Day: January 8, 2018

Credit Card ၏ကြွေးကျန်များ ပြန်လည်ပေးသွင်းရန် AYA ဘဏ်ကြေညာ

AYA Credit Card (အကြွေးဝယ်ကတ်) အတွက် ဧရာဝတီဘဏ်ကို ငွေပြန်လည်ပေးသွင်းဖို့ ပျက်ကွက်မှုတွေရှိကြောင်း ဇန်နဝါရီလ ၈ ရက်မှာ ဧရာဝတီဘဏ်ထုတ်ပြန်ချက်မှ သိရပါတယ်။ အဆိုပါပျက်ကွက်မှုတွေအတွက် သက်ဆိုင်သူတွေကို ဘဏ်ကအသိပေးစာတွေ ပို့ထားပေမယ့် ကြွေးငွေပေးသွင်းဖို့ ပျက်ကွက်မှုဟာ ယခုအချိန်အထိ ရှိနေတယ်လို့ သိရပါတယ်။ ယခုကဲ့သို့ သတ်မှတ်ရက်ထက် ကျော်လွန်ကာ ငွေပေးသွင်းရန်ကျန်ရှိတဲ့ ကတ်သုံးစွဲသူတွေကို ဇန်နဝါရီ ၂၀ ရက် မတိုင်မီ နောက်ဆုံးထား ပေးသွင်းဖို့နဲ့ ပျက်ကွက်ပါက ဧရာဝတီဘဏ်မှ အမည်၊ မှတ်ပုံတင်နဲ့တကွ ကြေညာကာ တရားဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ -အောင်သက်ကို

Read More

Gusto Championship Football Match 2017 and Gusto Run 2017 ဖွင့်ပွဲအခမ်းအနား ကျင်းပ

Gusto International College ရဲ့ Gusto Championship Football Match 2017 and Gusto Run 2017 ကို ဇန်နဝါရီလ ၈ ရက်က Yangon United Football Stadium မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ -သန္တာ

Read More

ဘားကမ့်ရန်ကုန်အတွက် စတင်မှတ်ပုံတင်နိုင်

ဒီလထဲမှာကျင်းပမယ့် ဘားကမ့်ရန်ကုန်အတွက် အွန်လိုင်းမှတ်ပုံတင် လုပ်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

Read More

IRD Law App

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ ထုတ်ဝေထားတဲ့ App ဖြစ်ပြီး ဒီ App မှာ အခွန်ဥပဒေတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ တံဆိပ်ခေါင်းခွန်ဆိုပြီး အခန်း ၅ ခန်းရှိတဲ့အပြင် အင်္ဂလိပ် ၊ မြန်မာ ဘာသာနှစ်မျိုးနဲ့ လေ့လာနိုင်အောင် ဖန်တီးထားပါတယ်။ App ကို Android version 4.4 နဲ့ အထက်မှာသုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။ -ရဲထွဋ်ဝင်း

Read More

ကမ္ဘာ့အပါးလွှာဆုံး laptop ဖြစ်လာတဲ့ Acer Swift 7

Acer ဟာ CES 2018 ပြပွဲမှာ အလွန်ပါးလွှာ ပေါ့ပါးတဲ့ Swift 7 နဲ့ ဈေးသက်သာတဲ့ Nitor 5 gaming laptop တို့ကို ထုတ်ဖော် မိတ်ဆက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Read More

Telenor လူငယ်ဖိုရမ်တက်ရောက်ခဲ့သူများနှင့် တွေ့ဆုံခြင်း

ငါးနှစ်မြောက်အဖြစ် Telenor လူငယ်ဖိုရမ်ကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်းက ကျင်းပခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက လျှောက်ထားသူ ၇၀၀၀ ကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ လူငယ်နှစ်ဦး တက်ရောက်ခွင့် ရခဲ့ပါတယ်။ သူတို့ကတော့ နန်းကံ့ကော်ယွက်ဆိုင်နဲ့ ရာသူ(လ်) ပရာဆတ်တို့ပဲ ဖြစ်ပါတယ်။ ဖိုရမ်နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေအကြောင်း လူငယ်နှစ်ဦးကို အင်တာနက်ဂျာနယ်က မေးမြန်းထားတာဖြစ်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တဲ့အပေါ် ခံစားချက်ကို ကနဦး သိလိုပါတယ်။ ရာသူ(လ်) ပရာဆတ်– ကျွန်တော်က ဆေးတက္ကသိုလ် (၁) ရန်ကုန်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော်က လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြေရှင်းရတာကို စိတ်ဝင်စားပါတယ်။ အဲဒီအတွက်လည်း Telenor Youth Forum ကိုလျှောက်ဖြစ်တာပါ။ Forum အတွက် ရွေးချယ်တဲ့အခါ […]

Read More

Photo Tangler (iOS)

$ 2.99 == > Free (Limited Time) Photo Tangler ဆိုတဲ့ app ဟာ မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးတာကို ဝါသနာပါသူတွေအတွက်တော့ အသုံးဝင်မယ့် app ဖြစ်ပါတယ်။ ဒီ app ဟာ ဓာတ်ပုံတွေကိုရိုက်ကူးပြီး ပိုမိုကောင်းမွန်တဲ့ ပုံတွေကိုရရှိအောင် ပြန်လည်ပြင်ဆင်နိုင်မယ့် tool တွေကိုထည့်သွင်းပေးထားပါတယ်။ အဆိုပါ app ကို အရင်က App Store မှာ ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှသာအသုံးပြုနိုင်မှာဖြစ်ပေမယ့် အခုအခါ အချိန်အကန့်အသတ်နဲ့ အခမဲ့ download လုပ်ခွင့်ပေးထားပါတယ်။ iOS version 8.0 နဲ့အထက်မှာ ထည့်သွင်းအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

StickDraw Pro (Android)

Android device များပေါ်ကနေ animation များကို ကိုယ်တိုင်ရွေးဆွဲပြီး ဖန်တီးနိုင်မယ့် app ဖြစ်ပါတယ်။ ရုပ်ပုံများကို ကိုယ်တိုင်ရေးဆွဲပြီး animation များ GIF ဖိုင်များအဖြစ်လည်း ပြန်လည်ဝေမျှ နိုင်အောင် စီစဉ်ပေးထားပါတယ်။ အဆိုပါ app ကို Play Store မှာ ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မှာဖြစ်ပေမယ့် ဖော်ပြပါ download link ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 5.3MB ခန့်ရှိမှာဖြစ်ပြီး Android version 4.4 နဲ့အထက်မှာထည့်သွင်းအသုံးပြုနိုင်မယ့် app တစ်ခုဖြစ်ပါတယ်။ Download ပြုလုပ်လိုသူများ ဒီနေရာကို နှိပ်ပါ။ -သီဟ

Read More

လျှော်ပြီးသား အဝတ်တွေကို လေးမိနစ်အတွင်း ခေါက်ပေးမယ့် FoldiMate

လျှော်ပြီးသား အဝတ်အထည်တွေကို ခေါက်နိုင်တဲ့ FoldiMate စက်ကို ပြီးခဲ့တဲ့နှစ် CES ပြပွဲမှာ ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့တုန်းက အမှာစာ ၈,၀၀၀ အထိရရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ ဘလော့မှာဖော်ပြခဲ့ပါတယ်။

Read More

ဖောက်ထွင်းမြင်နိုင်တဲ့ ၂၉ လက်မ touchscreen ပါဝင်ပြီး webOS သုံးထားတဲ့ LG ThinQ စမတ်ရေခဲသေတ္တာ

Samsung ဟာ touchscreen ပါဝင်တဲ့ ရေခဲသေတ္တာတွေကို အရင်က ထုတ်လုပ်ခဲ့သလို LG ကလည်း အတွင်းကို ဖောက်ထွင်းမြင်နိုင်မယ့် တံခါးတွေပါဝင်တဲ့ ရေခဲသေတ္တာတွေကို ဖန်တီးခဲ့ပါတယ်။

Read More