Day: February 3, 2017

နည်းပညာ၊ သက်မွေးပညာရပ်များနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးပွဲပြုလုပ်မည်

CVT Myanmar မှ နည်းပညာ၊ သက်မွေးပညာရပ်များနဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီကနေ ၁၂ နာရီထိ UMFCCI ၊ ပထမထပ်၊ မင်္ဂလာခန်းမဆောင်မှာ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ ဆွေးနွေးပွဲမှာ၂၀၁၇ ခုနှစ် မေလမှာဖွင့်မယ့် စီးပွားရေးပညာ အထောက်အကူပြုသင်တန်း၊ ဟိုတယ်နှင့် ဧည့်ဝတ်ပြုမှုဆိုင်ရာသင်တန်း၊ ပရိဘောဂပြုလုပ်မှု အတတ်ပညာသင်တန်း၊ လျှပ်စစ်ကျွမ်းကျင်မှု အတတ်ပညာသင်တန်းနှင့် သတ္တုပစ္စည်း အတတ်ပညာသင်တန်း တွေရဲ့ သင်ကြားမယ့်သင်တန်းပုံစံတွေ၊ ဘာသာရပ်တွေကို တာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေက ရှင်းလင်းတင်ပြမှာ ဖြစ်ပြီး ဆရာကြီး ဒေါက်တာအောင်ထွန်းသက်၊ UMFCCI၊ ကုမ္ပဏီများမှလည်း နည်းပညာ၊ သက်မွေးပညာရပ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း ပြောကြားပေးမှာ ဖြစ်ပါတယ်။ CVT Myanmar (Centre […]

Read More

အိန္ဒိယတွင် iPhone တပ်ဆင်ထုတ်လုပ်မှု ဧပြီလတွင် စတင်မည်

Apple ရဲ့ နိုင်ငံအတွင်း iPhone တပ်ဆင်ထုတ်လုပ်မှုကို များမကြာမီ စတင်မှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ Karnataka ပြည်နယ်ရဲ့ အိုင်တီဝန်ကြီးဖြစ်သူ Priyank Kharge က ပြောကြားလိုက်ပါတယ်။ Kharge ရဲ့ Bloomberg ထံ ပြောကြားချက်အရ Apple အနေနဲ့ မြို့တော် Bangalore မှာ ဧပြီလကုန်ကစပြီး ထုတ်လုပ်မှုကို စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ လည်ပတ်လုပ်ဆောင်ဖို့အတွက် Apple က ထိုင်ဝမ်ကုမ္ပဏီ Wistron နဲ့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ “Apple ရဲ့ Bangalore မှာ iPhone ထုတ်လုပ်မယ့် ရည်ရွယ်ချက်က ပြည်နယ်အတွင်း နောက်ဆုံးပေါ်နည်းပညာဂေဟစနစ်နဲ့ supply chain ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” လို့ Kharge က ပြောကြားခဲ့ပါတယ်။ […]

Read More

ချစ်သူများနေ့အမီ အွန်လိုင်းမှာ ဖြန့်ချိခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ Music Video

ဖေဖော်ဝါရီ ၁၄ ရက် မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက် Will You Marry Me လို့ခေါ်တဲ့ Music Video ကို စိုင်းစိုင်းခမ်းလှိုင်က Facebook ပေါ်ကနေ လက်ဆောင်အဖြစ်နဲ့ဝေမျှခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က “ချစ်သူတွေ အားလုံးအတွက် Valentine လက်ဆောင်ပါဗျာ” ဆိုပြီး Cherry FM Facebook Page မှာတင်ထားတဲ့ Music Video ကိုသူရဲ့ Facebook Page မှာ ပြန်လည် ဝေမျှခဲ့တာပါ။ ဖြန့်ချိပြီး တစ်နာရီ အတွင်းမှာ အဲဒီ Music Video ကို Like ပြုလုပ်သူ 5K နီးပါးရှိခဲ့ပြီး ကြည့်ရှုသူပေါင်း 50K နီးပါးရှိခဲ့ပါတယ်။ ဒီသီချင်းကို နားဆင်လိုသူများအနေနဲ့ Cherry FM […]

Read More

Ooredoo ကပြုလုပ်မယ့် ချစ်သူများနေ့အစီအစဉ်

Ooredoo ကနေ ချစ်သူများနေ့အထူးအရောင်းအစီအစဉ် ပြုလုပ်မယ်လို့ သိရပါတယ်။ Ooredoo Myanmar ရဲ့ပစ္စည်းတွေထဲက ငွေကျပ် တစ်သောင်းနဲ့အထက် ၀ယ်ယူသုံးစွဲတဲ့သူတွေအတွက် စုံတွဲတီရှပ်တစ်စုံလက်ဆောင်ပေးမယ့် အစီအစဉ် ပြုလုပ်မယ်လို့ဆိုပါတယ်။ အဲဒီအစီအစဉ်ကို ဖေဖော်ဝါရီလ ၇ ရက် ကနေ စတင်ပြုလုပ်မှာဖြစ်ပြီး ကုန်လက်ကျန်ရှိတဲ့အထိ ဆောင်ရွက်သွားမယ် လို့ဆိုပါတယ်။ Ooredoo အရောင်းဆိုင်တိုင်းမှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဆိုင်လိပ်စာတွေကိုတော့ ၀က်ဘ်ဆိုက်မှာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

Read More

ဝေးလံခေါင်ဖျားနေရာတွေမှာ အင်တာနက် အသုံးပြုမှုအကြောင်း ဟောပြောမည်

တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတွေမှာ ဘေးကင်းလုံခြုံတဲ့အင်တာနက် အသုံးပြုမှုတွေ အကြောင်း လိုက်လံဟောပြောပေးမယ်လို့ Telenor Myanmar ကပြောပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း) တို့မှာ ပြည်နယ်အလိုက် ဆက်ဆံရေးအရာရှိ (၈) ယောက် ခန့်အပ်ထားပြီး သူတို့နဲ့တစ်ဆင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးသင်တန်းတွေကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံ၊ ရွာလွတ်၊ မူးရစ်ကလေး၊ ကမာကေး နဲ့ မုဒွန်း စတဲ့ (၅) နေရာမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဘေးကင်းသည့်အင်တာနက် အသုံးပြုမှုနဲ့ ပက်သက်တဲ့ လမ်းညွှန်စာအုပ်တွေကို http://bit.ly/TelenorSafeInternet မှတစ်ဆင့် ရယူနိုင်တယ်လို့သိရပါတယ်။

Read More

Chip Card စနစ်အစား EMV Chip စနစ်ကိုပြောင်းဖို့စီစဉ်

MPU ရဲ့ငွေပေးချေမှုစနစ်မှာ Chip Card စနစ်အစား နိုင်ငံတကာ ငွေပေးချေမှုစနစ်မှာ အသုံးပြုတဲ့ EMV Chip စနစ်ကို ပြောင်းလဲအသုံးပြုသွားမယ်လို့ သိရပါတယ်။ MPU နဲ့ UPI တို့ပူးပေါင်းဆောင်ရွက်လိုက်တာဖြစ်ပြီး အဲဒီ Unionpay Chip Card စနစ်ကို လက်ရှိမှာ Asian Payment Network ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတွေမှာအသုံးပြုနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေရဲ့ ATM နဲ့ POS တွေမှာလည်း UPI ကတ်လက်ခံမှုနဲ့ ငွေပေးချေမှုရရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာသုံး Chip Card စနစ်နဲ့ MPU Dual Brand Debit, Credit Card တွေကို အဖွဲ့ဝင်ဘဏ်တွေကနေ ထုတ်ဝေပေးသွားမှာဖြစ်ပြီး အဲဒီကတ်တွေနဲ့ ATM […]

Read More

၂၀၁၆ ခုနှစ် စမတ်နာရီ တင်ပို့ရောင်းချမှု ၁ ရာခိုင်နှုန်း မြင့်တက်

၂၀၁၆ ခုနှစ် စမတ်နာရီဈေးကွက်မှာ Apple က ဦးဆောင်ခဲ့တယ်လို့ ဈေးကွက်လေ့လာ ဆန်းစစ်ရေးအဖွဲ့ Strategy Analytics က ထုတ်ပြန်လိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တင်ပို့ရောင်းချခဲ့တဲ့ စမတ်နာရီ စုစုပေါင်းအရေအတွက် ၂၁.၁ သန်းရှိပြီး ပြီးခဲ့တဲ့နှစ်က တင်ပို့ခဲ့တဲ့ ၂၀.၈ သန်းထက် ၁.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၆ တစ်နှစ်လုံးမှာ Apple က တင်ပို့ခဲ့တဲ့ Apple Watch အရေအတွက်က ၁၁.၆ သန်းရှိပြီး စုစုပေါင်းအရေအတွက်ရဲ့ ၅၅ ရာခိုင်နှုန်းရှိတယ်လို့ Strategy Analytics က ပြောကြားခဲ့ပါတယ်။ Samsung ကတော့ ၂.၄ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီကုမ္ပဏီနှစ်ခုစလုံးရဲ့ ကိန်းဂဏန်းတွေက ၂၀၁၅ မှာ တင်ပို့ရောင်းချခဲ့တဲ့ […]

Read More

G6 အမှတ်တံဆိပ်ပါတဲ့ LG G6 ဓာတ်ပုံသစ် ပေါက်ကြားထွက်ပေါ်လာ

LG G6 ရှေ့ပြေးဒီဇိုင်းတစ်ခုရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး ရက်အနည်းငယ် အကြာမှာ G6 စမတ်ဖုန်းရဲ့ ဓာတ်ပုံသစ်တစ်ပုံ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။ Business Insider ကဖော်ပြခဲ့တဲ့ LG G6 ဓာတ်ပုံသစ်ဟာ အရင်ပေါက်ကြားခဲ့တဲ့ ရှေ့ပြေးဒီဇိုင်းနဲ့မတူပါဘူး။ G6 ကို ဖန်ထည်ဒီဇိုင်းနဲ့တွေ့မြင်ရမယ်လို့ အရင်ကောလာဟလ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် အခုဓာတ်ပုံမှာတော့ ဖုန်းရဲ့ကျောဘက်မှာ တောက်ပြောင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ကျောဘက်မှာပါဝင်တဲ့ လက်ဗွေဖတ်စနစ်နဲ့ ကင်မရာနှစ်ခုကလည်း LG V20 နဲ့ LG G5 အတိုင်း တပ်ဆင်ထားပါတယ်။ အဲ့ဒီ ကျောဘက် ကင်မရာနှစ်ခုဟာ iPhone 7 Plus portrait mode လို “bokeh” effect နဲ့ background […]

Read More

DIEBOLD NIXDORF က မြန်မာနိုင်ငံကို စတင် ဝင်ရောက်လာ

ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ ​ဝန်ဆောင်မှုတွေ ဆောင်ရွက်နေတဲ့ DIEBOLD NIXDORF က မြန်မာနိုင်ငံမှာ နည်းပညာဝန်ဆောင်မှု တိုက်ရိုက်ပေးရန် ၀င်ရောက်လာတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရုံးကို ရန်ကုန်မြို့မှာဖွင့်လှစ်မှာဖြစ်ပြီး ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတွေကို ပြည်တွင်းဈေးကွက်ကို တိုက်ရိုက်ဝန်ဆောင်မှု ပေးသွားမယ်လို့ဆိုပါတယ်။ “ပြည်တွင်းမှာ ရုံးခန်းဖွင့်လိုက်တဲ့အတွက် ဖောက်သည်တွေနဲ့ ရင်းနှီးမှုပိုမိုရရှိအောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်”လို့ Diebold Nixdorf ရဲ့ အာရှပစိဖိတ်ဒေသ၊ အကြီးတန်းဒုတိယဥက္ကဋ္ဌ နှင့် အုပ်ချုပ်မှုဒါရိုက်တာ Neil Emerson က ပြောပါတယ်။ မြန်မာနိုင်ငံဈေးကွက်မှာ ဝင်ရောက်လာခြင်းကြောင့် ပြည်တွင်းဘဏ်များအနေနဲ့ သူတို့ရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အဓိကမြို့ကြီးများနဲ့ အခြားမြို့များသို့ တိုးချဲ့လုပ်ဆောင်ရာမှာ ကုမ္ပဏီက လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်မယ်လို့ဆိုပါတယ်။

Read More

အမေရိကန်မှာ စက်ရုံတည်ဖို့ စီစဉ်နေတဲ့ Samsung ကို ထရမ့် ကျေးဇူးစကားဆို

အိမ်အသုံးအဆောင် ပစ္စည်းများ ထုတ်လုပ်ရန်အတွက် Samsung က အမေရိကန်မှာ စက်ရုံတစ်ခု တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Twitter မှာ ဝေမျှခဲ့ပါတယ်။ အဲ့ဒီနောက် ထရမ့်က “Thank you, @Samsung! We would love to have you!” ဆိုတဲ့ tweet ကို တင်ခဲ့ပါတယ်။   Samsung က အိမ်အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် အမေရိကန်မှာ စက်ရုံတည်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းကို Reuters က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ တည်နေရာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။ “အမေရိကန်က Samsung Electronics အတွက် အရေးပါတဲ့ ဈေးကွက်တစ်ခုပါ။ […]

Read More