Day: July 17, 2018

စမတ်ဖုန်းများအတွက် ပထမဆုံး 8Gb LPDDR5 DRAM ချစ်ပ်ကို Samsung မိတ်ဆက်

[Zawgyi] Samsung Electronics ဟာ 10nm class 8-gigabit (Gb) LPDDR5 DRAM ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Samsung ဟာ ၂၀၁၄ ခုနှစ်က ပထမဆုံး 8Gb LPDDR4 ကို အလုံးအရင်းထုတ်လုပ်ခဲ့တဲ့နောက် အသစ်ထွက်မယ့် 5G နဲ့ artificial intelligence (AI) စနစ်သုံး mobile application တွေမှာ အသုံးပြုမယ့် LPDDR5 စံသတ်မှတ်ချက်ကို ပြောင်းလဲဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ 8Gb LPDDR5 ဟာ ၂၀၁၇ ဒီဇင်ဘာလက ထုတ်လုပ်ခဲ့တဲ့ 10nm class 16Gb GDDR6 DRAM နဲ့ ဖေဖော်ဝါရီလက ထုတ်လုပ်ခဲ့တဲ့ 16Gb DDR5 DRAM အပါအဝင် […]

Read More

NEW MDY ADV Fontchanger {ROOT}

မိမိဖုန်းအတွက် မြန်မာစာဖောင့်စတိုင်တွေကို အလွယ်တကူ ပြောင်းလဲထည့်သွင်းနိုင်မယ့် App ဖြစ်ပါတယ်။ App ကို အသုံးပြုဖို့ အတွက်တော့ ဖုန်းမှာ Root လုပ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ရိုးရှင်းဇော်ဂျီ (၁) ၊ ရိုးရှင်းဇော်ဂျီ (၉)၊ ပအို့ဇော်ဂျီ၊ နိုတိုစံဇော်ဂျီ၊ မြန်မာစံပြ ယူနီကုဒ်၊ မြန်မာစကား ယူနီကုဒ် စတဲ့ မြန်မာစာ ၆ မျိုးကို မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမှာ Root ပြုလုပ်ထားခြင်း ရှိမရှိကို App ကနေ အလွယ်တကူ စစ်ဆေးနိုင်မှာလည်း jဖစ်ပါတယ်။ App ကို Android version 4.4 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း […]

Read More

အသစ်ထွက်မယ့် Xiaomi Mi Max 3 ဓာတ်ပုံများ ထွက်ပေါ်လာ

ဇူလိုင် ၁၆ ရက်၊ မနေ့က အသစ်ထွက်မယ့် Mi Max 3 ရဲ့ အရေးပါတဲ့ အချက်အလက်အချို့ကို အတည်ပြုထားတဲ့ ဖုန်းဘူးခွံ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ Xiaomi တည်ထောင်သူ Bin Lin က Mi Max 3 ကို တရားဝင်မိတ်မဆက်ခင် နှစ်ရက်အလိုမှာ အဆိုပါ စမတ်ဖုန်းသစ်ရဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံတွေမှာ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဖုန်းဒီဇိုင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့အတူ ရရှိနိုင်မယ့် အရောင်တွေကို ပြသထားပါတယ်။ အဆိုပါ ဓာတ်ပုံတွေအရ Mi Max 3 ရဲ့ အရှေ့ဘက်မှာ notch မပါဝင်တဲ့ ၆.၉ လက်မ IPS display နဲ့အတူ […]

Read More

အသုံးမပြုလိုသည့် SMS များကို ပယ်ဖျက်နိုင်ပြီ

[ Zawgyi ] မိမိအသုံးမပြုတဲ့ SMS အဝင်များကို ပယ်ဖျက်နိုင်ပြီဖြစ်တယ်လို့ CICC – Nay Pyi Taw စာသုံးသူကာကွယ်ရေး Facebook စာမျက်နှာကနေတစ်ဆင့် ကြေငြာထားကြောင်း သိရပါတယ်။ MPT ဖုန်းအတွက် *2007# နှိပ်ကာ OPTION ကိုရွေးချယ်ကာ ပယ်ဖျက်နိုင်ပေမယ့် ရက် ၃၀ သာရပ်ဆိုင်းမှု ပြုလုပ်မှာဖြစ်ပါတယ်။ Telenor ဖုန်းအတွက် 500 ကို DNDON ရေးပြီး SMS ပေးပို့ ပယ်ဖျက်နိုင်သလို၊ Ooredoo ဖုန်းကိုင်ဆောင်သူတွေအတွက် 5059 ကို DNDON ဟုရေးပြီး SMS ပို ကာပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ SMS ပေးပို့မှုအတွက် ဖုန်းဘေလ်ကောက်ခံမှု မရှိကြောင်းသိရပါတယ်။ သုံးစွဲသူ(သုံးစွဲသူ) ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ ညှိနှိုင်းချက်အရ […]

Read More

၂၀၁၅ နောက်ပိုင်း ဆိုက်ဘာလုံခြုံရေး အဓိကဖြစ်လာ

[ Zawgyi ] ဘဏ်လုပ်ငန်းတွေရဲ့ ဘဏ္ဍာရေးကဏ္ဍဟာ ၂၀၁၅ နောက်ပိုင်းမှာ Cyber Security ပိုင်းအရ အရမ်းလိုလာတဲ့ ကဏ္ဍတစ်ခုဖြစ်လာကြောင်း ဇူလိုင် ၁၄ ရက်ကပြုလုပ်တဲ့ Cyber Security & Data Privacy ICT Talk ဆွေးနွေးပွဲမှာ Myanmar Payment Union က CEO ဖြစ်သူ ဦးဇော်လင်းထွဋ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၂ နောက်ပိုင်းမှာ ဘဏ်တွေတော်တော်များများဟာ Core Banking တွေသုံးလာကြ ကြောင်း၊ ဗဟိုထိန်းချုပ်မှု စနစ်တွေလည်း လုပ်လာကြကြောင်း၊ အဲ့ဒီဆောင်ရွက်မှုတွေကြောင့် ဝန်ဆောင်မှုအသစ် aပးလာကြသလို၊ ဒီဂျစ်တယ်ကတ်စနစ်၊ အင်တာနက် ဘဏ်စနစ်၊ မိုဘိုင်းဘဏ် စနစ်ဝန်ဆောင်မှု ပေးလာကြကြောင်း ၎င်းကဆက်ပြောပါတယ်။ “အွန်လိုင်းပေါ်တက်မယ်ဆိုရင် Cyber Security ကအဓိကဖြစ်လာတယ်၊ […]

Read More

၂၀၁၉ နှစ်လယ်ခန့်တွင် Cyber Law ထွက်နိုင်ဖွယ်ရှိ

[ Zawgyi ] ၂၀၁၉ ခုနှစ် နှစ်လယ်ခန့်မှာ Cyber Law ထွက်နိုင်မယ်လို့ ဦးရဲနိုင်မိုး (Director: Cyber Security Department, Ministry of Transport & Communications) ကပြောပါတယ်။ “Cyber security ပိုင်းဆိုင်ရာမှာလိုအပ်တဲ့ဥပဒေတွေရေး ဆွဲဖို့ဆောင်ရွက်နေတယ်၊ ၂၀၁၉ နှစ်လယ် လောက်မှာ Cyber Law နဲ့ပတ်သက်တဲ့ e-Government ရယ် Cyber security ရယ် e-Commerce ရယ် ဒါတွေကိုလွှမ်းခြုံပေးနိုင်မယ့် Cyber law တစ်ခုထွက်နိုင် လိမ့်မယ်” လို့ပြောပါတယ်။ အဲဒီဥပဒေ မှာ ဘဏ္ဍာရေးဆိုင်ရာ၊ တယ်လီကွန်းဆိုင်ရာ အစရှိတဲ့အကြောင်းအရာတွေ ပါဝင်မယ်လို့ သိရပါတယ်။ Cyber Security & Data Privacy […]

Read More

Arduino for Beginners သင်တန်းဖွင့်လှစ်မည်

[ Zawgyi ] မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူးပြီး P-TIME DEV နဲ့ပူးပေါင်းကာ Arduino for Beginner အမှတ်စဉ် (၇) သင်တန်း ဖွင့်လှစ်မယ်လို့ သိရပါတယ်။ Arduino for Beginners သင်တန်းမှာ Arduino ကို အသုံးပြုပြီး Project တည်ဆောက်လိုသူတွေ အခြေခံသိသင့်တဲ့ Arduino + Electronics + Programming တို့ကို သင်ကြားသွားမှာဖြစ်ပါတယ်။ Arduino Uno , Mega , Nano,Yun ,HC-06, ESP8266 အပါအဝင် Arduino Basic Kit တွေ၊ Sensor Kit တွေ၊ Arduino အသုံးပြုတည်ဆောက်ထားတဲ့ Robot တွေအပြင် သင်ထောက်ကူပစ္စည်း […]

Read More

မန္တလေးရှိ Anycall ဆိုင်တိုင်းတွင် ဇူလိုင်လအတွက် ပရိုမိုးရှင်း အစီအစဉ်ပြုလုပ်

[ Zawgyi ] မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ Anycall ဆိုင်တိုင်းမှာ ဇူလိုင်လ ပရိုမိုးရှင်းအနေနဲ့ Lucky Draw အစီအစဉ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အတွင်း Keypad မှစကာ iPhone အထိ မည်သည့်ဟန်းဆက်ကိုမဆို ဝယ်ယူသူတွေအနေနဲ့ ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ ကံစမ်းမဲတွေကတော့ Remax Home Theater ၃ လုံးနဲ့ LG K10 ဟန်းဆက်တစ်လုံးတို့ ဖြစ်ပါတယ်။ -ကောင်းမြတ်ထွန်း [ Unicode ] မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ Anycall ဆိုင်တိုင်းမှာ ဇူလိုင်လ ပရိုမိုးရှင်းအနေနဲ့ Lucky Draw အစီအစဉ် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၁ […]

Read More

တပတ်ရစ် Laptop များကိုအာမခံဖြင့်ရောင်းချ

[ Zawgyi ] မန္တလေးမြို့ ၇၃လမ်း ၄၀×၄၁ လမ်းကြားရှိ GTX Computer Second Sales and Service မှ တပတ်ရစ် laptop တွေကိုအာမခံစနစ်နဲ့ ရောင်းချပေးလျက်ရှိတယ်လို့ သိရပါတယ်။ တန်ဖိုး အနည်းဆုံး တစ်သိန်းကျော် တန်တပတ်ရစ် Windows Laptop တွေကစပြီး Macbook အမျိုးမျိုးကို အာမခံ ၁ လ ၊ လက်ဆောင်ပစ္စည်း ၄ မျိုးနဲ့ရောင်းချပေးနေတယ်လို့ သိရပါတယ်။GTX ဆိုင်ကနေ ဝယ်ယူထားတဲ့ Laptop တွေ၊ ပြန်ရောင်းလိုတဲ့ Laptop နဲ့ Mac Book တွေကို ဈေးကောင်းပေး ဝယ်ယူလျက်ရှိတယ်လို့လည်း သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို GTX ဖုန်း ၀၉ ၂၀၃၂၂၈၄ […]

Read More

Pinterest ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်သွားမယ့် Instapaper

[ Zawgyi ] ၂၀၁၆ ခုနှစ်၊ သြဂုတ်လတုန်းက Pinterest ဟာ Marco Arment တည်ဆောက်ခဲ့တဲ့ read-it-later bookmarking ဝန်ဆောင်မှုဖြစ်တဲ့ Instapaper ကို ဝယ်ယူခဲ့ပါတယ်။ နှစ်နှစ်အကြာမှာတော့ Instapaper ဟာ Pinterset ကနေခွဲထွက်ပြီး သီးခြားပြန်လည်ရပ်တည်နေပြီ ဖြစ်ပါတယ်။ Instapaper ကိုကွပ်ကဲကြီးကြပ်ဖို့ “Instant Paper, Inc.” လို့ခေါ်တဲ့ ကုမ္ပဏီကို ဖွဲ့စည်းလိုက်တယ်လို့ blog post မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာ ၂၀၁၃ ခုနှစ်ကတည်းက Instapaper မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းအများစု ပါဝင်ပါတယ်။ Instant Paper အနေနဲ့ ကုမ္ပဏီကို တရားဝင်စီမံခန့်ခွဲဖို့ သုံးပတ်စောင့်ဆိုင်းသွားမှာ ဖြစ်သလို သုံးစွဲသူရဲ့ တစ်ကိုယ်ရေ အချက်အလက်တွေကို တလေးတစားကိုင်တွယ်မှုနဲ့အတူ […]

Read More