Day: January 26, 2016

ဂိမ်းမင်းဆီကို

သမားရိုးကျ ကွန်ပျူတာ အသုံးပြုသူများက အွန်လိုင်းပေါ်မှာ အပြန်အလှန် ချက်ချင်းဆက်သွယ်ကြတဲ့ အလေ့အကျင့်တွေ များလာပြီး ပီစီကွန်ပျူတာတွေထက် Tablet နဲ့ Smartphone ကိုအားကိုးအားထားပြုပြီး သုံးစွဲလာတာကြောင့် ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်း ပီစီကွန်ပျူတာ ရောင်းအားတွေ ၁၀.၆ ရာခိုင်နှုန်းလောက် စီကျဆင်းခဲ့တယ်လို့ PC World မဂ္ဂဇင်းကြီးက ရေးသားဖော်ပြတာကို တွေ့ခဲ့ကြရတယ်။ ဒါပေမဲ့ သတင်းအချက်အလက် သုတေသန လုပ်ကိုင်ရာမှာ အလွန်နာမည်ကြီးလှတဲ့ IDC (International Data Corporation) ကတော့ ၂၀၁၅ ခုနှစ် စတုတ္ထ သုံးလပတ်အတွင်း အလုံးစုံပီစီ ရောင်းရတဲ့ အရေအတွက် ၇၁.၉ သန်းရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး  ဈေးကွက်လမ်းကြောင်းပြောင်း လာပုံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာပင် ထုတ်ပြန်ကြေညာ သွားတယ်။ […]

Read More

အင်္ဂလန်ပရီးမီးယားလိဂ်တွင် Selfie ရိုက်ကူးမှု အများဆုံးအသင်းအဖြစ် အာဆင်နယ် သတ်မှတ်ခံရ

ပရီးမီးယားလိဂ်တွင် selfie ရိုက်ကူးမှုအများဆုံး ကစားသမားနှင့် အသင်းများအား Instagram account တွင် upload ပြုလုပ်သော selfie ဓာတ်ပုံအရေအတွက်ဖြင့် တွက်ချက်ထားသော အဆင့်သတ်မှတ်ချက်များကို The Betting Expert က ထုတ်ပြန်ခဲ့သည်။ အာဆင်နယ်အသင်းသည် ပြိုင်ဘက်ချယ်လ်ဆီးအသင်းထက် ပုံ ၆၀ နီးပါးသာလွန်၍ selfie ရိုက်ကူးမှုအများဆုံး အသင်းဖြစ်လာသည်။ ထို့အတူ မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟိုသည်လည်း ပရီးမီးယားလိဂ်၏ selfie ရိုက်ကူးအများဆုံး ကစားသမား ဖြစ်လာသည်။ အာဆင်နယ်အသင်း၏ selfie ဓာတ်ပုံပေါင်း ပို့စ်ပေါင်း ၄၉၄ ခုရှိပြီး ၎င်း၏လန်ဒန်မြို့ခံ ပြိုင်ဘက် ချယ်လ်ဆီး (၄၃၆) ထက် ၅၈ ပုံ ပိုမိုများပြားကာ မန်ချက်စတာယူနိုက်တက် (၃၇၆) နှင့် မန်စီးတီး (၃၆၇) ထက် […]

Read More

Xiaomi Mi 5 စမတ်ဖုန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် မိတ်ဆက်မည်

လူအများစောင့်ဆိုင်းနေကြသော Xiaoi Mi 5 စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဖြစ်ကြောင်း တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi က ထုတ်ဖော်ပြောကြားသည်။ အဆိုပါ စမတ်ဖုန်းသစ်ကို အလုံးအရင်းနှင့် ထုတ်လုပ်လျက်ရှိပြီး ဖြန့်ချိချိန်တွင် လုံလောက်စွာရောင်းချနိုင်လိမ့်မည် ဖြစ်ကြောင်း Xiaomi ၏ စီနီယာဒုဥက္ကဋ္ဌဖြစ်သူ လီဝမ်ကျင်းက Weibo မှတစ်ဆင့် အတည်ပြုပြောကြားသည်။ အစောပိုင်းက ပေါက်ကြားထွက်ပေါ်လာသော သတင်းများအရ Xiaomi Mi 5 တွင် 2K (1440 x 2560p) resolution နှင့် ဖော်ပြပေးနိုင်မည့် ၅.၅ လက်မ screen နှင့်အတူ 2.5GHz Qualcomm Snapdragon 820 chipset ပါဝင်လာမည်ဟု ဆိုသည်။ သိုလှောင်မှုပမာဏအနေဖြင့် 16GB, 64GB […]

Read More

ICT City တည်ဆောက်မည့် မြေဧက ၃၇၀ ကို ကျပ်သိန်းပေါင်း ၃ သောင်း ၇ ထောင်ပေး၍ ဝယ်ယူ

သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာရှိ မြေဧက ၃၇၀ ကို ICT City တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ငွေကျပ်သိန်းပေါင်း ၃ သောင်း ၇ ထောင်ပေး၍ ဝယ်ယူခဲ့ကြောင်း သိရသည်။ လယ်မြေတစ်ဧကလျှင် ကျပ်သိန်း ၁၀၀ ဝန်းကျင်ပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစတင်ခြင်းကို ယခုနှစ်အတွင်း လုပ်ကိုင်နိုင်မည်ဟု သိရသည်။ “ဧက ၃၇၀ ထဲမှာ အိမ်ထောင်စု ၃၃ စုလောက် ရှိတယ်။ ဈေးအနေနဲ့ကတော့ လမ်းဘေးဆိုရင် ဈေးပိုပေးတယ်”ဟု စစ်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်အုန်းက ပြောသည်။ ICT City စီမံကိန်းအတွက် မြေနေရာဝယ်ယူခြင်းကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများအတွက် အသင်းချုပ်အနေဖြင့် တင်ဒါခေါ်ယူမှုများလည်း ပြုလုပ်သွားမည်ဟု […]

Read More

ဘားကမ့် ရန်ကုန် ၂၀၁၆

(၇)  ကြိမ်မြောက် BarCamp Yangon 2016 ကို ဇန်န၀ါရီလ ၃၀ နှင့် ၃၁ ရက်များ၌ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားကို နှစ်စဉ်ကျင်းပသည့် MICT Park ၌ ကျင်းပမည် ဖြစ်သည်။ ဘားကမ့်ရန်ကုန်မှာ နည်းပညာတစ်ခုတည်း အတွက် ရည်ရွယ်၍ ကျင်းပခြင်းမဟုတ်သည့် အတွက်ကြောင့် အခြားသော ကဏ္ဍများမှ ၀င်ရောက်ဆွေးနွေးနိုင် မည်ဖြစ်ကြောင်း၊ ထိုသို့ လွတ်လပ်စွာ ၀င်ရောက်ဆွေးနွေးမျှဝေနိုင်ရန်အတွက် ပါဝင်ဆွေး နွေး မည့်သူများ၊ တက်ရောက်နားထောင်မည့်သူများ အတွက် နည်းလမ်းသစ်များ ပါဝင်မည်ဖြစ်ကြောင်း ယခုနှစ်ဖြစ်မြောက်ရေး အဖွဲ့မှ ဆိုထားသည်။ ဘားကမ့်ရန်ကုန် ၂၀၁၆ မှာ ဘာတွေထူးခြားမလဲ ၀င်ရောက် ဆွေးနွေးမည့်သူများ၏ အကြောင်းအရာ ခေါင်းစဉ်များအား မှတ်တမ်းတင်ထား ရှိရန် လည်းကောင်း၊ အချိန်နှင့် […]

Read More

OTTO Vacuum Cleaner

ဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်လာသည့် OTTO အမှတ်တံဆိပ် ဖုန်စုပ်စက် အမျိုးအစားဖြစ်သည်။ အသုံးပြုနိုင်သော ဝပ်အားမှာ 1400W ဖြစ်သောကြောင့် အိမ်သုံးရုံးသုံးများအတွက် သင့်လျော်သည်။ ဖုန်မှုန့်များကို 1.5 Liter အထိစုပ်ယူနိုင်ပြီး Powerful Suction အမျိုးအစားဖြစ်သည်။ Dust Full Indicator ပါရှိသောကြောင့် ဖုန့်မှုန့်များပြည့်သည့်အခါ သိရှိနိုင်မည်ဖြစ်သည်။ Lower Noise Desige ဖြစ်သောကြောင့် ဆူညံမှုနည်းပါးမည်ဖြစ်သည်။ Automatic Core Rewinder နည်းပညာဖြင့်ဖွဲ့စည်းထားသည်။ အရောင်အနေဖြင့် အပြာရောင်တစ်မျိုးတည်းသာရှိမည်ဖြစ်သည်။ ထိုင်းနိုင်ငံထုတ် အမျိုးအစားဖြစ်သည်။ တန်ဖိုးမှာ ၄၅,၀၀၀ ကျပ်ဖြစ်ပြီး Multi Generation Electronics Wholesales Centre ဖုန်း ၀၉၇၃၂၄၀၁၂၃ ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

Read More

Dragon’s Dogma: Dark Arisen

PC အတွက် ၂၀၁၆ မှာ ထွက်ရှိလာတဲ့ Dragon’s Dogma: Dark Arisen ဟာ ၂၀၁၃ ခုနှစ်က PS3 နှင့် Xbox360 ဂိမ်းစက်တွေအတွက် ထွက်ရှိခဲ့တဲ့ Dragon’s Dogma နဲ့ Dark Arisen expansion တို့ကို ပူးပေါင်းပြီး graphics ပိုင်းနှင့် gameplay ပိုင်းတွေမြှင့်တင်ကာပြန်ထွက်လာတဲ့ enhanced edition ပဲဖြစ်ပါတယ်။ Console platforms မှာ အရင်ထွက်ထားတဲ့ဂိမ်းတွေကို PC Port တွေပြန်ထုတ်တဲ့အခါမှာ gameplay performance ပိုင်းတွေ၊ graphics options တွေ တစ်ခု ချင်းအသေးစိတ်ပြင်ဖို့ settings တွေပါလေ့သိပ်မရှိပေမယ့် Dragon’s Dogma: Dark Arisen မှာတော့ graphics […]

Read More

၂၀၁၅ ခုနှစ်တွင် စမတ်ဖုန်း သန်း ၅၀ ရောင်းချခဲ့ရကြောင်း Oppo ကြေညာ

တရုတ်စမတ်ဖုန်းကုမ္ပဏီ Oppo သည် ပြီးခဲ့သည့်နှစ်က စမတ်ဖုန်းအလုံးရေ သန်း ၅၀ ရောင်းချခဲ့ရကြောင်း ကြေညာခဲ့သည်။ အဆိုပါ စမတ်ဖုန်းအရေအတွက်အနက် ၁၅ သန်းခန့်မှာ R7, R7s နှင့် R7 Plus တို့ဖြစ်ကြောင်း ကုမ္ပဏီမှ ထုတ်ဖော်ပြောကြားခဲ့သည်။ ယွမ် ၂,၀၀၀ မှ ယွမ် ၃,၀၀၀ အကြား တန်ဖိုးရှိ ထုတ်ကုန်များမှာ ကုမ္ပဏီ၏ အရောင်းရဆုံး ထုတ်ကုန်များဖြစ်သည်။ အခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်သည့် Xiaomi သည် ပြီးခဲ့သည့်နှစ်တွင် စမတ်ဖုန်းအလုံးရေ သန်း ၇၀ ရောင်းချခဲ့ရပြီး Meizu နှင့် LeTV တို့က အလုံးရေ သန်း ၂၀ နှင့် ၄ သန်း အသီးသီးရောင်းချခဲ့ရသည်။ Huawei ကမူ ၂၀၁၅ […]

Read More

2 in 1 Table Lamp

Taige Xin အမှတ်တံဆိပ် TGX 750 မော်ဒယ် 2 in 1 Table Lamp ဖြစ်သည်။ စားပွဲတင်မီးတွင် LED မီးလုံး ၄၀ ပါဝင်ပြီး အဖြူရောင်နှင့်အဝါရောင်နှစ်မျိုးကို ၁၀ လုံးတစ်တန်းစီဖြင့် တစ်တန်းခြားတပ်ဆင်ပေးထားသည်။ စာကြည့်မီးအဖြစ်သာမက ညအိပ်မီးအဖြစ်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ အလင်းအား စိတ်ကြိုက်ချိန်ညှိနိုင်ပြီး မီးဖြူ၊ မီးဝါလည်းရွေးချယ်နိုင်မည်ဖြစ်သည်။ AC 220V ဖြင့် တိုက်ရိုက်တပ်ကာ အသုံးပြုနိုင်သလို မီးပျက်သည့်အချိန်မျိုးတွင်လည်း Built in battery ဖြင့် ဆက်လက်အသုံးပြုနိုင်အောင် စီစဉ်ပေးထားသည်။ ဓာတ်ခဲမှာ 2000 mAh ရှိသည့်အတွက် ၁၂ နာရီဆက်တိုက် မီးထွန်းနိုင်မည်ဖြစ်သည်။ DC 6.5V 0.1 Amp ရှိပြီး Auto Voltage ဖြစ်သည့်အတွက် […]

Read More

စမတ်ဖုန်းကို crash ဖြစ်စေမည့် လင့်ခ်တစ်ခု လူမှုရေးမီဒီယာပေါ်တွင် ပျံ့နှံ့လျက်ရှိ

မည်သည့်စမတ်ဖုန်းကိုမဆို browser တွင်ဖွင့်လျှင် crash ဖြစ်သွားစေမည့် လင့်ခ်တစ်ခုသည် လူမှုရေးမီဒီယာတွင် လတ်တလော ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။ အဆိုပါလင့်ခ် အမည်မှာ crashsafari.com (Chrome browser လည်း crash ဖြစ်သွားစေနိုင်သည်) ဖြစ်ပြီး စက္ကန့်တိုင်းတွင် address bar အတွင်းစာလုံးရေ ထောင်ချီရေးသားကာ browser ကိုပြိုလဲအောင် ပြုလုပ်ပြီး memory ကိုကုန်ခန်းစေမည် ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် code လိုင်းလေးခုသာ အသုံးပြုထားသည်။ ၎င်း code သည် iPhone သို့မဟုတ် Android တွင် Safari သို့မဟုတ် Chrome နှစ်ခုစလုံးကို crash ဖြစ်စေသလို ဖုန်းကိုလည်း reboot ဖြစ်သွားစေမည် ဖြစ်သည်။ ထို့အပြင် RAM နှင့် CPU […]

Read More