Day: October 26, 2017

ကမ္ဘာ့ ပထမဆုံး 24MP အရှေ့ကင်မရာအပါအဝင် V7+ ရဲ့ ဆွဲဆောင်မှုရှိတဲ့ feature ၇ ခု

V7+ လို့ပြောလိုက်တာနဲ့ 24MP ကြည်လင်ပြတ်သားတဲ့ Selfie လို့ ပြေးမြင်ကြမှာ သေချာပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ V7+ က ကမ္ဘာ့ mega pixel အများဆုံး အရှေ့ကင်မရာနဲ့ ထုတ်လုပ်ထားတာဖြစ်သလို Selfie ရိုက်လို့အကောင်းဆုံး ထိပ်တန်းစမတ်ဖုန်းတွေထဲမှာလည်း ပါဝင်နေပါတယ်။ V7+ ဟာ ဘာကြောင့် ကြည်လင်ပြတ်သားတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်တာလဲ၊ ဘာကြောင့် Selfie ချစ်သူတွေကို ဆွဲဆောင်နိုင်တာလဲဆိုတာကို လေ့လာကြည့်တဲ့အခါ အဓိက အချက် ၇ ချက်ကို တွေ့ရှိရပါတယ်။   24MP image sensor V7+ ရဲ့ 24MP အရှေ့ကင်မရာက လက်ရှိအချိန်မှာ ကမ္ဘာ့ mega pixel အများဆုံးအဖြစ် ဦးဆောင်နေဆဲပါ။ များပြားတဲ့ pixel […]

Read More

Qualcomm ရဲ့ Snapdrgon 845 က ဒုတိယမျိုးဆက် 10nm chipset ဖြစ်လာဖွယ်ရှိ

Qualcomm ရဲ့ Snapdragon 845 chipset ကို ၂၀၁၈ ခုနှစ်မှာဖြန့်ချိမယ့် flagship စမတ်ဖုန်းတွေမှာ အသုံးပြုသွားဖွယ်ရှိပါတယ်။ ကောလာဟလသတင်းတွေမှာတော့ ဒီ chipset ကို 7nm FinFET manufacturing process နဲ့ တည်ဆောက်ထားတယ်လို့ ဖော်ပြထားပါတယ်။ လတ်တလောထွက်ပေါ်လာတဲ့ အချက်အလက်အရ Qualcomm အနေနဲ့ Snapdragon 845 chipset ကို ဒီနှစ်မကုန်မီ ဖြန့်ချိဖွယ်ရှိပြီး အဆိုပါ chipset ကို 10nm FinFET နည်းပညာပေါ်မှာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ Snapdragon 835 chipset ကို 10nm FinFET နည်းပညာပေါ်မှာ တည်ဆောက်ထားပြီး ဒီနှစ်အတွင်းမှာထွက်ရှိခဲ့တဲ့ flagship စမတ်ဖုန်းအမျိုးမျိုးမှာ အသုံးပြုခဲ့ပါတယ်။ Snapdragon 845 ကိုတော့ […]

Read More

Microsoft EDGE Browser ကို Android device ထည့်သွင်းခြင်း

Microsoft EDGE browser ဟာ Windows 10 မှာ ထည့်သွင်းပေးထားတဲ့ new feature ပေါင်းများစွာနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ browser တစ်ခုပဲဖြစ်ပါတယ်။ အခုအခါမှာ Android user တွေဟာ Microsoft က ထုတ်လုပ်ဖြန့်ချိထားတဲ့ EDGE browser ကို Android device တွေမှာ ထည့်သွင်းပြီး သုံးစွဲချင်တယ်ဆိုရင် သုံးစွဲနိုင်ဖို့အတွက် အခွင့်အရေးတွေ ရရှိနိုင်ပြီဖြစ်ပါတယ်။ Microsoft EDGE browser ကို Android device တွေမှာ ထည့်သွင်း သုံးစွဲချင်တယ်ဆိုရင် Google Play store ကနေ download လုပ်ယူပြီး သုံးစွဲနိုင်ပါတယ်။ Microsoft ဟာ အစောပိုင်းအချိန်ထဲက Microsoft EDGE Preview (Unrelease) […]

Read More

IT နည်းပညာသုံးစွဲမှုနှင့် ပတ်သက်၍ လွှတ်တော်တွင်ဆွေးနွေးမည်

IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ဖို့နဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသွားမယ်လို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပရာကနေ သိရပါတယ်။ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က လူငယ်လူရွယ်များ အကျင့်စာရိတ္တပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလိုစောင့်ကြည့်ထိန်းကျောင်းနိုင်ရန်အတွက် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနဲ့စပ်လျဉ်းပြီး လက်ခံဆွေးနွေးဖို့ဆုံးဖြတ်ခဲ့ကာ ဆွေးနွေးလိုတဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိရင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ရရှိတဲ့ အချက်အလက်တွေအရ နိုင်ငံတစ်ဝန်း မိုဘိုင်းဖုန်း အသုံးပြုသူတွေမှာ အင်တာနက်အသုံးပြုသူ ရာနှုန်းပြည့်နီးပါးက လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, Instagram, Twitter တွေထဲမှာ Facebook ကိုအထူးအသုံးပြုကြကြောင်း၊ လူမှုကွန်ရက်ကနေတစ်ဆင့် တရားမ၀င်လောင်းကစားမှု၊ တရားမ၀င်ရောင်းဝယ်မှု၊ တစ်ဦးတစ်ယောက်ရဲ့ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖြန့်ချိမှု၊ ဘာသာရေး လူမျိုးရေးပဋိပက္ခဖြစ်စေတဲ့သတင်းအမှားတွေ […]

Read More

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး အချိုးကျပူးတွဲ ပိုင်ဆိုင်သည့်စနစ် ကိုအဓိကထား ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး အတွက် အချိုးကျပူးတွဲ ပိုင်ဆိုင်တဲ့စနစ် ကိုအဓိက ထား ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်မှာကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးကနေ သိရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်နိုင်ဖို့အတွက် အကောင်အထည်ဖော်ရာမှာ နည်း လမ်းသုံးခုရှိတယ်လို့သိရပါတယ်။ နည်းလမ်း (၁) ကတော့ အခြားနိုင်ငံကပိုင်တဲ့ ဂြိုဟ်တုထရန်စပွန်ဒါ ကိုငှားပြီး ငွေပေးချေတဲ့စနစ်၊ နည်းလမ်း (၂) ကတော့ အချိုးကျပူးတွဲပိုင်ဆိုင်တဲ့စနစ်နဲ နည်းလမ်း (၃) ကတော့ အလုံးစုံပိုင်ဆိုင်တဲ့စနစ်တို့ဖြစ်ကြောင်း၊ အရင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတင်ပြတဲ့ နည်းလမ်း (၂) ဖြစ်တဲ့ အချိုး ကျပူးတွဲ ပိုင်ဆိုင်တဲ့စနစ်ကိုအဓိကထားဆောင်ရွက်သွားမှာဖြစ်ကြောင်းကို မြန်မာနိုင်ငံပိုင်ဂြိုဟ် တုစနစ်တည်ထောင်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ MyanmarSat- […]

Read More