Day: March 7, 2017

Telenor ဆင်းမ်ကတ်တွေ မှတ်ပုံတင်နိုင်မယ့် နည်းလမ်း ၉ မျိုး

Telenor ဆင်းမ်ကတ်တွေကို မှတ်ပုံတင်နိုင်ဖို့အတွက် နည်းလမန်း ၉ မျိုးနဲ့ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ အဲဒီနည်းလမ်းတွေကတော့ (၁) ဝက်ဘ်ဆိုက် (http://ecaf.telenor.com.mm) (၂) App ( http://bit.ly/mytelenor24) (၃) Facebook Messenger (https://www.facebook.com/TelenorMyanmar/) (၄) Viber (၀၉၇၉၀၁၁၃၂၅၂ မှ ၃၂၆၁ အထိ၊ ၀၉၇၉၀၂၈၅၄၆၆ မှ ၅၄၉၀ အထိ၊ ၀၉၇၉၀၁၃၄၇၃၈) (၅) အီးမေးလ် (reg@telenor.com.mm) (၆) ကမ္ဘောဇ ဘဏ် ၈၆ ခု (၇) ဆင်းမ်ကတ်လက်လီ အရောင်းဆိုင် ၄၂,၀၀၀ ကျော် (၈) Telenor အမှတ်တံဆိပ်အရောင်းဆိုင်ပေါင်း ၉၀ ခန့် (၉) မြို့နယ်ပေါင်း ၅၂ ခုရှိ အလင်းအိမ်စင်တာများက ပို့ချပေးလျက်ရှိသော ဆင်းကတ်မှတ်ပုံတင်ခြင်း သင်တန်းများတို့ပဲဖြစ်ပါတယ်။

Read More

E-sports ကစားသမားများအတွက် ၁၂၉ ဒေါ်လာတန် Logitech G Pro keyboard

E-sports ကစားသမားအတွက် G Pro လို့ခေါ်တဲ့ mechanical keyboard သစ်တစ်မျိုးကို Logitech က မိတ်ဆက်ပေးလိုက်ပါတယ်။ အဲ့ဒီ keyboard မှာ ဖြုတ်နိုင်တပ်နိုင်တဲ့ cable စနစ်၊ စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်တဲ့ RGB lighting နဲ့ Romer-G ခလုတ်များ ပါဝင်ပါတယ်။ ဒီခလုတ်တွေကိုနှိပ်တဲ့အခါ သမားရိုးကျ mechanical keyboard တွေထက် ၂၅ ရာခိုင်နှုန်း ပိုမြန်တယ်လို့ Logitech က ပြောကြားပါတယ်။ G Pro keyboard ကို ဒီလကုန်ပိုင်းမှာ ကုမ္ပဏီရဲ့ဝက်ဘ်ဆိုက်နဲ့ ကမ္ဘာတစ်ဝန်းက လက်လီဆိုင်တွေကနေ ၁၂၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ Ref: TheVerge

Read More

Volkswagen က မိတ်ဆက်ပေးလိုက်တဲ့ မောင်းသူမဲ့ concept ကားသစ်

Volkswagen ဟာ Sedric လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ concept ကားသစ်ကို Geneva ကားပြပွဲမှာ ပွဲထုတ်ပြသ လိုက်ပါတယ်။ Sedric ကို Volkswagen က “ဘီးပေါ်မှာ သက်သောင့်သက်သာနားနေနိုင်မယ့် ဧည့်ခန်း” တစ်ခုအနေနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ ဒီမောင်းသူမဲ့ကားမှာ စတီယာရင်နဲ့ ခြေနင်းတွေ မပါဝင်ပါဘူး။ လျှပ်စစ်ကားဖြစ်တာကြောင့် အင်ဂျင်မပါဝင်တဲ့အတွက် အတွင်းခန်းကျယ်ဝန်းပြီး စီးနင်းသူတွေက မျက်နှာချင်းဆိုင်ထိုင်ကာ စီးနင်းနိုင်တယ်လို့ ဆိုပါတယ်။ လေထုကိုသန့်စင်စေဖို့အတွက် ကားရဲ့အနောက်မှန်အတွင်းမှာ လေသန့်စင်ပေးနိုင်မယ့်အပင်များကို ထည့်သွင်းပေးထားပါတယ်။ ကားကို စီးနင်းသူတွေဟာ Sedric ကို အသံဖြင့်စေခိုင်းနိုင်ပြီး မြေပုံတွေနဲ့ အခြားအချက်အလက်တွေကို ပြသဖို့အတွက် အတွင်းဘက် လေကာမှန်ကို ကွန်ပျူတာ display တစ်ခုအနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကားကိုဆင့်ခေါ်ဖို့အတွက် သုံးစွဲသူတွေက remote control […]

Read More

တိုက်တေနီယမ်နဲ့ ဖန်တီးထားတဲ့ ဒေါ်လာ ၃၀၀၀ တန် Nokia 3310

ဇိမ်ခံဖုန်းကုမ္ပဏီ Gresso က တိုက်တေနီယမ် အဆင့် ၅ နဲ့ ဖန်တီးထားတဲ့ retro Nokia classic ကိုယ်ပိုင်ဗားရှင်းကို မိတ်ဆက်ပေးလိုက် ပါတယ်။ Gresso 3310 လို့ခေါ်တဲ့

Read More

Duwun အစားအသောက်ပွဲတော် ၂၀၁၇

Duwun Food Carnival 2017 ကိုတော့ မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ မနက် ၁၁ နာရီကနေ ည ၇ နာရီထိ ပြည်သူ့ဥယျာဉ် ကွင်း အမှတ် ၁ မှာ ကျင်းပပြုလုပ်သွားမှာပါ။ ပွဲဝင်ကြေးကတော့ အခမဲ့ ဖြစ်ပြီး နာမည်ကြီး အနုပညာရှင်များရဲ့ ဖျော်ဖြေ တင်ဆက်မှု တွေနဲ့ အတူ သန့်ရှင်းပြီး အရသာရှိတဲ့ စားသောက်ဖွယ်ရာတွေ ပါဝင်ရောင်းချမယ့် ဆိုင်ခန်းပေါင်းများစွာ ပါဝင်မယ်လို့ သိရပါတယ်။ ပါဝင်ရောင်းချတဲ့ ဆိုင်ခန်းတွေ အနေနဲ့ ဖုန်း – ၀၉၄၄၄၈၁၅၃၀၀၊ ၀၉၄၄၄၈၁၅၄၀၀ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Read More

စိန်နဲ့အလှဆင်ထားပြီး 360-degree ကင်မရာပါဝင်တဲ့ ဒေါ်လာ ၁၃၀၀ တန် စမတ်ဖုန်း

စိန်ပွင့်တွေနဲ့ အလှဆင်ထားပြီး virtual reality ဓာတ်ပုံနဲ့ ဗီဒီယိုများအတွက် 360-degree ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း တစ်မျိုးကို Mobile World Congress မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။ Darling လို့ခေါ်ဆိုတဲ့ အဆိုပါ စမတ်ဖုန်းကို တရုတ်နည်းပညာ ကုမ္ပဏီ ProTruly က ဖန်တီးထားတာပါ။ ဒီစမတ်ဖုန်းမှာ ၅.၅ လက်မ display, ထိတွေ့စရာမလိုဘဲ အပူချိန်တိုင်းပေးမယ့် သာမိုမီတာတစ်ခုနဲ့13-megapixel ကင်မရာနှစ်ခုတို့ ပါဝင်ပါတယ်။ 360-degree ကင်မရာဟာ ဓာတ်ပုံများကို ဘက်ပေါင်းစုံမှ ရိုက်ကူးပေးနိုင်ပြီး ကမ္ဘာလုံးပုံစံ image file တွေနဲ့ သိမ်းဆည်းပေးပါတယ်။ အဲ့ဒီ 360-degree ဓာတ်ပုံတွေကို YouTube နဲ့ Facebook မှာ ဝေမျှနိုင်တယ်လို့ Verge က […]

Read More

Xiaomi Mi Mix 2 တွင် ပိုမိုပါးလွှာသည့် ဘောင်နှင့် AMOLED display ပါဝင်မည်

အသစ်ထွက်မယ့် Mi Mix ဗားရှင်းသစ်မှာ ယခင် Mi Mix ထက် ပိုမိုပါးလွှာတဲ့ ဘောင်နဲ့ AMOLED display ပါဝင်မယ်လို့ Xiaomi တည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် Lei Jun က ပြောကြားလိုက်ပါတယ်။ Xiaomi အနေနဲ့ အသုံးပြုနိုင်တဲ့

Read More

လုပ်ငန်းနယ်ပယ်ကဏ္ဍစုံအား မြန်မာ့ဒစ်ဂျစ်တယ်ကဏ္ဍနှင့် ချိတ်ဆက်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုဆို

ဂြိုဟ်တုနည်းပညာသုံး ကွန်ရက် ဆက်သွယ်ရေးစနစ် VSAT (Very Small Aperture Terminal)  နည်းပညာကို နိုင်ငံအတွင်းရှိ နယ်ပယ်ကဏ္ဍစုံအား မြန်မာ့ဒစ်ဂျစ်တယ်ကဏ္ဍနှင့်ချိတ်ဆက်နိုင်ရန် အတွက် စီးပွားရေးလုပ်ငန်းများ၊ အစိုးရအေဂျင်စီနှင့်အဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း  KBZ Gateway ကုမ္ပဏီလီမိတက်မှ သိရသည်။ “ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် ဆက်သွယ်မှုနဲ့ အဆင့်မြင့်တယ်လီကွန်းဆက်သွယ်ရေး

Read More

တက္ကသိုလ်အချို့နဲ့ပူးပေါင်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးမယ့် Telenor

Telenor အနေနဲ့ အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင် တက္ကသိုလ်အချို့နဲ့ပူးပေါင်းပြီးတော့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းအစီအစဉ်တွေကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ ဆောင်ရွက်သွားမှာဖြစ်ပြီး Telenor ရဲ့လုပ်ငန်းပိုင်းနဲ့ နည်းပညာဆွေးနွေးပွဲတွေ၊ နည်းပညာသင်ကြားပေးမှုတွေ၊ လုပ်ငန်းခွင်လေ့လာရေးနဲ့အလုပ်သင်အစီအစဉ်တွေပါဝင်မယ် လို့သိရပါတယ်။ ၂၀၁၆ ခုနှစ်က တက္ကသိုလ်၊ ကောလိပ် ၇ ခုမှ အလုပ်သင် ၂၆ ယောက်ကို လက်ခံခဲ့ပြီး ယခုနှစ်တွင် အရေအတွက် ပိုမိုလက်ခံသွားဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။

Read More

Diploma in Management ဘာသာရပ်ကိုတက်ရောက်မယ့် မအေးချမ်းအိမ့်ရဲ့ Student Life

Singapore Institute of Management (SIM) မှာ Diploma in Management ဘာသာရပ်ကိုတက်ရောက်မယ့် မအေးချမ်းအိမ့်ရဲ့ Student Life ကိုဖော်ပြပေးမှာဖြစ်ပါတယ်။ ပြည်ပမှာ ဘာလို့ပညာသင်ကြားဖြစ်တာလဲ။ ပြည်ပမှာသွားရောက်ပညာသင်ကြားရတဲ့ရည်ရွယ်ချက်ကတော့ ပညာရေးတစ်ခုအတွက်မဟုတ်ဘဲ တိုင်းတစ်ပါးက မတူကွဲပြားတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို လေ့လာသင်ယူမယ်။ ပြီးတော့ပြည်ပမှာ တစ်ယောက်တည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေထိုင်ရမယ် ဆိုတော့ သမီးအတွက် လူမှုရေးနယ်ပယ်မှာတင်မကဘဲ သမီးဘ၀အတွက် အထောက်အကူဖြစ်မယ်ထင်လို့ပါ။ ဘယ်ကျောင်းမှာ ဘယ်ဘာသာရပ်ကိုတက်ရောက်မှာပါလဲ။ စင်ကာပူနိုင်ငံ Singapore Institute of Management (SIM) မှာ Diploma in Management ဘာသာရပ်ကိုတက်ရောက်မှာဖြစ်ပါတယ်။ သမီး ဒီဘာသာရပ်ကိုရွေးချယ်ဖြစ်တာကတော့ ဖေဖေ၊ မေမေရဲ့ဆန္ဒလဲ ပါသလို သမီးကိုယ်တိုင်ကလည်း စိတ်ဝင်စားလို့ဖြစ်ပါတယ်။ ကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဘယ်လိုလေ့လာခဲ့လဲသိပါရစေ။ သမီး ပထမဆုံး […]

Read More