Day: February 1, 2016

နှစ်နှစ်အတွင်း Flash ပျောက်ကွယ်သွားဖွယ်ရှိ

၂၀၁၅ ခုနှစ်တွင် မိုဘိုင်းနှင့် ဝက်ဘ်ဗီဒီယိုတွင် flash အသုံးပြုမှု  ၆ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၄ ခုနှစ်တွင် ၂၁ ရာခိုင်နှုန်း ရှိရာမှ ကျဆင်းသွားခဲ့ကြောင်း En-coding.com မှထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ media format အစီရင်ခံစာ၌ ဖော်ပြထားသည်။ လက်ရှိအချိန်တွင် အွန်လိုင်း ဗီဒီယိုများတွင် ၇၂ ရာခိုင်နှုန်းအထိ အသုံးပြုနေသာ H.264 သည် လက်ရှိ ဦးဆောင်နေသော video codec ဖြစ်သည်။ H.264 သည် အသစ်တစ်ခု မဟုတ်ဘဲ ၎င်းကို အသုံးပြုနေကြသည်မှာ ၁၃ နှစ်ဝန်းကျင်ခန့် ရှိပြီ ဖြစ်သည်။ အခမဲ့ဖြစ်သော WebM သည်လည်း မျိုးဆက်သစ် video codec တစ်မျိုးဖြစ်ပြီး ဈေးကွက်တွင် ၁၂ […]

Read More

Gionee F103

Device Support : Gionee Price : 159,000 အားသာချက် ဈေးနှုန်းသင့်တင့်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းတွင်ပါဝင်ဖွဲ့ စည်းတည်ဆောက်ထားသော Screen ပိုင်းတွင် ကောင်းမွန်သော မြင်ကွင်း ရုပ်ထွက်ပုံစံကို မြင်တွေ့နိုင်သည့်အပြင် ဂရပ်ဖစ် GPU, Memory နှင့် ကင်မရာ၊ မိုဘိုင်းဖုန်း ကွန်ရက်ပိုင်းတို့တွင်လည်း ကောင်းမွန်သော ဖုန်းဖြစ်သည်။ အားနည်းချက် Sensor ပိုင်းတွင် Accelerometer Sensor နှင့် Proximity Sensor နှစ်မျိုးသာပါဝင်ပြီး Bluetooth စနစ်တွင် 2.0 ဖြစ်သောကြောင့် Bluetooth Version မှာလည်း အနည်းငယ်နိမ့်နေမည် ဖြစ်သည်။ မြင်ကွင်း ရှေ့ Screen မျက်နှာပြင်မှာ ၅.၀ လက်မရှိသော IPS LCD Screen […]

Read More

HP Star Wars Special Edition Notebook

USD-599.00 အားသာချက် Star Wars ဇာတ်ကားရှိ ဒီဇိုင်းဖြင့် ဖန်တီးထားသော laptop သည် အလွန် ဆွဲဆောင်မှုရှိသလို ၎င်းတွင် ထပ်ဆောင်းဒီဂျစ်တယ် content များပါဝင်သည်။ ထို့အပြင် သမားရိုးကျ ၁၅ လက်မ HP laptop ထက် ဈေးနှုန်းပိုမို များပြားခြင်း မရှိပေ။ အားနည်းချက် ဘက်ထရီ သက်တမ်းမှာ တိုတောင်းသည်။ Nvidia graphics card ပါဝင်သော laptop ၏စွမ်းဆောင်ရည်မှာ အသင့်အတင့်သာရှိသည်။ အသေးစိတ်ဖော်ပြချက် HP သည် Star Wars ပရိသတ်များအတွက် ရည်ရွယ်သော laptop တစ်မျိုးကို ထုတ်လုပ်လိုက်ပြီ ဖြစ်သည်။ အဆိုပါ laptop သည်တန်ဖိုးကြီး gaming ထုတ်ကုန် မဟုတ်ဘဲ အလူမီနီယမ် ကိုယ်ထည်နှင့် […]

Read More

QuickDraw Android Application ဗားရှင်းအသစ် ထွက်ရှိ

အခမဲ့ ကံစမ်းမဲ Application တစ်ခုဖြစ်သည့် Quick Draw Android Application ဗားရှင်း အသစ် 2.1 ထွက်ရှိလာကြောင်း သိရသည်။ အဆိုပါ App သည် အသုံးပြုသူ၏ လမ်းလျှောက်မှုနှုန်းနှင့် ဉာဏ်စမ်းမေးခွန်း ဖြေဆိုနိုင်မှု တို့ပေါ်တွင် မူတည်၍ QuickDraw မှ ဆုလက်ဆောင်များကို ရယူနိုင်မည်ဖြစ်သော App တစ်ခုဖြစ်သည်။ “ဒီ App လေးကတော့ ဆုလက်ဆောင်တွေကို ကံစမ်းနိုင်မယ့် အခမဲ့ Application လေးပဲ ဖြစ်ပါတယ်။ စစချင်း အသုံးပြုမယ် ဆိုရင်တော့ Facebook Log In တောင်းပါမယ်။ ဒီ App လေးရဲ့ ထူးခြားချက်ကတော့ အသုံးပြုတဲ့သူအနေနဲ့ လမ်းများများ လျှောက်နိုင်လေ၊ မိုင်များများ သွားနိုင်လေ အမှတ်များရရှိမှာ ဖြစ်ပါတယ်။ […]

Read More

MWC ပြပွဲ၌ Mi 5 ကို မိတ်ဆက်သွားမည်ဟု Xiaomi အတည်ပြု

တရုတ်စမတ်ဖုန်း ကုမ္ပဏီ Xiaomi ၏ အထင်ကရ စမတ်ဖုန်း တစ်မျိုးဖြစ်သော Mi 5 ကို ဘာစီလိုနာမြို့တွင် ကျင်းပမည့် Mobile World Congress (MWC) ပြပွဲ၌ မိတ်ဆက်သွားမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ Xiaomi ၏ကမ္ဘာလုံးဆိုင်ရာ ဥက္ကဌဟူဂိုဘာရာက Mi 5 ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် မိတ်ဆက်မည့်အကြောင်းနှင့် ပတ်သက်၍ Twitter ၌ အတည်ပြုဖော်ပြ သွားခဲ့သည်။ Mi 5 ဖုန်း၏အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးသည့်အပြင် ဟူဂိုဘာရာက ၎င်း၏ tweet တွင် အထက်ပါပုံကိုသာ ဖော်ပြထားသည်။ ထို့ကြောင့် MWC ပွဲမှသာ ဖုန်းအသေးစိတ် အချက်အလက်များ သိနိုင်ဖွယ်ရှိသည်။ Xiaomi […]

Read More

မိုဘိုင်းဖုန်း (သို့) လက်ဖဝါး ပေါ်က စွမ်းအားရှင်

သင့်ပတ်ဝန်းကျင်ကို နေ့စဉ် သတိထားကြည့်မိပါက လူတိုင်နီးပါ မိမိဖုန်းလေးများကို ပွတ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ မိုဘိုင်းဖုန်းများ ပေါ်ပေါက်လာမူကြောင့် လူမှုရေးစီးပွားစသော ဘက်များတွင်များစွာ အကျိုးရှိလှသည်။ ဆက်သွယ်ရေးအတွက် သာမက မိုဘိုင်းဖုန်းများမှာ အင်တာနက် အသုံးပြု ဈေးဝယ်ခြင်းနှင့် ငွေပေးခြင်းတို့ကဲ့သို့ စီးပွားရေး လုပ်ငန်းသုံး ယူနစ်တစ်ခုလည်း ဖြစ်လာနေသည်။ အသစ်အသစ်သော အရာရာတိုင်းသည်  အဟောင်းများကို ဖျက်ဆီးတတ်သော သဘောရှိကြသည်။ မိုဘိုင်းဖုန်း ထွက်ပေါ်လာမှုကြောင့် ပျောက် ကွယ်သွားကြသော ထုတ်ကုန်များလည်း ထိုနည်းတူ ရှိခဲ့သည်။ ထို့အတူ အကောင်းအဆိုး ဒွန်တွဲနေသော လောကကြီး၌ မိုဘိုင်းဖုန်း သုံးစွဲမှု၏ အမှောင်ခြမ်းကလည်း ရှိနေပြန်သည်။ မည်သို့ဆိုစေ မိုဘိုင်းဖုန်းသည် ထုတ်ကုန်တစ်ခုသာဖြစ်ပြီး သုံးစွဲသူ၏တိုင်းဆ ဆင်ခြင်နိုင်စွမ်းဟူသော ပညာနှင့် အသုံးချမှု ပေါ်ကိုလိုက်၍ အကောင်းအဆိုးကို ဖန်တီးပေးနိုင်သော ပြဒါးရှင်လုံးသာ […]

Read More

၂၀၁၅ ခုနှစ်အတွင်း Oppo မှ စမတ်ဖုန်း အလုံးပေါင်း သန်း ၅၀ ကျော် ရောင်းချခဲ့ရ

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံဈေးကွက်သို့ စတင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်း ကုမ္ပဏီတစ်ခုဖြစ်သည့် Oppo မှ ၂၀၁၅ ခုနှစ်အတွင်း စမတ်ဖုန်း အလုံးပေါင်း သန်း ၅၀ ရောင်းချခဲ့ရပြီး ၆၇ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါအောင်မြင်မှုကြောင့် Oppo အမှတ်တံဆိပ် စမတ်ဖုန်းသည် ကမ္ဘာတစ်ဝန်းရှိ ထိပ်တန်းအမှတ်တံဆိပ် စမတ်ဖုန်း ၁၀ ခု စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။ ကမ္ဘာ့ရှယ်ယာဈေးကွက်တွင် Samsung မှ ၂၄ ဒဿမ ၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကာ ၎င်း၏နောက်မှ Apple, Huawei, Xiaomi, Lenovo, LG, TCL အစရှိသည့် စမတ်ဖုန်းတို့ အစဉ်လိုက် ရပ်တည်ကာ Oppo ကအဆင့် ၈ […]

Read More

ဆိုလာဒရုန်းများမှ 5G အင်တာနက် ထုတ်လွှင့်နိုင်ရန် Google စမ်းသပ်

Google သည် Project Loon ကို ပြုလုပ်သော အဖွဲ့ဖြင့် ထိပ်တန်းလျှို့ဝှက်စီမံကိန်းတစ်ခုကို စမ်းသပ်လုပ်ဆောင်နေကြောင်း ယူကေနေ့စဉ်သတင်းစာ The Guardian မှ ဖော်ပြခဲ့သည်။ Project Skybender ဟုခေါ်ဆိုသော အဆိုပါ စီမံကိန်းသစ်သည် နေရောင်ခြည်စွမ်းအင်သုံး ဒရုန်းများဖြင့် 5G အင်တာနက် ထုတ်လွှင့်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ Google သည် နယူးမက္ကဆီကိုမြို့ရှိ Spaceport America အာကာသလွှတ်တင်ရေးစခန်းတွင် millimeter wave ကို အခြေခံသော အင်တာနက်ကို စမ်းသပ်ခဲ့သည်။ Millimeter wave များသည် LTE ထက် ၄၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်သော အချက်အလက်ကို ထုတ်လွှင့်နိုင်ပြီး 5G အင်တာနက်၏ နောက်ကွယ်ရှိ နည်းပညာဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဆိုသည်။ DARPA သည် […]

Read More

အမေရိကန်ရှိ iPhone သုံးစွဲသူအားလုံး Facebook မှ ဗီဒီယိုတိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မှု ပြုလုပ်နိုင်မá

နာမည်ကျော်ကြားထင်ရှားသူများထံ အကန့်အသတ်ဖြင့် ဖြန့်ချိခဲ့ပြီးနောက် ဗီဒီယိုတိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်သော Facebook ၏ live streaming option ကို သုံးစွဲသူအားလုံးထံ ဖြန့်ချိပေးလိုက်ကြောင်းသိရသည်။ လက်ရှိတွင် livestreaming ကို iPhone ပေါ်မှ Facebook သုံးစွဲသူများသာ အသုံးပြုနိုင်သေးသော်လည်း Android တွင်အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း Facebook မှ ပြောကြားသည်။ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်မှု ပြုလုပ်ရန်အတွက် update status icon ကိုနှိပ်ကာ live video icon ကို ရွေးချယ်ခြင်းဖြင့် ပြုလုပ်နိုင်သည်။ အဆိုပါ option သည် Periscope ကဲ့သို့ပင် တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုနှင့် ပတ်သက်၍ ထင်မြင်ချက်များကိုလည်း တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကြည့်ရှုသည့် သူငယ်ချင်းများ၏ အမည်များနှင့် ကြည့်ရှုသူအရေအတွက်ကိုလည်း သိရှိနိုင်မည်ဖြစ်သည်။ […]

Read More