2017 Samsung Southeast Asia and Oceania Forum မှာ Samsung QLED ကိုမိတ်ဆက်ပြသခဲ့

Samsung Electronics Co.,Ltd ရဲ့ 2017 Samsung Southeast Asia and Oceania Forum ကို ဖေဖော်ဝါရီလ ၁၇ ရက်က စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Samsung Southeast Asia and Oceania Forum မှာ မိတ်ဆက်ပြသခဲ့တဲ့ Samsung QLED အကြောင်းကိုပြောပြပေးချင်ပါတယ်။ Samsung QLED ကတော့ အိမ်တွင်းဖျော်ဖြေမှုလုပ်ငန်းရဲ့ ရှေ့ဆောင်လမ်းပြမှု တစ်ခုပါ။ ဒီ QLED မှာတော့ Quantam dot နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေပါဝင်ပြီး အလင်းနဲ့အရောင်

ရောစပ်မှုအကောင်းဆုံးပေးစွမ်းနိုင်မယ့် nano-sized semiconductor quantum dots လိုမျိုး သတ္တုသစ်တစ်မျိုး ထည့်သွင်းပေးထားပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ အလင်းသက်ရောက်မှု၊ တည်ငြိမ်မှုတွေအပြင် ပိုကျယ်တဲ့ spectrum တွေနဲ့ အတူ Quantum dot နည်းပညာကို အဆင့်မြှင့်တင်ထားပါတယ်။ အရင် မော်ဒယ်တီဗွီများမှာ ကြုံတွေ့နေရတဲ့ အလင်းအမှောင် အချိန်အဆ၊ သက်တမ်း၊ အရောင်သွေဖည်မှု၊ အသေးစိတ်အချက်အလက်နဲ့ ကြည့်ရှုတဲ့ ထောင့်အနေအထားတွေနဲ့ သက်ဆိုင်တဲ့ အခက်အခဲတွေကို QLED မှာမရှိနိုင်တော့ပါဘူး။ အလင်း နဲပတ်သက်လို့လဲ ၁၀၀ ရာခိုင်နှုန်း အလင်းထုနဲ့ HDR 1500- 2000 nits ရှိတဲ့ အလင်းကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ရှုပ်ထွေးမှုမရှိတဲ့ ကြိုးစနစ်အပြင် “No-Gap Wall Mount” စနစ်လဲ ပါဝင်လာပါတယ်။ တီဗီကို နံရံနဲ့ ပိုမိုလွယ်ကူရှင်းလင်းစွာနဲ့ မြန်ဆန်စွာ တပ်ဆင်စေနိုင်မှာပါ။ ဒါ့အပြင် တီဗွီအား နံရံနဲ့ချိတ်ဆက်မှုမရှိတာကို ကြိုက်နှစ်သက်တဲ့ သုံးစွဲသူတွေ အကြိုက်တွေ့စေမယ့် Gravity နဲ့ Studio ကိုလဲ မိတ်ဆက်ခဲ့ပါသေးတယ်။

Samsung Smart Remote ကတော့ Smart TV လုပ်ဆောင်ချက်တွေကို အသံနဲ့ထိန်းချုပ်လာနိုင်မှာဖြစ်ပြီး တီဗွီကြည့်နေတဲ့အချိန်မှာ ခလုတ်တစ်ခု နှိပ်လိုက်ရုံနဲ့ ပိုမိုလွယ်ကူတဲ့ ထိန်းချုပ်မှုကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Samsung Smart View app ကတော့ Android နဲ့ iOS ဖုန်းများမှာ ရရှိနိုင်ပြီး အပလီကေးရှင်း သုံးစွဲသူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် SmartHub အတွေ့အကြုံကို ဖုန်းကနေ တစ်ဆင့် တွေ့ကြုံခံစားနိုင်မှာဖြစ်ပါတယ်။