Day: February 5, 2017

Mitsubishi Mirage Car ရရှိနိုင်မယ့် Wave Money ရဲ့ Lucky Draw အစီအစဉ်

Wave Money ရဲ့ ကံစမ်းမဲ အစီအစဉ်သစ်တစ်ခုဖြစ်တဲ့ 24/7 Luckydraw အစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ကနေ ဧပြီလအထိ ၃ လကြာကျင်းပသွားမယ်လို့သိရပါတယ်။ ကံစမ်းမဲကာလအတွင်းမှာ သတ်မှတ်ထားတဲ့ Wave Money ဝန်ဆောင်မှုတွေကို အသုံးပြုတာနဲ့ နေ့စဉ် (၂၄နာရီအချိန်အတွင်း) ဆုငွေကျပ် ၇၀,၀၀၀ ကို ပါဝင်ကံထူးနိုင်မယ်လို့ သိရပါတယ်။ ၇၇ ရက်အတွင်း Wave Money ငွေလွှဲဝန်ဆောင်မှုကို ၇ ကြိမ်နှင့်အထက် အသုံးပြုသူတွေ အနေနဲ့လည်း Wave Money ရဲ့ နောက်ဆုံး အထူးဆုဖြစ်တဲ့ Mitsubishi Mirage Car အသစ်တစ်စီးကိုကံစမ်း နိုင်မယ်လို့ သိရပါတယ်။ အထူးဆုကံထူးရှင်ကို ဧပြီလမှာရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။

Read More

iPhone က Voice Memo အသံဖိုင်ကို ဘယ်လိုရယူမလဲ

iPhone မှ Built-in ပါဝင်လာတဲ့ Voice Memo နဲ့ ဖမ်းယူထားတဲ့ အသံဖိုင်တွေကို iPhone ကနေ ကွန်ပျူတာထံ ရွှေ့ပြောင်းချင်တယ်ဆိုရင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ Voice Memo နဲ့ ဖမ်းယူထားတဲ့အသံဖိုင်တွေကို အခြား device တွေမှာ အသုံးပြုနိုင်အောင် ဝေမျှဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ ပြုလုပ်ရမယ့် နည်းလမ်းကတော့ iTunes ကိုဖွင့်ပါ။ Device ကို အပေါ်ဘက် ဘားမှာ ရွေးချယ်ပေးရပါမယ်။ Device ကိုရွေးချယ်ပြီးရင် Music ဆိုတဲ့နေရာကိုရွေးချယ်ပါ။ အပေါ်ဘက်မှာရှိတဲ့ Sync Music ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပါ။ ညာဘက်ဘောင်ကွက်ထဲမှာ Include Voice Memo ဆိုတာကို အမှန်ခြစ်ထည့်ပေးရပါမယ်။ ပြီးသွားရင် အောက်ဘက်နားမှာရှိတဲ့ Sync ဆိုတာကို […]

Read More

Facebook သုံးစွဲသူဦးရေ နှစ်ဘီလျံနီးပါး ရှိလာ

Facebook သုံးစွဲသူ အရေအတွက်ဟာ နှစ်ဘီလျံပြည့်ဖို့ တဖြည်းဖြည်း နီးကပ်လာလျက်ရှိပါတယ်။ နာမည်ကျော် လူမှုကွန်ရက်ကို လစဉ်သုံးစွဲသူ အရေအတွက်ဟာ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ၁.၈၆ ဘီလျံအထိ ရှိလာခဲ့ပါတယ်။ Facebook သုံးစွဲသူဦးရေဟာ ယခင်သုံးလပတ်က ၁.၇၉ ဘီလျံရှိခဲ့ပြီး လွန်ခဲ့တဲ့တစ်နှစ်က ၁.၅၉ ဘီလျံရှိခဲ့တယ်လို့ ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ယခုလို သုံးစွဲသူဦးရေ အံ့အားသင့်ဖွယ် မြင့်တက်လာရခြင်းဟာ အိန္ဒိယလို နိုင်ငံတွေက third party တွေရဲ့ data plan ပရိုမိုးရှင်းတွေနဲ့ Internet.org ကြောင့် ဖြစ်တယ်လို့ CFO ဒေးဗစ်ဝါနာက ဆိုပါတယ်။ ဒီဇင်ဘာ သုံးလပတ်မှာ Facebook ရဲ့ ရောင်းအားက စုစုပေါင်း ဒေါ်လာ ၈.၈ ဘီလျံရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် […]

Read More

5G mobile data ရနိုင်မယ့် ပထမဆုံး မြို့နှစ်မြို့ကို AT&T ကြေညာ

လအနည်းငယ်အတွင်း အမေရိကန်မှာ 5G စသုံးနိုင်မယ့် ပထမဆုံး မြို့နှစ်မြို့ကို AT&T ကုမ္ပဏီက San Franciso မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှ ကြေညာခဲ့ပါတယ်။ AT&T ရဲ့ 5G Evolution လို့ခေါ်တဲ့ high-speed network သစ်ကို Austin နဲ့ Indianapolis ဈေးကွက်တွေမှာ ကနဦးဖြန့်ချိ သွားမယ်လို့ ဆိုပါတယ်။ အဲ့ဒီ 5G Evolution ရဲ့ အမြန်ဆုံးနှုန်းက ကနဦးအနေနဲ့ 400Mbps ရှိပြီး စံသတ်မှတ်ထားတဲ့ cellular data connection တစ်ခုထက် အဆ ၄၀ ပိုမြန်တယ်လို့ သိရပါတယ်။ ဒါဟာ သီအိုရီအရ အမြန်နှုန်း 1Gbps ရှိတဲ့ 5G အစစ်အမှန် မဟုတ်ပါဘူး။ ဒါပေမဲ့ […]

Read More

Nook Tablet 7 ရဲ့ power adapter တွေကို Barnes & Noble ပြန်လည်သိမ်းဆည်း

မကြာသေးခင်က ဖြန့်ချိရောင်းချခဲ့တဲ့ နောက်ဆုံးပေါ် Nook tablet ရဲ့ power adapter တွေကို Barnes & Noble က ပြန်လည် သိမ်းဆည်းနေပါတယ်။ အဲ့ဒီ adapter တွေရဲ့ casing ဟာ ကွဲထွက်ပြီး သတ္တုအသွားတစ်ခု ထွက်လာကာ ဓာတ်လိုက်တဲ့ ဘေးအန္တရာယ် ဖြစ်ပွားနိုင်တာကြောင့် အခုလို ပြန်သိမ်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်မှာတော့ adapter အရေအတွက် ၁၄၇,၀၀၀ နီးပါး ပြန်သိမ်းမယ်လို့ ဖော်ပြထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ adapter ကို အခမဲ့ လဲလှယ်နိုင်ဖို့နဲ့ ၅ ဒေါ်လာတန် Barnes & Noble gift card ရဖို့အတွက် အွန်လိုင်းမှာ မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ အစားထိုးလဲလှယ်နေစဉ်အတွင်း USB cable […]

Read More

Post တစ်ခုတည်းနဲ့ ဓာတ်ပုံအများအပြားဝေမျှနိုင်မယ့် feature ကို Instagram စမ်းသပ်နေ

Instagram ဟာ တစ်ကြိမ်တည်းနဲ့ ဓာတ်ပုံအများအပြား တင်နိုင်မယ့် feature တစ်ခုကို စမ်းသပ်နေပါတယ်။ အဲ့ဒီ feature ကို Android Instagram app နောက်ဆုံးဗားရှင်းမှာ တွေ့မြင်ခဲ့တာဖြစ်တယ်လို့ Droid Life က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဓာတ်ပုံတွေကို album တစ်ခုထဲ ရွေးချယ်ထည့်ထားနိုင်ပေမယ့် ဓာတ်ပုံတွေကိုတော့ timeline မှာ တင်လို့ မရသေးပါဘူး။ ဒီလုပ်ဆောင်ချက်ကို သုံးစွဲသူအရေအတွက် အနည်းငယ်မှာပဲ စမ်းသပ်နေတာကြောင့် လူတိုင်း အသုံးပြုနိုင်သေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ Ref: TheNextWeb

Read More

ဘီယွန်စေးရဲ့ အမြွှာကိုယ်ဝန် ကြေညာချက်က like အများဆုံးရတဲ့ Instagram post ဖြစ်လာ

ဘီယွန်စေးဟာ အမြွှာကိုယ်ဝန် လွယ်ထားရတဲ့အကြောင်းကို Instagram post တစ်ခုကနေ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ အဲ့ဒီကြေညာချက်ဟာ အခုအချိန်မှာ like အရေအတွက် 6,628,654 ရရှိထားပြီး Instagram ပေါ်မှာ like အများဆုံးရရှိတဲ့ post တစ်ခု ဖြစ်လာခဲ့ပါတယ်။ Follower ၉၂.၉ သန်းရှိတဲ့ ဘီယွန်စေးဟာ ၂၀၁၆ က like အရေအတွက် 6,309,706 ရခဲ့တဲ့ ယခင်စံချိန်ရှင် ဆယ်လီနာဂိုမက်ဇ်ရဲ့ Coke သောက်နေတဲ့ sponsored post ကို ကျော်လွန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုမက်ဇ်က follower ၁၀၈ သန်း ပိုင်ဆိုင်ထားပြီး Instagram ပေါ်မှာ နာမည်အကျော်ကြားဆုံး account အဖြစ် ရပ်တည်နေပါတယ်။ Ref: TheVerge

Read More

Chrome OS နဲ့ယှဉ်ပြိုင်မယ့် Windows 10 Cloud ကို Microsoft ဖန်တီးနေ

Microsoft ရဲ့ Insider program မှာ မှတ်ပုံတင်ထားတဲ့ သူတွေထံ ဖြန့်ချိပေးခဲ့တဲ့ Windows 10 test build တွေမှာ OS ဗားရှင်းသစ် တစ်မျိုးကို ရည်ညွှန်းဖော်ပြ ထားတယ်လို့ သိရပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကို ZDNet ရဲ့ ရင်းမြစ်တွေက အတည်ပြုခဲ့ပြီး Microsoft အနေနဲ့ Windows 10 Cloud လို့ခေါ်တဲ့အရာကို ဖန်တီးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီ OS သစ်ဟာ Windows 10 ရဲ့ ရိုးရှင်းတဲ့ ဗားရှင်းတစ်ခုဖြစ်ပြီး Windows Store က Unified Windows Platform (UWP) app တွေကိုပဲ အထောက်အပံ့ ပေးနိုင်တယ်လို့ ဆိုပါတယ်။ Windows 10 Cloud […]

Read More

Galaxy S7 ထက် အရွယ်ပိုကြီးတဲ့ ဘက်ထရီတွေကို Galaxy S8 တွင် တွေ့မြင်ရမည်

Galaxy S8 အတွက် ဘက်ထရီတွေ ထောက်ပံ့ပေးမယ့် Samsung SDI က S7 ဘက်ထရီတွေထက် အရွယ်ပိုကြီးတဲ့ ဘက်ထရီတွေ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ သတင်းသစ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီသတင်းအရ Galaxy S8 မှာ 3,250mAh ဘက်ထရီ ပါဝင်လာပြီး Galaxy S8 Plus မှာတော့ 3,750mAh ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါဟာ S7 ရဲ့ 3,000mAh ဘက်ထရီနဲ့ S7 Edge ရဲ့ 3,600mAh ဘက်ထရီထက် ပိုကြီးပါတယ်။ ဒီဘက်ထရီတွေဟာ ၅.၈ လက်မနဲ့ ၆.၂ လက်မ screen တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ Snapdragon 835 က 820 chipset […]

Read More

A57 selfie ဖုန်းကို အိန္ဒိယမှာ မိတ်ဆက်လိုက်တဲ့ OPPO

တရုတ်စမတ်ဖုန်း ကုမ္ပဏီ OPPO ဟာ selfie အသားပေး စမတ်ဖုန်းသစ်တစ်မျိုးကို အိန္ဒိယမှာ မိတ်ဆက်ပေးလိုက်ပါတယ်။ A57 လို့ခေါ်တဲ့ OPPO စမတ်ဖုန်းသစ်မှာ 16 megapixel အရှေ့ဘက်ကင်မရာနဲ့ f2.0 aperture ပါဝင်ပြီး ဓာတ်ပုံအရည်အသွေး ပိုမိုကောင်းမွန်စေဖို့အတွက် OPPO ရဲ့ Beautify 4.0 software ကို ထည့်သွင်းပေးထား ပါတယ်။ အခြား feature များအနေနဲ့ ကင်မရာအရှေ့မှာ လက်ကိုထောင်ထားတဲ့အခါ ဓာတ်ပုံရိုက်ပေးမယ့် palm shutter နဲ့ နောက်ခံကိုမှုန်ဝါးစေမယ့် bokeh effect တို့ပါဝင်ပါတယ်။ A57 ရဲ့ ကျောဘက်ကင်မရာက 13 megapixel ဖြစ်ပြီး f2.2 aperture နဲ့ ရိုက်နိုင်ပါတယ်။ ၅.၂ လက်မ 720p […]

Read More