Day: February 16, 2016

iPhone 7 ပရိုဆက်ဆာများကို TSMC မှသာ ထုတ်လုပ်မည်ဟုဆို

ထိုင်ဝမ် Semiconductor ထုတ်ကုန်လုပ်သော TSMC အမည်ရ ကုမ္ပဏီသည် မျိုးဆက်သစ် iPhone တွင် အသုံးပြုသော ပရိုဆက်ဆာကို တစ်ဦးတည်း ထုတ်လုပ်နိုင်ရန် သဘောတူညီချက် ရယူနိုင်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းဌာန Electronic Times မှဖော်ပြခဲ့သည်။ TSMC နှင့် Samsung သည် iPhone 6s နှင့် iPhone 6s Plus အတွက် ပရိုဆက်ဆာများ တည်ဆောက်ရန် တွဲဖက်လုပ်ဆောင် ခဲ့သည်။ TSMC သည် 10-nanometer နည်းပညာကြောင့် အဆိုပါ သဘောတူညီချက်ကို Samsung ကိုကျော်လွန်၍ ရယူနိုင်ခဲ့ကြောင်း သိရသည်။ TSMC သည် A10 ဟုအမည်ရသော မျိုးဆက်သစ်ချစ်ပ်များကို ဇွန်လတွင် အပြည့်အဝ ထုတ်လုပ်ရန် မျှော်လင့်ကြောင်း သိရသည်။ […]

Read More

ယနေ့လူသားများနှင့် ဖုန်းစွဲရောဂါ

ဖုန်းစွဲနေပါသည်ဟု ဝန်ခံခြင်းသည် ယနေ့အဖို့ ထူးဆန်းသော ကိစ္စမဟုတ်တော့။ ယနေ့စမတ်ဖုန်းခေတ် လူများစုကြီးအဖို့ မနက်မိုးလင်း ပထမဆုံး မျက်နှာချင်းဆိုင်ဖြစ်တာက စမတ်ဖုန်းဖြစ်သည်။ ညဘက် အိပ်ရာထဲ အိပ်မပျော်ခင် နောက်ဆုံး မျက်နှာချင်းဆိုင် ဖြစ်တာကလည်း စမတ်ဖုန်းသာ ဖြစ်သည်။ ကိုယ့်စမတ်ဖုန်းသည် ကိုယ့်အတွက် အနီးဆုံးမိတ်ဆွေဖြစ်၏၊ ဆရာဆိုလည်း မှန်၏၊ လောကကြီးနဲ့ ချိတ်ဆက်ပေးသော တံတားလည်း ဖြစ်၏။  စမတ်ဖုန်းယဉ်ကျေးမှု ပိုထွန်းကား လာသည်နှင့်အမျှ လူသားနှင့် စမတ်ဖုန်းကြား သံယောဇဉ်ကြိုးကလည်း တိုးလို့သာ ခိုင်မာလာနေသည်။ “သကြားခဲကိုက်မိတဲ့ ကြွက်လိုပဲ။ အတောမသတ် နိုင်တော့ဘူး”ဟု စမတ်ဖုန်း အပလီကေးရှင်းများ ရေးသားထုတ်လုပ်သည့် Delvv လုပ်ငန်းစီအီးအို ရေဖာဂါဘရီရယ်က ပြောသည်။ “စမတ်ဖုန်း စကိုင်လိုက်ပြီဆိုကတည်းက ရေညှိတက်နေတဲ့ တောင်စောင်းက လျှောဆင်းမိသလိုပဲ။ သတင်းအချက် အလက်တွေ နောက်ကို […]

Read More

Telenor က နံပါတ်အလှပေါင်း ၁၀၀ ကို လေလံတင်မည်

Telenor သည် ၄င်း၏ ပထမဦးဆုံးသော နံပါတ်အလှ လေလံတင်ရောင်းချခြင်းကို ပြုလုပ်မည်ဖြစ်ပြီး အဆိုပါလေလံပွဲတွင် နံပါတ်အလှပေါင်း ၁၀၀ ခန့်ရောင်းချသွားမည်ဟု သိရသည်။ ၀၉ ၇၇ ဖြင့်စသော နံပါတ်အလှပေါင်း ၁၀၀ ခန့်ကိုရောင်းချသွားမည်ဖြစ်ပြီး ကြမ်းခင်းဈေးမှာ သိန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါလေလံပွဲကို Telenor က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ရရှိလာသည့် အမြတ်ငွေများကိုလည်း လှူဒါန်သွားမည်ဟု သိရသည်။

Read More

ကလေးငယ်များက ကိုယ်ပိုင်အရုပ်များ ဖန်တီးပြုလုပ်နိုင်မည့် ဒေါ်လာ ၃၀၀ တန် 3D Printer

ပြီးခဲ့သည့် ရက်သတ္တပတ်က နယူးယောက်တွင် ကျင်းပပြုလုပ်ခဲ့သော Toy Fair ကုန်စည်ပြပွဲတွင် Mattel က ThingMaker ဟုခေါ်သည့် ဒေါ်လာ ၃၀၀ တန် 3D Printer သစ်တစ်မျိုးကို ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါထုတ်ကုန်သည် ကလေးငယ်များက အိမ်တွင် ကိုယ်ပိုင်အရုပ်များကို ဖန်တီးပြုလုပ်စေနိုင်သည်။ ၎င်းကို Autodesk နှင့် ပူးပေါင်းဆောင်ရွက်ထားသော ရိုးရှင်းသည့် interface ဖြင့်သုံးနိုင်မည့် 3D printing app တစ်ခုဖြင့် ဒီဇိုင်းဖန်တီးကာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ThingMaker Design ဟုခေါ်သော အဆိုပါ 3D printing app ကို iOS နှင့် Android အတွက် ဖြန့်ချိထားပြီး အလွန်ငယ်ရွယ်သော ကလေးငယ်များကပင် ကိုယ်ပိုင်အရုပ်များကို အလွယ်တကူဖန်တီးပြုလုပ်နိုင်မည်ဟု သိရသည်။ […]

Read More

တစ်ချိန်က တရုတ်နိုင်ငံ၏ စမတ်ဖုန်းဘုရင်ဖြစ်ခဲ့သည့် Samsung ၂၀၁၅ ခုနှစ် ထိပ်တန်းငါးခုစာရင်းတွင်á€

တရုတ်နိုင်ငံ၏ စမတ်ဖုန်းတင်ပို့ရောင်းချမှုသည် ပြီးခဲ့သည့်နှစ် နောက်ဆုံးသုံးလပတ်တွင် စံချိန်တင်ခဲ့သည်။ စမတ်ဖုန်းထုတ်လုပ်သူများသည် ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် စမတ်ဖုန်းအလုံးရေ ၁၁၇.၃ သန်း တင်ပို့ရောင်းချခဲ့ရပြီး လွန်ခဲ့သည့်တစ်နှစ်ထက် ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း International Data Corporation (IDC) မှ ပြောကြားသည်။ ထိုကဲ့သို့ စမတ်ဖုန်းတင်ပို့ရောင်းချမှု မြင့်တက်ရခြင်းသည် တရုတ်နိုင်ငံတွင် နိုဝင်ဘာလ၌ နှစ်စဉ်ကျင်းပပြုလုပ်သည့် Singles Day အွန်လိုင်းဈေးဝယ်ပွဲတော်နှင့် Huawei ၏ သုံးလပတ် တင်ပို့ရောင်းချမှုတို့က တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်ကြောင်း IDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် Xiaomi က တရုတ်နိုင်ငံ၏ ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့ပြီး ၎င်း၏နောက်တွင် Huawei, Apple, OPPO နှင့် Vivo တို့က […]

Read More

iOS Mail App မှာ Unread Folder ကိုဘယ်လို ထည့်သွင်းမလဲ

iPhone, iPad ကို အသုံးပြုနေတဲ့ သူတွေအတွက် မိမိ Mail box မှာ Unread Folder ကို ထည့်သွင်းထားခြင်းဖြင့် Mail ထဲ ဝင်ရောက်လာတဲ့ မဖတ်ရသေးတဲ့ mail တွေကို အလွယ်တကူနဲ့ ရှာဖွေဖတ်ရှု နိုင်မြှာ ဖစ်ပါတယ်။ Unread folder ကိုဖန်တီးဖို့ရာအတွက် Apple က iOS 7 မှာကတည်းက သုံးစွဲသူတွေ မဖတ်ရသေးတဲ့ mail တွေကို အလျင်အမြန်နဲ့ရှာဖွေ ဖတ်ရှုနိုင်ရန်အတွက် Unread folder ကိုဖန်တီးနိုင်ဖို့ feature ကို ထည့်သွင်းပေးထားခဲ့ပါတယ်။ Unread Folder ကို iOS Mail App မှာ ထည့်သွင်းထား ဖို့အတွက် အောက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ […]

Read More

MWC 2016 တွင် သတ္တုကိုယ်ထည် ပါဝင်သော စမတ်ဖုန်းသစ်ကို Lenovo မိတ်ဆက်မည်

ပြီးခဲ့သည့်လက တရုတ်ဈေးကွက်အတွက် Lenovo က မိတ်ဆက်ပေးခဲ့သည့် Lemon 3 စမတ်ဖုန်းကို မကြာမီတွင် နိုင်ငံတကာဈေးကွက်၌ တွေ့မြင်ရဖွယ်ရှိသည်။ Lenovo သည် လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် MWC 2016 ပြပွဲ၌ မိတ်ဆက်ပြသမည့် ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းဟန်းဆက်မှာ Lemon 3 နှင့် အလွန်ဆင်တူသည်။ Xiaomi Redmi 3 နှင့် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသော Lenovo Lemon 3 ၏ တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဝန်းကျင်သာရှိသည်။ Lemon 3 တွင် ၅ လက်မ 1080p touchscreen, 13MP ကျောဘက်ကင်မရာနှင့် 5MP selfie ကင်မရာအပြင် Qualcomm Snapdragon 616 […]

Read More

မာ့ခ်ဇူကာဘတ်ကို ကာကွယ်ရန် သက်တော်စောင့် ၁၆ ယောက် ခန့်အပ်ထား

Facebook ကို တည်ထောင်သူ မာ့ခ်ဇူကာဘတ်သည် အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ခံရပြီးနောက် ကယ်လီဖိုနီးယားရှိ နေအိမ်တွင် သက်တော်စောင့် ၁၆ ယောက်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။ မာ့ခ်ဇူကာဘတ်သည် ဆီလီကွန်တောင်ကြားရှိ ငယ်ရွယ်သော ဘီလီလျံနာများအနက် တစ်ဦးဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် message များရရှိပြီးနောက် လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း သတင်းတစ်ခုတွင် ဖော်ပြထားသည်။ “သူ့ (မာ့ခ်ဇူကာဘတ်) အိမ်မှာ အစောင့်တွေရှိပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက Page Six သို့ ပြောကြားခဲ့သည်။ ထို့အပြင် မာ့ခ်ဇူကာဘတ်၏ သက်တော်စောင့် ၁၆ ယောက်သည် ပါလိုအယ်တိုအနီးရှိ ပေါင်ဆယ်သန်းတန် နေအိမ်တွင် လုံခြုံရေး တာဝန်ယူထားကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ “လူသန်းပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံနေရတာပါ။ CEO တွေအားလုံးက ခြိမ်းခြောက်မှုတွေ ခံရပါတယ်။ သူတို့က ဒီကိစ္စကို […]

Read More

စွမ်းအင်သုံးစွဲမှု နည်းပါးသော e-ink display ပါဝင်သည့် Sony universal remote

တီဗွီ၊ အသံစနစ်၊ အိမ်သုံးမီးစနစ်နှင့် လေအေးပေးစက်များကို အသုံးပြုရန်အတွက် လိုအပ်သည့် ခလုတ်များပါဝင်သော Huis remote controller ကို Sony က မိတ်ဆက်ပေးခဲ့သည်။ “House” ဟုအသံထွက်ခေါ်ဆိုသော Huis remote controller တွင် ခလုတ်များကိုသာ ဖော်ပြပေးမည့် e-ink screen တစ်ခုပါဝင်သည်။ အဆိုပါ e-ink display သည် စွမ်းအင်သုံးစွဲမှုနည်းပါးပြီး တစ်ကြိမ်အားသွင်းရုံဖြင့် တစ်လခန့်အသုံးပြုနိုင်ကြောင်း ကုမ္ပဏီမှ ပြောကြားသည်။ သုံးစွဲသူအနေဖြင့် ထုတ်ကုန်တစ်ခုချင်းစီအတွက် remote controller ရှိ ခလုတ်များကို စိတ်ကြိုက်ပြင်ဆင်နိုင်သောကြောင့် အသုံးအများဆုံး လုပ်ဆောင်ချက် များအတွက် ပြင်ဆင်သတ်မှတ် ထားနိုင်သည်။ Huis controller ကို ဂျပန်နိုင်ငံ၌ မတ်လတွင် ယန်း ၂၇,၉ ၅၀ (၂၄၅ […]

Read More

Android 6.0 Marshmallow ကို Galaxy ထုတ်ကုန်များထံ Samsung စတင်ဖြန့်ချိ

ကုမ္ပဏီ၏ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်များဖြစ်သော Galaxy S6 နှင့် S6 Edge အတွက် Android 6.0 Marshmallow ကို ဖြန့်ချိပေးလိုက်ကြောင်း Samsung မှ ကြေညာလိုက်သည်။ ပြီးခဲ့သည့်နှစ် မေလက I/O 2015 ကွန်ဖရင့်စ်တွင် ပထမဦးဆုံး ပွဲထုတ်မိတ်ဆက်ပေးခဲ့သော Android Marshmallow ကို စက်တင်ဘာလတွင် ဖြန့်ချိပေးခဲ့သည်။ Android Marshmallow အသုံးပြုမှုနှုန်းသည် လက်ရှိတွင် ၁.၂ ရာခိုင်နှုန်းသာရှိပြီး ဟန်းဆက်ထုတ်လုပ်သူများကလည်း upgrade သစ်များ ဖြန့်ချိရန် နှောင့်နှေးကြန့်ကြာလျက်ရှိသည်။ Samsung ကမူ Galaxy S6 နှင့် S6 Edge အတွက် Marshmallow update ကို ဖြန့်ချိပြီး မကြာမီတွင် အခြားသော […]

Read More