Day: October 27, 2017

iPhone 8 နဲ့ 8 Plus တရားဝင်မိတ်ဆက်ပွဲနှင့် Apple ရဲ့ Authorized Reseller ဖြစ်သော InnoFlow ဆိုင်ဖွင့်ပွဲ ကျင်းပပြု

Apple ရဲ့ Authorized Reseller ဆိုင်တစ်ခုဖြစ်တဲ့ InnoFlow ဆိုင်ဖွင့်ပွဲကို ရန်ကုန်မြို့၊ Junction City ၊ ဒုတိယထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲနဲ့အတူ iPhone 8 နဲ့ 8 Plus တရားဝင်မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆိုင်မှာ Apple ထုတ်ကုန်တွေဖြစ်တဲ့ iPhone, iPad, Mac, Laptop စတာတွေကို Apple တရားဝင်အာမခံဖြင့် ၀ယ်ယူနိုင် မှာဖြစ်ပြီး အခြားဆက်စပ်ပစ္စည်းတွေကိုလည်း ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ဆိုင်စတင်ဖွင့်လှစ်ခြင်းအထိမ်း အမှတ်အဖြစ် အထူးပရိုမိုးရှင်းများ၊ လက်ဆောင်များဖြင့် ရောင်းချပေးလျက်ရှိ တယ်လို့သိရပါတယ်။ – ရဲထွဋ်ဝင်း

Read More

V7+ နဲ့ ပတ်သက်ပြီး သိသင့်တဲ့အချက်များ

V7+ ဟာ 24Megapixels အရှေ့ကင်မရာ၊ FullViewTM Display တို့က Selfie ချစ်သူတွေအတွက် ကြီးမားတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် V7+ အကြောင်းကို စိတ်ဝင်စားပြီး မေးမြန်းလာကြတဲ့ ပရိသတ်တွေလည်း အများကြီးပါပဲ။ သူတို့မေးထားတဲ့ မေးခွန်းတွေထဲကမှ အချို့ကို စုစည်းလိုက်မယ်ဆိုရင် V7+ အကြောင်းကို အတော်လေး သိရှိသွားမှာဖြစ်ပြီး ဝယ်သင့်၊ မဝယ်သင့် ဆုံးဖြတ်ဖို့ ပိုပြီးလွယ်ကူသွားမှာဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။ V7+ ရဲ့ မျက်နှာပြင်အရွယ်အစားကိုသိချင်ပါတယ်? V7+ ဟာ မျက်နှာပြင်အရွယ်အစား 5.99 လက်မ ဖြစ်ပြီး ကိုယ်ထည်ပေါ်က မျက်နှာပြင်အချိုးက 84.4% ဖြစ်ပါတယ်။ V7+ က SIM ကတ် နှစ်ကတ် သုံးလို့ရသလား? ရပါတယ်။ Nano SIM ကတ် နှစ်ကတ်သုံးလို့ရအောင် […]

Read More

Samsung ရဲ့ခေါက်နိုင်တဲ့ဖုန်းမှာ Surface Book လို ပတ္တာတစ်ခု ပါဝင်လာဖွယ်ရှိ

Samsung အနေနဲ့ ခေါက်ထားနိုင်တဲ့ဖုန်းတစ်မျိုးကို ထုတ်လုပ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ ကြာပါပြီ။ ကုမ္ပဏီထဲမှာ Galaxy X လို့သိကြတဲ့ ထုတ်ကုန်ကို ကိုရီးယားဉာဏမူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ခဲ့ပါတယ်။ Samsung ကတော့ အဲဒီထုတ်ကုန်က ကွေးနိုင်ဆန့်နိုင်တဲ့ အီလက်ထရောနစ်ထုတ်ကုန်တစ်ခု ဖြစ်တယ်လို့ စာရွက်စာတမ်းတွေမှာ ရည်ညွှန်းထားပါတယ်။ မိုဘိုင်းလုပ်ငန်းတွေမှာ trend တွေကို အခြားကုမ္ပဏီတွေက စတင်လေ့ရှိပေမယ့် Samsung က ရေပန်းစားလာအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ Galaxy S6 Edge မှာ အနားစောင်းဒီဇိုင်းကို ရှေ့ဆောင်ဖန်တီးခဲ့သလို Galaxy S8 ကိုလည်း all-screen display နဲ့ ဖန်တီးခဲ့ပါတယ်။ Samsung အနေနဲ့ ခေါက်ထားနိုင်တဲ့ဖုန်းတွေကို ၂၀၁၈ ခုနှစ်မှာ ထုတ်ဖော်မိတ်ဆက်ဖွယ်ရှိပါတယ်။ Samsung ရဲ့ခေါက်ထားနိုင်တဲ့ဖုန်းကို မူပိုင်ခွင့်တင်စဉ်တုန်းက ရှေ့ပြေးပုံစံ ဓာတ်ပုံတွေကို […]

Read More

20MP အရှေ့ကင်မရာနဲ့ AI ပါဝင်တဲ့ Oppo F5

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းမှာ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်များစွာ ပြုလုပ်ပြီး တစ်လကျော်အကြာမှာ Oppo F5 ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Oppo F3 နောက်မှာထွက်ရှိလာတဲ့ F5 မှာ 18:9 ၆ လက်မ LCD မျက်နှာပြင်ပါဝင်ပြီး ရုပ်ထွက်အရည်အသွေးက 1080 x 2160px ရှိပါတယ်။ Oppo F5 စမတ်ဖုန်းရဲ့ fingerprint scanner ကို ကျောဘက်မှာတပ်ဆင်ထားပြီး face unlock ကိုလည်းထောက်ပံ့ထားပါတယ်။ Face unlock က fingerprint reader လောက် မလုံခြုံဘူးလို့ Oppo က သတိပေးထားပါတယ်။ Oppo F5 ဟာ ကင်မရာပိုင်းကို ဦးစားပေးထားပါတယ်။ ကျောဘက်ကင်မရာက 16MP f/1.8 aperture […]

Read More

ဓာတ်ပုံတွေရဲ့ BACKGROUND တွေကို မိုဘိုင်းဖုန်း သုံးပြီး ဘယ်လို ပြောင်းလဲမလဲ

တစ်ခါတလေမှာ သင်ဟာ ဓာတ်ပုံတွေပါဝင်တဲ့ Subject နောက်က ဓာတ်ပုံတွေကို ပြောင်းလဲချင်တဲ့ ဆန္ဒရှိပါလိမ့်မယ်။ ကိုယ့်ရဲ့ဓာတ်ပုံမှာ Subject နောက်မှာ ပြောင်ရှင်းနေတဲ့ Background နဲ့ဆိုရင် စိတ်ဝင်စားဖို့ မကောင်းတာကြောင့် Texture Background တွေ ပိုပြီးစိတ်ဝင်စားပြီး လှပတဲ့ Background တွေကို ပြောင်းလဲချင်ကြပါတယ်။ အဲလိုအချိန်မှာ ကွန်ပျူတာ တစ်လုံးကလည်း အဆင်သင့် မရှိနေတဲ့ အချိန်မှာ လက်ထဲမှာ Android တစ်လုံးရှိနေမယ် ဆိုရင်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်ရနိုင်ပြီလို့ ဆိုရမှာပါပဲ။ အခုပြောပြမယ့် အကြောင်းအရာမှာ Android တစ်လုံးကို အသုံးပြုပြီး ဓာတ်ပုံတွေရဲ့ Background တွေကို ဘယ်လိုပြောင်းလဲ နိုင်မလဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ အဲလိုပြောင်းလဲရာမှာ Andriod ဖန်းတိင်း မှာတော့ အဆင်သင့်ပြောင်းလဲနိုင်တဲ့ App […]

Read More

ကင်မရာ လေးလုံးပါဝင်တဲ့ Nova 2i စမတ်ဖုန်းကို ပြည်တွင်းသို့ Huawei မိတ်ဆက်

ရှေ့ဘက်မျက်နှာပြင်နှင့် ကျောဘက်တွင် ကင်မရာနှစ်လုံးစီ တပ်ဆင်အသုံးပြုထားတဲ့ Nova 2i မော်ဒယ်သစ်စမတ်ဖုန်းကို နိုဝင်ဘာ ၁ဝ ရက်ကမိတ်ဆက်ပြသခဲ့ပြီး အဆိုပါဖုန်းကို တန်ဖိုး ၃၆၉,ဝဝဝ ကျပ်နဲ့ ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ အဆိုပါစမတ်ဖုန်းကို စတင်မရောင်းချမီ Pre-order အနေနဲ့ အောက်တိုဘာ ၂၇ ရက်ကနေပြီး မြန်မာတစ်ပြည်လုံးမှာရှိတဲ့ Huawei စမတ်ဖုန်းရောင်းချတဲ့ ဆိုင်တွေမှာ နိုဝင်ဘာ ၉ ရက်အထိ ၄ဝ,ဝဝဝ ကျပ် ကြိုတင်ငွေပေးသွင်းကာ မှာယူနိုင်မယ်လို့သိရပါတယ်။ ကြိုတင်မှာ ယူသူတွေအနေနဲ့ Huawei A1 Band နဲ့ Power Bank 5000 mAh ကို ရရှိမှာဖြစ်ပြီး နိုဝင်ဘာ ၃ဝ ရက် မတိုင်မီ ထုတ်ယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Nova […]

Read More

ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အကြောင်းသုံးခုရှိနိုင်

ဆိုက်ဘာလုံခြုံရေးမှာ သုံးခု ကျိုးပေါက်နိုင်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုးဦးရဲနိုင်မိုးက ပြောပါတယ်။ အောက်တိုဘာ ၂၅ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ Cyber Space ဆွေးနွေးပွဲမှာပြောကြားခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရတာဖြစ်ပါတယ်။ ဆိုက်ဘာလုံခြုံရေးမှာ သုံးခုကျိုးပေါက်နိုင်ကြောင်း၊ (၁) User (၂) ကွန်ရက်(ဆက်သွယ်ရေးအော်ပရေတာများ) နဲ့ (၃) ICT Device တို့ဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ICT Access နဲ့ပတ်သက်လို့ အားလုံးရင်းနှီးတဲ့ မိုဘိုင်းဖုန်းကိုပြောလိုတာဖြစ်ကြောင်း၊ မိမိဖုန်းကို မိမိသုံးတာဆိုပေမယ့် ပျက်သွားလို့သွားရောက်ပြုပြင်မယ်ဆိုရင် မိမိအချက်အလက်တွေ မလုံခြုံတော့ကြောင်း၊ ဒါကြောင့် ဖုန်းပေါ်မှာ မိမိအတွက် အရေးကြီးတဲ့အချက်အလက်တွေ မထားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ လုံခြုံရေးအသိရှိရှိနဲ့သုံးရန်လိုကြောင်း၊ User နဲ့ပတ်သက်ရင် ပိုပြီးအဓိကကျကြောင်း ဆိုပါတယ်။ User တွေကို ထိန်းသိမ်းရန်လိုအပ်ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက် […]

Read More

ဆိုက်ဘာနှင့်ပတ်သက်၍ ပြည်ပအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိ

ဆိုက်ဘာနဲ့ပတ်သက်လာရင် ပြည်ပအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ အောက်တိုဘာ ၂၅ ရက်က နေပြည်တော်မှာကျင်းပခဲ့တဲ့ Cyber Space ဆွေးနွေးပွဲကနေ သိရပါတယ်။ မိတ်ဖက်ဝန်ကြီးဌာနတွေ၊ ပြင်ပနည်းပညာအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနဲ့ ပြည်ပအဖွဲ့အစည်းတွေဖြစ်တဲ့ INTERPOL, ASEANPOL နဲ့ UNODC အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယရဲမှူးကြီး မိုးအောင်က ပြောကြားခဲ့ပါတယ်။ နည်းပညာထွန်းကားလာတာနဲ့အမျှ နိုင်ငံအတွင်းမှာ ကြုံ တွေ့နေရတဲ့ ဆိုက်ဘာမှုခင်းအခြေအနေတွေနဲ့ ကြိုတင်ကာကွယ်မှုနည်းလမ်းတွေကို သိရှိနားလည်ဖို့လိုအပ်ကြောင်း ဆိုပါတယ်။ ဌာနရဲ့လုပ်ငန်းတာဝန်တွေအနေနဲ့ ဆိုက်ဘာလုံခြုံရေးဆောင်ရွက်ခြင်း၊ Internet ကိုစောင့်ကြပ်ထိန်းသိမ်းခြင်း၊ Cybercrime ဆိုင်ရာကြိုတင်ကာကွယ်ရေးဆောင်ရွက်ခြင်း၊၊ ဆိုက်ဘာတိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဆိုက်ဘာမှုခင်းတွေကိုစုံစမ်းဆောင်ရွက်ခြင်း၊ ဆိုက်ဘာမှုခင်းဆိုင်ရာ သက်သေခံပစ္စည်းတွေစစ်ဆေးဆောင်ရွက်ခြင်း၊ လောင်းကစားမှုတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေသူရဲ့ ဘဏ်အကောင့်တွေသိရှိစေဖို့ ဆောင်ရွက်ခြင်းတို့ ပြုလုပ်နေကြောင်း ဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Read More

မူဆယ်မြို့တွင် MPT LTE+ ကွန်ရက်စတင်တိုးချဲ့

မူဆယ်မြို့မှာ MPT LTE+ ကွန်ရက်စတင်တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၂၇ ရက်ကနေ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး 1.8 GHz လှိုင်းနှုန်းစဉ်ကိုအသုံးပြုသွားမယ် လို့ MPT က ပြောကြားပါတယ်။ လက်ရှိမှာ အဲဒီကွန်ရက်ကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ ၃၀ အပါအ၀င် မြို့နယ်ပေါင်း ၈၀ အထိ ဖြန့်ကြက်နိုင်ပြီလို့ဆိုပါတယ်။ လက်ရှိ မူဆယ်မှာ ကွန်ရက်စတင် ချိတ်ဆက်ပေးတဲ့ အထိမ်းအမှတ် ပြုလုပ်နေတယ်လို့ဆိုပါတယ်။ “150 Mpbs အထိရရှိစေမယ့် မျိုးဆက်သစ် 4×4 MIMO နည်းပညာသုံးထားတဲ့ LTE+ ကွန်ရက်ကို မူဆယ်မြို့မှာ ဖြန့်ကြက်ပေးတာဖြစ်ပါတယ်” လို့ MPT- KGSM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. […]

Read More