Day: February 11, 2016

1-Terabit အင်တာနက် ဂြိုဟ်တုသစ်များဖြင့် ဝေးလံခေါင်သီသော နေရာများ၌ မြန်နှုန်းမြင့် အင်တာနက် ထောက်á€

အမေရိကန် အခြေစိုက် ဂြိုဟ်တုကုမ္ပဏီ ViaSat သည် Boeing နှင့်ပူးပေါင်း၍ ကမ္ဘာတစ်ဝန်းရှိ ဝေးလံခေါင်ဖျားသော နေရာများတွင် မြန်နှုန်းမြင့် အင်တာနက် ရရှိစေမည့် ဂြိုဟ်တုသစ် ၃ ခု ဖန်တီးသွားမည် ဖြစ်ကြောင်း သိရသည်။ ထိုထုတ်ကုန်ပြန်ချက်ကို ViaSat က ယခင်ဂြိုဟ်တုမျိုးဆက် ViaSat-2 လွှင့်တင်ရန် သတ်မှတ်ထားသည့် ရက်မတိုင်မီ လအနည်းငယ်အလိုတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ViaSat-3 ဂြိုဟ်တုသစ်များသည် စွမ်းဆောင်ရည် အလွန်ကောင်းမွန်သည်။ ဂြိုဟ်တုတစ်ခုလျှင် စုစုပေါင်းကွန်ရက်ဝင်ဆံ့မှုပမာဏ 1 Tbps (Terabit per second) အထိသယ်ဆောင်နိုင်ပြီး ViaSat-2 ၏ စွမ်းဆောင်ရည်ထက် ၃ ဆ ပိုမိုသည်။ အဆိုပါဂြိုဟ်တုများဖြင့် ViaSat က အမေရိကန်၊ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် […]

Read More

iPhone ၏ ‘error 53’ ချို့ယွင်းချက်ကြောင့် Apple တရားစွဲဆိုခံရဖွယ်ရှိ

iPhone ၏ home ခလုတ်ပျက်စီးသည့်အခါ Apple ကျွမ်းကျင်ပညာရှင်မဟုတ်သူများက အစားထိုးခြင်းကြောင့် Apple ၏ iOS 9 software နောက်ဆုံးဗားရှင်းကို upgrade ပြုလုပ်ပြီးသည့်အခါ ဖုန်းကို လုံးဝအသုံးပြု၍မရစေသည့်ကိစ္စရပ်များ ဖြစ်ပေါ်စေကြောင်း သိရသည်။ အဆိုပါ error သည် Apple ကျွမ်းကျင်ပညာရှင်ထက် တစ်စုံတစ်ဦးက home ခလုတ်ကို လဲလှယ်တပ်ဆင်ထားသည့် iPhone နှင့် iPad များကို disable ဖြစ်စေကြောင်း၊ ထို့နောက် ဖုန်း၏အချက်အလက်များ ပယ်ဖျက်ခံခဲ့ရပြီး ဖုန်းပိတ်သွားခဲ့ကာ “error 53” code ကို ဖော်ပြခြင်း ဖြစ်ကြောင်း ဆိုသည်။ ၎င်းချို့ယွင်းချက်ကို ယခုလတွင် The Guardian မှ စတင်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဆီယက်တယ်လ်မြို့အခြေစိုက် ဥပဒေကုမ္ပဏီ PCVA […]

Read More

ချစ်သူများနေ့ အထိမ်းအမှတ် အထူးပရိုမိုးရှင်းပြုလုပ်မည်

အမေရိကန်နိုင်ငံထုတ် JBL Bluetooth စပီကာ နှစ်လုံး ဝယ်ယူသူများအား ချစ်သူများနေ့ အထူးပရိုမိုးရှင်းအနေဖြင့် Sony အမှတ်တံဆိပ် 8GB အမျိုးအစား Micro Vault များ လက်ဆောင်အနေဖြင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၂ဝ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Wai Yan အီလက်ထရွန်း နစ်၊ LG အီလက်ထရွန်းနစ်ဆိုင်ကြီးများ နှင့် မိမိတို့နှင့် နီးစပ်ရာ မိုဘိုင်းနှင့် အိုင်တီပစ္စည်းအရောင်းဆိုင်များတွင် မည်သည့် JBL Bluetooth စပီကာ နှစ်လုံးကို ဝယ်ယူပါက SONY 8GB Micro Vault တစ်ခုလက်ဆောင် အနေဖြင့် ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Read More

Telenor ၏ စူပါစုံတွဲအစီအစဉ်ဖြင့် SMS ကို အကန့်အသတ်မရှိ အခမဲ့ပေးပို့နိုင်

Telenor သည် ၎င်းတို့၏ စူပါစုံတွဲအစီအစဉ်ကို စတင်လိုက်ကြောင်း၊ အဆိုပါအစီအစဉ်ကို အသုံးပြုပါက SMS ပေးပို့ခြင်းကို အကန့်အသတ်မရှိ အခမဲ့ပေးပို့နိုင်မည့်အပြင် မိုဘိုင်းဖုန်းခေါ်ဆိုခကိုလည်း တစ်မိနစ်လျှင် ၁၀ ကျပ်သာ ကျသင့်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စူပါစုံတွဲအစီအစဉ်ကို ရယူအသုံးပြုလိုပါက 500 သို့ SS 09xxxxxxxxx(ဖုန်းနံပါတ်) ဟူ၍ ပေးပို့ရ မည်ဖြစ်ပြီး အဆိုပါ အစီအစဉ်အတွက် ဝန်ဆောင်ခ ၅၀၀ ကျပ်ကို Telenor မှ ကောက်ခံသွားမည်ဖြစ်သည်။ စူပါစုံတွဲအစီအစဉ်အတွက် အသုံးပြုခွင့်သက်တမ်းကို စတင်အသုံးပြုသည့်နေ့မှ တစ်လအထိ သတ်မှတ်ထားကြောင်း၊ အစီအစဉ်အသုံးပြုမှုသည် Telenor မိုဘိုင်းဖုန်းအချင်းချင်းအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ အစီအစဉ်အတွက် 500 သို့ SMS ပေးပို့ရာတွင် မိမိနှင့် အများဆုံးဖုန်းခေါ်ဆိုမည့် မိုဘိုင်းဖုန်းနံပါတ်တစ်ခုကိုသာ (ရှေ့တွင် SS […]

Read More

Kali Linux ကို Android Device များပေါ်မှာ ဘယ်လိုထည့်သွင်းမလဲ

Kali Linux ကို စိတ်ပါဝင်စားစွာ သုံးစွဲနေသူများရော အခုမှ စတင်အသုံးပြုမယ့် သူတွေပါ မိမိရဲ့ Android ဖုန်း ဒါမှမဟုတ် Tablet အစရှိတာတွေ ပေါ်ကနေ သွားလေရာမှာ အသုံးပြုနိုင်ဖို့အတွက် Android Device တွေပေါ်မှာ Kali Linux ကို ထည့်သွင်းနည်းဖြစ်ပါတယ်။ Kali Linux ဟာ Hacking Tool များစွာပါဝင်တဲ့ Operating System တစ်ခုဖြစ်ပြီး Penetration တွေအတွက် Pentester တွေ အများဆုံးအသုံးပြုတဲ့ OS တစ်ခု ဖြစ်ပါတယ်။ Kali Linux ကို Android OS အသုံးပြုထားတဲ့ Device တွေမှာ ထည့်သွင်းအသုံးပြုဖို့ လိုအပ်ချက်တွေကတော့ – Android Device ဟာ […]

Read More

မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုတွင် မြန်မာက ထိုင်းနှင့် မလေးရှားကို ယှဉ်နိုင်

နော်ဝေနိုင်ငံအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီ၏ ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ် စစ်တမ်းအရ မြန်မာနိုင်ငံ၏ မိုဘိုင်းအင်တာနက်အသုံးပြုမှုနှုန်းသည် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို ယှဉ်နိုင်ကြောင်း သိရသည်။ Telenor Myanmar ၏ အသုံးပြုသူ ၁၄ သန်းအနက် ၅၂ ရာခိုင်နှုန်းသည် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုကြကြောင်း အဆိုပါအရေအတွက်သည် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံကို ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

Read More

Ooredoo Myanmar ၏ ကွန်ရက်ဖြန့်ကြက်ခြင်းအတွက် Asian Development Bank နှင့် International Finance Corporation တို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၃á

Ooredoo Myanmar သည် မြန်မာနိုင်ငံတစ်ဝန်း မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ကို ဆက်လက် ဖြန့်ကြက်နိုင်ရန် Asian Development Bank (ADB) နှင့် ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိက အဖွဲ့အစည်းများ ရင်းနှီးမြုပ်နှံမှုဆိုင်ရာဌာနခွဲ International Finance Corporation (IFC) တို့ထံမှ ငွေကြေးအထောက်အကူ ရယူရန် သဘောတူညီချက် ရရှိခဲ့ကြောင်း သိရသည်။ သဘောတူညီချက်အရ ADB နှင့် IFC တို့က အမေရိကန်ဒေါ်လာ သန်း ၁၅၀ စီ အကူအညီပေးသွားမည်ဖြစ်ပြီး ADB နှင့် IFC တို့၏ လုပ်ငန်းစွမ်းဆောင်ရည် သတ်မှတ်ချက်နှင့် လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘာ့အဆင့်မီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးရာ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း Ooredoo Myanmar က အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

Read More

Wave Money အစီအစဉ်အား ယခုနှစ်ပထမသုံးလပတ်တွင် လုပ်ငန်းစတင်နိုင်ရန် ခွင့်ပြုချက်စောင့်ဆိုင်းနေ ဟု

မိုဘိုင်းငွေကြေးလုပ်ငန်းများ ဆောင်ရွက်မည့် Wave Money အစီအစဉ်အား ၂၀၁၆ ခုနှစ်၏ ပထမသုံးလပတ်တွင် လုပ်ငန်းများစတင်နိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နောက်ဆုံးခွင့်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် မိုဘိုင်းငွေကြေး ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။ Wave Money သည် တယ်လီနောနှင့် ရိုးမဘဏ်တို့မှ ပူးပေါင်းဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ “မိုဘိုင်းအော်ပရေတာတွေအနေနဲ့ ဘဏ်တွေနဲ့ ပူးပေါင်းပြီး လက်ရှိ ရှိနေတဲ့ ဖြန့်ချိရေး လမ်းကြောင်းကနေ တစ်ဆင့် ရနိုင်သမျှ အကျိုးကျေးဇူးတွေကို အသုံးပြုပြီး မြန်မာနိုင်ငံမှာ ဘဏ်နဲ့ ဆက်သွယ်မှုမရသေးတဲ့ သူတွေဆီကို ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုရောက်ရှိအောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Wave Money အနေနဲ့ မြန်မာနိုင်ငံအတွက် ဒီအခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နေပါတယ်။ တယ်လီနောမှာရှိတဲ့ ဖြန့်ချိရေး လမ်းကြောင်း၊ […]

Read More

Ooredoo က နံပါတ်အလှကို ဦးရာလူစနစ်ဖြင့် ရောင်းမည်

အခြားသော ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် နံပါတ်အလှများကို လေလံတင် ရောင်းချနေချိန်တွင် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo က နံပါတ်အလှကို ဦးရာလူစနစ်ဖြင့် ရောင်းချပေးမည်ဟု ကြေညာလိုက်သည်။ Ooredoo သည် ၎င်း၏ အရောင်းဆိုင် ၂၂ ဆိုင်တွင် ဆင်းမ်ကတ်နံပါတ်အလှများကို မိမိစိတ်ကြိုက် ဝယ်ယူနိုင်မည်ဟု ကြေညာခဲ့ပြီး နံပါတ်အလှ ဆင်းမ်ကတ်များ၏ ဈေးနှုန်းကို အနိမ့်ဆုံး ၁,၅၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်သည်ဟု သိရသည်။ မိမိ၏ စိတ်ကြိုက်နံပါတ်များကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းကို ၎င်းတို့က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

Read More

Samsung Galaxy S7 နှင့် S7 Edge ၏ ဓာတ်ပုံများ ပေါက်ကြား ထွက်ပေါ်လာ

Samsung ၏ Galaxy S7 နှင့် S7 Edge ဓာတ်ပုံများစွာနှင့် အသေးစိတ်အချက်အလက်များသည် မတူညီသော သတင်းရင်းမြစ်များစွာမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းဓာတ်ပုံများအနက် တစ်ပုံမှာ မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိ Galaxy S7 Edge ဖြစ်သည်။ အဆိုပါဓာတ်ပုံသည် Weibo သုံးစွဲသူ JKwan က NoWhereElse ဆိုက်မှဖော်ပြခဲ့သည်။ Galaxy S7 Edge ၏ မျက်နှာပြင်အထက်ရှိ ဘေးဘောင်တွင် ကွေးညွှတ်ထားသည့် ဒီဇိုင်းကို အသုံးပြုထားကြောင်း တွေ့ရသည်။ Edge ၏ဘေးနှစ်ဖက်တွင် မျက်နှာပြင်ကွေးများ ပါဝင်သော်လည်း ယခုအခါတွင် ထိပ်ဘက်ရှိ ဘေးဘောင်တွင် မျက်နှာပြင်ကွေးပါဝင်လာဖွယ်ရှိသည်။ ထို့အပြင် ပုံတွင် ပြသထားသည့်အတိုင်း AnTuTu benchmark စမ်းသပ်မှုမှာ မှန်ကန်ဖွယ်ရှိသည်။ ၎င်း၏ ရရှိသော […]

Read More