Day: March 14, 2016

Replay Technology ကို Intel ဝယ်ယူ

Intel သည် အားကစားပြိုင်ပွဲများကို panoramic မြင်ကွင်းဖြင့် ရုပ်သံတွင် ထုတ်လွှင့်နိုင်ရန် အကူအညီပေးနိုင်မည့် အစ္စရေးကုမ္ပဏီ Replay Technologies ကိုပြီးခဲ့သည့် အင်္ဂါနေ့က ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ် မထုတ်ပြန်ခဲ့ပေ။ ထို့အပြင် Intel က Replay ဝန်ထမ်းဦးရေ မည်မျှရှိကြောင်း ထုတ်ဖော် မပြောကြားခဲ့သော်လည်း ၎င်းအဖွဲ့ကို လက်ရှိအမှုဆောင် အရာရှိချုပ် အိုရန်ယိုဂတ်က ဦးဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါကုမ္ပဏီ ၂ ခုသည် လတ်တလော NBA All-Star ပြိုင်ပွဲအတွက် ထုတ်လွှင့်မှုများ ပြုလုပ်ရန် ပူးပေါင်းလုပ်ကိုင် လျက်ရှိသည်။ Intel အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်ကာ ဇန်နစ်ခ်ျအနေဖြင့် အားကစားနှင့် နည်းပညာ ကမ္ဘာအကြားက လမ်းဆုံသစ်ကို ဆွေးနွေးပြောကြား ခဲ့ဖူးသည်။ […]

Read More

Samsung Galaxy S7 Edge

Device Support : Samsung Pirce : 900,000 ks အားသာချက် တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သောကြောင့် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU, Memory, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန် နေမည်ဖြစ်သည်။ Screen အရည်အသွေး ပိုင်းတွင်လည်း မြင့်မားကောင်းမွန်ပြီး ရှေ့ကင်မရာတွင် Screen Flash စနစ် ပါဝင်သောကြောင့် အလင်းအားနည်းသော နေရာများတွင် Selfie ကောင်းကောင်း ရိုက်နိုင်သည်။ Microsoft Office App များ ပါဝင်သည့်အတွက် အိတ်ဆောင်ကွန်ပျူတာ တစ်လုံးကဲ့သို့ အသုံးပြု နိုင်မည်ဖြစ်ပြီး ရေစိုခံအကြမ်းခံ ဖုန်းမျိုးဖြစ်သည်။ အားနည်းချက် Dual Sim စနစ် အသုံးပြုနိုင်သော်လည်း Sim 2 […]

Read More

၂၀၁၆ ခုနှစ်၏ အကောင်းဆုံး Laptop ၁၀ မျိုး

Asus Chromebook Flip (C100 PA-DB02) Rockchip RK3288C ပရိုဆက်ဆာကြောင့် စွမ်းဆောင်ရည် မြန်ဆန်သည်။ ဘက်ထရီသက်တမ်း တာရှည်ခံမှုရှိသည်။ Laptop ၏ ကိုယ်ထည်မှာ အလူမီနီယမ်နှင့် တည်ဆောက်ထားပြီး tablet အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သည်။ Touch screen ပါဝင်သည်။ အားနည်းချက်မှာ အခြား chromebook များထက် display ရုပ်ထွက်အရည် အသွေးနိမ့်ပါးသည်။ Asus Chromebook Flip ၏ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၁၉ ဖြစ်သည်။ Dell Precision 15 5000 Series (5510) Dell Precision 15 5000 Series သည် ပါးလွှာခိုင်ခံ့သော တန်ဖိုးကြီး  laptop တစ်မျိုးဖြစ်သည်။ ၎င်းတွင်ပါဝင်သော 4K […]

Read More

Facebook Messenger ၏ အကောင်းဆုံး လုပ်ဆောင်ချက် (၁၁) ခု

Facebook သည် နာမည်အကျော်ကြားဆုံး လူမှုရေးကွန်ရက်ဖြစ်သည်။ ထို့အပြင် လူများစွာအနေဖြင့် စမတ်ဖုန်း သို့မဟုတ် tablet ပေါ်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းရှိ မိတ်ဆွေနှင့် မိသားစုဝင်များကို ဆက်သွယ်ရန်အတွက်လည်း messaging ဝန်ဆောင်မှုဖြစ်သည့် Messenger ကို အားထားနေရသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် Facebook က Messenger app ကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့်သုံးစွဲသူများအနေဖြင့် Facebook Messenger ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။ Facebook Messenger တွင် Spotify ဖြင့် သီချင်းများကို ဝေမျှခြင်း ယခုအခါတွင် Facebook သည် Messenger တွင် Spotify ကို ထည့်သွင်းလိုက်သောကြောင့် မိတ်ဆွေများနှင့်အတူ တေးဂီတများကိုဝေမျှနိုင်မည် ဖြစ်သည်။ […]

Read More

HP Envy 13 (2016)

အားသာချက် HP Envy 13 သည် ပါးလွှာပေါ့ပါးသော notebook ဖြစ်ပြီး သက်သောင့်သက်သာ အသုံးပြုနိုင်သော ကီးဘုတ်နှင့် အလွန်ကောင်းမွန်သော စပီကာများ ပါဝင်သည်။ ထို့အပြင်  Windows  စနစ်ကိုအလွယ်တကူ ဖွင့်နိုင်ရန် fingerprint sensor များ ပါဝင်သည်။ အားနည်းချက် ၎င်း laptop သည် ဘက်ထရီသက်တမ်း တာရှည်ခံခြင်းမရှိဘဲ အားသွင်းစဉ် အသုံးပြုပါက စွမ်းဆောင်ရည် နှေးကွေးသည်။ ထို့အပြင် touchscreen လည်း ပါဝင်ခြင်းမရှိပေ။ အသေးစိတ်ဖော်ပြချက် HP Envy 13 ကို ကန်ဒေါ်လာ ၈၀၀ ဖြင့်စတင် ရောင်းချလျက်ရှိသည်။ အဆိုပါ configuration တွင် 2.3GHz 15watt Intel Core i5 ပရိုဆက်ဆာ, […]

Read More

Collections နှင့် Communities သုံးစွဲသူအတွက် feature သစ်များကို Google+ ထောက်ပံ့

ပြီးခဲ့သည့်လ အနည်းငယ်က Google သည် Google+ ကိုအခြေခံ လူမှုရေးကွန်ရက် တစ်ခုအဖြစ်မှ content များစုစည်း ပေးထားသော ဝန်ဆောင်မှုအဖြစ် အာရုံစိုက် လုပ်ကိုင်သွားရန် စီစဉ်လျက်ရှိသည်။ အဆိုပါဝန်ဆောင်မှု စိတ်ဝင်စားသူများအတွက် Google သည် Google+ Create အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက Google+ ကို ဒီဇိုင်းပိုင်းပြန်လည် ပြင်ဆင်ခဲ့ပြီးနောက် Collection ကိုအသုံးပြုသည့် အရေအတွက် ၂ ဆရှိလာခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် Google+ သုံးစွဲသူများသည် feature သစ်များ သုံးစွဲလာကြောင်းသိရသည်။ ယခုအခါ ကုမ္ပဏီအနေဖြင့် Google+ ကိုကျယ်ပြန့်စွာ သုံးစွဲသူအချို့ကို content ဝန်ဆောင်မှုသစ် Create အား အသုံးပြုခွင့် ပေးသွားမည် ဖြစ်သည်။ ၎င်းတွင် […]

Read More

ဘယ်လို Laptop မျိုးကိုရွေးချယ်ဝယ်ယူမလဲ

Laptop ဈေးကွက်သည် ပြီးခဲ့သည့်နှစ်အတွင်း အပြောင်းအလဲ ကြီးမားစွာဖြစ်ပေါ်လာသည်။ အနာဂတ် notebook နယ်ပယ်တွင် ထွေပြားမှုများစွာ ဖြစ်ပေါ်လာဖွယ်ရှိသည်။ ယနေ့ခေတ်တွင် ထွက်ပေါ်လျက်ရှိသော ပေါ့ပါးသည့်လုပ်ငန်းသုံး ultraportable laptop များ၏ အလေးချိန်မှာ ၂ ပေါင်အောက်သာရှိပြီး gaming laptop များ၏အလေးချိန်မှာမူ ၁၀ ပေါင်ခန့်ရှိသည်။ ယနေ့ခေတ် သမားရိုးကျ laptop များသည် ယခင် ဒီဇိုင်းများကဲ့သို့ မဟုတ်ဘဲ touch interface ကိုအသုံးပြုနိုင်ရန် သမားရိုးကျ laptop အဖုံးကို ဒီဇိုင်း ပိုင်းပြန်လည် ပြင်ဆင်ထားသည့် convertible ဒီဇိုင်းများ ဒါဇင်နှင့်ချီ၍ ထွက်ပေါ်နေသည်။ အချို့ laptop များသည် tablet များအဖြစ် ခေါက်ကာချိုးထား၍အသုံးပြုနိုင်သလို touch screen ပါဝင်သည့် ကွန်ပျူတာများသည် notebook […]

Read More

MicroSD slot နှင့် 4000mAh ဘက်ထရီပါဝင်သော ၇ လက်မအရွယ် Galaxy Tab A ကို Samsung မိတ်ဆက်

ပြီးခဲ့သည့်နှစ်က ၈ လက်မနှင့် ၉.၇ လက်မအရွယ် screen များဖြင့် ဖြန့်ချိခဲ့သော Galaxy Tab A ၏ ၇ လက်မအရွယ် အမျိုးအစားသစ်ကို Samsung ဂျာမန်ဆိုက်မှ မိတ်ဆက်ကြေညာခဲ့သည်။ ၂၀၁၆ အမျိုးအစားတွင် ၇ လက်မအရွယ် 1280×800 display ပါဝင်ပြီး pixel သိပ်သည်းဆက 216 PPI ဖြစ်သည်။ ၎င်းတွင် quad-core 1.3GHz ပရိုဆက်ဆာနှင့် 1.5GB RAM ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏက 8GB ဖြစ်ပြီး သုံးစွဲသူအနေဖြင့် နေရာလွတ် 4.3GB ခန့်သာ သုံးစွဲနိုင်သောကြောင့် microSD card slot မှတစ်ဆင့် သိုလှောင်မှုပမာဏကို တိုးမြှင့်အသုံးရန် လိုအပ်မည်ဖြစ်သည်။ ကျောဘက်တွင် HD […]

Read More