Day: June 13, 2018

ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်း ပြိုင်ပွဲအတွက် လျှောက်လွှာခေါ်ယူ

[ Zawgyi ] မြန်မာလုပ်ငန်းရှင်များ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များနဲ့ လုပ်ငန်းရှင် ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်ပြီး ဒီဂျစ်တယ်လုပ်ငန်းစီမံကိန်း ပြိုင်ပွဲအတွက် လျှောက်လွှာတွေခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။ ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှု အသင်းချုပ်၊ Renaissance Institute နဲ့ University of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းမှုနဲ့ သြဂုတ်လ ၂၀ ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံသားလုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ […]

Read More

British University College မှ “International Foundation Programme” ဖွင့်မည်

[ Zawgyi ] ဆယ်တန်းအောင်နဲ့ GCE O level အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူတွေအတွက် “ International Foundation Programme ” ကို British University College မှ ဇွန်လ ၁၈ ရက်မှာ ဖွင့်လှစ်ပေးသွားမယ်လို့ သိရပါတယ်။ Foundation အတန်းမှာ English for Academic Purposes ဘာသာရပ် အပါအဝင် ဘာသာပေါင်း (၅) ဘာသာ ပါဝင်ပြီး Foundation course အောင်မြင်ပြီးပါက English ဘာသာရပ်မှာ ပါဝင်တဲ့ Uses of English, Reading, Writing, Listening, Speaking အပြင် Presentation Skills, Assignment ရေးရာမှာ […]

Read More

မြန်မာ-ဂျပန်စင်တာမှ ကြီးမှူး၍ Vietnam-Japan University (VJU) ၏ MBA Program အား မိတ်ဆက်မည်

[ Zawgyi ] မြန်မာ-ဂျပန်စင်တာမှ ကြီးမှူးပြီး ဗီယက်နမ်နိုင်ငံရှိ Vietnam-Japan University (VJU) ၏ Master’s Program in Business Administration (MBA Program) အား မိတ်ဆက်တဲ့ အခမ်းအနားကို ဇွန်လ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲ မှ နေ့လယ် ၁၂ နာရီခွဲ အထိ မြန်မာ-ဂျပန်စင်တာ (ရန်ကုန်ရုံး) UMFCCI မှာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ-ဂျပန်စင်တာ ကျောင်းသားဟောင်းများအသင်း အောက်မြန်မာပြည်နဲ့ ပူးပေါင်းကာ MBA Program အား မိတ်ဆက်တဲ့ အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခြင်းဖြစ်တယ်လို့ သိရပါတယ်။ VJU မှာ အဖွဲ့အစည်း အသီးသီးကပေးထားတဲ့ စကောလားရှစ် အစီအစဉ်များလည်းရှိတဲ့အပြင် […]

Read More

Myanmar Dictionary

[ Zawgyi ] Offline အနေနဲ့ အသုံးပြုနိုင်မယ့် အင်္ဂလိပ်-မြန်မာ အဘိဓာန် App ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-အင်္ဂလိပ် စတဲ့ အဘိဓာန်တွေအနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပြီး ဆန့်ကျင်ဘက်စကားလုံး၊ အဓိပ္ပာယ်တူ စကားလုံးတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဝေါဟာရတွေရဲ့ အသံထွက်ကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ App ကို Android version 4.0 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] Offline အနနေဲ့ အသုံးပြုနိုင်မယ့် အင်္ဂလိပ်-မြန်မာ အဘိဓာန် App ဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ်၊ အင်္ဂလိပ်-အင်္ဂလိပ် စတဲ့ အဘိဓာန်တွေအနေနဲ့လည်း အသုံးပြုနိုင်မှာဖြစ်ပြီး ဆန့်ကျင်ဘက်စကားလုံး၊ အဓိပ္ပာယ်တူ […]

Read More

Xbox ဂိမ်းစက်သစ်ကို ၂၀၂၀ တွင် မိတ်ဆက်ရန် Microsoft စီစဉ်နေ

Microsoft ဟာ Xbox ဂိမ်းစက်သစ်ကို ၂၀၂၀ ခုနှစ်မှာ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ Xbox အကြီးအကဲ Phil Spencer က ကုမ္ပဏီအနေနဲ့ Xbox ဂိမ်းစက်သစ်တွေအတွက် ဖန်တီးနေကြောင်း မကြာသေးခင်က ပြောကြားခဲ့တဲ့နောက် အဆိုပါ Xbox ဂိမ်းစက်သစ်တွေကို ၂၀၂၀ ခုနှစ်မှာ တွေ့မြင်ရမယ်လို့ Brad Sams က Thurrott.com မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Microsoft ရဲ့ Xbox ဂိမ်းစက်သစ် codename က Scarlett ဖြစ်ပြီး ထုတ်ကုန်တစ်ခုထက် ပိုမိုနိုင်တယ်လို့လည်း Brad Sams က ရေးသားခဲ့ပါတယ်။ Microsoft ရဲ့ မျိုးဆက်သစ် Xbox ဂိမ်းစက်တွေမှာ လက်ရှိ Xbox One ဂိမ်းတွေကို […]

Read More

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် တက္ကသိုလ်များမှ ခေါ်ယူလျှက်ရှိသော ပထမနှစ်ဝင်ခွင့် လျှောက်လွှာများအကြောင်း

၂၀၁၈-၂၀၁၉ ခုနှစ် ပထမနှစ်ဝင်ခွင့်ခေါ်ယူနေသော တက္ကသိုလ်များအကြောင်း စုစည်းဖော်ပြပေးလိုက်ပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ် ဘွဲ့ကြိုသင်တန်း ဝင်ခွင့်လျှောက်လွှာခေါ်ယူ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်ရဲ့ ပညာရေးဘွဲ့ကြိုသင်တန်း ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူလျက်ရှိပါတယ်။ သင်တန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ သင်တန်းသားဦးရေ ၄၀၀ ခေါ်ယူမှာဖြစ်ပြီး သိပ္ပံဘာသာ တွဲအတွက် အနိမ့်ဆုံးရမှတ် ၄၅၅၊ ဝိဇ္ဇာ+သိပ္ပံဘာသာတွဲ အနိမ့်ဆုံးရမှတ် ၄၂၀ နဲ့ ဝိဇ္ဇာဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် ၄၀၀ ရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ လျှောက်လွှာတွေကို ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်တဲ့ ဒီနေရာနဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ဒီနေရာ တို့မှ download ရယူနိုင်သလို နေ့စဉ်ထုတ်သတင်းစာတွေ မှ လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ် သင်တန်းရေးရာဌာနမှလည်းကောင်း ရယူနိုင်ပါတယ်။ ဝင်ခွင့် လျှောက်လွှာ […]

Read More

အရှေ့တောင်အာရှ နည်းပညာကုမ္ပဏီ Grab မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံမယ့် Toyota

ဂျပန်နိုင်ငံရဲ့ Toyota Motor ဟာ အရှေ့တောင်အာရှ အငှားယာဉ်ဝန်ဆောင်မှု app ဖြစ်တဲ့ Grab မှာ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ စင်ကာပူအခြေစိုက်ကုမ္ပဏီက ဇွန်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) မှာ ပြောကြားခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ကုမ္ပဏီနှစ်ခုရဲ့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်စေမှာဖြစ်သလို ဒေသတစ်လျှောက်မှာ နည်းဗျူဟာသစ်တွေကို စူးစမ်းရှာဖွေနိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်ကားကုမ္ပဏီရဲ့ အမှုဆောင်တစ်ဦးကာ Grab ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေကို ခန့်အပ်သွားမှာဖြစ်သလို Toyota အဖွဲ့ဝင်တစ်ဦးကလည်း အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီရဲ့ အမှုဆောင်အရာရှိတစ်ဦး ဖြစ်လာမယ်လို့ သိရပါတယ်။ အငှားယာဉ်ဝန်ဆောင်မှုကဏ္ဍမှာ ကားကုမ္ပဏီတစ်ခုကပြုလုပ်တဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အထက်ပါရင်းနှီးမြှုပ်နှံမှုဟာ အရှေ့တောင်အာရှကုမ္ပဏီကို ဒေသတွင်း အစားအသောက် ပေးပို့မှုနဲ့ အီလက်ထရွန်နစ် ငွေပေးချေမှုတို့လိုမျိုး online […]

Read More

Helio P22 ပါဝင်တဲ့ Redmi 6 နဲ့ Helio A22 ပါဝင်တဲ့ Redmi 6A တို့ကို Xiaomi မိတ်ဆက်

[Zawgyi] Mi 8 မော်ဒယ်သုံးမျိုးကို ပွဲထုတ်ခဲ့ပြီးတဲ့နောက် Xiaomi ဟာ entry-level ထုတ်ကုန်သစ်တွေဖြစ်တဲ့ Redmi 6 နဲ့ Redmi 6A တို့ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ Xiaomi Redmi 6 မှာ ၅.၄၅ လက်မ HD+ (720 x 1440) IPS display နဲ့ 18:9 aspect ratio ပါဝင်ပါတယ်။ 12nm MediaTek Helio P22 ချစ်ပ်နဲ့ 2GHz octa-core CPU ပါဝင်ပြီး ဘက်ထရီက 3,000mAh ဖြစ်ပါတယ်။ ဒီဘက်ထရီဟာ Redmi 5 ရဲ့ 3,300mAh ထက် နည်းပေမယ့် စွမ်းအင်သုံးစွဲမှု ပိုသက်သာတဲ့ chipset […]

Read More

ဆိုက်ဘာလုံခြုံရေး အစီအစဉ်ပြုလုပ်

မြန်မာနိုင်ငံမှာ ဆိုက်ဘာလုံခြုံရေး သိမြင်နိုးကြားမှု အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။ အဲဒီအစီအစဉ်ကို Dr Lennon Chang (Monash University, Australia) နဲ့ ဦးရဲသူရသက် ( Kernellix Co.Ltd Myanmar) တို့ ပူးပေါင်းဆောင်ရွက်လိုက်တာဖြစ်ကြောင်း၊ အဲဒီလှုပ်ရှားမှုအတွက် ဖန်တီးရေးဆွဲထားတဲ့ ကာတွန်းဇာတ်ကောင်ခြောက် ကောင်ကို စတင်မိတ်ဆက်လိုက်ကြောင်း သိရပါတယ်။ တစ်နှစ်ကြာပြုလုပ်မယ့် အဲဒီအစီအစဉ်မှာ ဆိုက်ဘာလုံခြုံရေး အသိပေးရုပ်ပြဇာတ်လမ်းတို ၂၄ ပုဒ်ပါဝင်ပြီး သီတင်းနှစ် ပတ်တစ်ခါ ဇာတ်လမ်းတစ်ခုကို အစီအစဉ်ရဲ့ Facebook စာမျက်နှာနဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ တင်ပြသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Facebook စာမျက်နှာဖြစ်ပြီး ဝက်ဘ်ဆိုက်ကတော့ ဒီနေရာမှာ ဖြစ်ပါတယ်။ Phishing, password ခိုးယူခြင်း၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကာကွယ်ခြင်း၊ ဆိုက်ဘာအနိုင်ကျင့်မှုနဲ့ အွန်လိုင်းကနေ […]

Read More

Amazon Fire TV နဲ့ Fire Stick များတွင် Android malware ကူးစက်ပျံ့နှံ့နေ

[ Zawgyi ] Amazon Fire TV ဒါမှမဟုတ် Fire TV Stick မှာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ ရုပ်ရှင်နဲ့ တီဗီရှိုးတွေကို ကြည့်နိုင်မယ့် app တွေကို ထည့်သွင်းထားမယ်ဆိုရင် cryptocurrency-mining Android virus ရဲ့ အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်တယ်လို့ AFTVnews က ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ virus ဟာ malware worm မျိုးကွဲတစ်ခုဖြစ်ပြီး Fire TV ထုတ်ကုန်တွေကို ပစ်မှတ်ထားတာမဟုတ်ဘဲ ထုတ်ကုန်ရဲ့ Android အခြေခံ operating system ရဲ့ အားနည်းချက်ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ malware ကို ADB.Miner လို့ခေါ်ဆိုပြီး com.google.time.timer ဆိုတဲ့ package […]

Read More