Day: October 17, 2017

Article
Vivo

ကိုယ်ထည်မှ မျက်နှာပြင် အချိုး အများဆုံးအဖြစ် ဦးဆောင်နေတဲ့ V7+

Vivo က သူတို့ရဲ့ V7+ ထုတ်ကုန်အတွက် FullViewTM Display လို့ Highlight လုပ်တာကတော့ စိတ်ဝင်စားစရာ အသုံးအနှုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သုံးစွဲသူတွေက မျက်နှာပြင်နဲ့ ပတ်သက်ရင် ပိုပြီးကျယ်ပြန့်လာဖို့ကို မျှော်လင့်တတ်ကြလို့ပါပဲ။ ဒါကြောင့်လည်း မိုလ်ဘိုင်းဖုန်းတွေရဲ့ တိုးတက်ပြောင်းလဲမှုမှာ feature ကနေ touch screen အထိ ဖြစ်လာလို့ ပြောနိုင်ပါတယ်။ ကမ္ဘာမှာ မြန်မာနိုင်ငံက မိုလ်ဘိုင်းဖုန်းနဲ့ ပတ်သက်ရင် အတော်လေး နောက်ကျပြီးမှ ဖွံ့ဖြိုးလာတာပါ။ အမှတ်မမှားဘူးဆိုရင်တော့ ၂၀၁၀ လောက်မှာ Nokia ရဲ့ feature ဖုန်းတွေက မြန်မာနိုင်ငံမှာ ရေပန်းစားခဲ့ပါတယ်။ ဒီ feature ဖုန်းကိုယ်ထည်ပေါ်က မျက်နှာပြင် အတိုင်းအတာကို တွက်ကြည့်မယ်ဆိုရင် အတော်လေးကို ကွာဟနေတာ သတိထားမိမှာပါ။ မျက်နှာပြင်က ကိုယ်ထည်ရဲ့ […]

Read More
News
Security

Wi-Fi လုံခြုံရေး ပေါက်ကြားခဲ့ကြောင်း သုတေသီများ ပြောကြား

KRACK လို့ခေါ်တဲ့ exploit ဟာ Wi-Fi လုံခြုံမှုအတွင်း အားနည်းချက်တွေကို အသုံးချနိုင်တယ်လို့ လုံခြုံရေးသုတေသီတွေက အသေးစိတ်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ exploit ဟာ ကွန်ပျူတာနဲ့ wireless access point တွေအကြားက အင်တာနက်သုံးစွဲမှုတွေကို တိုက်ခိုက်သူတွေ စောင့်ကြည့်နိုင်ပါတယ်။ KRACK အကြောင်းကို Ars TEchnica က စတင်ဖော်ပြခဲ့တာဖြစ်ပြီး WPA2 လုံခြုံရေး လုပ်ထုံးလုပ်နည်းအတွင်းက အဓိကအားနည်းချက်တွေကို အသုံးချနိုင်တယ်လို့ သိရပါတယ်။ WPA2 လုံခြုံရေးစနစ်က တစ်ကိုယ်ရေနဲ့ လုပ်ငန်းသုံး Wi-Fi ကွန်ရက်တွေကို ကာကွယ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Wi-Fi ထောက်ပံ့မှုပါတဲ့ ထုတ်ကုန်တိုင်း ထိခိုက်နိုင်ကြောင်းနဲ့ Wi-Fi တိုက်ခိုက်မှု အမျိုးမျိုးကြောင့် Android ထုတ်ကုန် ၄၁ ရာခိုင်နှုန်းမှာ အားနည်းချက်တွေ […]

Read More
Local
News

Telenor ၏ 4G ကွန်ရက် ၁၂ လအတွင်းမြို့ ၂၉ မြို့သို့ရောက်ရှိနိုင်ဟုဆို

Telenor ရဲ့ 4G ကွန်ရက်ဟာ ၁၂ လအတွင်းမြို့ ၂၉ မြို့ကိုရောက်ရှိနိုင်တယ်လို့ Telenor Myanmar ကပြောပါတယ်။ ဧရာဝတီ၊ ကယားနဲ့ချင်းကလွဲရင် ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာရရှိတယ်လို့ဆိုပါတယ်။ နောက်ဆုံး တိုးချဲ့ထားတဲ့ မြို့တွေအနေနဲ့ အောက်တိုဘာလဆန်းက ကချင်ပြည်နယ် ဖားကန့်မြို့နဲ့ စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး ကလေးနဲ့ တမူးမြို့တို့ ဖြစ်တယ်လို့ဆိုပါတယ်။ “Telenor သုံးစွဲသူ ၁၉ သန်းရဲ့ ၆၅ % ဟာ အင်တာနက်ဒေတာသုံးစွဲကြသူတွေဖြစ်တာမို့ ကျွန်တော်တို့အနေနဲ့ ဒေတာသုံးစွဲမှုတွေကို ဖြည့်ဆည်းနိုင်ဖို့ကွန်ရက်အရည်အသွေး မြှင့်တင်မှုကို ဆက်လက် ဆောင်ရွက် နေမှာလည်း ဖြစ်ပါတယ်” လို့ Telenor Myanmar ရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Joslin Myrthong ကပြောပါတယ်။ လက်ရှိမှာ ဈေးနှုန်းသက်သာတဲ့အသံနဲ့ ဈေးနှုန်းသက်သာတဲ့ ဒေတာအစီအစဉ်တွေကိုလည်း ဆောင်ရွက်ထား […]

Read More
HTC
Mobile
News

HTC U11 ဗားရှင်းသစ်များကို နိုဝင်ဘာ ၂ ရက်တွင် မိတ်ဆက်ကြေညာဖွယ်ရှိ

နိုဝင်ဘာ ၂ ရက်မှာ HTC က အခမ်းအနားတစ်ခု ကျင်းပပြီး U11 စမတ်ဖုန်း ဗားရှင်းသစ်နှစ်မျိုးကို မိတ်ဆက်ကြေညာသွားဖို့ရှိပါတယ်။ ကုမ္ပဏီအနေနဲ့ ထိုင်ဝမ်မှာကျင်းပမယ့် အခမ်းအနားအတွက် ဖိတ်စာတွေကို ပေးပို့ထားပြီး HTC U စမတ်ဖုန်းသစ်တွေကို မိတ်ဆက်ကြေညာမယ်လို့ အရိပ်အမြွက် ဖော်ပြခဲ့ပါတယ်။ HTC က မိတ်ဆက်ကြေညာမယ့် HTC U11 စမတ်ဖုန်းသစ်နှစ်ခုအနက် တစ်ခုကို U11 Life လို့ခေါ်ဆိုဖွယ်ရှိပါတယ်။ ဒီဟန်းဆက်ဟာ original U11 ကို ဝိတ်လျှော့ထားတဲ့ဗားရှင်းတစ်ခုဖြစ်ပြီး ၅.၂ လက်မ display နဲ့ Snapdragon 630 processor အပြင် အရှေ့ဘက်နဲ့ ကျောဘက်မှာ 16 megapixel ကင်မရာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ မော်ဒယ်နှစ်မျိုးနဲ့ ရရှိနိုင်ပြီး တစ်မျိုးက […]

Read More
Education
Local
News

အိန္ဒိယ-မြန်မာ သတင်းအချက်အလက်နှင့်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းများ၏ စွမ်း ဆောင်ရည် မြင့်မားလာစေရန်ဆောင်ရွက်လျက်ရှိ

အိန္ဒိယ-မြန်မာသတင်းအချက်အလက်နည်းပညာကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်းတွေရဲ့ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေဖို့ ဆောင်ရွက်လျက်ရှိကြောင်းနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၃ ရက်ကပြုလုပ်တဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vikram Misri အားတွေ့ဆုံတဲ့ အခမ်းအနားမှသိရပါတယ်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာသင်တန်းကျောင်း(လှိုင်)တွင် ဖွင့်လှစ်ထားရှိသော အိန္ဒိယ-မြန်မာ သတင်းအချက်အလက်နှင့် နည်းပညာ ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း၏ စွမ်းဆောင်ရည်ပိုမို မြင့်မားလာစေဖို့၊ သင်တန်းများတိုးချဲ့ဖွင့်လှစ်ရန်၊ ဆရာ၊ ဆရာမများနဲ့သင်တန်းသားများ အပြန်အလှန် စေ လွှင့်နိုင်ရန်နှင့်အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ဖွင့်လှစ်ထားတဲ့ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် (Myanmar Institute of Information Technology – MIIT) တွင်လည်း မြန်မာနိုင်ငံ၏ ICT နည်းပညာဆိုင် ရာနယ်ပယ် တွင် ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်၍ စွမ်းရည်ပြည့်ဝပြီး […]

Read More
Local
News

eYangon စနစ်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်

eYangon စနစ်ကိုအကောင်အထည်ဖော်နေရာမှာပါဝင်လိုပါက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက် နိုင်တယ်လို့သိရပါတယ်။ အဲဒီစနစ်ကို တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အစိုးရအဖွဲ့တွေ ဦးစီးဌာနတွေစုစည်းပြီးအကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ eYangon ၀က်ဘ် ဆိုက်ကနေတစ်ဆင့်ထုတ်ပြန်ထားတာတွေ့ရပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းဝန်ဆောင်မှုအချို့ကို ဆောင်ရွက်ပေးနေတာတွေ့ရပြီး အချို့ဝန်ဆောင်မှုအတွက်လျှောက်လွှာကို အွန်လိုင်းကနေရယူနိုင် အောင် ဆောင်ရွက်ပေးထားတာလည်းတွေ့ရပါတယ်။ ဆက်သွယ်နိုင်တဲ့ဝက်ဘ်ဆိုက်လိပ်စာကတော့ http://www.eyangon.gov.mm ဖြစ်ပါတယ်။ လက်ရှိမှာ eYangon ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ဝန်ဆောင်မှု ၁၂ မျိုး ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါတယ်။ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့်၊ သိုလှောင်ကန်အသစ် တည်ဆောက်ခွင့်နဲ့ သိုလှောင်ခွင့်လိုင်စင်လျှောက်ထားခြင်း၊ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းဝယ်ယူခွင့် လျှောက်ထားခြင်းအတွက် ကားပါကင်ထောက်ခံချက်လျှောက်လွှာ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်း ဝယ်ယူခွင့်လျှောက်ထားခြင်းအတွက် ကားပါကင် ထောက်ခံ ချက် လျှောက်လွှာအစရှိတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် စက်သုံးဆီတင် သွင်းခွင့် ကုမ္ပဏီအမည်ပြောင်းလဲခွင့် လျှောက်ထားခြင်း၊ […]

Read More
Education
Local
News

ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပညာ မဟာဘွဲ့ (Master of Banking and Fianace –MBF) သင်တန်းရဲ့ ၀င်ခွင့်လျှောက်လွှာတွေခေါ်ယူ နေတယ်လို့ သိရပါတယ်။ အဆိုပါသင်တန်းကို အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများ၊ ဘဏ်လုပ်ငန်း(သို့) ဘဏ္ဏာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူများ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) အခန်း ၂၀၆ မှာ အောက်တိုဘာလ ၁၇ မှစတင်ရယူနိုင်ပြီး နိုဝင်ဘာလ ၁၇ ရက်နောက်ဆုံးထား လျှောက်ထား နိုင်မှာဖြစ်ပါတယ်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို နိုဝင်ဘာလ ၂၆ ရက်မှာရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ဖြေဆိုရမှာဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ဖုန်း-၀၁-၅၁၃၄၅၇ (MBF ရုံးခန်း) ၊ ၀၁-၅၁၃၅၇၆ (၀ါကိဇ္ဇဗေဒဌာနရုံးခန်း) […]

Read More
Local
News

ချင်းပြည်နယ်ဒေသအချို့တွင် MPT 3G ကွန်ရက်တိုးချဲ့

ချင်းပြည်နယ်မှာရှိတဲ့ဒေသအချို့မှာ MPT ရဲ့ 3G ကွန်ရက်တိုးချဲ့လိုက်တယ်လို့သိရပါတယ်။ မင်းတပ်မြို့နယ် မကြိုင်ကျေးရွာ ပန်းစခန်း အနီးတစ်ဝိုက်၊ လေးရှီးကျေးရွာ၊ မခွီရွာ ဒေသတွေ အပါအ၀င် ပလက်ဝမြို့နယ်မှာရှိတဲ့ အလင်းဝကျေးရွာနဲ့ ငမြင်သောင်ကျေးရွာ အစရှိတဲ့ ကျေးရွာ တွေမှာတိုးချဲ့လိုက်တာလို့ဆိုပါတယ်။ အဲဒီဒေသတွေမှာ လက်ရှိအချိန်ကနေစလို့အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။ အခြားဒေသတွေမှာလည်းတိုးချဲ့နေတယ်လို့ဆိုပါတယ်။ “ဆက်သွယ်ရေး အော်ပရေတာတစ်ခုအနေနဲ့ ကျေးလက်မှာရှိတဲ့ ဒေသစုံက လူမှုအဖွဲ့အစည်း တွေ အတွက် အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာတွေရဲ့အကျိုးကျေးဇူးတွေကိုရရှိခံစားနိုင်စေရေးကို ဆောင်ရွက်ပေးဖို့ကလည်းအရေးကြီးပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက် ဒေသမှာရှိတဲ့ အလွန်ဝေးလံခေါင်သီတဲ့ နေရာအချို့မှာတိုးချဲ့လိုက်တာဖြစ်ပါတယ်” လို့ MPT-KGSM Joint Operations ရဲ့ အမှုဆောင်အရာရှိချုပ် Mr. Toshitake Amamiya ကဆိုပါတယ်။ -ထွန်းထွန်း

Read More