Day: January 28, 2016

၅ နှစ်အတွင်း မိုဘိုင်းဖုန်းသုံးစွဲမှု ၄ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၎င်းတို့၏အစိုးရအဖွဲ့ ၅ နှစ်တာ သက်တမ်းအတွင်း လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားရာတွင် မိုဘိုင်းဖုန်းသုံးစွဲမှုကို ၄ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ “နိုင်ငံတွင်း မိုဘိုင်းဖုန်းသုံးစွဲနိုင်မှုဟာ ၂၀၁၁ ခုနှစ်က ၄ ရာခိုင်နှုန်း ၊ ၅ ရာခိုင်နှုန်းခန့်သာ ရှိခဲ့ရာကနေ အခုအခါမှာ ၈၀ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆင်းမ်းကတ်ဈေးနှုန်းများဟာ ၁၅ သိန်း၊ သိန်း ၂၀ ကနေ ၁,၅၀၀ ကျပ်အထိ လျှော့ချပေးခဲ့တဲ့အတွက် လူတိုင်းလက်လှမ်းမီတဲ့ ဈေးနှုန်းဖြစ်လာပါပြီ” နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။ သမ္မတဦးသိန်းစိန်းအစိုးရ လက်ထက်တွင် ဆက်သွယ်ရေးကဏ္ဍအတွက် ပြည်ပမှ ဆက်သွယ်ရေးကုမ္ပဏီများကို လာရောက်ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့သည့်အပြင် […]

Read More

ကွန်ပျူတာဈေးကွက်ကို Dell နှင့် Lenovo က ဦးဆောင်နေသည် ဟုဆို

ဈေးကွက်စစ်တမ်းအရ ဝယ်ယူလိုသည့် ကွန်ပျူတာ Brand စာရင်းကို ကောက်ယူခဲ့ရာတွင် Apple ပြီးလျှင် Lenovo နှင့် Dell က ဦးဆောင်နေသည်ဟု အဆိုပါ စစ်တမ်းကို ကောက်ယူခဲ့သည့် Catalyst မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်သူရက ပြောသည်။ စစ်တမ်းအရ Dell Brand ကို ရန်ကုန်မှ ဝယ်ယူလိုသူ ပိုမိုများပြားပြီး Lenovo ကို မန္တလေးမြို့တွင် ပိုမိုဝယ်ယူလိုသည်ဟု သိရသည်။ နေပြည်တော်ဈေးကွက်အနေဖြင့် Lenovo ၊ Dell နှင့် Acer တို့ကို ဝယ်ယူလိုသူအရေအတွက် တူညီစွာရှိခဲ့သော်လည်း Dell Brand ကို မန္တလေးမြို့၌ ၀ယ်ယူလိုသူ နည်းပါးနေသည်ဟု သိရသည်။ အရည်အသွေးနှင့်ပတ်သက်၍ ကြိုက်နှစ်သက်မှုအပေါ် စစ်တမ်းကောက်ယူရာတွင်လည်း Apple Brand ပြီးလျှင် […]

Read More

ဖုန်းဘီလ် တစ်သောင်းကျပ်ဖြည့်လျှင် တစ်သောင်းကျပ် အပိုပေး

Telenor နည်းတူ MPT သည် ဖုန်းဘီလ် တစ်သောင်းကျပ်ဖြည့်လျှင် တစ်သောင်းကျပ် အပိုပေးသည့် ပရိုမိုးရှင်းကို စတင်လိုက်ကြောင်း သိရသည်။ တစ်ထောင်ကျပ်ဖြည့်လျှင် ၂၀၀ ကျပ်၊ ၃ ထောင်ကျပ်ဖြည့်လျှင် ၉၀၀ ကျပ်၊ ၅ ထောင်ကျပ်ဖြည့်လျှင် ၂ ထောင်ကျပ်၊ တစ်သောင်းကျပ်ဖြည့်လျှင် တစ်သောင်းကျပ် အပိုလက်ဆောင်ပေးခြင်းကို ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်အထိ MPT က ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ကန့်သတ်ချက်အရ ဘီလ်ဖြည့်သွင်းခြင်းမှ အပိုရရှိလာသည့် ငွေပမာဏကို ၁၅ ရက်အတွင်း ကုန်ဆုံးအောင် အသုံးပြုရမည်ဖြစ်ပြီး GSM နှင့် WCDMA အတွက် Postpaid နှင့် Prepaid နှစ်မျိုးစလုံးအပြင် အီလက်ထရောနစ် ငွေဖြည့်သွင်းခြင်းများပါ အကျုံးဝင်သည်ဟု သိရသည်။ ကန့်သတ်ချက်အရ […]

Read More

အကျယ်ပြန့်ဆုံးသော 3G ကွန်ရက်ကို ပိုင်ဆိုင်ထားသည်ဟု MPT က ကြေညာ

Telenor က အောက်တိုဘာလအတွင်း 3G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ၎င်းတို့အနေဖြင့် အကျယ်ပြန့်ဆုံး ပိုင်ဆိုင်ထားသည်ဟု ကြေညာခဲ့ပြီးနောက် MPT သည် လက်ရှိအချိန်တွင် ၎င်းတို့သည် 3G ကွန်ရက်ကို မြန်မာနိုင်ငံ၌ အကျယ်ပြန့်ဆုံး ပိုင်ဆိုင်ထားသည်ဟု ထပ်မံကြေညာလိုက်သည်။ MPT ၏ ကြေညာချက်အရ ၎င်းတို့သည် နိုင်ငံ၏ မြေဧရိယာ ၉၀ ရာခိုင်နှုန်းကျော်ကို 3G ကွန်ရက် လွှမ်းခြုံနိုင်ခဲ့ပြီး ယခင် လူဦးရေ ၆၀ ရာခိုင်နှုန်းကိုသာ 3G ကွန်ရက် လွှမ်းခြုံနိုင်ခဲ့သော်လည်း ယခုအခါ နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ကို 3G ကွန်ရက် လွှမ်းခြုံထားနိုင်ခဲ့ပြီဟု သိရသည်။ ကွန်ရက်လွှမ်းခြုံမှု၏ သဘောသဘာဝအရ နယ်မြေဧရိယာ လွှမ်းခြုံနိုင်မှုနှင့် လူဦးရေအပေါ် လွှမ်းခြုံနိုင်မှုဟူ၍ နှစ်မျိုးရှိကြောင်း၊ လာမည့် မတ်လအကုန်၌ […]

Read More

iPad Air 3 တွင် Apple Pencil အထောက်အပံ့ ပါဝင်ဖွယ်ရှိ

မတ်လတွင် Apple က iPad Air 3 ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်းနှင့် ၎င်း tablet သစ်တွင် Apple Pencil အထောက်အပံ့ပါဝင်ဖွယ်ရှိကြောင်း ကောလာဟလသတင်း ထွက်ပေါ်လာခဲ့သည်။ 9to5Mac ၏အဆိုအရ Apple သည် ၎င်း၏ stylus နှင့် တွဲဖက်သုံးနိုင်မည့် ၉.၇ လက်မ screen ကို စမ်းသပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Apple Pencil ကို သုံးနိုင်သည့် ထုတ်ကုန်မှာ iPad Pro တစ်မျိုးတည်းသာရှိသည်။ iPad Air 3 တွင် ကင်မရာအတွက် ကျောဘက်၌ flash တစ်ခုပါဝင်လာဖွယ်ရှိသလို iPad Pro နှင့် ယှဉ်ပြိုင်နိုင်မည့် စပီကာလည်း ပါဝင်လာဖွယ်ရှိကြောင်း သိရသည်။ ကောလာဟလသတင်းဖော်ပြချက် […]

Read More

Facebook ၏ Like ခလုတ်အသစ်များကို မကြာမီ အသုံးပြုနိုင်မည်ဟု မာ့ခ်ဇူကာဘတ် ပြောကြား

စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် စိတ်ခံစားမှု ၅ မျိုး ဖော်ပြနိုင်သော ခလုတ်များကို ၎င်း၏ လူမှုရေးမီဒီယာမှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ မကြာမီတွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားသည်။ Facebook အနေဖြင့် အဆိုပါ ခလုတ်များကို အမေရိကန်နိုင်ငံ ပြင်ပတွင် လေးလခန့် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ feature သစ်များနှင့်ပတ်သက်၍ ဆွေးနွေးစဉ်တွင် ဖြန့်ချိမည့် အချိန်အတိအကျကို ဇူကာဘတ်က ပြောကြားသွားခဲ့ခြင်း မရှိပေ။ Facebook ၏ feature သစ်များကို လူအများက comment, photo သို့မဟုတ် video များ နှစ်သက်ခြင်းကို ပြသရန် အသုံးပြုသည့် လက်မသင်္ကေတတွင် တိုးချဲ့သွားမည် ဖြစ်သည်။ Facebook တွင် နောက်ထပ်ပါဝင်လာမည့် ခံစားချက်သင်္ကေတများမှာ ဒေါသထွက်ခြင်း၊ […]

Read More

ကမ္ဘာ့အချမ်းသာဆုံး ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ဖြစ်လာသည့် မတ်ဇူကာဘတ်

ဗုဒ္ဓဟူးနေ့က စတော့ရှယ်ယာအိတ်ချိန်း ပိတ်ပြီးနောက် Facebook အမှုဆောင်အရာရှိချုပ် မတ်ဇူကာဘတ်သည် Oracle ဥက္ကဋ္ဌ လယ်ရီအယ်လီဆန်ကို ကျော်ဖြတ်၍ ကမ္ဘာ့အချမ်းသာဆုံး ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ဖြစ်လာသည်။ ဇူကာဘတ်၏ အသားတင်ဝင်ငွေ ရရှိမှုသည် ကန်ဒေါ်လာ ၄.၈၅ ဘီလီယံမှ ကန်ဒေါ်လာ ၄၆.၂၅ ဘီလီယံ မြင့်တက်လာသည်။ ဈေးကွက်ပိတ်သိမ်းပြီးနောက် Facebook ၏ စတော့ရှယ်ယာသည် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကုမ္ပဏီ၏ သုံးလပတ်ဝင်ငွေရရှိမှု အစီရင်ခံစာအတွက် ရလဒ်ကောင်းတစ်ခု ဖြစ်လာသည်။ ထိုသို့ ရှယ်ယာမြင့်တက်လာမှုကြောင့် ဇူကာဘတ်သည် အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၄၃.၆ ဘီလီယံရှိသော အယ်လီဆန်ထက် ကန်ဒေါ်လာ ၂.၅ ဘီလီယံ ပိုမိုများပြားခဲ့သည်။ ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ်အတွက် ဝင်ငွေရရှိမှုသည် ခန့်မှန်းထားသကဲ့သို့ ရရှိခဲ့ကြောင်း Facebook မှ […]

Read More

v6.86 Patch Overview

ဒီဇင်ဘာလ ၁၆ ရက်က ထွက်ရှိခဲ့တဲ့ Dota 2 ရဲ့ The Balance of Power Patch Update ဟာ တစ်လအတွင်းမှာပဲ ကစားသမားအားလုံးနဲ့ အသားကျ သွားခဲ့ပြီ ဖြစ်ပါတယ်။ မြေပုံအသစ်တို့ရဲ့ ထုံးစံအတိုင်း ထွက်ထွက်ခြင်းမှာတော့ ဝေဖန်မှုများ၊ အလိုမကျမှုများ ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ တစ်ကမ္ဘာလုံး လက်ခံကစားနေတဲ့ Patch ဖြစ်လို့ အမီလိုက်နိုင်ဖို့ လိုအပ်ပါတယ်။ Dota 2 Competitive Gaming ဖြစ်လာတာနဲ့အမျှ  သူ့ကို တာဝန်ယူရေးဆွဲပေးနေရတဲ့ Icefrog အနေနဲ့ မြေပုံအသစ်တစ်ခု ထွက်တိုင်းမှာ Professional အဆင့် ကစားပွဲများအတွက်ကို ပိုမိုဦးစားပေး ရည်ရွယ်ပြီး ပြု ပြင်ပြောင်းလဲလေ့ရှိတာကို တွေ့ရ ပါတယ်။ ဒီလိုပြောင်းလဲပေးတဲ့နေရာမှာ အကြောင်းပြချက် (၃) […]

Read More

iPhone 7 Plus တွင် ကျောဘက်ကင်မရာနှစ်ခု ပါဝင်လာဖွယ်ရှိ

iPhone အသစ်ထွက်ရှိရန် ၆ လကျော်ခန့် လိုသေးသော်လည်း အဆိုပါ iPhone သစ်နှင့် ပတ်သက်သည့်သတင်းများ ထွက်ပေါ်လာနေပြီဖြစ်သည်။ iPhone သတင်းများနှင့် စပ်လျဉ်း၍ ယုံကြည်အားထားရသော KGI Securities မှ လေ့လာဆန်းစစ်သူ မင်ချီကူ၏ ပြောကြားချက်အရ iPhone 7 Plus တွင် dual-camera စနစ် ပါဝင်လာဖွယ်ရှိကြောင်း MacRumors က ဖော်ပြခဲ့သည်။ အဆိုပါ ကင်မရာနှစ်ခုသည် သီးခြားပုံရိပ်များ ဖမ်းယူခြင်းနှင့် 3D ပုံရိပ်ဖမ်းယူခြင်းထက် အရည်အသွေးမြင့်မားသော ပုံရိပ်တစ်ခုကို ဖမ်းယူခြင်းအတွက်သာ ပူးပေါင်းလုပ်ဆောင်ဖွယ်ရှိသည်။ ကူက ၎င်းကင်မရာနှစ်ခုသည် ပုံရိပ်အရည်အသွေး ကျဆင်းမှုမရှိဘဲ zoom ချဲ့ရိုက်ကူးခြင်းအတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။ အခြားစိတ်ဝင်စားဖွယ်ရာ အချက်တစ်ခုမှာ iPhone 7 Plus ကို ဗားရှင်းနှစ်မျိုးဖြင့် […]

Read More

အဆင့်မြင့် 4G မိုဘိုင်းစနစ်အတွက် Ooredoo အသင့်ဖြစ်နေပြီ ဟုဆို

၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဆက်သွယ်ရေးကုမ္ပဏီများအတွက် 4G/LTE အသုံးပြုခွင့် စတင်ပေးလိုက်စဉ်ကပင် သုံးစွဲသူလက်ဝယ်ရှိ အူရီဒူးဆင်းမ်ကတ်တို့အနေဖြင့် 4G/LTE အတွက် အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ၂၀၁၄ ခုနှစ် မတ်လတွင် စတင်စမ်းသပ်စဉ်ကပင် အူရီဒူးဆင်းမ်ကတ် အားလုံးအနေဖြင့် 4G/LTE အတွက် အဆင်သင့်ဖြစ်နေခဲ့သည်မှာ ယခုဆိုလျှင် ၂ နှစ်နီးပါးပင် ရှိခဲ့ပါပြီ။ “အူရီဒူးရဲ့ ၆ သန်းကျော်သော သုံးစွဲသူအားလုံးဟာ 4G ကိုအသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အူရီဒူးက ဖြန့်ချိရောင်းချနေတဲ့ ဆင်းမ်ကတ်များဟာလည်း 4G အသုံးပြုဖို့ အသင့်အနေအထားမှာ ရှိနေပါတယ်။ ဆင်းမ်ကတ်အသစ် လဲလှယ်အသုံးပြုဖို့ မလိုတဲ့အတွက် ကျွန်တော်တို့ အရောင်းဆိုင်တွေမှာ ဆင်းမ်ကတ်လဲဖို့ တန်း အရှည်ကြီးစီပြီး စောင့်ဆိုင်းရတဲ့ ကရိကထတွေလည်း မရှိတော့ဘူးပေါ့။ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကနေပြီး 4G […]

Read More