Day: February 10, 2016

Safari Browser ပေါ်မှ Cache များကို ဖယ်ရှားရှင်းလင်းခြင်း

Mac OS အသုံးပြု သူတွေအတွက် နောက်ဆုံးထွက်ရှိတဲ့ Safari browser မှာ cache file တွေကို ဖယ်ရှားရှင်းလင်း နိုင်ဖို့အတွက် အထောက်အပံ့ ပေးထားပါတယ်။ Browsing ပြုလုပ်စဉ်မှာ ကျန်ရှိတဲ့ Cookie နဲ့ အခြားသော data တွေကို ဖယ်ရှားရှင်းလင်းနိုင်ရန်နဲ့ Cache တွေကို ဖယ်ရှားရှင်းလင်း ရန်အတွက် အဆိုပါ Feature ကို ထည့်သွင်းပေးထားပါတယ်။ Safari Browser မှ Cache တွေကို ဖယ်ရှားရှင်းလင်းရန် Mac OS အတွင်းရှိ Launchpad ကနေ Safari icon ကိုနှိပ်ပြီး browser ကိုဖွင့်လိုက်ပါ။ Browser ပွင့်လာပြီဆိုရင် Menu မှာရှိတဲ့ Safari button ကို […]

Read More

GIF ဖိုင်တစ်ခုကို ဘယ်လိုဖန်တီးမလဲ

Facebook, Instagram, Twitter, Pinterest အစရှိတဲ့ လူမှုကွန်ရက်ဆိုက်တွေမှာ GIF ဖိုင်တွေကို သုံးစွဲသူတွေကိုယ်တိုင် ဖန်တီးပြုလုပ်ပြီး Post အဖြစ် ဝေမျှနိုင်ရန်အတွက် ပြုလုပ်နည်းဖြစ်ပါတယ်။ GIF ဆိုတာကတော့ ဖော်ပြချင်တဲ့ ပုံရိပ်တွေကို ထည့်သွင်းပြီး Loop တစ်ခုဖြစ်ဖန်တီးကာ အကြိမ်ကြိမ်ဖော်ပြပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ အဆိုပါ GIF တွေကို ကိုယ်တိုင်ဖန်တီး ပြုလုပ်လိုသူများအနေနဲ့ အောက်ဖော်ပြပါအတိုင်း အလွယ်တကူ ဖန်တီးပြုလုပ်နိုင်ပါတယ်။ အကယ်၍ GIF ဖိုင်တွေကို ကိုယ်တိုင်ဖန်တီးပြုလုပ်ပြီး မိမိရဲ့ Facebook Timeline မှာ တင်လိုသူတွေအတွက် ပထမဦးဆုံး Giphy.com (http://goo.gl/RriEKJ) ဆိုတဲ့ ဝက်ဘ်ဆိုက်ကို သွားရပါမယ်။ အဆိုပါ ဝက်ဘ်ဆိုက်ကို ရောက်ပြီဆိုရင် အခြားသူများ ဖန်တီးထားတဲ့ GIF ဖိုင်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ […]

Read More

စောင့်ကြည့်မှုများ ပြုလုပ်ရန် စမတ်အိမ်သုံးထုတ်ကုန်များကို အသုံးပြုသွားမည်ဟု အမေရိကန်အစိုá€

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများသည် နည်းပညာ ကုမ္ပဏီများက encryption အသုံးပြုမှု မြင့်တက်လာသော်လည်း လျို့ဝှက်စောင့်ကြည့်မှုများ ဆက်လက် ပြုလုပ်နေဆဲ ဖြစ်ကြောင်း နိုင်ငံတော် ထောက်လှမ်းရေး ဒါရိုက်တာ ဂျိမ်းစ်ကလက်ပါက အင်္ဂါနေ့၌ ထွက်ဆို ပြောကြားသွားခဲ့သည်။ အပူချိန်ညှိသော ကိရိယာ၊ ကင်မရာများအပြင် အင်တာနက်နှင့်ချိတ်ဆက်ထားသည့် အခြားထုတ်ကုန်များကဲ့သို့ internet of thing များသည် ပစ်မှတ်များကို လျို့ဝှက်၍ စောင့်ကြည့်လေ့လာရန် ထောက်လှမ်းရေး အေဂျင်စီများကို ကြီးစွာ အထောက်အကူ ပြုနိုင်မှုကို ကလက်ပါက ပြောကြားခဲ့ကြောင်း Guardian မှဖော်ပြခဲ့သည်။ ထိုအကြောင်း အရပ်များကို သတိမပြုဘဲ ၎င်းထုတ်ကုန်များ ဝယ်ယူ သုံးစွဲမိသူများအတွက်မူ စိုးရိမ်ဖွယ်ရာ ကိစ္စရပ်ဖြစ်လာသည်။ “အနာဂတ်မှာ ထောက်လှမ်းရေး တာဝန်တွေအဖြစ် ပစ်မှတ်တွေရှာဖွေခြင်း၊ စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း၊ တည်နေရာရှာဖွေခြင်းနဲ့ […]

Read More

အိန္ဒိယနိုင်ငံရှိ သုံးစွဲသူများစွာထံ ရေဘေး သတိပေးချက်များ ဖော်ပြပေးမည်ဟု Google ထုတ်ပြန်

၂၀၁၅ ခုနှစ် နှစ်ကုန်ခါနီး၌ အိန္ဒိယနိုင်ငံရှိ တမီလ်နာဒူ ပြည်နယ်တစ်လျှောက် ရေကြီးမှုကြောင့် လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့ပြီး လူနှစ်သန်းနီးပါး အိုးအိမ်မဲ့ ဖြစ်ခဲ့ပြီးနောက် Google က နိုင်ငံအတွင်းရှိ သုံးစွဲသူများအတွက် ဆိုက်နှင့် app များတွင် ရေဘေးသတိပေးချက်များ ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Google သည် ရေအရင်းအမြစ်ဗဟိုကော်မရှင် (CWC) မှထောက်ပံ့ပေးထားသော အချက်အလက်များ အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းအချက်အလက်များဖြင့် သုံးစွဲသူများက အိန္ဒိယနိုင်ငံတစ်လွှားရှိ ရေကြီးမှုများကို ခြေရာခံခြင်းနှင့် အေဂျင်စီမှ စောင့်ကြည့်နေသည့် ဧရိယာ ၁၇၀ ကျော်တွင် မြစ်ရေချိန် အချက်အလက်ကို စစ်ဆေးနိုင်သည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် ရှာဖွေမှုများအတွင်း သတိပေးချက်များကို မြင်တွေ့နိုင်သလို Google Now cards, Google […]

Read More

Facebook သုံးစွဲသူ အချက်အလက်များအား အမေရိကန်သို့ ပေးပို့နေမှုကို ရပ်တန့်ရန် ပြင်သစ်ညွှန်ကြား

ပြင်သစ်၏ အချက်အလက်ကာကွယ်ရေး အဖွဲ့အစည်း CNIL အနေဖြင့် Facebook က ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူမဟုတ်သူများအား ခြေရာခံခြင်းနှင့် အမေရိကန်ထံသို့ အချက်အလက်များပေးပို့နေမှုကို ရပ်တန့်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ အကယ်၍ Facebook က ၎င်းညွှန်ကြားချက်ကို မလိုက်နာခဲ့လျှင် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ ၎င်းအမိန့်သည် ဥရောပသမဂ္ဂမှ အောက်တိုဘာလက ကမ်းရိုးတန်းလုံခြုံရေး အက်ဥပဒေဟုအမည်ရသော အတ္တလန္တိတ်သမုဒ္ဒရာ တစ်လျှောက် ကာလရှည်ကြာ အချက်အလက်လွှဲပြောင်းမှု သဘောတူညီချက် ပျက်ပြယ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအက်ဥပဒေသည် အမေရိကန်တွင် ပြည့်မီသော တစ်ကိုယ်ရေ လုံခြုံရေးများ မရှိခဲ့ကြောင်း အကြောင်းပြချက်ဖြင့် တရားမဝင်ဟု သတ်မှတ်ခဲ့သည်။ “Facebook က ကမ်းရိုးတန်းလုံခြုံရေး အခြေခံနဲ့ တစ်ကိုယ်ရေ အချက်အလက်တွေကို အမေရိကန်ဆီကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဥရောပသမဂ္ဂ […]

Read More

Google ကြော်ငြာများ၌ Flash အသုံးပြုခြင်းကို ဇွန်လ ၃၀ ရက်တွင် စတင်ရပ်ဆိုင်းမည်

Flash ကြော်ငြာများတွင် HTML5 ကို ရာနှုန်းပြည့်အသုံးပြုမည့် အချိန်အား Google မှ ကြေညာခဲ့ပြီးနောက် Flash ၏ ကျဆုံးခန်းမှာ တစ်ဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။ Google သည် Flash ကြော်ငြာသစ်များ လက်ခံခြင်းကို ၂၀၁၆ ခုနှစ် ဇွန်လ ၃၀ ရက်မှစတင်ကာ လက်ခံတော့မည် မဟုတ်ကြောင်း၊ Flash ကြော်ငြာအဟောင်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်မတိုင်မီအထိ ဆက်လက်အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါရက်နောက်ပိုင်းတွင် Google Display Network နှင့် DoubleClick Digital Marketing က HTML5 ကို အပြည့်အဝ အသုံးပြုသွားမည်ဖြစ်သည်။ အဆိုပါ အပြောင်းအလဲသည် အများမျှော်လင့်ထားသည့် အရာတစ်ခုဖြစ်ပြီး Flash […]

Read More

Oculus ၏ ကန်ဒေါ်လာ ၁,၄၉၉ တန်ဖိုးရှိ PC bundle ကို ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကြိုတင်မှာယူနိုင်

Oculus သည် hardware ထောက်ပံ့ပေးသည့် PC ကုမ္ပဏီများနှင့် ပူးပေါင်းမှုကို မိတ်ဆက်ပြီးနောက် Oculus Rift နှင့် PC သစ်များပါဝင်သော bundle ဈေးနှုန်းအပြင် ကြိုတင်မှာယူနိုင်မည့် ရက်ကိုလည်း မိတ်ဆက်သွားခဲ့သည်။ အဆိုပါ bundle တစ်ခုစီကို “Oculus-Ready PC” ဟုခေါ်ဆိုပြီး ကုမ္ပဏီ၏ အထင်ကရ VR ထုတ်ကုန်နှင့် အသုံးပြုနိုင်စေရန် ဒီဇိုင်းထုတ်ထားသည်။ အထူးသဖြင့် ၎င်း PC များတွင် VR လိုအပ်ချက်နှင့် ကိုက်ညီစေရန် Nvidia 900 series GPU အသုံးပြုထားသလို အခြား အဓိကစွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ထားသည်။ ၎င်း bundle တွင် ကြိုတင်မှာယူနိုင်သော Oculus Rift ပါဝင်သည့်အပြင် sensor, remote, Xbox […]

Read More

BarCamp Yangon 2016

BarCamp Yangon 2016 ကိုတော့ ဇန်နဝါရီ ၃၀ နှင့် ၃၁ ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်းရှိ MICT Park မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

Sharp Microwave Oven

Sharp အမှတ်တံဆိပ် Microwave Oven (Manual Type) အမျိုးအစားဖြစ်သည်။ Microwave Output Power 800 W အမျိုးအစားဖြစ်ပြီး Oven Capacity 22 Liter ဝင်ဆံ့ကာ ချက်ပြုတ်ချိန်ကို နာရီဝက်အထိ အသုံးပြုနိုင်သည်။ Light Up Dial အမျိုးအစားဖြစ်ပြီး 15, 30 Sec Setting Timer ချိန်ယူ အသုံးပြုနိုင်သည်။ Compact Design အမျိုးအစားဖြစ်ပြီး အဖြူရောင်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ၈၅,၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronics Wholesales Centre ဖုန်း ၀၉-၇၃၂၄၀၁၂၃ ၌ ဆက်သွယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More