2018 Myanmar Investment Outlook Seminar ပြုလုပ်မည်

2018 Myanmar Investment Outlook Seminar ကို ဇန်န၀ါရီလ ၇ ရက်၊ နံနက် ၉း၃၀ မှ ၁၂ နာရီအထိ၊ ရန် ကုန်မြို့၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ ရင်းနှီးမြှုပ်နှံမှု၊ ကုမ္ပဏီနှင့် Banking ဆိုင်ရာ ဥပဒေအသစ်များ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်း နှင့် စီးပွားရေးတိုးတက်နှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်တွင်းကုမ္ပဏီများပြင်ဆင်ထားရမယ့် အပိုင်းများ၊ ၂၀၁၈ ခုနှစ်အတွက် ဖြစ်ပေါ်လာမယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခင်းအကျင်းအသစ်များ စတာတွေကိုဆွေးနွေး ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွေးနွေးပြောကြားပေးမယ့်သူတွေကတော့ DG of DICA ဦးအောင်နိုင်ဦး၊ CEO of MCB Bank ဦးသောင်းဟန်၊ CEO of YBS ဦးဘိုဘိုဝေမောင်တို့ဖြစ်ပါတယ်။

ပည်တွင်းကုမ္ပဏီများကလုပ်ငန်းရှင်များ၊ အရာရှိများ၊ ၀န်ထမ်းများ၊ Financial Institution များမှ ၀န်ထမ်းများ၊ ကျောင်းသူ၊ ကျောင်းသားများနဲ့ စိတ်ဝင်တစားလေ့လာလိုသူတွေအနေနဲ့ ၀င်ခွင့်အခမဲ့ ဖြစ်ပြီး ဒီနေရာ  မှာကြိုတင်စာရင်း ပေးသွင်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။