Day: March 11, 2016

နိုင်ငံတကာ ဖိုက်ဘာ ဆက်ကြောင်း ပြတ်တောက်

နိုင်ငံတကာသို့ ချိတ်ဆက်ထားရှိသည့် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်နေသည့် အတွက် အင်တာနက်လိုင်းများ နှေးကွေးနေမည်ဟု ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် Ooredoo က ကြေညာထားသည်။ ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် နိုင်ငံအတွင်း ချိတ်ဆက်ထားသည့် ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်မှုကို မကြာခဏကြေညာလေ့ပြီး ယခုအခါ နိုင်ငံတကာ ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်နေသည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်း၌ ချိတ်ဆက်ထားသော ဖိုက်ဘာဆက်ကြောင်းများ ပြတ်တောက်သည့်အခါ ပြတ်တောက်ရာလမ်းကြောင်းရှိ ဒေသများကိုသာ အင်တာနက်လိုင်း နှေးကွေးသွားသော်လည်း နိုင်ငံတကာနှင့် ချိတ်ဆက်ထားသည့် ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်သည့်အခါ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်လိုင်းများ နှေးကွေးနေမည်ဖြစ်သည်။ နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော ဖိုက်ဘာဆက်ကြောင်းသည် မကြာခဏ ပြတ်တောက်လေ့ရှိသည့်အတွက် ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ အရန်ဖိုက်ဘာဆက်ကြောင်းများကို ချိတ်ဆက်ကာ အသုံးပြုနေရသည်ဟု သိရသည်။

Read More

Ooredoo Smart9 ဟန်းဆက်ကို ငွေကျပ် ၃ သောင်းဖြင့် စတင်ရောင်းချ

Ooredoo သည် Ooredoo Smart9 အမည်ရှိ ဟန်းဆက်တစ်မျိုးကို ဈေးကွက်အတွင်းသို့ တင်သွင်းလာခဲ့ကြောင်း၊ အဆိုပါဟန်းဆက်ကို ဈေးနှုန်း ၃ သောင်းကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ “အခြား အဆင့်မြင့် စမတ်ဖုန်းတွေလိုပဲ အပြည့်အစုံပါဝင်ပါတယ်။ ကောင်းမွန်တဲ့ touch screen၊ app store access၊ အရည်အသွေးကောင်းတဲ့ ရှေ့၊ နောက်ကင်မရာ၊ ဆင်းကတ်နှစ်ကတ်သုံး၊ အင်တာနက်ကို ကောင်းစွာသုံးနိုင်မှာပါ”ဟု Ooredoo Smart9 နှင့် ပတ်သက်၍ Ooredoo မှ CEO ဖြစ်သူ Mr. Meza က ပြောသည်။

Read More

စမတ်ဖုန်းမှ အခမဲ့ အရောင်းအဝယ် ပြုလုပ်နိုင်မည့် Shopee App

စမတ်ဖုန်းမှပင် အလွယ်တကူ ရောင်းခြင်း၊ ဝယ်ခြင်းများကို ပြုလုပ်နိုင်မည့် Shopee MM: Buy&Sell on Mobile App ကို အခမဲ့ရယူနိုင်မည်ဖြစ်ပြီး အရောင်းအဝယ်များကို App မှတစ်ဆင့် စက္ကန့်ပိုင်းအတွင်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါမိုဘိုင်း App ဖြင့် www.shopee.com.mm ဝက်ဘ်ဆိုက်မှ ကုန်ပစ္စည်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန်မည့်အပြင် သုံးစွဲသူများအနေဖြင့်လည်း မိမိတို့ ရောင်းချလိုသည့် ကုန်ပစ္စည်းများကို မိုဘိုင်းဖုန်းမှပင် ရောင်းချနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းဖြင့် ရောင်းဝယ်သည့်စနစ် ထွန်းကားစေရန် ရည်ရွယ် ဖန်တီးထားသည့် အတွက် ဝက်ဘ်ဆိုက်ရှိ ကုန်ပစ္စည်းများကိုလည်း ဖုန်းမှပင် ရောင်းချသူနှင့် ဝယ်ယူသူနှစ်ဦး အဆင်ပြေစွာ ညှိနှိုင်းဝယ်ယူနိုင်မည်ဖြစ်ပြီး ဝန်ဆောင်ခအတွက် အခကြေးငွေ တစ်စုံတစ်ရာ ပေးရန်မလိုအပ်ကြောင်း သိရသည်။ ကိုယ်တိုင်ရောင်းချလိုသူများအနေဖြင့် App မှတစ်ဆင့် ဝက်ဘ်ဆိုက်တွင် ကိုယ်ပိုင်အကောင့်တစ်ခုပြုလုပ်ရန် […]

Read More

Windows တွင် Program များကို Block ပြုလုပ်ခြင်း

ကိုယ့်ရဲ့ ကွန်ပျူတာကို အခြားသူက ငှားယူသုံးစွဲတဲ့ အခါမျိုးမှာပဲဖြစ်ဖြစ် ၊ ကိုယ့်ကွန်ပျူတာကို အမြဲယူသုံးနေတဲ့ သူတွေရှိတဲ့ အခါမျိုးမှာဖြစ်ဖြစ် ကွန်ပျူတာ စနစ်အတွင်းမှာ ထည့်သွင်းထားတဲ့ Client Email လိုမျိုး ဆော့ဖ်ဝဲနဲ့ အခြားသော ဆော့ဖ်ဝဲတွေကို အခြားသူတွေ သုံးစွဲမှုမပြု နိုင်စေရန်အတွက် Block ပြုလုပ်ထားနိုင်ပါတယ်။ ဒီလို Block ပြုလုပ်နိုင်ဖို့အတွက် AskAdmin ဆိုတဲ့ ဆော့ဖ်ဝဲကို သုံးစွဲရပါမယ်။ AskAdmin ဆိုတဲ့ ဆော့ဖ်ဝဲဟာ Portable ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို download ပြုလုပ်မယ်ဆိုရင် http://goo.gl/kZuxPE ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ download ပြုလုပ်နိုင်ပါတယ်။ download ပြုလုပ်ပြီးပြီဆိုရင် အဆိုပါ AskAdmin.exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ စတင် […]

Read More

Apple Watch Monogram တွင် စိတ်ကြိုက်ပုံစံများ ထည့်သွင်းခြင်း

Apple Watch Monogram တွင် Apple နာရီရဲ့ မျက်နှာပြင်ကို မိမိ စိတ်ကြိုက် ကာလာတွေ ထည့်သွင်းနိုင်သလို Monogram လို့ခေါ်တဲ့ နာရီရဲ့ လိုဂိုနေရာမှာ စာလုံးတွေနဲ့ အခြားသော သင်္ကေတပုံစံ (Characters) တွေကို ပြောင်းလဲပြီး ကိုယ်ရဲ့ နာရီကို ပိုမိုလှပအောင် ဖန်တီးနိုင်ပါ တယ်။  နာရီရဲ့ Monogram နေရာမှာ စာလုံးအရေအတွက် ၄ လုံးထိ ထည့်သွင်းနိုင်ပါတယ်။ နာရီမှာ ကိုယ့်ရဲ့ နာမည်အတိုကောက် ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ သင်္ကေတပုံစံ (ဥပမာ-ပန်းသီးလိုဂို) တွေကို ထားရှိအသုံး ပြုခြင်းကို ဖော်ပြပေးလိုက် ပါတယ်။ နာရီရဲ့မျက်နှာပြင်က ကာလာနဲ့ မဟုတ်ခဲ့ရင်တော့ နာရီ မျက်နှာပြင်ကိုဦးစွာ Active ဖြစ်အောင် လုပ်ပေးရပါမယ်။  နာရီမျက်နှာပြင်က Active […]

Read More

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အွန်လိုင်းမှ ငွေလှူဒါန်းနိုင်ပြီ

ဇီဝိတဒါန သံဃာ့ဆေးရုံကြီးအတွက် အွန်လိုင်းမှ ငွေလှူဒါန်းနိုင်ရန် စတင် ဆောင်ရွက်လိုက်ကြောင်း သတင်းရရှိသည်။ ငွေလှူဒါန်းလိုသူများအတွက် http://www.jivitahospital.org/ ဝက်ဘ်ဆိုက်တွင် Donate button တစ်ခု ထည့်သွင်းထားပြီး ယင်းမှတစ်ဆင့် လှူဒါန်းနိုင်မည် ဖြစ်သည်။ “အွန်လိုင်းမှာ Credit Card သုံးပြီး ဈေးဝယ်သလိုမျိုးပဲ အလွယ်တကူ အလှူငွေ လှူဒါန်းနိုင်အောင် ဆောင်ရွက်ထားပါတယ်။ မြန်မာကျပ်၊ အမေရိကန်ဒေါ်လာတို့နဲ့ လှူလို့ရပါတယ်။ ပြည်တွင်းအတွက်ဆို အွန်လိုင်း ငွေပေးချေမှု ဖွင့်ထားတဲ့ MPU Card တွေနဲ့ လှူလို့ရပါတယ်။ ပြည်ပအတွက်ဆို Master/Visa Card တွေနဲ့ လှူလို့ရပါတယ်” ဟု အဆိုပါ Donation button ဆောင်ရွက်သည့် တာဝန်ရှိသူက ပြောသည်။ “ငွေလှူဒါန်းလိုသူများအတွက် http://www.jivitahospital.org/ ဝက်ဘ်ဆိုက်မှာ Donate button တစ်ခု […]

Read More

Ooredoo က ၎င်း၏ အသုံးပြုမှု ငွေစာရင်းအချို့ကို ထုတ်ပြန်

မကြာသေးခင်က ပြည်ပမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးယူထားသည့် Ooredoo သည် မြန်မာနိုင်ငံ အတွင်း ၎င်းတို့အသုံးပြုခဲ့သည့် ငွေစာရင်းအချို့ကို ထုတ်ပြန်ကြေညာလိုက်သည်။ ၎င်းတို့သည် အမေရိကန်ဒေါ်လာ ၂ သန်းကို Myanmar Football Federation နှင့် Myanmar National League အတွက် Sponsor ပေးအပ်ထားကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၆ ခုနှစ်အတွက်သာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ အလားတူ Ooredoo သည် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါဝင်သော မြန်မာလုပ်သား ၉၀၀ ကျော်ကို ခန့်အပ်ထားပြီး အဆိုပါ ဝန်ထမ်းလုပ်သားများ၏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို အသုံးပြုခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်တွင် Ooredoo သည် […]

Read More

ငရုတ်ကောင်းကျွန်းတွင် Beach Camp in Summer 2016 ကျင်းပမည်

ငရုတ်ကောင်းကျွန်း( ဂေါ်ရင်ဂျီကျွန်း) တွင် Beach Camp in Summer 2016 ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ကျွန်းသို့စရိတ်ငြိမ်းသွားရောက်ခွင့်၊ ဆုငွေကျပ် ၁၀ သိန်း ဆုချီးမြှင့်မည့် ဂိမ်းပြိုင်ပွဲတစ်ခုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ Camp အစီအစဉ်အား ဧပြီလ တစ်လလုံး ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအစီအစဉ်ကို ဧပြီလ ၁ ရက်၊ ၂ ရက်၊ ၃ ရက်တို့တွင် ပြုလုပ်မည်ဟု သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပါဝင်လိုပါက လူကိုယ်တိုင် လာရောက်လျှောက်ထားရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်ရရှိပါက အနုပညာရှင်များနှင့်အတူ ငရုတ်ကောင်း ကမ်းခြေနှင့် ဂေါ်ရင်ဂျီကျွန်းတို့တွင် ဖွက်ထားသော ရတနာများကို ရှာဖွေသည့် ဂိမ်းတွင် ပါဝင်ကစားရမည်ဖြစ်သည်။ ဂိမ်းပြိုင်ပွဲအတွက် ပါဝင်စာရင်းပေးသွင်းလိုသူများအနေဖြင့် မတ်လ ၂၄ နှင့် ၂၅ ရက်တို့တွင် အမှတ် […]

Read More

MPT က ထပ်ဆောင်းဝန်ဆောင်မှုများကို မိတ်ဆက်

MPT သည် ဗေဒင်၊ Life Style, Agriculture, Sport နှင့် အနုပညာသတင်း အစရှိသည့် ထပ်ဆောင်းဝန်ဆောင်မှုများကို မိတ်ဆက်ခဲ့သည့်အပြင် Travel Quiz ဟူသော မေးခွန်းဖြေဆို၍ စင်ကာပူနှင့် ထိုင်းငံများသို့ သွားရောက်နိုင်သည့် ကံစမ်းမဲစနစ်ကိုလည်း မိတ်ဆက်ခဲ့သည်။ ဝန်ဆောင်ခများအနေဖြင့် ဗေဒင်အတွက် စာရင်းသွင်းခ ၂၀၀ ကျပ်၊ အသုံးပြုခ တစ်ရက်လျှင် ၁၅၀ ကျပ်၊ အနုပညာရှင်များ၏ သတင်းဗီဒီယိုဖိုင်တစ်ခုအတွက် ၂၅၀ ကျပ်၊ Life Style ကဏ္ဍ အတွက် တစ်ရက် ၁၅၀ ကျပ်နှင့် အကြောင်းအရာတစ်ခုချင်းစီအတွက် ၁၀၀ ကျပ်၊ အားကစားသတင်းအတွက် တစ်ရက်လျှင် ၁၈၀ ကျပ်၊ Agriculture အတွက် တစ်ပတ်လျှင် ၅၀၀ ကျပ်နှင့် အကြောင်းအရာတစ်ခုစီအတွက် ၅၀ […]

Read More

Microsoft Store တွင် Facebook ၏ Windows 10 Messenger app ထွက်ပေါ်လာ

Facebook သည် Windows 10 Messenger app နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်ကို Microsoft ၏ Windows Store တွင်ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါ beta app ကို download ပြုလုပ်၍ မရသေးပေ။ Windows 10 Messenger app သစ်သည် WindowsBlogItaliaဆိုက်မှ အသေးစိတ်ဖော်ပြခဲ့ပြီး တစ်ရက်အကြာတွင် Microsoft Store ၌ ထွက်ပေါ်လာခြင်းဖြစ်သည်။ Windows 10 Messenger app သည် iPad အတွက်ဖြန့်ချိထားသော Messenger app နှင့်ဆင်တူပြီး Windows 10 သုံးစွဲသူများက Messenger ကို ဝက်ဘ်ဗားရှင်းမှတစ်ဆင့် အသုံးပြုသည့် feature များအတိုင်း ထောက်ပံ့ပေးထားသည်။ Facebook ၏ […]

Read More