[ Zawgyi ]
မိုဘိုင္းဖုန္းနဲ႔ ဗီဒီယို႐ိုက္ကူးတာကို ဝါသနာပါတဲ့သူေတြအတြက္ ဖုန္းထဲမွာပဲ ဗီဒီယိုေတြကို ျပင္ဆင္တည္းျဖတ္ႏိုင္တဲ့ ၂၀၁၈ မွာ ဘယ္လိုု App ေတြ ေခတ္စားေနလဲဆိုုတာကိုု ေျပာျပေပးသြားမွာျဖစ္ပါတယ္။ စမတ္ဖုန္းကင္မရာေတြကေန ႐ိုက္ကူးထားတဲ့ ဗီဒီယိုေတြဟာလည္း အခုအခါမွာ အရည္အေသြး ပိုမိုေကာင္းမြန္လာၿပီျဖစ္ရာ ဗီဒီယိုေတြကို တည္းျဖတ္ဖို႔အတြက္လည္း App ေတြက ပိုုမိုုေကာင္းမြန္လာတာကိုု ေတြ႕ရပါတယ္။ Chroma လိုုမ်ိဳး စိတ္ႀကိဳက္ Video ေတြကိုု လွီးထုုတ္ ႏိုုင္တဲ့အထိကိုု mobile editing app ေတြက ပိုုမိုုေကာင္းမြန္လာတာကိုု ေတြ႕ရပါတယ္။ ဒါေၾကာင့္မိုု႔ သံုုးလိုု႔ေကာင္းတဲ့ Video App ေတြကိုု ေဖာ္ျပေပးလိုုက္ပါတယ္။
Kinemaster
Android ဖုုန္းေတြမွာ အသံုုးမ်ားတဲ့ Video Editing App တစ္ခုုပဲ ျဖစ္ပါတယ္။ ဓာတ္ပံုုနဲ႔ ဗီဒီယိုုေတြအားလံုုးကိုု ဗီဒီယိုုပံုုစံေပါင္းစပ္ျပဳ လုုပ္ႏိုုင္ေအာင္ ျပဳလုုပ္ဖိုု႔အတြက္ Tool ေတြ ေျမာက္ျမားစြာ ပါဝင္တာကိုု ေတြ႕ရပါတယ္။ Video quality အမ်ိဳးအစားေပါင္းစံုုကိုု Edit ျပဳလုုပ္ႏိုင္မွာျဖစ္ပါတယ္။ App အတြင္းမွာပဲ ဓာတ္ပံုုနဲ႔ ဗီဒီယိုုကို ႐ိုက္ကူးႏိုုင္ေအာင္ ဖန္တီးထားပါတယ္။ အသံမ်ားကိုုလည္း Build in ထည့္ေပးထားၿပီး ကိုုယ္ႀကိဳက္တဲ့သီခ်င္းေတြကိုုလည္း ေရြးခ်ယ္ၿပီး ဗီဒီယိုုမွာ ေပါင္းစပ္ထည့္သြင္းႏိုုင္ပါတယ္။ Layer ေတြ အမ်ားအျပား ခြဲၿပီးလည္း inset ေတြ အမ်ားအျပား ထည့္သြင္းသံုုးႏိုုင္ပါေသးတယ္။ Theme ေတြ အမ်ားအျပားကိုု ေရြးခ်ယ္သံုုးစြဲႏိုုင္ပါေသးတယ္။ Edit လုုပ္ၿပီးရင္ေတာ့ ဖုုန္းထဲမွာ Save လိုု႔ ရႏိုုင္သလိုု Social Media ေတြကိုု တစ္ခါတည္း တန္းတင္လိုု႔ ရပါတယ္။ Free Version အျဖစ္ Download လုုပ္ႏိုုင္ ေသာ္လည္း Free Version မွာ Kinemaster Logo ကိုု Export လုုပ္တဲ့ File ေတြမွာ ပါဝင္တာကိုုေတာ့ ေဖ်ာက္လိုု႔ရမွာ မဟုုတ္ပါဘူး။ Paid version မွာေတာ့ Logo ကိုု ဖယ္လိုု႔ရမွာျဖစ္ပါတယ္။
PowerDirector Video Editor
Professional editing tool ေတြပါဝင္တဲ့ app တစ္ခုျဖစ္ပါတယ္။ Slow motion effect ေတြနဲ႔ အျခားေသာ video effect ေတြမ်ားစြာကို ဒီ app မွာ ေတြ႕ျမင္ရမွာျဖစ္ၿပီး ျပင္ဆင္ထားတဲ့ ဗီဒီယိုဖိုင္ကို 4K Movie အထိ export ျပဳလုပ္ေပးႏိုင္ပါတယ္။ GoPro ကေန ႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ေတြကိုလည္း ထည့္သြင္းၿပီး ျပင္ဆင္ႏိုင္ေအာင္လည္းအ ေထာက္အပံ့ေပးထားပါတယ္။ Export ျပဳလုပ္ၿပီးတဲ့ဖိုင္ေတြကို YouTube, Facebook အစရွိတာေတြကို တိုက္႐ိုက္ေဝမွ်ႏိုင္ေအာင္ စီစဥ္ေပးထားပါတယ္။ PowerDirectore Video Editor ကို Playstore မွာ ရယူႏိုင္မွာျဖစ္ပါတယ္။ In-app purchase ျဖစ္တာေၾကာင့္ Free version ကေန export ျပဳလုပ္တဲ့ ဖိုင္ေတြမွာ ေရစာေတြ ပါဝင္ပါလိမ့္မယ္။
Adobe Premiere Clip
Video Editing ေဆာ့ဖ္ဝဲထဲမွာ နာမည္ႀကီးတဲ့ Adobe Premier Pro ေဆာ့ဖ္ဝဲနဲ႔ တြဲဖက္သံုးစဲြႏိုင္တဲ့ app ျဖစ္ပါတယ္။ ဖုန္းနဲ႔႐ိုက္ကူးထားတဲ့ ဗီဒီယိုဖိုင္ေတြကို Adobe Premier Clip ေပၚမွာ အသံဖိုင္ေတြနဲ႔ ေပါင္းစပ္ၿပီး ျပင္ဆင္ႏိုင္ပါတယ္။ Adobe Premier Clip app နဲ႔ Edit ျပဳလုပ္ထားတဲ့ ဗီဒီယိုဖိုင္ေတြကို ကြန္ပ်ဴတာေပၚကေန Adobe Premier ေဆာ့ဖ္ဝဲကေန ခ်ိတ္ဆက္ၿပီး ထပ္မံျပင္ဆင္ႏိုင္ေအာင္လည္း စီစဥ္ေပးထားပါတယ္။ ဗီဒီယိုဖိုင္ေတြကို Facebook ေပၚေဝမွ်ႏိုင္ဖို႔အတြက္လည္း စီစဥ္ေပးထားပါတယ္။ ထည့္သြင္း အသံုးျပဳခ်င္တယ္ဆို ရင္ Playstore မွာ ရယူႏိုင္မွာ ျဖစ္ပါတယ္။
Magisto
Magisto app ဟာ video clip ေတြကို ဖန္တီးရာမွာ အလြယ္ကူဆံုးနဲ႔ အျမန္ဆံုးဖန္တီးႏိုင္မယ့္ app ျဖစ္ပါတယ္။ အဆင့္သံုးဆင့္ လုပ္႐ံုနဲ႔ video clip တစ္ခုကို အလြယ္တကူဖန္တီးႏိုင္ပါတယ္။ ဓာတ္ပံု ဒါမွမဟုတ္ဗီဒီယိုဖိုင္ကို ေရြးပါ။ Edit ျပဳလုပ္မယ့္ style တစ္ခုကိုေရြးၿပီး အသံဖိုင္ကို ထပ္မံေရြးခ်ယ္ကာ ထည့္သြင္းေပး႐ံုနဲ႔ video clip တစ္ခုကို အလြယ္တကူနဲ႔ ဖန္တီးေပးႏိုင္ပါတယ္။ Magisto ကို ရယူခ်င္တယ္ဆိုရင္ Playstore မွာ ရယူႏိုင္ပါတယ္။
VidTrim
VidTrim app ကေတာ့ video clip ေတြကို ဖန္တီးတဲ့အခါမွာ filter ေတြ effect ေတြကို ထည့္သြင္းျပင္ဆင္ဖို႔အတြက္ ဖန္တီးေပးထားတဲ့ app ျဖစ္ပါတယ္။ ဗီဒီယိုအခန္းဆက္ေတြကို တစ္ခုနဲ႔တစ္ခု အစီအစဥ္တက် ကူးေျပာင္းႏိုင္ဖို႔အတြက္ ျပင္ဆင္ေပးႏိုင္သလို video effect ေပါင္းမ်ားစြာကိုလည္း ထည့္သြင္းသံုးစဲြႏိုင္ဖို႔ အတြက္ အေထာက္အပံ့ ေပးထားပါတယ္။ ဒီ app ကို အသံုးျပဳခ်င္တယ္ဆိုရင္ Playstore မွာ ရယူႏိုင္ပါတယ္။
Photo
VideoShow
VideoShow ဟာ သံုးစဲြသူေပါင္း သန္း ၁၀၀ ေက်ာ္ရွိၿပီး Android video editing app ေတြမွာ ေရပန္းအစားဆံုး app တစ္ခုျဖစ္ပါတယ္။ Video editing အတြက္သာမက ဓာတ္ပံုေတြကေနဗီဒီယိုအျဖစ္ ေျပာင္းလဲဖို႔အတြက္ကိုပါ ထည့္သြင္းေပးထားပါတယ္။ Fast Trim, Ultra Cut, Video compress, Video to MP3 အစရွိတဲ့ tool ေတြဟာ သံုးစဲြသူေတြအတြက္ အလြယ္တကူနဲ႔ သံုးစဲြႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ အသံဖိုင္ေတြကို ထည့္သြင္းဖို႔အတြက္ဆိုရင္ device ထဲမွာရွိတဲ့ အသံဖိုင္ေတြကိုသာမက Online က အသံဖိုင္ေတြကိုပါ ဒီ app ထဲကေန ရွာေဖြၿပီး download လုပ္ကာ ထည့္သြင္းအသံုးျပဳႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ VideoShow ကို အသံုးျပဳခ်င္တယ္ဆိုရင္ Playstore မွာ ရယူႏိုင္မွာျဖစ္ပါတယ္။
Funimate Video Effects Editor
Funimate ဟာ သုံးစြဲသူထုတ္ကုန္မွာရွိတဲ့ ဗီဒီယိုေတြကို ေတးဂီတ ဗီဒီယုိ ဒါမွမဟုတ္ ႐ုိးရွင္းတဲ့ဗီဒီယိုျပဳလုပ္ဖို႔ ေကာင္းတဲ့ နာမည္ေက်ာ္ app တစ္ခုပါ။ အဲဒီ app မွာ သုံးစြဲသူကိုယ္တိုင္ စိတ္ႀကိဳက္ဖန္တီးႏိုင္ဖို႔ ဗီဒီယို filter ၁၅ ခုနဲ႔ effect ၁၅ ခုပါဝင္ပါတယ္။ အခမဲ့အေနနဲ႔ ရရွိႏိုင္ တယ္ဆိုေပမယ့္ အခ်ိဳ႕ add on ေလးေတြကိုေတာ့ အခေၾကးေငြနဲ႔ ေရာင္းခ်ေပးထားတာကို ေတြ႕ရပါတယ္။ ေပါ့ေပါ့ပါးပါးနဲ႔ Fun အေနနဲ႔ ဗီဒီယိုေတြ ဖန္တီးခ်င္တယ္ဆိုရင္ ဒီ App ေလးက ေတာ္ေတာ္ သင့္ေတာ္တာကို ေတြ႕ရပါတယ္။
VivaVideo
VivaVideo ဟာ လူမႈေရးမီဒီယာေတြမွာ တင္ဖို႔ ဗီဒီယို အတိုေလး ဖန္တီးႏိုင္တဲ့ app ျဖစ္ပါတယ္။ App မွာ storyboard စတိုင္လ္ တည္းျဖတ္မႈကို အသုံးျပဳထားပါတယ္။ VivaVideo မွာ ဗီဒီယို filter ေတြ၊ effect အမ်ိဳးမ်ိဳး၊ စာသားထည့္သြင္းတာနဲ႔ လႈပ္ရွားမႈ အေႏွး
အျမန္ေထာက္ပံ့မႈ ၂၀၀ ေက်ာ္ ပါဝင္လာပါတယ္။ VivaVideo ကုိ အခမဲ့ အသုံးျပဳမယ္ဆုိရင္ ေရစာပါဝင္သလိုဗီဒီယိုအတြက္ အခ်ိန္
ကန္႔သတ္ထားပါတယ္။ တကယ္လို႔ pro ဗားရွင္းကို ဝယ္ယူလိုက္ မယ္ဆိုရင္ အကန္႔အသတ္မရွိ သုံးႏိုင္ပါတယ္။
-စည္သူ
[ Unicode ]
မိုဘိုင်းဖုန်းနဲ့ ဗီဒီယိုရိုက်ကူးတာကို ဝါသနာပါတဲ့သူတွေအတွက် ဖုန်းထဲမှာပဲ ဗီဒီယိုတွေကို ပြင်ဆင်တည်းဖြတ်နိုင်တဲ့ ၂၀၁၈ မှာ ဘယ်လိုု App တွေ ခေတ်စားနေလဲဆိုုတာကိုု ပြောပြပေးသွားမှာဖြစ်ပါတယ်။ စမတ်ဖုန်းကင်မရာတွေကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဟာလည်း အခုအခါမှာ အရည်အသွေး ပိုမိုကောင်းမွန်လာပြီဖြစ်ရာ ဗီဒီယိုတွေကို တည်းဖြတ်ဖို့အတွက်လည်း App တွေက ပိုုမိုုကောင်းမွန်လာတာကိုု တွေ့ရပါတယ်။ Chroma လိုုမျိုး စိတ်ကြိုက် Video တွေကိုု လှီးထုုတ် နိုုင်တဲ့အထိကိုု mobile editing app တွေက ပိုုမိုုကောင်းမွန်လာတာကိုု တွေ့ရပါတယ်။ ဒါကြောင့်မိုု့ သုုံးလိုု့ကောင်းတဲ့ Video App တွေကိုု ဖော်ပြပေးလိုုက်ပါတယ်။
Kinemaster
Android ဖုုန်းတွေမှာ အသုံုးများတဲ့ Video Editing App တစ်ခုုပဲ ဖြစ်ပါတယ်။ ဓာတ်ပုံုနဲ့ ဗီဒီယိုုတွေအားလုံုးကိုု ဗီဒီယိုုပုံုစံပေါင်းစပ်ပြု လုုပ်နိုုင်အောင် ပြုလုုပ်ဖိုု့အတွက် Tool တွေ မြောက်မြားစွာ ပါဝင်တာကိုု တွေ့ရပါတယ်။ Video quality အမျိုးအစားပေါင်းစုံုကိုု Edit ပြုလုုပ်နိုင်မှာဖြစ်ပါတယ်။ App အတွင်းမှာပဲ ဓာတ်ပုံုနဲ့ ဗီဒီယိုုကို ရိုက်ကူးနိုုင်အောင် ဖန်တီးထားပါတယ်။ အသံများကိုုလည်း Build in ထည့်ပေးထားပြီး ကိုုယ်ကြိုက်တဲ့သီချင်းတွေကိုုလည်း ရွေးချယ်ပြီး ဗီဒီယိုုမှာ ပေါင်းစပ်ထည့်သွင်းနိုုင်ပါတယ်။ Layer တွေ အများအပြား ခွဲပြီးလည်း inset တွေ အများအပြား ထည့်သွင်းသုံုးနိုုင်ပါသေးတယ်။ Theme တွေ အများအပြားကိုု ရွေးချယ်သုံုးစွဲနိုုင်ပါသေးတယ်။ Edit လုုပ်ပြီးရင်တော့ ဖုုန်းထဲမှာ Save လိုု့ ရနိုုင်သလိုု Social Media တွေကိုု တစ်ခါတည်း တန်းတင်လိုု့ ရပါတယ်။ Free Version အဖြစ် Download လုုပ်နိုုင် သော်လည်း Free Version မှာ Kinemaster Logo ကိုု Export လုုပ်တဲ့ File တွေမှာ ပါဝင်တာကိုုတော့ ဖျောက်လိုု့ရမှာ မဟုုတ်ပါဘူး။ Paid version မှာတော့ Logo ကိုု ဖယ်လိုု့ရမှာဖြစ်ပါတယ်။
PowerDirector Video Editor
Professional editing tool တွေပါဝင်တဲ့ app တစ်ခုဖြစ်ပါတယ်။ Slow motion effect တွေနဲ့ အခြားသော video effect တွေများစွာကို ဒီ app မှာ တွေ့မြင်ရမှာဖြစ်ပြီး ပြင်ဆင်ထားတဲ့ ဗီဒီယိုဖိုင်ကို 4K Movie အထိ export ပြုလုပ်ပေးနိုင်ပါတယ်။ GoPro ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ထည့်သွင်းပြီး ပြင်ဆင်နိုင်အောင်လည်းအ ထောက်အပံ့ပေးထားပါတယ်။ Export ပြုလုပ်ပြီးတဲ့ဖိုင်တွေကို YouTube, Facebook အစရှိတာတွေကို တိုက်ရိုက်ဝေမျှနိုင်အောင် စီစဉ်ပေးထားပါတယ်။ PowerDirectore Video Editor ကို Playstore မှာ ရယူနိုင်မှာဖြစ်ပါတယ်။ In-app purchase ဖြစ်တာကြောင့် Free version ကနေ export ပြုလုပ်တဲ့ ဖိုင်တွေမှာ ရေစာတွေ ပါဝင်ပါလိမ့်မယ်။
Adobe Premiere Clip
Video Editing ဆော့ဖ်ဝဲထဲမှာ နာမည်ကြီးတဲ့ Adobe Premier Pro ဆော့ဖ်ဝဲနဲ့ တွဲဖက်သုံးစွဲနိုင်တဲ့ app ဖြစ်ပါတယ်။ ဖုန်းနဲ့ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို Adobe Premier Clip ပေါ်မှာ အသံဖိုင်တွေနဲ့ ပေါင်းစပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ Adobe Premier Clip app နဲ့ Edit ပြုလုပ်ထားတဲ့ ဗီဒီယိုဖိုင်တွေကို ကွန်ပျူတာပေါ်ကနေ Adobe Premier ဆော့ဖ်ဝဲကနေ ချိတ်ဆက်ပြီး ထပ်မံပြင်ဆင်နိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဗီဒီယိုဖိုင်တွေကို Facebook ပေါ်ဝေမျှနိုင်ဖို့အတွက်လည်း စီစဉ်ပေးထားပါတယ်။ ထည့်သွင်း အသုံးပြုချင်တယ်ဆို ရင် Playstore မှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
Magisto
Magisto app ဟာ video clip တွေကို ဖန်တီးရာမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖန်တီးနိုင်မယ့် app ဖြစ်ပါတယ်။ အဆင့်သုံးဆင့် လုပ်ရုံနဲ့ video clip တစ်ခုကို အလွယ်တကူဖန်တီးနိုင်ပါတယ်။ ဓာတ်ပုံ ဒါမှမဟုတ်ဗီဒီယိုဖိုင်ကို ရွေးပါ။ Edit ပြုလုပ်မယ့် style တစ်ခုကိုရွေးပြီး အသံဖိုင်ကို ထပ်မံရွေးချယ်ကာ ထည့်သွင်းပေးရုံနဲ့ video clip တစ်ခုကို အလွယ်တကူနဲ့ ဖန်တီးပေးနိုင်ပါတယ်။ Magisto ကို ရယူချင်တယ်ဆိုရင် Playstore မှာ ရယူနိုင်ပါတယ်။
VidTrim
VidTrim app ကတော့ video clip တွေကို ဖန်တီးတဲ့အခါမှာ filter တွေ effect တွေကို ထည့်သွင်းပြင်ဆင်ဖို့အတွက် ဖန်တီးပေးထားတဲ့ app ဖြစ်ပါတယ်။ ဗီဒီယိုအခန်းဆက်တွေကို တစ်ခုနဲ့တစ်ခု အစီအစဉ်တကျ ကူးပြောင်းနိုင်ဖို့အတွက် ပြင်ဆင်ပေးနိုင်သလို video effect ပေါင်းများစွာကိုလည်း ထည့်သွင်းသုံးစွဲနိုင်ဖို့ အတွက် အထောက်အပံ့ ပေးထားပါတယ်။ ဒီ app ကို အသုံးပြုချင်တယ်ဆိုရင် Playstore မှာ ရယူနိုင်ပါတယ်။
Photo
VideoShow
VideoShow ဟာ သုံးစွဲသူပေါင်း သန်း ၁၀၀ ကျော်ရှိပြီး Android video editing app တွေမှာ ရေပန်းအစားဆုံး app တစ်ခုဖြစ်ပါတယ်။ Video editing အတွက်သာမက ဓာတ်ပုံတွေကနေဗီဒီယိုအဖြစ် ပြောင်းလဲဖို့အတွက်ကိုပါ ထည့်သွင်းပေးထားပါတယ်။ Fast Trim, Ultra Cut, Video compress, Video to MP3 အစရှိတဲ့ tool တွေဟာ သုံးစွဲသူတွေအတွက် အလွယ်တကူနဲ့ သုံးစွဲနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အသံဖိုင်တွေကို ထည့်သွင်းဖို့အတွက်ဆိုရင် device ထဲမှာရှိတဲ့ အသံဖိုင်တွေကိုသာမက Online က အသံဖိုင်တွေကိုပါ ဒီ app ထဲကနေ ရှာဖွေပြီး download လုပ်ကာ ထည့်သွင်းအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ VideoShow ကို အသုံးပြုချင်တယ်ဆိုရင် Playstore မှာ ရယူနိုင်မှာဖြစ်ပါတယ်။
Funimate Video Effects Editor
Funimate ဟာ သုံးစွဲသူထုတ်ကုန်မှာရှိတဲ့ ဗီဒီယိုတွေကို တေးဂီတ ဗီဒီယို ဒါမှမဟုတ် ရိုးရှင်းတဲ့ဗီဒီယိုပြုလုပ်ဖို့ ကောင်းတဲ့ နာမည်ကျော် app တစ်ခုပါ။ အဲဒီ app မှာ သုံးစွဲသူကိုယ်တိုင် စိတ်ကြိုက်ဖန်တီးနိုင်ဖို့ ဗီဒီယို filter ၁၅ ခုနဲ့ effect ၁၅ ခုပါဝင်ပါတယ်။ အခမဲ့အနေနဲ့ ရရှိနိုင် တယ်ဆိုပေမယ့် အချို့ add on လေးတွေကိုတော့ အခကြေးငွေနဲ့ ရောင်းချပေးထားတာကို တွေ့ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ Fun အနေနဲ့ ဗီဒီယိုတွေ ဖန်တီးချင်တယ်ဆိုရင် ဒီ App လေးက တော်တော် သင့်တော်တာကို တွေ့ရပါတယ်။
VivaVideo
VivaVideo ဟာ လူမှုရေးမီဒီယာတွေမှာ တင်ဖို့ ဗီဒီယို အတိုလေး ဖန်တီးနိုင်တဲ့ app ဖြစ်ပါတယ်။ App မှာ storyboard စတိုင်လ် တည်းဖြတ်မှုကို အသုံးပြုထားပါတယ်။ VivaVideo မှာ ဗီဒီယို filter တွေ၊ effect အမျိုးမျိုး၊ စာသားထည့်သွင်းတာနဲ့ လှုပ်ရှားမှု အနှေး
အမြန်ထောက်ပံ့မှု ၂၀၀ ကျော် ပါဝင်လာပါတယ်။ VivaVideo ကို အခမဲ့ အသုံးပြုမယ်ဆိုရင် ရေစာပါဝင်သလိုဗီဒီယိုအတွက် အချိန်
ကန့်သတ်ထားပါတယ်။ တကယ်လို့ pro ဗားရှင်းကို ဝယ်ယူလိုက် မယ်ဆိုရင် အကန့်အသတ်မရှိ သုံးနိုင်ပါတယ်။
-စည်သူ