Day: June 28, 2018

Asus Zenfone 5 နှင့် Zenfone Max Pro စမတ်ဖုန်း ပြည်တွင်းဈေးကွက်တွင်း ဝင်ရောက်မည်

[ Zawgyi ] Asus Zenfone5 နဲ့ Zenfone Max Pro စမတ်ဖုန်းတွေကို ပြည်တွင်းဈေးကွက်ထဲ ဖြန့်ချိမယ်လို့ ဇွန် ၂၈ ရက်က ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ပြုလုပ်တဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲမှ သိရပါတယ်။ ပြည်တွင်းဈေးကွက်ကို ဇူလိုင်လခန့်မှာ ဖြစ်ချိမယ်လို့ဆိုပါတယ်။ Zenfone5 က ဓာတ်ပုံရိုက်ဝါသနာပါတဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီး AI စနစ် နည်း ပညာတွေ ပါဝင်လာပါတယ်။ 19:9 Ratio မျက်နှာပြင် ၆.၂ လက်မအပြည့်ကို Notch Display နဲ့ Resolution 1080×2246 ပါဝင်ပါတယ်။ Ram 4GB ပါဝင်ပြီးတော့ အချက်အလက် သိုလှောင်ဖို့အ တွက် 64GB ပါဝင်ပါတယ်။ မြန်နှုန်းမြင့် Qualcomm SDM636 Octa Core […]

Read More

MyTV

[ Zawgyi ] ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ Mytel သုံးစွဲသူတွေအတွက် ရုပ်ရှင်၊ ဗီဒီယိုတွေကို အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ Mytel သုံးစွဲသူတွေ အနေနဲ့ မိမိစိတ်ကြိုက် ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်သလို Download လုပ်တာတွေနဲ့ ပြန်လည်မျှဝေတာတွေကို App ကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ပြည်တွင်းက ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ Mytel သုံးစွဲသူတွေအတွက် ရုပ်ရှင်၊ ဗီဒီယိုတွေကို အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖန်တီးထားတဲ့ App ဖြစ်ပါတယ်။ […]

Read More

Under-display fingerprint reader ပါဝင်တဲ့ Nokia 9 ကို HMD ဖန်တီးနေ

[ Zawgyi ] HMD ဟာ Nokia 9 ဖုန်းတစ်မျိုးကို ဖန်တီးနေပါတယ်။ အဲ့ဒီဖုန်းကို Nokia 8 Sirocco ပေါ်မှာ တည်ဆောက်နေပြီး under-display fingerprint reader တစ်ခု၊ ပိုမိုအဆင့်မြင့်တဲ့ ကင်မရာတစ်ခုနဲ့ Snapdragon 845 တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီစမတ်ဖုန်းသစ်မှာ LG ရဲ့ P-OLED display ကို အသုံးပြုထားပြီး vivo X21 UD ပုံစံ under-display fingerprint reader တစ်ခု ပါဝင်လာမှာဖြစ်ပါတယ်။ ဒီဖုန်းကိုတပ်ဆင်တဲ့ FIH Mobile ဟာ fingerprint reader တုံ့ပြန်မှုနှေးကွေးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း display glass ကို ပါးလွှာအောင်လုပ်ပြီး […]

Read More

Samsung Galaxy S10+ တွင် အရွယ်ပိုကြီးတဲ့ ၆.၄၄ လက်မ screen ပါဝင်လာဖွယ်ရှိ

[ Zawgyi ] ကိုရီးယားသတင်းစာ The Bell ရဲ့အဆိုအရ Samsung ဟာ အသစ်ထွက်မယ့် Galaxy S10+ ရဲ့ screen အရွယ်အစားကို ၆.၄၄ လက်မအထိ တိုးမြှင့်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိ Galaxy S9+ ရဲ့ screen အရွယ်အစားက ၆.၂ လက်မဖြစ်ပါတယ်။ အခုလို screen အရွယ်အစားကို တိုးမြှင့်တဲ့အတွက် Galaxy S10+ က လက်ရှိ Galaxy Note 8 ထက် အရွယ်ပိုကြီးမှာဖြစ်သလို မကြာခင် တွေ့မြင်ရမယ့် Galaxy Note 9 မှာလည်း အရွယ်ကြီးမားတဲ့ screen ပါဝင်လာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဆက်လက်ပြီး အခြား Galaxy S10 ဖုန်းနှစ်မျိုးမှာတော့ […]

Read More

X Series Mirrorless ဒီဂျစ်တယ်ကင်မရာဖြစ်သော ဖူဂျီဖလင် X-T 100 မိတ်ဆက်

[ Zawgyi ] X Series Mirrorless ဒီဂျစ်တယ်ကင်မရာဖြစ်တဲ့ ဖူဂျီဖလင် X-T 100 မိတ်ဆက်ခြင်းအခမ်းအနားကို ဇွန်လ ၂၇ ရက်က Pan Pacific Yangon မှာကျင်းပခဲ့ပါတယ်။ ဓာတ်ပုံရိုက်ခြင်းနဲ့ ဓာတ်ပုံကိုချစ်မြတ်နိုးတဲ့ လူငယ်တွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Electronic Viewfinder တပ်ဆင်ထားပြီး ရုပ်ထွက်ကောင်းမွန်စေသလို 24.2 megapixel APS-C CMOS Sensor ကိုပေါင်းစပ်ထားတယ်လို့ သိရပါတယ်။ 4K Video Recording ကိုပံ့ပိုးရန်နဲ့ ရွေ့လျားပုံရိပ်များကို ရိုက် ကူးရန်အတွက် Touch Screen Control နဲ့ လျင်မြန်တဲ့ အလိုအလျောက် Focus စနစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။ Self-Portraits ရိုက်ကူးခြင်းနဲ့ မတူညီတဲ့ လုပ်ဆောင်မှုတွေကို […]

Read More

Telenor WoWBox အသုံးပြုသူ ၃.၅ သန်းကျော်ရှိဟုဆို

[ Zawgyi ] WoWBox အသုံးပြုသူ ၃.၅ သန်းရှိတယ်လို့ Telenor ကထုတ်ပြန်ပါတယ်။ WowBox ကို ဈေးကွက်တွင်း စတင်မိတ်ဆက်ပြီး ၁၃ လအကြာမှာ နေ့စဉ်အသုံးပြုသူ ဦးရေ ၆၀၀,၀၀၀ နဲ့ လစဉ် အသုံးပြုသူ ၁ ဒသမ ၃ သန်းအထိ ရှိလာခဲ့ပြီး ဆိုရှယ် အပလီကေးရှင်းတွေဖြစ်တဲ့ Facebook၊ Google၊ YouTube နှင့် Viber တို့နောက်မှာ ရပ်တည်နေခဲ့တယ်လို့ ဆိုပါတယ်။ WowBox အပလီကေးရှင်းကို မနှစ်က မတ်လထဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Google Play Store မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ “ ကျွန်တော်တို့ရဲ့ ကွန်ရက်ကနေတစ်ဆင့် အသုံးပြုသူတွေအတွက် ပျော်ရွင်ငယ်ရွယ် တက်ကြွတဲ့လူနေမှုဘဝကို ဖန်တီး ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး […]

Read More

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

[ Zawgyi ] e-Government ဦးဆောင်ကော်မတီရဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန်လ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

Read More

Apple ထက် ဆယ်ဆပိုမိုတိကျတဲ့ 3D face sensing ကို Vivo မိတ်ဆက်

[ Zawgyi ] တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress Shanghai မှာ Vivo က 3D sensing နည်းပညာသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ Vivo ရဲ့ အဆင့်မြင့် facial recognition နည်းပညာကို Time of Flight (TOF) လို့ခေါ်ပါတယ်။ အဲ့ဒီ sensor ဟာ အလင်းတန်းတစ်ခု ထုတ်လွှင့်ပြီး subject ကနေ အလင်းပြန်ကန်လာတဲ့ Time of Flight (TOF) ကို တွက်ချက်ပေးပါတယ်။ ဒီ sensor ဟာ 3D mapping ကို ဖုန်းနဲ့ သုံးမီတာအကွာအဝေးအထိ အလုပ်လုပ်နိုင်တယ်လို့ Vivo က ဆိုပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ […]

Read More

Lenovo မှ Laptop ပစ္စည်းသစ်နှစ်မျိုးမိတ်ဆက်

[ Zawgyi ] Lenovo မှ Laptop ပစ္စည်းသစ်နှစ်မျိုး မိတ်ဆက်တဲ့ အခမ်းအနားကို ဇွန်လ ၂၇ ရက်က Novotel Yangon Max Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ တက်ဘလက် တစ်ခုအဖြစ်သုံးနိုင်သလို ၃၆၀ ဒီဂရီလှည့် hinge ကိုလည်းတပ်ဆင်ထားတဲ့ Lenovo Yoga 520 (14) နဲ့ အသုံးပြုရ လွယ်ကူသလို အမြင့်ဆုံး စွမ်းဆောင်ရည်ပေးနိုင်တဲ့ Lenovo Ideapad 330 Laptop နှစ်မျိုး ကိုမိတ်ဆက်ခဲ့ပါတယ်။ Lenovo Yoga 520 မှာ 8th generation Intel Core i5 အထိ အမြင့်ဆုံးရရှိနိုင်သလို နှစ်မျိုးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဘက်ထရီရီအနေနဲ့ ၁၀ နာရီအထက် ကြာမြင့်စွာအသုံးပြုနိုင်သလို […]

Read More