2018 Investment and Market Research Mission to Myanmar ကျင်းပမည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ အာဆီယံကိုရီးယား ဗဟိုဌာနတို့ ပူးပေါင်းပြီး “ 2018 Investment and Market Research Mission to Myanmar ကို ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၅ နာရီအထိ Lotte Hotel ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံမှ အခြေခံအဆောက်အဦကဏ္ဍ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနဲ့ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ၊ စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ၊ ဗိသုကာဆိုင်ရာလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းစတဲ့ ကဏ္ဍများမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်မှာဖြစ်ပါတယ်။ တက်ရောက်လာမယ့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနဲ့လည်း One on One Business Meeting ကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://bit.ly/2ncyKjg Form မှာ ဖြည့်စွက်ပြီး အီးမေးလ်လိပ်စာဖြစ်တဲ့ [email protected] ကို တိုက်ရိုက်ပေးပို့ပေးနိုင်သလို [email protected]gmail.com/ [email protected] ကိုလည်း ပူးတွဲပေးပို့နိုင်မှာ ဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

-ဝေဝေ