Day: February 15, 2016

၂၀၁၅ ခုနှစ်တွင် မိုဘိုင်းဂိမ်းများ ဝင်ငွေကန်ဒေါ်လာ ၃၄.၈ ဘီလီယံ အထိ ရရှိခဲ့

၂၀၁၅ ခုနှစ်တွင် မိုဘိုင်း app ဈေးကွက်ဝင်ငွေ ၈၅ ရာခိုင်နှုန်းခန့်မှာ ဂိမ်းများမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဂိမ်းများ၏ ကမ္ဘာတစ်ဝန်း စုစုပေါင်း ဝင်ငွေမှာ ကန်ဒေါ်လာ ၃၄.၈ ဘီလီယံ ရှိကြောင်း ဈေးကွက်သုတေသီ App Annie မှ အစီရင်ခံစာအရ သိရသည်။ App Annew သည် မိုဘိုင်း app များ တိုးတက်လာမှုကို ၎င်း၏အစီရင် ခံစာတွင် တင်ပြခဲ့သည်။ App စီးပွားရေးသည် ၂၀၂၀ ခုနှစ်တွင် ကန်ဒေါ်လာ ၅၁ ဘီလီယံမှ ကန်ဒေါ်လာ ၁၀၁ ဘီလီယံအထိ တိုးတက်လာရန် ခန့်မှန်းထားကြသည်။ ထို့အပြင် ဂိမ်းများသည် ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၄၁.၅ ဘီလီယံ ရရှိနေရာမှ ၂၀၂၀ ခုနှစ်တွင် […]

Read More

Huawei GR5

Device Support : Huawei Price : 289,000 အားသာချက် ဖုန်းတွင်ဖွဲ့စည်း တည်ဆောက်ထားသော CPU, GPU, Camera အစရှိသော Hardware ပိုင်းများတွင် မြင့်မားကောင်းမွန်သည့်အပြင် ဖုန်းအချက်အလက် လုံခြုံရေးအတွက်လည်း Finger Print စနစ်ပါဝင်သည်။ Finger Print တစ်ခုတည်းဖြင့် ဖုန်းလုပ်ဆောင်ချက် တော်တော်များများကို အသုံးပြုနိုင်မည်ဖြစ်ပြီး ကင်မရာပိုင်းနှင့် မှတ်ဉာဏ်ပိုင်းတွင် လည်းကောင်းမွန်သည်။ အားနည်းချက် Gesture Sensor ပိုင်းတွင် Screen On အတွက် Double Tap စနစ်ဖြင့် အသုံးပြုနိုင်သော်လည်း Screen Off အတွက် Gesture စနစ် မပါဝင်ပါ။ Sim Card Slot ပိုင်းတွင်လည်း Sim Slot 2 […]

Read More

Vaio Z Flip

USD- 1,799.00 အားသာချက် Vaio Z Flip သည်ပါးလွှား ပေါ့ပါးသည့် laptop ဖြစ်သည့်အပြင် စွမ်းဆောင်ရည်မှာလည်း ကောင်းမွန်သည်။ ရုပ်ထွက် အရည်အသွေးမှာ ကြည်လင်ပြတ်သားကာ ဆွဲဆောင်မှုရှိသည်။ အားနည်းချက် တန်ဖိုးကြီး laptop တွင်ပါဝင်သော ဘက်ထရီ သက်တမ်းမှာ သာမန်အဆင့်မျှသာ ရှိသည်။ ၎င်းတွင် ပါဝင်သော ပန်ကာများမှာ အသံကျယ်လောင်ပြီး မျက်နှာပြင်မှာလည်း အလွန်တောက်ပြောင်သောကြောင့် အသုံးပြုရာတွင် အနှောင့်အယှက် အနည်းငယ် ဖြစ်ပေါ်စေသည်။ အသေးစိတ်ဖော်ပြချက် မျက်နှာပြင်အရွယ် ၁၃ လက်မအရွယ်ရှိ Vaio Z Flip သည် အလွန်ပါးလွှာသော laptop တစ်မျိုးဖြစ်သည်။ Vaio ကိုယခင်က Sony မှပိုင်ဆိုင်ပြီး ယခုအခါတွင် ၎င်းအမှတ်တံဆိပ်ကို ဂျပန်ကုမ္ပဏီသစ် တစ်ခုသို့ ရောင်းချလိုက်ပြီ ဖြစ်သည်။ […]

Read More

MPT အရောင်းဆိုင်ပေါင်း ရှစ်သောင်းကျော် ရှိဟုဆို

မြန်မာနိုင်ငံတစ်ဝန်းတွင် MPT အရောင်းဆိုင်ပေါင်းရှစ်သောင်းကျော်ရှိနေပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ဆိုင်များတွင် MPT ဆင်းမ်ကတ်များ၊ ငွေဖြည့်ကတ်များဝယ်ယူနိုင်ပြီး MPT နှင့်ပတ်သက်သည့် အခြား ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ “၂၀၁၆ ခုနှစ်မှာ လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုတွေကို မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါတယ်၊ ကွန်ရက်တွေကိုလည်း ချဲ့ထွင်လျက် ရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံသား ၉၂ ရာခိုင်နှုန်းကိုလည်း 3G ကွန်ရက် ရရှိသုံးစွဲနိုင်ဖို့ အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ ဒီနှစ် မတ်လကုန် မတိုင်မီမှာ MPT Branded Store ပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ်သွားပါမယ်” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase ကပြောသည်။

Read More

Picasa photo editor ထောက်ပံ့မှုကို Google ရပ်ဆိုင်းမည်

Google သည် ကုမ္ပဏီ၏ photo editor နှင့် sharing ဝန်ဆောင်မှုဖြစ်သော Picasa ကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ အဆိုပါ desktop application သည် ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်မှစတင်ကာ Google ၏ အထောက်အပံ့ကို ရရှိတော့မည်မဟုတ်ကြောင်း ကုမ္ပဏီ၏ blog post တွင် ရေးသားဖော်ပြခဲ့သည်။ သုံးစွဲသူများ၏ Picasa Web Album များကို မေလတွင် ကုမ္ပဏီက စုဆောင်းပေးမည်ဖြစ်သည်။ Google Photos အကြီးအကဲဖြစ်သူ အန်နီလ်ဆက်ဟာဝယ်၏ blog post တစ်ခုတွင်မူ ကုမ္ပဏီအနေဖြင့် Picasa ကို အနားပေးပြီး မိုဘိုင်းနှင့် desktop တွင် လုပ်ဆောင်ချက်များပိုမိုထောက်ပံ့ပေးနိုင်မည့် ဝန်ဆောင်မှုတစ်ခုကို အာရုံစိုက်လုပ်ဆောင်သွားမည်ဟု […]

Read More

MWC 2016 တွင် X Series စမတ်ဖုန်းများကို LG မိတ်ဆက်မည်

လာမည့်ရက်သတ္တပတ်အတွင်း စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress (MWC) ပြပွဲ၌ LG က midrange ဟန်းဆက်နှစ်မျိုးဖြစ်သော X cam နှင့် X screen စမတ်ဖုန်းကို မိတ်ဆက်ပြသ မည်ဖြစ်သည်။ အဆိုပါ ဟန်းဆက်နှစ်မျိုးတွင် Android Marshmallow 6.0, quad-core CPU, 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏ ပါဝင်မည့်အပြင် အပိုဆောင်းအနေဖြင့် အထူး feature တစ်ခုစီပါဝင်မည်ဟု သိရသည်။ X cam တွင် dual 13MP / 5MP ကျောဘက်ကင်မရာပါဝင်ပြီး X screen တွင်မူ V10 တွင်ပါဝင်သည့် သေးငယ်သော second-screen display […]

Read More

Apple Music သုံးစွဲသူ ၁၁ သန်းနှင့် iCloud သုံးစွဲသူ ၇၈၂ သန်းရှိကြောင်း Apple ကြေညာ

၂၀၁၅ ခုနှစ် ဇွန်လတွင် နိုင်ငံပေါင်း ၁၀၀ ၌ မိတ်ဆက်ပေးခဲ့သော Apple Music ကို လစဉ်အခကြေးပေးသွင်းပြီး သုံးစွဲသူ ၁၁ သန်းရှိကြောင်း Apple အမှုဆောင်များဖြစ်သော ခရိတ်ဖက်ဒါရစ်ဂီနှင့် အက်ဒီကူးတို့က ကြေညာခဲ့သည်။ နှိုင်းယှဉ်မှုပြုလုပ်ရလျှင် Android တွင်ပါ အသုံးပြုနိုင်သော Apple Music ၏ သုံးစွဲသူအရေအတွက်ကို ရရှိရန် Spotify က ၆ နှစ်ခန့် အချိန်ယူခဲ့ရသည်။ Apple Music သုံးစွဲရန်အတွက် တစ်လလျှင် ၉.၉၉ ဒေါ်လာ ကျသင့်မည်ဖြစ်သည်။ ဆက်လက်ပြီး iCloud သုံးစွဲသူဦးရေ ၇၈၂ သန်းရှိကြောင်း Apple အမှုဆောင်များက ကြေညာခဲ့သည်။ Apple ထုတ်ကုန် ၁ ဘီလီယံကျော်တွင် အသုံးပြုနိုင်သော Apple ၏ […]

Read More

CIA ဒါရိုက်တာ၏ အချက်အလက်များ ခိုးယူခဲ့သူ ၁၆ နှစ်အရွယ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

Cracka with Attitude အမည်ရသည့် ဟက်ကာအဖွဲ့ဝင် ဆယ်ကျော်သက် ဟက်ကာတစ်ဦးသည် အစိုးရနှင့် CIA ဒါရိုက်တာ အပါအဝင် အဆင့်မြင့်အစိုးရအရာရှိများကို တိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ FBI နှင့် ဗြိတိန်ရဲများ အတူပူးပေါင်းပြီး အသက် ၁၆ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ဆယ်ကျော်သက်တစ်ဦးကို အချက်အလက်များခိုးယူမှုကြောင့် ဖမ်းဆီးလိုက်ကြောင်း သတင်းများက ဖော်ပြကြသည်။ အဆိုပါ ဆယ်ကျော်သက်လူငယ်သည် FBI အေးဂျင့်နှင့် အမေရိကန်ဒေသတွင်း လုံခြုံရေးဌာန (DHS) အေးဂျင့် ထောင်ပေါင်းများစွာ၏ တစ်ကိုယ်ရေ အချက်အလက်များ ပေါက်ကြားမှု၊ CIA ဒါရိုက်တာ ဂျွန်ဘရမ်နမ်၏ AOL အီးမေးလ်အချက်အလက်များ ခိုးယူမှု၊ အမေရိကန်သူလျိုအကြီးအကဲ ဂျိမ်းစ်ကလက်ပါ၏ တစ်ကိုယ်ရေအီးမေးလ်နှင့် ဖုန်းပြောဆိုမှုအချက်အလက်များ ရယူခြင်းနှင့် FBI လက်ထောက်ဒါရိုက်တာ […]

Read More