Day: July 20, 2018
News
Tech
ဆိုက်ဘာတိုက်ခိုက်မှုကြောင့် စင်ကာပူ ကျန်းမာရေးဆိုင်ရာ အချက်အလက် ၁.၅ သန်း ခိုးယူခံရ
[Zawgyi] ဆိုက်ဘာတိုက်ခိုက်မှုကြီးတစ်ခုကြောင့် ဝန်ကြီးချုပ် လီရှန်လွန်းအပါအဝင် စင်ကာပူရဲ့ အစိုးရ ကျန်းမာရေးဆိုင်ရာ အချက်အလက် ၁.၅ သန်း ခိုးယူခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုဟာ စင်ကာပူနိုင်ငံ တွေ့ကြုံခဲ့သမျှထဲမှာ “အပြင်းထန်ဆုံး ကိုယ်ရေးအချက်အလက်လုံခြုံရေး ကျိုးပေါက်မှု” ဖြစ်တယ်လို့ အစိုးရက ပြောကြားခဲ့ပါတယ်။ “စင်ကာပူ ဆိုက်ဘာလုံခြုံရေး အေဂျင်စီ (CSA) ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ Integrated Health Information System (IHiS) ရဲ့အတည်ပြုချက်အရ ဒါဟာ တမင်ရည်ရွယ်ပြီး အစီအစဉ်တကျ ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပါတယ်” လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ၂၀၁၅ မေလကနေ ဒီနှစ် ဇူလိုင် ၄ ရက်အတွင်း ဆေးရုံဆေးခန်းတွေမှာ ပြသခဲ့တဲ့ လူနာ ၁.၅ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေ […]
Read More
Mobile
News
ဇူလိုင် ၃၁ ရက် တရုတ်နိုင်ငံမှာ မိတ်ဆက်မယ့် Honor Note 10
[Zawgyi] Honor ဟာ Note 10 လို့ခေါ်တဲ့ phablet သစ်တစ်မျိုးကို ဇူလိုင် ၃၁ ရက် တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် အခမ်းအနားတစ်ခုမှာ မိတ်ဆက်သွားဖို့ စီစဉ်ထားကြောင်း အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတည်ပြုချက်ကို Huawei အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ တရုတ်လူမှုရေးမီဒီယာပေါ်ကနေ ဖုန်းရဲ့ အရွယ်ကြီးမားတဲ့ display နဲ့ ဘက်ထရီတို့ကို အရိပ်အမြွက်ဖော်ပြထားတဲ့ ပိုစတာတစ်ခုနဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေနဲ့ ပေါက်ကြားမှုတွေအရ Honor Note 10 မှာ အရွယ်ကြီးမားတဲ့ ၆.၉ လက်မ Quad HD+ FullView display နဲ့ သေးငယ်တဲ့ bezel တွေ ပါဝင်လာမှာဖြစ်ပါတယ်။ ဘက်ထရီက 6,000mAh ဖြစ်ပြီး 6GB […]
Read More
Local
News
မန္တလေးမြို့တွင် Pitch Bootcamp ပြုလုပ်မည်
[ Zawgyi ] နည်းပညာလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ချင်သူတွေအတွက် Phandeeyar နဲ့ MCIA တို့ပူးပေါင်းပြီး Pitch Bootcamp ကို ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှာ မန္တလေးမြို့၊ ရတနာပုံစူပါစင်တာမှာရှိတဲ့ ICT Park မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။ Pitch Bootcamp မှာ Startup လုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ပုံ၊ လုပ်ငန်းကို ရင်းနှီးမြှုပ်နှံသူတွေထံ ပြောပြရှင်းပြပုံကို သင်ကြားပြသ ပေးသွားမှာဖြစ်ပါတယ်။ ပွဲအတွင်း အကောင်းဆုံး Pitch (တင်ပြမှု) ကို ဖန်တီးရာ Accelerator ရဲ့ Pitch Day အတွက် ရွေးချယ် ခံရမယ်လို့သိရပါတယ်။ Phandeeyar Accelerator ကရွေးချယ်ခံရသူကို ဒေါ်လာ ၂၅,၀၀၀ ရင်းနှီးမြှုပ်နှံမှု၊ ဖန်တီးရာမှာ ရုံးခန်းအတွက် […]
Read More
Android
Download
My Cykel – ဆိုင်ကယ်ဝယ်မယ်
Read More
Asia
News
Samsung
Xiaomi
အိန္ဒိယ မိုဘိုင်းဈေးကွက်ကို၂၀၁၈ ဒုတိယ သုံးလပတ်အထိ ကြီးစိုးထားတဲ့ Samsung နဲ့ Xiaomi
အမေရိကန်နဲ့ အခြားဒေသတွေဟာ မိုဘိုင်းသုံးစွဲသူတွေနဲ့ ပြည့်နှက်နေတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေက ဈေးကွက်ရှယ်ယာ ရရှိဖို့ယှဉ်ပြိုင်ရာမှာ အရေးပါတဲ့ စစ်မြေပြင်သစ်ဖြစ်တဲ့ အိန္ဒိယဈေးကွက်ကို မျက်စိကျလာပါတယ်။ ဒုတိယသုံးလပတ်မှာ Samsung နဲ့ Xiaomi တို့ဟာ အခြားပြိုင်ဘက်အားလုံးကို ကြီးစိုးထားပြီး ကုမ္ပဏီတစ်ခုချင်းစီက အိန္ဒိယနိုင်ငံဆီ စမတ်ဖုန်း ၉.၉ သန်း တင်ပို့ရောင်းချခဲ့တယ်လို့ Canalys ရဲ့ ကိန်းဂဏန်းအချက်အလက်သစ်တွေအရ သိရပါတယ်။ Samsung နဲ့ Xiaomi တို့ရဲ့ အိန္ဒိယထံ တင်ပို့ရောင်းချတဲ့ မိုဘိုင်းထုတ်ကုန်စုစုပေါင်း အရေအတွက်ဟာ ၆၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၄၃ ရာခိုင်နှုန်းထက် မြင့်တက်လာတာ ဖြစ်ပါတယ်။ Vivo နဲ့Oppo ကတော့ တတိယနဲ့ စတုတ္ထနေရာမှာ ၁၁ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်း အသီးသီးနဲ့ […]
Read More
Events
F.A.M.E Education Center မှ 4 Graduation Ceremony ကျင်းပပြုလုပ်
[ Zawgyi ] F.A.M.E Education Center မှ 2017-2018 ခုနစ်တွင် Diploma များ အသီးသီးရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်တဲ့ 4 Graduation Ceremony ကို ဇူလိုင်လ ၁၉ ရက်က Gandamar Grand Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ [foogallery id=”88787″] -ေဝေဝ [ Unicode ] F.A.M.E Education Center မှ 2017-2018 ခုနစ်တွင် Diploma များ အသီးသီးရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်တဲ့ 4 Graduation Ceremony ကို ဇူလိုင်လ ၁၉ ရက်က Gandamar Grand Ballroom […]
Read More
Education
News
Shop Championship Case Study 2018 Grand final ရွေးချယ်ပွဲကျင်းပ
[ Zawgyi ] မြန်မာနိုင်ငံရဲ့ Ecommerce ကိုဦးဆောင်တဲ့ အနာဂတ်လူငယ်များအတွက် ရည်ရွယ်ပြီး Shop.com.mm ကကြီးမှူးကျင်းပတဲ့ Shop Championship Case Study 2018 Grand final ရွေးချယ်ပွဲကို ဇူလိုင်လ ၂၀ ရက် က Melia Hotel မှာပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာနဲ့ မုံရွာမှကျောင်းသား၊ ကျောင်းသူ အဖွဲ့ပေါင်း ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ် လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပထမအဆင့်၊ ဒုတိယအဆင့်ကို Online မှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ပြီး ယခု အခါ ဆန်ခါတင်ရွေးချယ်ခံရတဲ့ အဖွဲ့ ၉ ဖွဲ့မှ Shop Championship Grand final ရွေးချယ်ခြင်းကို ဒိုင်လူကြီးများ […]
Read More
Local
News
ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ ခန့်မှန်းအနိုင်ရရှိသော ကံထူးရှင်များအား TECNO မိုဘိုင်းမှ ဆုချီးမြှင့်
[ Zawgyi ] ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်များမှ ခန့်မှန်းအနိုင်ရရှိတဲ့ ကံထူးရှင်များအား TECNO မိုဘိုင်းမှ ဆုချီးမြှင့်ခြင်းအခမ်းအနားကို TECNO ရုံးမှာ ဇူလိုင် ၂၀ ရက် (ယနေ့) ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ခန့်မှန်းပြိုင်ပွဲကို ပွဲစဉ်စတင်ရက်ဖြစ်တဲ့ ဇွန်လ ၁၆ ရက်မှစတင်ခဲ့ပြီး စုစုပေါင်း ခန့်မှန်းအနိုင်ရရှိတဲ့ ကံထူးရှင် ၂၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ၎င်းအနိုင်ရကံထူးရှင်များအား TECNO အမှတ်တံဆိပ် SPARK CM စမတ်ဖုန်းတစ်လုံးစီ ချီးမြှင့်ပေးအပ်ခဲ့ပြီး နယ်မှ ကံထူးရှင်များကိုလည်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟောင်ကောင်အခြေစိုက် TECNO အမှတ်တံဆိပ်မှာ ၂ဝ၁၇ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်ခဲ့ပြီး မြန်မာအပါအ၀င် နိုင်ငံပေါင်း ၃ဝ ကျော်မှာ တန်ဖိုးမျှတတဲ့ စမတ်ဖုန်းတွေကို […]
Read More
Profile
GUSTO College
[ Zawgyi ] GUSTO College ကို ၂၀၀၆ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားပေါင်း ၁၂,၀၀၀ ကျော်မွေးထုတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ အကြီးမားဆုံး ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Pearson နဲ့ ၂၀၁၂ ခုနှစ်ကတည်းက ချိတ်ဆက်ခဲ့ပြီး HND diploma အတန်းများ စတင်ဖွင့်လှစ်သင်ကြား ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ UK’s Top 10 Modern University တစ်ခုဖြစ်တဲ့ University of Glouce-stershire နဲ့ မိတ်ဖက်တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့ပြီး HND ပြီးမြောက်တဲ့ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ပြည်တွင်းရှိ GUSTO College မှာပင်နောက်ဆုံးနှစ် BSc (Hons) Computing နဲ့ BA […]
Read More
Mobile Lesson
မိုဘိုင်းဖုန်းမှာပါတဲ့ HDR mode ထက်ပိုကောင်းတဲ့ HDR App နဲ့ ဓာတ်ပုံတွေကို ရိုက်ကူးခြင်း
[ Zawgyi ] မိုဘိုင်းဖုန်းန့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကိုပဲဖြစ်ဖြစ် HDR App ကို သုံးစွဲပြီး ရိုက်ကူးခြင်းပဲဖြစ်ဖြစ် အကောင်းဆုံး HDR App ကိုရွေးချယ်နိုင်ဖို့က အထူးကိုအရေးကြီး လှပါတယ်။ App ရဲ့စွမ်းဆောင်ရည်ကောင်းတာနဲ့ ဓာတ်ပုံရဲ့ အရည်အသွေးက တက်လာစေနိုင်မှာဖြစ်ပြီး ဓာတ်ပုံတစ်ပုံကို ကြည့်ရှုသူတစ်ယောက်အနေနဲ့လည်း အနုပညာအရသာတစ်ခုကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။ Smart ဖုန်းတွေမှာ ကင်မရာနဲ့အတူ HDR စနစ်တွေ ပေါင်းစပ်ထည့်သွင်း ထားတာတွေရှိသလို အချို့ Smart ဖုန်းတွေမှာ HDR Function တွေ မပါတတ်ပါဘူး။ ဒါကြောင့် HDR စနစ်မပါတဲ့ ဖုန်းတွေကော ပါဝင်တဲ့ဖုန်းတွေအတွက်ပါ အသုံးပြုနိုင်တဲ့ HDR App တွေ မြောက်မြားစွာရှိတဲ့ အထဲကမှ အကောင်းဆုံး ဖြစ်နိုင် မယ့် […]
Read More