Day: February 25, 2016

ပန်းစကားစတေကာကို တစ်နှစ်အတွင်း ၁၂.၉ သန်းပေးပို့

နည်းပညာဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် MIDO မှ စီစဉ်ဖြန့်ချိခဲ့သည့် ပန်းစကားစတေကာကို တစ်နှစ်အတွင်း ပေးပို့သူ ၁၂.၉ သန်းရှိခဲ့သည်ဟု သိရသည်။ ပန်းစကားစတေကာကို ဖေ့စ်ဘုတ်အတွက် တရားဝင်ဖြန့်ချိခဲ့သည့် တစ်နှစ်အတွင်း ပေးပို့သူ ၁၂.၉ သန်းရှိခဲ့သည်အပြင် Download ပြုလုပ်မှုပေါင်းမှာ လည်း တစ်နှစ်အတွင်း ၂.၇ သန်းရှိခဲ့သည်ဟု သိရသည်။ ပန်းစကားစတေကာကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ပေး ပို့မှုအများဆုံးသော စတေကာမှာ မင်္ဂလာပါဟူသော စတေကာဖြစ် သည်ဟု MIDO ၏ စစ်တမ်း၌ ဖော်ပြထားသည်။ စစ်တမ်းအရ ပန်းစကားစ တေကာကို အမျိုးသမီး ၅၂ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၈ ရာခိုင်နှုန်းတို့က ပေးပို့ခဲ့ကြပြီး ဒုတိယ မြောက်အများဆုံးသောပေးပို့ခဲ့ ကြသည့် စတေကာမှာ […]

Read More

ဆက်သွယ်ရေးအော်ပရေတာများ Broadband Wireless စနစ် ဝင်ရောက်လုပ်ကိုင်မည်ကို ပြည်တွင်းနည်းပညာကုမ္ပဏီများ စá

ဆက်သွယ်ရေး ညွှန်ကြားမှုဦး စီးဌာနမှ လေလံစနစ်ဖြင့် ရောင်းချမည့် 2600 MHz Spectrum ကို ဆက်သွယ်ရေးအော်ပရေတာများ ဝင်ရောက်၍ ရယူသွားမည်ကို မလိုလားကြောင်း ပြည်တွင်းရှိ လိုင်စင်ရ ISP ကုမ္ပဏီများက စုပေါင်း ပြောကြားလိုက်သည်။ “သူတို့တွေက 2.1 ကိုလည်းရ ထားတယ်။ 1.8 Spectrum ကို လည်း ထပ်ရဖို့ရှိနေတယ်။ 2.6 ဆိုတဲ့ Spectrum ဆိုတာက အော် ပရေတာတွေအတွက် တန်ဖိုးမရှိ ဆုံး Spectrum တစ်ခုပါ။ သူတို့ တွေအနေနဲ့ နောက်ငါးနှစ်မှာ ISP တွေက Data သာမကဘဲ Voice ကိုပါ ၀င်ရောက်လုပ်ကိုင်လာမယ် လို့ စိုးရိမ်နေပုံရတယ်။ ကျွန်တော် တို့က Voice ကိုမလုပ်နိုင်ပါဘူး။ လုပ်ဖို့လည်း […]

Read More

၅၀၀ ကျပ်တန်ငွေဖြည့်ကတ်ကို Ooredoo မိတ်ဆက်

ဆက်သွယ်ရေးအော်ပရေ တာတစ်ခုဖြစ်သည့် Ooredoo သည် ၄င်းတို့၏ မိုဘိုင်းဖုန်းများ အတွက် ၅၀၀ ကျပ်တန် ငွေဖြည့် ကတ်များကို စတင်မိတ်ဆက်လိုက်ကြောင်း သိရသည်။ ဈေးကွက်အတွင်း အဆိုပါ ၅၀၀ ကျပ်တန်ငွေဖြည့်ကတ်များ ကြိုတင်ရောက်ရှိနေသော်လည်း တရားဝင်မိတ်ဆက်ခြင်းကို ယခုမှ စတင်လိုက်ခြင်းဖြစ်ပြီး နီးစပ်ရာ ငွေဖြည့်ကတ်အရောင်းဆိုင်များ တွင် ဝယ်ယူနိုင်ပြီဟု သိရသည်။ Ooredoo သည် ၄င်းတို့၏ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များကို နိုင်ငံလူဦးရေ၏ ၈၀ ရာ ခိုင်နှုန်းကျော်သို့ ရောက်ရှိအောင် ဖြန့်ချိထားသည်ဟု သတင်းထုတ် ပြန်ထားပြီး ၅ ထောင် ကျပ်တန် ငွေဖြည့်ကတ်များ ထုတ်ဝေရခြင်းမှာလည်း လိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အခြားသောဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် ၁ ထောင်ကျပ်တန်ငွေဖြည့်ကတ် ကို […]

Read More

ကမ္ဘာတစ်ဝန်းတွင် Xiaomi MIUI ကို သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိ

ကမ္ဘာတစ်ဝန်းတွင် MIUI ROM ကို သုံးစွဲနေသူ သန်း ၁၇၀ ကျော်ရှိကြောင်း Xiaomi မှ ကြေညာခဲ့သည်။ အဆိုပါကြေညာချက်ကို ဘာစီလိုနာမြို့၌ ကျင်းပလျက်ရှိသော Mobile World Congress (MWC) ပြပွဲတွင် တရုတ်ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည်။ MIUI သည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက သုံးစွဲသူ သန်း ၁၀၀ ပြည့်ခဲ့သောကြောင့် တစ်နှစ်အတွင်း သုံးစွဲသူသစ် သန်း ၇၀ ရရှိခဲ့ခြင်းဖြစ်သည်။ MIUI သုံးစွဲသူဦးရေအပြင် ကုမ္ပဏီ၏ ROM ကို ဟန်းဆက်အမျိုးအစားပေါင်း ၃၄၀ ကျော်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Xiaomi မှ ထုတ်ဖော်ပြောကြားခဲ့သည်။ Xiaomi သည် MWC ပြပွဲတွင် Android 6.0 Marshmallow ကိုအခြေခံထားသော MIUI […]

Read More

ဖုန်းများပေါ်တွင် သတင်းဖတ်ရှုရ မြန်ဆန်စေရန် Google ဆောင်ရွက်

Google သည် မိုဘိုင်း web browser ဖြင့် ၎င်း၏ search engine ၌ ဆောင်းပါး သို့မဟုတ် အကြောင်းအရာတစ်ခုကို ရှာဖွေသည့်အခါ ပိုမိုလျင်မြန်စွာဖွင့်ပေးနိုင်သော မိုဘိုင်းစာမျက်နှာများဟု ခေါ်ဆိုသည့် Accelerated Mobile Pages (AMP) နှင့် ချိတ်ဆက်ပေးခြင်းကို စတင်ဆောင်ရွက်သွားမည်ဟု သိရသည်။ AMP စာမျက်နှာများသည် သာမန်သတင်းဆောင်းပါးထက် wireless data ၁၀ ဆ သက်သာစေပြီး ၄ ဆ ပိုမိုမြန်ဆန်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ ၎င်းသည် သတင်းဆောင်းပါးရှိ အဓိကအကြောင်းအရာများကို မြန်ဆန်စွာ ဖော်ပြပေးနိုင်ပြီး သတင်းတွင်ပါဝင်သော ဓာတ်ပုံများကိုမူ အောက်ဘက်သို့ scroll လုပ်၍ ကြည့်ရှုမှသာ ပြသပေးမည် ဖြစ်သည်။ ၎င်းစီမံကိန်းသည် open source ဖြစ်သောကြောင့် […]

Read More

Yangon Heartz Media & Bussiness Solution မှ လေးကြိမ်မြောက် App Expo 2016 အားကျင်းပပြုလုပ်

Yangon Heartz Media & Bussiness Solution မှ ဦးဆောင်ပြုလုပ်သည့် လေးကြိမ်မြောက် Mobile Apps & Software Exclusive Exhibition ကို App Expo 2016 အမည်ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နေမြေအတွင်းရှိ MICT Park (Conference Hall) နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ အခုကျင်းပတဲ့ App Expo 2016 ကတော့ လေးကြိမ်မြောက်ရှိပါပြီ။ ကျွန်တော်တို့ဒီပွဲကို ၂၀၁၃ ခုနှစ်ကနေ စတင်ကျင်းပလာတာဖြစ်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ Mobile Application တွေအပြင် လုပ်ငန်းသုံး Software တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဓိကဒီပွဲကို ကျင်းပရတဲ့ […]

Read More

ပြီးခဲ့သည့်နှစ်တွင် Apple Watch ၁၁.၆ သန်းခန့် တင်ပို့ရောင်းချခဲ့ရကြောင်း IDC ထုတ်ပြန်

စမတ်နာရီများကို စတင်ရောင်းချသည့် ပထမကိုးလအတွင်း Apple က Apple Watch ၁၁.၆ သန်းခန့် တင်ပို့ရောင်းချခဲ့ရကြောင်း IDC သုတေသနအဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ အဆိုပါရလဒ်များအရ Apple က ဝတ်ဆင်နိုင်သောထုတ်ကုန်ဈေးကွက်တွင် ရှယ်ယာ ၁၄.၉ ရာခိုင်နှုန်းဖြင့် Xiaomi ၏နောက် တတိယနေရာ၌ ရပ်တည်ခဲ့သည်။ ဈေးကွက်၏ထိပ်ဆုံးတွင် ထုတ်ကုန် ၂၁ သန်း တင်ပို့ရောင်းချခဲ့သော Fitbit က ဈေးကွက်ရှယ်ယာ ၂၆.၉ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ ဝတ်ဆင်နိုင်သောထုတ်ကုန်နည်းပညာဈေးကွက်တွင် ကျန်းမာရေးခြေရာခံကိရိယာနှင့် စမတ်နာရီများ ပါဝင်သည်။ အဆိုပါဈေးကွက်သည် ပြီးခဲ့သည့်နှစ်တွင် ၁၇၂ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ထုတ်ကုန်အရေအတွက် ၇၈.၁ သန်း တင်ပို့ရောင်းချခဲ့ရသည်။ ထိုကဲ့သို့ တိုးတက်လာရခြင်းသည် Fitbit ကဲ့သို့သော […]

Read More

Mi 4s ကို တရုတ်နိုင်ငံတွင် Xiaomi မိတ်ဆက်ကြေညာ

Mi 5 ကို မိတ်ဆက်မကြေညာမီ Xiaomi က Mi 4s စမတ်ဖုန်းသစ်ကို တရုတ်နိုင်ငံ ဘေကျင်းမြို့၌ မိတ်ဆက်ပေးခဲ့သည်။ Mi 4s ၏ အရှေ့ဘက်နှင့် ကျောဘက်တွင် ဖန်သားပြင်ကို အသုံးပြုထားပြီး အလယ်တွင် သတ္တုကို အသုံးပြုထားသည်။ အရှေ့ဘက်တွင် ၅ လက်မအရွယ် 1920 x 1080 resolution display ကို အသုံးပြုထားသည်။ အရွယ်အစားက ၁၃၉.၂၆ x ၇၀.၇၆ x ၇.၈ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၃ ဂရမ်ဖြစ်သည်။ အတွင်းပိုင်းတွင် Qualcomm Snapdragon 808 chipset သစ်နှင့်အတူ 3GB RAM, 64GB storage တို့ကို အသုံးပြုထားသည်။ သိုလှောင်မှုပမာဏ […]

Read More

Reactions ကို ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူအားလုံး အသုံးပြုနိုင်ပြီ

Like ခလုတ်တွင် “Love,” “Haha,” “Wow,” “Sad,” နှင့် “Angry” ခလုတ်သစ်ငါးခု ပါဝင်သော Reactions ကို ယခုအခါ Facebook သုံးစွဲသူ မည်သူမဆို အသုံးပြုနိုင်ရန် ဖြန့်ချိလိုက်ကြောင်း သိရသည်။ Facebook ကို ဖုန်းတွင် သုံးစွဲသူများသည် Like ခလုတ်ကို ဖိထားခြင်းဖြင့် ခလုတ်သစ်များကို အသုံးပြုနိုင်မည် ဖြစ်သည်။ ကွန်ပျူတာပေါ်မှ သုံးစွဲသူများက Like ခလုတ်တွင် mouse ကို တင်ထားခြင်းဖြင့် အဆိုပါ ခလုတ်သစ်များကို တွေ့မြင်နိုင်သည်။ Facebook သုတေသီများ၊ အင်ဂျင်နီယာများနှင့် ထုတ်ကုန်အဖွဲ့များသည် Reactions ကို စတင်ဖြန့်ချိနိုင်ရန် တစ်နှစ်ကျော်ခန့် ပြင်ဆင်ခဲ့ရသည်။ ၎င်းတို့သည် အသုံးပြုမည့် စိတ်ခံစားမှုကို အတည်ပြုနိုင်ရန်အတွက် လူမှုပြဿနာလေ့လာသူများနှင့် လက်တွဲဆောင်ရွက်ခဲ့သလို focus […]

Read More

Lenovo Network Storage များကို ၃၀ ရာခိုင်နှုန်းလျော့ဈေးဖြင့် ရောင်းချ

အချက်အလက်သိုလှောင်နိုင်မှုပမာဏ ကြီးကြီးအသုံးပြုနိုင်သော IOMEGA IX2 မော်ဒယ် Lenovo Network Storage ထုတ်ကုန်များကို ၃ဝ ရာခိုင်နှုန်းလျော့ဈေး ဝယ်ယူနိုင်မည်ဖြစ်ပြီး 4TB နှင့် 6TB အမျိုးအစားနှစ်မျိုးရှိမည်ဖြစ်ကြောင်း သိရသည်။ “ရုပ်ရှင်၊ ဗီဒီယို၊ ဆော့ဖ်ဝဲ ဘာပဲ သိမ်းထား၊ သိမ်းထားရပါတယ်။ အိမ်သုံး၊ ရုံးသုံး၊ ကျောင်းသုံးအနေနဲ့လည်း သုံးနိုင်ပါတယ်။ တခြား External Hard Disk တွေထက် ထူးခြားတာက USB နဲ့ တင် Connect လုပ်လို့ရတာ မဟုတ်ပါဘူး။ Network LAN connection လည်း ရပါတယ်။ အခု နဂိုဈေးထက် ၃ဝ ရာခိုင်နှုန်း Discount ချထားပါတယ်” ဟု KMD မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ […]

Read More