2017 Mandalay Job Fair ကျင်းပမည်

မြန်မာပြည်ရှိ ထိပ်တန်းကုမ္ပဏီ ၂၅ ခုကျေ်မှ ကျွမ်းကျင်အလုပ်အကိုင်များ ခေါ်ယူသွားမယ့်2017 Mandalay Jab Fair ကို JobNet.com.mm က ဦးဆောင်ပြီး အောက်တိုဘာလ ၂၉ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေးဘူတာကြီး အပေါ်ထပ်ရှိ ဟိုတယ် Marvel မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်အကိုင်ပြပွဲမှာ ဘဏ်နှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ စာရင်းအင်းစီမံခန့်ခွဲမှု၊ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေကို မြန်မာပြည်ရှိ ထိပ်တန်း ကုမ္ပဏီကြီး ၂၅ ခုကျော်မှ တိုက်ရိုက်ခေါ်ဆို သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးသော မန္တလေးမြို့မှာပြုလုပ်သွားမယ့် အလုပ်အကိုင်ပြပွဲဖြစ်တဲ့အတွက် တကယ့်ကို စိတ်လှုပ်ရှားမိပါတယ်။ ပြည်တွင်းမှာရှိတဲ့ မြန်မာနဲ့ နိုင်ငံတကာက ထိပ်တန်းကုမ္ပဏီတွေကို မန္တလေးမြို့ခံ ကျွမ်းကျင်ပညာရှင်တွေ၊ ပရော်ဖက်ရှင်နယ်တွေနဲ့ မိတ်ဆက်ပေးခွင့်ရတာတကယ်ပဲ ဝမ်းသာပါတယ်။ ဒီထိပ်တန်းကုမ္ပဏီတွေဟာ ရန်ကုန်မှာဖြစ်ဖြစ် မန္တလေးမှာပဲဖြစ်ဖြစ် အလုပ်လုပ်ကိုင် လိုသူတွေအတွက် အခွင့်အလမ်းတွေ လာပြီးဖွင့်ပေးတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီအလုပ်အကိုင်ပြပွဲမှာ တိုက်ရိုက်ချက်ချင်း အင်တာဗျူးခေါ်ပြီး ချက်ချင်း အလုပ်အကိုင်တွေ ခန့်ထားပေးမှာဖြစ်တဲ့အတွက် အလုပ်အကိုင် ရှာဖွေသူတွေအနေနဲ့ CV တွေကို အကောင်းဆုံးပြင်ဆင်လာပြီး များများသယ်လာဖို့ ပြောကြားလိုပါတယ်”ဟု Jobnet.com.mm မှ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောပါတယ်။

-အောင်သူ