Day: July 6, 2018

University of Portsmouth စီးပွားရေးဆိုင်ရာနှင့် Engineering’s ဆိုင်ရာ ဘွဲ့သင်တန်းများပို့ချရန် Chindwin-PSB Institute ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး ကဏ္ဍပိုမိုတိုးတက်ဖွံ့ ဖြိုးရန်နှင့် စီးပွားရေး ပညာရပ်ဆိုင်ရာ ဘွဲ့သင်တန်းများကို မြန်မာနိုင်ငံ တစ်ဝှမ်းတွင် သင်ကြားပို့ချပေးနိုင်ရန် ရည်ရွယ်ပြီး Singapore နိုင်ငံ၏ ထိပ်တန်း ပညာရေး အဖွဲ့ အစည်း တခု ဖြစ်သော PSB Academy နှင့် မြန်မာနိုင်ငံ၏ ထင်ရှားအောင်မြင်လျက်ရှိသော Chindwin College တို့ ပူးပေါင်းကာ Chindwin-PSB Institute ကို ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ရန်ကုန်မြို့ ၌ ဇူလိုင်လ ၆ ရက်က Chindwin- PSB Institute တည်ရှိရာ  Sinmalite Business Tower တွင် ကျင်းပခဲ့ပါသည်။ Chindwin College သည် မြန်မာနိုင်ငံ ၌ HND Diploma ကို ပထမဆုံးပေးအပ်နိုင်သော College တခုဖြစ်သည့်အပြင် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ […]

Read More

အာဆီယံ ကျောင်းသားများ အချင်းချင်းနှီးနှောဖလှယ်နိုင်ရန်အတွက် မြန်မာကျောင်းသားများ မလေးရှားနိုင်ငံသို့ သွားရောက်

[ Zawgyi ] အာဆီယံကျောင်းသားများ အချင်းချင်း ခေါင်းဆောင်မှုစွမ်းရည်တွေ၊ အတွေးအခေါ်တွေ၊ အချင်းအချင်း နှီးနှောဖလှယ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရန် အတွက် အစီအစဉ်တစ်ခု ပြုလုပ်လိုက်ကြောင်းသိရပါတယ်။ အဲဒီအစဉ်က YSS- Asean Student Volunteer Mission To Sarawak Malaysia 2018 ဖြစ်ပြီး မြန်မာ ကျောင်းသားများ မလေးရှားနိုင်ငံသို့ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။ မြန်မာကျောင်းသား ၂၁ ဦး ပါဝင်ပြီး မလေးရှားနိုင်ငံသို့ ရက် ၂၀ ကြာသွားရောက်မှာဖြစ်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံမှ ကျောင်းသားများကို ဖိတ်ခေါ်ပြီး မလေးရှားမှာ Student Volunteer Mission To Sarawak ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ မတိုးတက်သေးတဲ့ နိုင်ငံဒေသတွေက ကျန်းမာရေးဖွံ့ဖြိုးတိုးတက်ဖို့ သိပံ္ပနဲ့နည်းပညာတွေ […]

Read More

Myanmar Intl Radio

[ Zawgyi ] အွန်လိုင်းကနေ အခမဲ့ သီချင်းတွေနားဆင်နိုင်မယ့်အပြင် နေ့စဉ် မြန်မာသတင်း၊ နိုင်ငံတကာသတင်းတွေကို ကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်းမှာ လှည့်လည်စားသောက်ဖွယ်ရာ စားသောက်ဆိုင်လမ်းညွှန် အစီအစဉ်၊ ပရိုမိုးရှင်းအစီအစဉ်၊ ရှိုးပွဲ၊ ဟောပြောပွဲအစီအစဉ်တွေကိုလည်း App ကနေ ကြည့်ရှုနိုင်အောင်ဖန်တီးထားပြီး Play my choice အစီအစဉ်ကနေ မိမိနှစ်သက်တဲ့ သီချင်းတွေကို vote ပေးနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.1 နဲ့ အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode အွန်လိုင်းကနေ အခမဲ့ သီချင်းတွေနားဆင်နိုင်မယ့်အပြင် နေ့စဉ် မြန်မာသတင်း၊ နိုင်ငံတကာသတင်းတွေကို […]

Read More

Loop profile GIF တွေထောက်ပံ့မှုကို Tinder တရားဝင်ဖြန့်ချိ

အွန်လိုင်းမှာ ကြင်ဖော်ရှာဖွေပေးတဲ့ Tinder ဟာ Loops ဒါမှမဟုတ် loop profile GIF တွေထောက်ပံ့မှုကို iOS အတွက် တရားဝင်ဖြန့်ချိပေးလိုက်ပါပြီ။ အဲဒီထောက်ပံ့မှုကို အမေရိကန်၊ အနောက်ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတချို့ဆီ ဖြန့်ချိပေးလိုက်ပါတယ်။ Tinder ဟာ အဲဒီ feature ကို ဆွီဒင်နဲ့ ကနေဒါမှာ စတင် စမ်းသပ်ခဲ့ပါတယ်။ သုံးစွဲသူတွေက Tinder app အတွင်းက loop တွေကို တည်းဖြတ်နိုင်ပြီး အခု update မှာ ဓာတ်ပုံတွေ ဒါမှမဟုတ် GIF ဖိုင်တွေ နောက်ထပ် ၃ ခု အထိ ထည့်သွင်းနိုင်တဲ့ option ပါဝင်လာပါတယ်။ ဒါကြောင့် Tinder က profile တွေမှာ […]

Read More

Ubuntu OS မှာ OBS ကို ထည့်သွင်းခြင်း

[ Zawgyi ] OBS ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Live video တွေကို ထုတ်လွှင့်တဲ့ အခါမှာ အသုံးပြုနိုင်တဲ့ဆော့ဖ်ဝဲ ဖြစ်ပါတယ်။ Ubuntu OS ပေါ်မှာ OBS ကို ထည့်သွင်း အသုံးပြုချင်သူတွေအတွက် ဖော်ပြ ထားတဲ့နည်းလမ်းအတိုင်း ထည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Ubuntu OS မှာ OBS ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + […]

Read More

မျိုးဆက်သစ် iPhone တွေကို အပြာ၊ လိမ္မော်၊ ရွှေရောင်တွေနဲ့ Apple ထုတ်လုပ်ဖွယ်ရှိ

[ Zawgyi ] Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ အရွယ်ကြီးမားတဲ့ iPhone မော်ဒယ်တွေကို အရောင်မျိုးစုံနဲ့ ထုတ်လုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ Apple ရဲ့ကောလာဟလတွေ ထွက်ပေါ်နေတဲ့ မျက်နှာပြင် ၆.၅ လက်မ ရှိ OLED iPhone ကို အနက်၊ အဖြူ၊ ရွှေရောင်နဲ့ ထုတ်လုပ်သွားမယ်လို့ မင်ချီကူက ခန့်မှန်ထားတယ်လို့ 9to5Mac သတင်းမှာဖော်ပြထားပါတယ်။ နောက်ထပ် ကောလာဟလထွက်ပေါ်နေတဲ့ ၆.၁ လက်မ LED iPhone ကို မီးခိုး၊ အဖြူ၊ အပြာ၊ အနီနဲ့ လိမ္မော် စတဲ့ အရောင်တွေနဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ တကယ်လို့ အခုသတင်းသာမှန်ကန်ခဲ့မယ်ဆိုရင် Apple ဟာ ၂၀၁၈ ခုနှစ်မှာထွက်ရှိမယ့် iPhone တွေအတွက် အနည်းဆုံး […]

Read More

Octopath Traveler

[ Zawgyi ] စွန့်စားခန်း ဇာတ်လမ်းသွား ကောင်းကောင်း ကစားချင်သူတွေ စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းအသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ နာမည်ဆန်းဆန်းနဲ့ Octopath ဂိမ်းပဲ ဖြစ်ပါတယ်။ Nintendo Switch စက်ရှိသူတွေပဲ ကစားနိုင်မှာ ဖြစ်လို့ Platform စုံနဲ့ မရဘူးဆိုတဲ့အား နည်းချက် ဖြစ်နေပေမယ့် တစ်ပတ်တလေတော့လည်း Switch တွေအတွက် ဂိမ်းသစ် အလှည်ပေးလိုက်ပါရစေဗျာ။ Single အနေနဲ့ပဲ ကစားနိုင်မှာပါ။ 2D ရုပ်ထွက်နဲ့ပဲ ဖန်တီးထားတဲ့ ဂိမ်းဆိုပေမယ့် HD ရုပ်ထွက် အရည်အသွေးရှိလို့ သဘောကျစရာပါ။ ပတ်ဝန်းကျင် တောတောင်တွေ၊ ဖန်တီးမှုတွေတွေက လက်တွေ့ အပြင်မှာနဲ့စာရင် နည်းနည်းဆန်းသစ်ထားပြီး အမြင်ထူးခြားအောင် လုပ်ထားပါတယ်။ အထူးသဖြင့်တော့ ကျောက်တောင်နေရာတွေမှာ ဇာတ်ကောင်ကို တက်ရလွယ်အောင် ဖန်တီးမှုနဲ့အတူ […]

Read More

Do Not Disturb လုပ်ဆောင်ချက်ကို App တစ်ခုခြင်းစီအတွက် ဘယ်လိုသုံးမလဲ

[ Zawgyi ] Android ဗားရှင်းအသစ်မှာ ထည့်သွင်းပေးလိုက်တဲ့ Do Not Disturb လုပ်ဆောင်ချက်ကို သုံးစွဲသူတော်တော်များများက ညအိပ် ချိန်မျိုးအတွက်သာ အသုံးပြုကြတာ များပါတယ်။ ဒါပေမယ့်ဒီစနစ် ကို ညစာစားချိန်၊ အစည်းအဝေးခန်းထဲ ဝင်ချိန်မျိုးတွေလိုမျိုး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ အသုံးပြုချိန်မှာတော့ အဲလိုမျိုးအ သုံးပြုတာက မှန်ကန်တဲ့ ရွေးချယ် မှုတစ်ခုတော့မဟုတ်ပါဘူး။ ဘာ လို့လဲဆိုတော့ ဒီလုပ်ဆောင်ချက်က ဖုန်းရဲ့ အသိပေးတဲ့ notifica-tion အားလုံးကို ပိတ်လိုက်တာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ အရေး ပေါ်အီးမေးလ် စစ်စရာမျိုးတွေ၊ ချက်ချင်းအဖြေပြန်ပေးရမယ့် လုပ်ငန်းဆိုင်ရာ မျိုးတွေအတွက်ကတော့ သီးသန့်အနေနဲ့ App အချို့ကို ဖွင့်ထားနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ Do Not Disturb လုပ်ဆောင် ချက်ကို App […]

Read More

တရားမဝင် အွန်လိုင်းလောင်းကစားတွေ ဦးဆောင်ပြုလုပ်တဲ့ ကိုရီးယားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ထိုင်းရဲတွေဟာ Bang Lamung ခရိုင်မှာ အွန်လိုင်းလောင်းကစားကို ဦးစီးလုပ်ကိုင်နေတဲ့ အသက် ၃၁ နှစ်ကနေ ၃၆ နှစ် အကြားရှိတဲ့ တောင်ကိုရီးယားလူမျိုး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အသက် ၃၁ နှစ် အရွယ်ရှိတဲ့ ချန်ဂျူနဲ့ ဒေါင်ဂျီအန်တို့ကို tambon Nong Prue က Soi Nong Mai Kaen မှာရှိတဲ့ အိမ်နံပါ ၆၂/၇ မှာဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတော်ဆိုင်ရာ လက်ထောက်ရဲအကြီးအကဲက ပြောခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် တေးယောင်ကင်မ်၊ အသက် ၃၆ နှစ်အရွယ် ဂျန်ဝုဒ်ဂျင်နဲ့ အသက် ၃၄ နှစ်အရွယ် ဆန်ဝူကင်မတို့ကိုတော့ tambon Nong Prue အတွင်းက Chokchai Garden […]

Read More