Day: June 8, 2018

ငွေကြေးဆိုင်ရာဝန်ဆောင်မှု နည်းပညာများကိုအသုံးပြုခြင်း ဖြင့် အသေးစားငွေကြေး အဖွဲ့ အစည်းများ ပိုမိုတွင်ကျယ်လာမည်

[Zawgyi] အရည်အသွေးမြင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှု နည်းပညာတွေကို အသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံရှိ အသေးစားငွေကြေးအဖွဲ့အစည်းတွေမှာ လာမည့်နှစ်အတွင်း ပိုမိုတွင်ကျယ်လာမယ်လို့ ThitsaWorks မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားပါတယ်။ ဒီလိုတွင်ကျယ်လာစေဖို့ အဖွဲအစည်းတိုင်းမှာ ယုံကြည်စိတ်ချရပြီး  မြန်ဆန်တဲ့ စနစ်ကောင်းတွေ လိုအပ်တယ်လို့သိရပါတယ်။ အဆိုပါ စနစ်တွေကို အသုံးပြုပြီး အသေးစားငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ ဆုံးရှုံးမှုလျော့ နည်းစေရန်နဲ့ စွမ်းဆောင်ရည် မြင့်မားလာစေရန် ဆောင်ရွက်နိုင်ရုံသာမက မိုဘိုင်းပိုက်ဆံ၊ စမတ်ဖုန်း အပ်လီကေးရှင်းစတဲ့ နည်းပညာသစ်တွေကို အများ အပြား သုံးစွဲလာအောင် ဆောင် ရွက်သွားနိုင်မှာဖြစ်တယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း အများစုမှာ client တွေကို  ထိရောက်စွာ ၀န်ဆောင်မှု ပေးနိုင်ရန်ခက်ခဲတဲ့ ခေတ်မမီ တဲ့စနစ်တွေကိုသာ လက်ရှိအ သုံးပြုနေရတယ်လို့ သိရပါ တယ်။ […]

Read More

Twitch နဲ့ယှဉ်ပြိုင်မယ့် Fb.gg ကို Facebook မိတ်ဆက်

[ Zawgyi ] Facebook ဟာ လူမှုကွန်ရက်အတွင်း ဗီဒီယိုဂိမ်း streaming အားလုံးကို စုစည်းထားတဲ့ Fb.gg ကို စတင်လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ Fb.gg ဟာ သုံးစွဲသူတွေ follow လုပ်ထားပြီး like လုပ်ထားတဲ့ စာမျက်နှာတွေနဲ့ အဖွဲ့တွေအပေါ်မူတည်တဲ့ ဂိမ်းတွေအပြင် streaming လုပ်ပေးနေတဲ့ ကျော်ကြားသူတွေအပေါ် အခြေခံပြီး ဗီဒီယိုကို ပြသပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဗီဒီယိုဖန်တီးသူတွေ၊ esports ပြိုင်ပွဲတွေနဲ့ ဂိမ်းကွန်ဖရင့်အခမ်းအနားတွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဂိမ်း content တွေကို မြန်ဆန်လှတဲ့ News Feed ထဲမှာ မပျောက်ဆုံးသွားအောင် လုပ်ဆောင်ထားပါတယ်။ Fb.gg ဟာ ဂိမ်းကိုစိတ်ဝင်စားမှုမရှိတဲ့ Facebook friend တွေကြားထဲ ရောက်နေတဲ့ သုံးစွဲသူတွေအတွက် အသုံးဝင်ပါတယ်။ […]

Read More

မိုဘိုင်းဖုန်းနဲ့ Portrait ဓာတ်ပုံရိုက်တဲ့အခါ မှားတတ်တဲ့အလေ့အထများ

[ Zawgyi ] မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ အခါမှာ အချို့ပုံကောင်းတွေမရဘဲ သူများဓာတ်ပုံတွေက ဘာလို့ပိုလှနေလဲဆိုပြီး ခံစားမိတတ်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ရိုက်ကူးတဲ့ နေရာအတူတူ သုံးတဲ့ မိုဘိုင်းဖုန်းလဲ အတူတူနဲ့ အခြားသူ ရိုက်ကူးတဲ့ပုံက ကိုယ့်ပုံထက် ပိုမိုက်နေတာကို တွေ့ကြရပြီး ဘာကြောင့်လဲဆိုပြီး ကိုယ့်ကိုယ်ကို မေးတတ်ကြပါတယ်။ ဒါဟာ ဓာတ်ပုံပညာမှာ အချို့မလုပ်သင့်တဲ့ ဝိသေသလေးတွေကို ကိုယ်ကသတိမထားဘဲ လုပ်လိုက်မိလို့ သူများကကိုယ့်ထက် အနည်းလေး ဓာတ်ပုံပညာ သိထားတာကြောင့် အချို့နေရာတွေမှာ ဓာတ်ပုံကောင်း တစ်ပုံသူတို့ရရှိ သွားကြတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရလေအောင် ဓာတ်ပုံပညာမှာ သိထားရမယ့် အခြေခံအကြောင်းအချက် အချို့ကိုဝေမျှ လိုပါတယ်။ Horizontal မျဉ်းတွေ ရေပြင်ညီဖြစ်အောင် မရိုက်ကူးခြင်း အချို့ဓာတ်ပုံကောင်းတွေမှာ မျဉ်းကြောင်းတွေဟာ အလွန်အရေးပါတာကို တွေ့ရပါတယ်။ […]

Read More

YouTube-DL ကို Ubuntu OS မှာ ဘယ်လိုထည့်သွင်းမလဲ

[ Zawgyi ] YouTube-DL ဆိုတာကတော့ YouTube အပါအဝင် အခြားဆိုက်တော်တော်များက ဗီဒီယိုဖိုင်တွေကို download လုပ်ယူနိုင်အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ Ubuntu OS မှာ YouTube-DL ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command […]

Read More

AI လက်နက်တွေကို စွန့်လွှတ်လိုက်တဲ့ Google

[ Zawgyi ] Google အနေနဲ့ ထိခိုက်နစ်နာမှုကို ဖြစ်စေတဲ့ လက်နက်တွေအတွက် စွမ်းရည်မြင့် artificial intelligence အပြင် တရားမဝင် လေ့လာစောင့်ကြည့်မှုနဲ့ နည်းပညာတွေကို အသုံးမပြုဖို့ ကတိရှိပေမယ့်လည်း အခြားကဏ္ဍတွေမှာ စစ်တပ်နဲ့အတူ ဆက်လက် ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ Google ရဲ့ cloud လုပ်ငန်းကို အကျိုးရှိတဲ့ အစိုးရလုပ်ငန်းတွေမှာ အသုံးချသွားဖို့ ရှိပါတယ်။ Alphabet Inc. ရဲ့ Google အမှုဆောင်အရာရှိချုပ် ဆန်းဒါပီချိုင်းက ဝန်ထမ်းထောင်ပေါင်းများစွာ အုံကြွမှုအပြီး ဇွန်လ ၇ ရက်၊ ကြာသပတေးနေ့က အခြေခံစည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအခြေခံစည်းမျဉ်းတွေက Google က AI သုတေသန ဘယ်လိုလုပ်တာအပြင် software tool တွေပြီးမြောက်အောင်ဖန်တီးတာနဲ့ အလုပ်တချို့မှာ ရှောင်လွှဲရမယ့် […]

Read More

The Penal Code (ရာဇသတ်ကြီး)

[ Zawgyi ] ပြစ်မှုဆိုင်ရာ ဥပဒေစီရင်ထုံးဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေဆိုင်ရာ ပုဒ်မတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဥပဒေပုဒ်မပေါင်း ၅၁၁ ခု ပါဝင်ပြီး အခန်းတစ်ခုစီအလိုက် ပါဝင်တဲ့ ဥပဒေပုဒ်မတွေကို အစ-အဆုံး ဖော်ပြထားပါတယ်။ အခန်းတစ်ခုစီရဲ့ ထပ်ဆင့်ခေါင်းစဉ်တွေ ကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်အောင် ဖန်တီးထားပြီး အလွယ်တကူ ကူးယူ မျှေ​ဝနိုင်မှာလည်း ဖြစ်ပါတယ်။ App ကို Android version 3.2 နဲ့ အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။ -ရဲထွဋ်ဝင်း [ Unicode ] ပြစ်မှုဆိုင်ရာ ဥပဒေစီရင်ထုံးဖြစ်တဲ့ ရာဇသတ်ကြီးဥပဒေဆိုင်ရာ ပုဒ်မတွေကို လေ့လာနိုင်မယ့် App ဖြစ်ပါတယ်။ ဥပဒေပုဒ်မပေါင်း ၅၁၁ […]

Read More

Master of Business Administration (Global MBA) ကို ပညာသင်ဆုဖြင့် လျှောက်ထားနိုင်

[ Zawgyi ] ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ University of the Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းပြီး “Master of Business Administration (Global MBA)” (Batch-11) ကို ပညာသင်ဆုနဲ့ လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Global MBA အတန်းကို သြဂုတ်လမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ မြန်မာနိုင်ငံသား၊ ဘွဲ့တစ်ခုခုရရှိပြီး လုပ်သက်အနည်းဆုံး ၁ နှစ်ရှိသူ၊ TOEFL Score 550 (သို့) အင်္ဂလိပ်စာ ကျွမ်းကျင်သူများ ပါဝင်လျှောက်ထား နိုင်တယ်လို့ သိရပါတယ်။ ဖော်ပြပါ အရည်အချင်း ပြည့်စုံသူတွေအနေနဲ့ UMFCCI နဲ့ UTCC တို့မှ […]

Read More

BlazBlue: Cross Tag Battle

[ Zawgyi ] အခုနောက်ပိုင်းထွက် ဂိမ်းအများစုက ရုပ်ထွက်ကို ဦးစားပေးဖန်တီး လာကြတယ်၊ အနည်းဆုံး 3D ရုပ်ထွက်လောက်ထိအောင် ရှိကြတယ်ပေါ့။ ဒါပေမဲ့ အခုမိတ်ဆက်ပေးချင်တဲ့ ဂိမ်းကတော့ 2D ရုပ်ထွက်ပဲရှိမှာပါ။ တစ်ဖက်မှာ ရုပ်ထွက်ပိုင်း အားနည်းချင်တယ်လို့ ဆိုနိုင်ပေမယ့် ကွန်ပျူတာနဲ့ ဂိမ်းကစားမယ့် သူတွေအတွက်က အစ GPU ကောင်းကောင်း ထည့်စရာမလိုဘဲ ကစားလာနိုင်မှာဖြစ်လို့ အပျော်တမ်းသမားတွေ အတွက်ကတော့ အဆင်ပြေမှာပါ။ တကယ်လည်း အခုဂိမ်းက အပျော်တမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းမျိုးပါ။ Platform အစုံကစားနိုင်မယ်လို့ ဆိုရမှာပါ။ PS4 နဲ့ရော Nintendo Switch လို Concole တွေနဲ့လည်းရမယ်၊ Wins စနစ်တောင် မရွေးဘဲ ကွန်ပျူတာတွေနဲ့လည်း ကစားနိုင်ပါလိမ့်မယ်။ တိုက်ခိုက်ရေး ဂိမ်းဖြစ်ပြီး အဖွဲ့လိုက်လည်း […]

Read More