Day: March 1, 2016

CB Securities က ငွေချေးသက်သေခံ လက်မှတ် ဝန်ဆောင်မှုလုပ်ငန်း အတွက် Thomson Reuters ၏ Omnesys NEST™ ဆော့ဖ်ဝဲကို အသုံးပြုရနá

CB Bank၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် CB Securities (ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် ၎င်းတို့၏ ငွေချေးသက်သေခံလက်မှတ် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် Thomson Reuters ၏ Omnesys NEST™ စတော့ရှယ်ရာ ရောင်းဝယ်မှုစနစ် (Trading Solution Platform) အား အသုံးပြုသွားရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Thomson Reuters ၏ Omnesys NEST ™ သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ တိုးတက်ဖွံ့ဖြိုးဆဲ ငွေကြေးဈေးကွက်များတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် စတော့ရှယ်ယာ ရောင်းဝယ်မှု ထိန်းချုပ်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး သုံးစွဲသူများအား မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် ထိရောက်စွာ ဝန်ဆောင်မှုပေးအပ်နိုင်မည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။ “ဒီစနစ်ဟာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ့် […]

Read More

Drone Event ကို မတ်လ ၂ ရက်တွင် Mandalay ICT Park ၌ ကျင်းပမည်

Mandalay ICT Park ၏ ထောက်ပံ့မှုနှင့်အတူ FOSS Myanmar က Drone Event ကို မတ်လ ၂ ရက်တွင် Mandalay ICT Park ၌ ကျင်းပမည်ဟု သိရသည်။ Drone Event တွင် Drone Technology, Drone Application, Agriculture Drone, Emergency / Rescue for Drone Technology, DIY Drone ၊Ready Made Drone, Drone Compare စသည်တို့ကို လက်တွေ့ရှင်းလင်းပြသသွားမည်ဟု သိရသည်။ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပမည့် Drone Event သည် […]

Read More

အိမ်မှာ ဖုန်တက်နေတဲ့ စမတ်ဖုန်းဟောင်းတွေကို ဘယ်လို အသုံးချမလဲ

အိမ်မှာ စမတ်ဖုန်း ဟောင်း၊ Tablet ဟောင်းမရှိသူ ခပ်ရှားရှားရယ်။ အတော်များများသည် လုံးဝပျက်သွားလို့ မဟုတ်ဘဲ မော်ဒယ် ဟောင်းသွားသောကြောင့် မကိုင်ချင်တော့သဖြင့်သာ ပစ်ထားခံရပြီး ချောင်ကြားမှာ ဖုန်တက်ကာ လမ်းဆုံးနေရသည်။ စမတ်ဖုန်းဟောင်း၊ Tablet ဟောင်းတွေကို ချောင်ကြားက ဆွဲထုတ်ပြီး ဖုန်ခါလိုက်ပါ။ သူတို့ကို ကောင်းကောင်း အသုံးချလို့ရနိုင်မည့် နေရာတွေကို အောက်မှာ အကြံပြု ဖော်ပြပါမည်။ ၁။ ebook ဖတ်စက်အဖြစ် သုံးနိုင်သည်။ မော်ဒယ် ဟောင်းသွားလို့လေးတိလေးကန် အလုပ်လုပ်နေသဖြင့် ချောင်ထိုးခံထားရသော ဖုန်းများ၊ Tablet များသည် ebook ဖတ်စက်များအဖြစ်တော့ ကောင်းကောင်း အသုံးဝင်လိမ့်မည်။ စာဖတ်ဖို့အတွက်က ဖုန်းတွေ၊ Tablet တွေကို အလုပ်များများ ခိုင်းဖို့မလို။ ဖန်သားပြင်မှာ စာလုံးတွေ ပေါ်နေရုံ၊ စာမျက်နှာလှန်လို့ ရရုံလောက်နဲ့တင် […]

Read More

LG K 10 စမတ်ဖုန်းအသစ် မတ်လတွင် ပြည်တွင်းဈေးကွက် ရောက်ရှိမည်

LG မှ ပြည်တွင်းဈေးကွက်သို့ အသစ် တင်သွင်းရောင်းချ မည်ဖြစ်သော LG K10 စမတ်ဖုန်းအား လာမည့် မတ်လအတွင်းတွင် ပြည်တွင်း ဈေးကွက်သို့ စတင် တင်သွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ၎င်းစမတ် ဖုန်းသည် LG ၏ ဒီဇိုင်းဆန်းသစ် ထားသော စမတ်ဖုန်း အမျိုးအစား တစ်ခုဖြစ်ပြီး K 10 အား အဖြူနှင့် အနက် အရောင် နှစ်မျိုးတင်သွင်းရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ K 10 သည် ဈေးနှုန်း အလယ် အလတ်တန်းစား စမတ်ဖုန်းမျိုး အစားတစ်ခုဖြစ်ပြီး ၎င်းတွင် Quad-core 1.2 GHz Cortex-A53 – K420N CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်အတွက် Adreno 306 […]

Read More

Apple နှင့် FBI အကြား အငြင်းပွားမှုတွင် ဆန်ဘာနာဒီနို ပစ်ခတ်မှုအတွင်း အသက်ရှင် ကျန်ရစ်သူ၏ ခင်ပွန်းက

Apple နှင့် FBI သည် လွှတ်တော်နှင့် တရားခွင်တွင် encrypt နှင့်ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိရာတွင် ဆန်ဘာနာဒီနို ပစ်ခတ်မှုအတွင်း မိသားစုဝင်တစ်ဦး အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သူက စာတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။ ဆန်ဘာနာဒီနိုမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတွင် သေနတ်ဖြင့် ၃ ချက်တိတိ ပစ်ခံရသည့် အန်နီစ်ကွန်ဒိုကာ၏ ခင်ပွန်းဖြစ်သူ ဆယ်လီဟင်ကွန်ဒိုကာသည် Apple ကိုယ်စားလှယ်အဖြစ် Apple နှင့် FBI အကြား တရားရေးဆိုင်ရာ အငြင်းပွားမှုတွင် ၎င်း၏ အမြင်နှင့်ပတ်သက်၍ စာပေးပို့ခဲ့သည်။ တရားသူကြီး ရှယ်ရီပယ်သို့ ပေးပို့သောစာတွင် ၎င်းအနေဖြင့် FBI မှ သိမ်းယူထားသော iPhone တွင် အသုံးဝင်သည့် အချက်အလက်များ ပါဝင်နိုင်ဖွယ် မရှိကြောင်း၊ Apple က အစိုးရဆိုင်ရာ […]

Read More

မြင်းကောင်ရေအား ၁၄၇၉ ရှိ တစ်နာရီလျှင် ၂၆၁ မိုင် မောင်းနှင်နိုင်သော Bugatti Chiron

Volkswagen ကုမ္ပဏီလက်အောက်ရှိ Bugatti အမှတ်တံဆိပ်သည် ဂျီနီဗာ၌ ကျင်းပသောပွဲတွင် Chiron အမည်ရှိ ကားကို ထုတ်ဖော်မိတ်ဆက်ခဲ့သည်။ စစ်မဖြစ်မီက ကျင်းပခဲ့သော မိုနာကိုကားမောင်းပြိုင်ပွဲမှ ယာဉ်မောင်းတစ်ဦးဖြစ်သူ လူးဝစ်ချီယွန်၏ အမည်ကို ရယူထားသည့် ကားသစ်တန်ဖိုးသည် အခွန်မဆောင်မီ ကန်ဒေါ်လာ ၂.၆သန်း(ပေါင်စတာလင် ၁.၉ သန်း) ကျသင့်မည် ဖြစ်သည်။ Bugatti Chiron တွင် 8L turbocharged W16 အင်ဂျင်ကို အဆင့်မြှင့်တင်ထားသောကြောင့် တစ်နာရီလျှင် ၂၆၁ မိုင်အထိ မောင်းနှင်နိုင်သည်။ Bugatti Chiron သည် စွမ်းဆောင်ရည်မြင့် ကားတစ်မျိုးဖြစ်ပြီး အတွင်းခန်းတွင် သားရေနှင့် အလူမီနီယမ်တို့ အသုံးပြုထားသည်။ Bugatti သည် ပြင်သစ်နိုင်ငံ မိုလ်ရှန်ရှိ စက်ရုံတွင် Chiron ကား ၅၀၀ ကို […]

Read More

Microsoft ၏ HoloLens dev kit ကို ကြိုတင်မှာယူမှုများ စတင်ပြုလုပ်နိုင်

Microsoft ၏ AR/VR ထုတ်ကုန်တစ်မျိုးဖြစ်သော HoloLens ၏ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ HoloLens ထုတ်ကုန်တွင် Conker ဂိမ်းသစ်ပါဝင်ပြီး developer များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းကို Forbes မှ ကနဦး ဖော်ပြခဲ့ပြီးနောက် Reddit သုံးစွဲသူတစ်ဦးက ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ Microsoft ၏ HoloLens development kit ကို ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၃၀ ရက်တွင် တင်ပို့ပေးသွားမည် ဖြစ်သည်။ အဆိုပါ “Development Edition” VR ထုတ်ကုန်တွင် အသုံးပြုပုံပြသသည့် ဗီဒီယိုနှင့် မှတ်တမ်းရုပ်သံများစွာ ပါဝင်သလို Microsoft မှ […]

Read More

ဒီနှစ်နွေမှာ ဘာသင်တန်းတွေ တက်မလဲ

ယနေ့ ပညာရေးလောကတွင် အတန်းပညာ တတ်ကျွမ်းရုံမျှမကဘဲ ကလေးတို့အတွက် ဗဟုသုတနှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ မြင့်မားတိုးတက်စေရန်၊ ခေတ်နှင့်လျော်ညီသော ပညာများကို စဉ်ဆက်မပြတ် ကျောင်းနေရွယ်မှစ၍ လေ့လာလိုက်စားနေကြပြီ ဖြစ်သည်။ သင်ယူထားပြီးသည့်  ပညာရပ်သည်လည်း လုပ်ငန်းခွင်များ ဝင်ရောက်သည်အထိ အသုံးဝင်နေစေရန် လိုအပ်နေပေပြီ ဖြစ်သည်။ ပြောင်းလဲလာသည့် ပညာအသစ်အဆန်းများကို ချိတ်ဆက်မိမိ နားလည်နိုင်ဖို့ဆိုသည်မှာ အခြေခံကောင်းရှိဖို့ လိုအပ်မည်ဖြစ်သည်။ English for Buddhism သင်တန်း သီတင်းကျွတ် ကျောင်းပိတ်ရက်အတွင်း အသက် ၅ နှစ်မှ ၁၈ နှစ်ထိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာဒါနအနေဖြင့် ဖွင့်လှစ်ပေးခြင်း ဖြစ်သည်။ ကုသိုလ်လည်းရ၊ ပညာလဲရ၊ ဘာသာစကားလည်း ကျွမ်းကျင်လာစေရန် ဖွင့်လှစ်သင်ကြားပေးမည်။ သင်တန်းကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်သင်ယူ လေ့လာနိုင်မည် ဖြစ်သည်။ […]

Read More

ဖြစ်နိုင်ဖွယ်ရာရှိသော မျက်နှာပြင် ၄ လက်မအရွယ်ရှိ iPhone SE ဓာတ်ပုံသစ်များ ထွက်ပေါ်လာ

ပြီးခဲ့သည့် ရက်သတ္တပတ်က Apple အနေဖြင့် မတ်လတွင် မိတ်ဆက်ဖွယ်ရှိသည့် မျက်နှာပြင် ၄ လက်မအရွယ် “iPhone SE” ၏ ဖြစ်နိုင်ဖွယ်ရာ ဒီဇိုင်းများကို သတင်းရင်းမြစ် အသီးသီးက ဖော်ပြခဲ့သည်။ OnLeaks နှင့် 9to5Mac မှ ထုတ်ပြန်ခဲ့သော ဒီဇိုင်းနှစ်ခုမှာ iPhone 5s နှင့် အလွန်ဆင်တူသော်လည်း ကွာခြားမှု အနည်းငယ်ရှိသည်။ 9to5Mac ၏ iPhone SE သည် iPhone 5s နှင့်အတူ ဆင်တူသော်လည်း OnLeaks ၏ဓာတ်ပုံတွင် အနားကွေးများ အသုံးပြုထားသောကြောင့် iPhone 6 နှင့် 5s မော်ဒယ်နှစ်မျိုး ပေါင်းစပ်ထားသည့် အသွင်ဖြစ်ပေါ်စေသည်။ iPhone SE ၏ ဖြစ်နိုင်ဖွယ်ရာ ဓာတ်ပုံနှစ်ပုံကို Martin […]

Read More