သိန်းခန့် တိုးချဲ့သင်ကြားမည်

[ Zawgyi ] လာမယ့်နှစ်မှာပြုလုပ်မယ့် Telenor ရဲ့နွေရာသီကျောင်းပိတ်ရက် ဒီဂျစ်တယ်နည်းပညာသင်တန်း အတွက် ကျောင်းသား၊ ကျောင်းသူ တစ်သိန်းခန့်အထိ တိုးချဲ့သင်ကြားပေးသွားမှာ ဖြစ်ကြောင်း Telenor Myamar ရဲ့ Chief Corporate Affairs Officer ဖြစ်သူ Hans Martin Hoegh Henrichsen ကပြော ကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက် ၃ လတာကာလအတွင်း ဒီဂျစ်တယ် နည်းပညာသင်တန်းမှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၂၅,၀၀၀ ကျော်ကိုအခြေခံကွန်ပျူတာ ကျွမ်းကျင်မှုနဲ့ အင်တာနက်ကို ဘေးကင်းစွာအသုံးပြုအသုံးပြုနိုင်မယ့် အချက်တွေကို သင်ကြား ပို့ချပေးခဲ့ကြောင်း၊ ပညာရေးကဏ္ဍ တိုးတက်စေဖို့ရည်ရွယ်ကာ Laptop အလုံး ၂၄၀ ကျော်ကို ပညာရေးဝန်ကြီးဌာနကို ပေးအပ်ခဲ့ကြောင်း ၎င်းကဆက်ပြောပါတယ်။ “ဒီသင်တန်းရဲ့ ရည်ရွယ်ချက်က ကျောင်းသား၊ […]

Read More

စီးပွားရေးဥပဒေဆိုင်ရာ အကြံဉာဏ်ရယူနိုင်မည့် မိုဘိုင်း Application ထွက်ရှိ

[ Zawgyi ] ပြည်တွင်းအသေးစား၊ အလတ်စားနဲ့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေအတွက် စီးပွားရေး ဥပဒေဆိုင်ရာ အကြံဉာဏ် ရယူနိုင်မယ့် Biz Law Myanmar Mobile Application ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီမိုဘိုင်း Application မိတ်ဆက်ပွဲကို ဇူလိုင် ၂၁ ရက် က Rose Garden Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံကြမယ့် စီးပွား ရေးလုပ်ငန်းတွေအနေနဲ့ စီပွားရေးဥပဒေဆိုင်ရာ အကြံဉာဏ်တွေဖြစ်တဲ့ ကုမ္ပဏီတည်ထောင်ခြင်းကိစ္စ ရပ်တွေ၊ စီးပွားရေးစာချုပ် ချုပ်ဆိုစိစစ်ရေးကိစ္စတွေ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ကိစ္စရပ်တွေ၊ အလုပ်သမားရေးရာ ကိစ္စရပ်တွေအတွက် ရေးသားထားတဲ့ စာချုပ်တွေကို Download လုပ်ကာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ “ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့နဲ့ သိလိုရာမေးမြန်းနိုင်ဖို့အတွက် […]

Read More

ဆိုင်ကယ် GPS ကို အထူးဈေးနှုန်းဖြင့် တပ်ဆင်နိုင်

[ Zawgyi ] Happy GPS မှ နည်းပညာမြင့် ဆိုင်ကယ် GPS တွေကို ယခင်ဈေးနှုန်း ၆၅,၀၀၀ ကျပ်မှ အထူးဈေးနှုန်း ၅၀,၀၀၀ ကျပ်နဲ့ သြဂုတ် ၁ ရက်မှ ၂၀ ရက်အတွင်း တပ်ဆင်ပေးသွားမယ်လို့ သိရပါတယ်။ GPS မှာမိုဘိုင်းဆင်းမ်ကတ် တပ်ဆင်ရမှာဖြစ်ပြီး ဆင်းကတ်မှာ ဘီလ် ၁,၀၀၀ ကျပ် ပါဝင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ကယ်မှာ GPS တပ်ဆင်ထားတဲ့အတွက် ဆိုင်ကယ်ရောက်နေတဲ့နေရာကို မိုဘိုင်းဖုန်းက နေတစ်ဆင့်သိရှိနိုင်ပြီး ဆိုင်ကယ်မောင်းထားတဲ့ လမ်းကြောင်းကိုလည်း Play Back ပြန်လည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ပါက Alarm ပေးတဲ့စနစ်၊ နယ်မြေသတ်မှတ် ပေးထားနိုင်တဲ့စနစ်၊ GPS ကို သူခိုးကဖျက်ဆီးပါက ပိုင်ရှင်ဆီကို […]

Read More

ထုတ်ကုန်အားလုံးပေါ်က Android နေရာမှာ အစားထိုးမယ့် Fuchsia OS ကို Google ဖန်တီးနေ

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း Google ဟာ Fuchsia OS စီမံကိန်းကို လျှို့ဝှက်လုပ်ကိုင်နေတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ Google ဟာ အဲဒီ platform ကို ထုတ်ကုန်အမျိုးမျိုးမှာ အသုံးပြုသွားဖို့ ကြိုးပမ်းနေပြီး တစ်ချိန်ချိန်မှာ Google အမှတ်တံဆိပ် ထုတ်ကုန်တွေရဲ့ Android နေရာမှာ အစားထိုးဖွယ်ရှိပါတယ်။ အခုဆိုရင် Fuchsia OS စီမံကိန်းမှာ အင်ဂျင်နီယာ အရေအတွက် ၁၀၀ ကျော်အထိ ရှိလာပါပြီ။ အဲဒီ အင်ဂျင်နီယာတွေထဲမှာ မာသီးယာ့စ်ဒူရာတီအပြင် Android interface အတွက် Google ရဲ့ Material Design language ကိုလုပ်ကိုင်ခဲ့ကြတဲ့ လူတော်တွေလည်း ပါဝင်လာပါတယ်။ Fuchsia OS ဟာ Android နဲ့မတူဘဲ စမတ်စပီကာတွေနဲ့ အင်တာနက်ချိတ်ဆက်ထားတဲ့ […]

Read More