2017 Samsung Southeast Asia and Oceania Forum တွင် မိတ်ဆက်ခဲ့သည့် အိမ်တွင်းသုံးနည်းပညာများ

2017 Samsung Southeast Asia and Oceania Forum မှာ အိမ်တွင်းသုံးနည်းပညာများ ဖြစ်တဲ့ CES 2017 တွင် တီထွင် ဆန်းသစ်မှုပိုင်းဆိုင်ရာ ဆုများ ရရှိခဲ့သော Family Hub 2.0 ရေခဲသေတ္တာ၊ FlexWashTM အဝတ်လျှော်စက်၊ ကမ္ဘာ့ပထမဆုံး နံရံကပ် Wind-FreeTM လေအေးပေးစက်နဲ့ VR7000 POWERbot ဖုန်စုပ်စက်တွေကို ပြသခဲ့ပါတယ်။

Family Hub 2.0 ရေခဲသေတ္တာ


Family Hub 2.0 နည်းပညာကတော့ အလိုအလျောက်သိတဲ့ အပလီကေးရှင်း နဲ့ အပလီကေးရှင်းအသစ် မိတ်ဖက်မှုအသစ်ကနေ တစ်ဆင့် မိသားစုတွေကို ပိုမိုနီးကပ်စွာ ရှိစေမှာဖြစ်ပါတယ်။ အစားအသောက်တွေကို စီမံခန့်ခွဲနိုင်ခြင်းနဲ့ ၂၁.၅ လက်မ အကျယ်ရှိ LED touch screen ကနေတစ်ဆင့် ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အသံနဲ့ထိန်းချုပ်နိုင်တဲ့ အဆင့်မြင့် နည်းပညာကို Family Hub 2.0 ရဲ့ အပလီကေးရှင်းတွေမှာ ဖြည့်သွင်းထားပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေကို ပိုမိုများပြားတဲ့ အပလီကေးရှင်းအကောင့် များ ပြုလုပ်နိုင်စေခြင်းဖြင့် UX သုံးစွဲမှုကိုလည်း မြှင့်တင်နိုင်မှာဖြစ်ပါတယ်။

FlexWashTM အဝတ်လျှော်စက်


FlexWashTM နည်းပညာကတော့ Samsung ရဲ့ အမျိုးမျိုးသော အဓိက အဝတ်လျှော်မှုပိုင်းဆိုင်ရာ နည်းပညာများ နဲ့ လုပ်ဆောင်ချက်များ ထည့်သွင်းထားပြီး လူကြိုက်များတဲ့ AddWash တံခါးကိုလည်း ထည့်သွင်းပေးထားပါတယ်။ FlexWashTM ဟာ အ၀တ်လျှော်တဲ့အချိန်ကို ထက်ဝက်ခန့်လျှော့ချရန် ဒီဇိုင်းပြုလုပ်ဖန်တီးထားပြီး မတူညီတဲ့ အဝတ်အစားတွေကို သေချာ ဂရုပြုနိုင်မယ့်စနစ်တွေ ပါဝင်ပါတယ်။ စက်ရဲ့ အဓိက front loader ကို AddWash အဝတ်လျှော်စက်လိုရော အဝတ်ခြောက်စက်လိုပါ အသုံးပြုနိုင်မှာပါ။

နံရံကပ် Wind-FreeTM လေအေးပေးစက်


ယခင်နှစ်က ကိုရီးယားမှာ မိတ်ဆက်ခဲ့တဲ့ မတ်တတ်ရပ်အနေထား Wind-FreeTM လေအေးပေးစက်ကိုတော့ ယခုနှစ်မှာ နံရံကပ် လေအေးပေးစက် အဖြစ် အဆင့်မြှင့်တင်ခဲ့ပါတယ်။ AR9500M ဟာ လေမဲ့လေအေးပေးစက် (Wind-FreeTM air conditioning) ဖြစ်ပြီး အိမ်တွင်းမှာ သက်သောင့်သက်သာမရှိတဲ့ လေအေး တိုက်ရိုက်တိုက်ခတ်တဲ့ ဒဏ်ကို မရရှိစေဘဲ အခန်းတွင်းမှာ သက်သောင့် သက်သာရှိစေတဲ့ အအေးအနေအထားကို ရရှိစေမှာဖြစ်ပါတယ်။ ၎င်းမှာ ပါရှိတဲ့ အပေါက်ငယ်ပေါင်း ၂၁,၀၀၀ ကနေတစ်ဆင့် ၁ စက္ကန့်လျှင် လေအား ၀.၁၅ မိုင်နှုန်း တိုက်ခတ်စေမှာပါ။

VR7000 POWERbot ဖုန်စုပ်စက်


Samsung ရဲ့ နောက်ဆုံးပေါ် POWERbot™ ဖုန်စုပ်စက် VR7000 ကတော့ ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ လုပ်ဆောင်ချက်တွေနဲ့ အတူ VR 7000 ဟာ သိမ်းဆည်းရန်ခက်ခဲတဲ့ နံရံထောင့်က ဖုန်နဲ့ အမှိုက်တွေကို သိမ်းဆည်းစေနိုင်မှာဖြစ်ပါတယ်။ သာမန်လက်နဲ့ အသုံးပြုရတဲ့ ဖုန်စုပ်စက်တွေကနေ သိမ်းဆည်းရန်ကျန်ခဲ့တဲ့ နေရာတွေအထိပါ သိမ်းဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ POWERbot™ VR7000’s Edge Clean Master ဟာ နံရံနဲ့ ၁၅ မီလီမီတာ အကွာအထိ သိမ်းဆည်းစေနိုင်မှာဖြစ်ပြီး ကျန်ရှိတဲ့ ထောင့်နေရာတွေမှာတော့ Auto Shutter ကနေ အကန့် (barrier) တစ်ခု ကျလာစေပြီး ထောင့်မှာ ကျန်ခဲ့တဲ့ ဖုန်တွေကို သိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။