Day: October 11, 2017

Mobile Seminar များ နေရာအနှံ့ကျင်းပမည်

MPT က Mobile Seminar တွေကို မြန်မာနိုင်ငံအနှံ့မှာကျင်းပသွားမယ်လို့သိရပါတယ်။ အောက်တိုဘာလကနေစတင်ပြီး၂၀၁၈ ခုနှစ် မတ်လအထိ ကျင်းပပေးသွားမယ်လို့ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။ ဘေးကင်းပြီးလုံခြုံတဲ့ မိုဘိုင်းအင်တာနက် အသုံးပြုမှုတွေနဲ့ စပ်လျဉ်းပြီး Mobile Seminar ပွဲပေါင်း ၁၁၀ ကို ကျင်းပပေးသွားမယ်လို့ဆိုပါတယ်။ တက်ရောက်သူ တွေအနေနဲ့ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေကို အပြည့်အဝ အသုံးချတတ်လာနိုင်စေဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ စမတ်ဖုန်းတွေကို ဘေးကင်းလုံခြုံစွာနဲ့ ကုန်ကျစရိတ်သက်သက်သာသာ အသုံးပြုနိုင်ဖို့အတွက် လမ်းညွှန်ချက်တွေ လေ့ကျင့်ပေးမှုတွေကို MPT အဖွဲ့သားတွေက လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲတွေမှာသင့်လျော်မှုရှိတဲ့ မိုဘိုင်းဖုန်းအသုံးပြုပုံနဲ့ကျင့်ဝတ်တွေ၊ အင်တာနက် လုံခြုံရေးနဲ့ အွန်လိုင်းအသုံးပြုတာတွေမှာ ဘယ်လိုလုံခြုံစွာ အသုံးပြုရမယ်ဆိုတဲ့ အချက်တွေ၊ ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက်ခြင်းနဲ့ နှောက်ယှက်ခြင်းတွေကို ဘယ်လို ကာကွယ်တားဆီးရမယ်ဆိုတဲ့ အချက်တွေလည်းပါဝင်မယ်လို့သိရပါတယ်။ ကျင်းပမယ့်အကြောင်းကို MPT ရဲ့ဝက်ဘ်ဆိုက်ကနေကြေညာပေးသွားမယ်လို့သိရပါတယ်။

Read More

ရုရှားဟက်ကာများ Kaspersky software အသုံးပြုကြောင်း ရှာဖွေတွေ့ရှိဟုဆို

အစ္စရေးအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးချက်အရ ရုရှားအစိုးရနဲ့ ချိတ်ဆက်ခဲ့တဲ့ ဟက်ကာတွေရဲ့ အနှစ်သက်ဆုံး tool တစ်ခုဟာ ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၄၀၀ ကျော် အသုံးပြုနေတဲ့ Kaspersky Lab ရဲ့ antivirus software ဖြစ်တာကို တွေ့ရှိခဲ့တယ်လို့ New York Times က ဖော်ပြလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကို စစ်ဆေးခဲ့တဲ့ အစ္စရေးအာဏာပိုင်တွေက ရုရှားဟက်ကာတွေဟာ အရေးကြီးအချက်အလက်တွေအတွက် Kaspersky software ကို Google search engine သဖွယ် အသုံးပြုခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် ထရမ့်အစိုးရက မော်စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေး ဆော့ဖ်ဝဲကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ကွန်ရက်တွေကနေ ဖယ်ရှားဖို့အတွက် ဖယ်ဒရယ်အေဂျင်စီတွေကို ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးထောက်လှမ်းရေးတွေဟာ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီက […]

Read More

Google Pixel 2 နဲ့ Pixel 2 XL ရဲ့အကောင်းဆုံးနဲ့ အဆိုးဆုံး feature များ

Google ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အများမျှော်လင့်နေတဲ့အတိုင်း Pixel 2 နဲ့ Pixel 2 XL ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ ဒီထုတ်ကုန်တွေဟာ Google ကဒီဇိုင်းထုတ်ထားတဲ့ ဒုတိယမြောက်မျိုးဆက် Android ဟန်းဆက်တွေဖြစ်လာပါတယ်။ Pixel 2 နဲ့ Pixel 2 XL တွေရဲ့ ဒီဇိုင်းဟာ ရှင်းလင်းပြီး ကျစ်လျစ်ပါတယ်။ ဒါ့အပြင် ဈေးကွက်ထဲက အကောင်းဆုံး မိုဘိုင်းကင်မရာပါဝင်တဲ့ စမတ်ဖုန်းတွေထဲက တစ်ခုဖြစ်တယ်လို့ Google က ထုတ်ပြန်ထားပါတယ်။ Pixel 2 စမတ်ဖုန်းကို ၆၄၉ ဒေါ်လာနဲ့ စတင်ဝယ်ယူနိုင်ပြီး 128GB Pixel 2 XL ကတော့ ၉၄၉ ဒေါ်လာ ကျသင့်နိုင်ပါတယ်။ အောက်မှာ Pixel 2 […]

Read More