Day: January 20, 2016

iPhone case ကြောင့် ၉ နှစ်အရွယ် မိန်းကလေး ထိခိုက်ဒဏ်ရာရခဲ့

အိုလီဗီးယားရတ်တာသည် iPhone 5c အတွက် New Look iPhone case ကိုဝယ်ယူခဲ့သည်။ အဆိုပါ New Look case ကြောင့် အသက် ၉ နှစ်အရွယ် အိုလီဗီးယားသည် သေရာပါ အနာရွတ် ရရှိခဲ့သည်။ အဆိုပါ မိန်းကလေး၏ ရိုးရှင်းသော iPhone case ဓာတုဗေဒ လောင်ကျွမ်းဖြစ်ပုံ Daily Mail တွင် အသေးစိတ် ဖော်ပြထားသည်။ သူမသည် အိပ်ရာထဲတွင် အိပ်ပျော်နေစဉ် ဖုန်းကို ယူထားလေ့ရှိသည်။ New Look တွင် ဝယ်ယူခဲ့သော iPhone case မှာ နှင်းခဲနှင့် ဆင်တူသော ပလတ်စတစ် နောက်ခံအပြင် ဖုန်းကို လှုပ်ခတ်လိုက်လျှင် သက်တံပုံစံနှင့် တောက်ပသည့် အမှုန်များ ဖြစ်စေသော […]

Read More

Graphical CD Image Editor ကို Ubuntu OS တွင် ထည့်သွင်းခြင်း

Ubuntu OS ပေါ်ကနေ CD, DVD အစရှိသည်တို့မှ ဖိုင်တွေကို Image file (ISO) အဖြစ် ပြောင်းလဲချင်သူတွေ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ အသုံးပြုရ လွယ်ကူပြီး CD, DVD ပေါ်မှဖိုင်များကို ISO အဖြစ် ပြောင်းလဲနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲဟာ Bootable ISO ဖိုင်များအဖြစ်လည်း ပြုလုပ်ပေးနိုင်မှာဖြစ်ပြီး ဖိုင်တွေကိုစုစည်းကာ ISO ဖိုင်များအဖြစ် အလွယ်တကူ လုပ်ဆောင်နိုင်ရန်အတွက် အထောက်အပံ့ ပေးနိုင်ပါတယ်။ Ubuntu OS မှာ Graphical CD Image Editor ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update […]

Read More

Android ထုတ်ကုန်အားလုံး၏ ၆၆ ရာခိုင်နှုန်းအား ဟက်ကာများက ထိန်းချုပ်စေနိုင်သော လုံခြုံရေးအားနည်းá€

Linux kernel တွင် အသစ်ရှာဖွေတွေ့ရှိခဲ့သော အားနည်းချက်တစ်ခုက တိုက်ခိုက်သူများအား Android ထုတ်ကုန်များအပြင် Linux ကွန်ပျူတာများနှင့် ဆာဗာများအပါအဝင် ထုတ်ကုန် သန်းပေါင်းများစွာကို ထိန်းချုပ်စေနိုင်ကြောင်း သိရသည်။ လုံခြုံရေးကုမ္ပဏီ Perception Point မှ ရှာဖွေတွေ့ရှိခဲ့သော CVE-2016-0728 ဟု ရည်ညွှန်းထားသည့် အားနည်းချက်သည် ၂၀၁၃ ခုနှစ်က ဖြန့်ချိခဲ့သော Linux kernel version 3.8 ကတည်းက ရှိနေခြင်းဖြစ်ကြောင်းဆိုသည်။ လတ်တလောတွင် ကုမ္ပဏီအနေဖြင့် ၎င်းအားနည်းချက်အတွက် မှန်ကန်ကြောင်း အထောက်အထားတစ်ခုအား kernel ကို ပြုပြင်ထိန်းသိမ်းသည့် developer များထံ ပေးပို့ထားသည်။ ၎င်းအားနည်းချက်သည် ဆာဗာကို အကျိုးရှိရှိအသုံးချပြီး root access ကို ရယူနိုင်ကြောင်း၊ version 4.4 (KitKat) နှင့်အထက် […]

Read More

မိုင်းတွင်း၌ ကလေးလုပ်သားများအသုံးပြုမှုကို နည်းပညာကုမ္ပဏီကြီးများက ရပ်တန့်ရန်လိုအပ်

ကွန်ဂိုသမ္မတနိုင်ငံသည် ကားများနှင့် စမတ်ဖုန်းများတွင် ထည့်သွင်းအသုံးပြုသော lithium-ion ဘက်ထရီများပြုလုပ်နိုင်သည့် ကမ္ဘာ့အကြီးဆုံး ကိုဗော့သတ္တုရင်းမြစ်ရှိရာ နေရာတစ်ခု ဖြစ်သည်။ အဆိုပါနိုင်ငံသည် ခုနှစ်နှစ်အရွယ်ခန့်ရှိ ကလေးများကို မိုင်းတွင်း၌ သတ္တုများ တူးဖော်ရန် စေခိုင်းလျက်ရှိသည်။ တူးဖော်ရရှိသော သတ္တုများကို တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံရှိ ထုတ်လုပ်ရေးစက်ရုံများသို့ ဖြန့်ချိရန် တရုတ်ကုမ္ပဏီဖြစ်သော Huayou Cobalt သို့ရောင်းချခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဖွဲ့အစည်းနှင့် ကွန်ဂိုနိုင်ငံအခြေစိုက် အကျိုးအမြတ်မယူသောအဖွဲ့အစည်း Afrewatch မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါမိုင်းတွင်းများတွင် လုပ်ကိုင်နေသော ကလေးငယ်များက ၎င်းတို့အနေဖြင့် တစ်ရက်လျှင် ၁၂ နာရီ လုပ်ကိုင်ရပြီး အခကြေးငွေအဖြစ် ၁ ဒေါ်လာနှင့် ၂ ဒေါ်လာအတွင်းသာ ရရှိကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ အဖွဲ့အစည်းသို့ ပြောကြားခဲ့သည်။ ဖုန်နှင့် […]

Read More

ကလေးများအတွက် Minecraft: Education Edition ဂိမ်းကို ယခုနှစ်နွေရာသီတွင် ဖြန့်ချိမည်

Minecraft သည် ပန်းချီ၊ ပထဝီမြေဆိုင်ရာပညာရပ်နှင့် ကွန်ပျူတာသိပ္ပံအပါအဝင် အရာဝတ္ထုများစွာနှင့် ပတ်သက်၍ ကလေးများကို သင်ကြားပြသနိုင်သည့် နာမည်ကျော် tool တစ်ခု ဖြစ်လာသည်။ ဆရာများအနေဖြင့် အထက်ပါ လုပ်ငန်းများကို လုပ်ကိုင်ရာတွင် အကူအညီပေးမည့် MinecraftEdu အမည်ရသော ဂိမ်းကို Microsoft မှ ထုတ်လုပ်သွားမည် ဖြစ်သည်။ Microsoft သည် ၂၀၁၄ ခုနှစ်က Mojang နှင့် Minecraft ဂိမ်းကို ကန်ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး Minecraft: Education Edition ဟု အမည်ရသည့် ဗားရှင်းသစ်ကို ဖန်တီးလျက်ရှိသည်။ ယခုနှစ်နွေရာသီတွင် အဆိုပါဂိမ်းကို စမ်းသပ်၍ အခမဲ့ဖြန့်ချိပေးမည် ဖြစ်ပြီး တစ်ဦးချင်းနှင့် အဖွဲ့လိုက် သုံးစွဲနိုင်သည့် မော်ဒယ်များကို ရေရှည်အသုံးပြုမည့် အဖွဲ့အစည်းများအတွက် […]

Read More

၂၀၁၅ ခုနှစ်၏ အဆိုးရွားဆုံး password များစာရင်းတွင် ‘QWERTY’ နှင့် ‘12345’ က ထိပ်ဆုံး၌ ရပ်တည်

Password များသည် ယခင်ထက် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှု မရှိကြောင်း password-management application များကို ဖန်တီးသော SplashData ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။ ပြီးခဲ့သည့်နှစ်၏ အဆိုးရွားဆုံး pssword စာရင်းတွင် “1234567890”, “qwertyuiop” နှင့် “welcome” တို့ပါဝင်လာခဲ့ကြောင်း၊ အဆိုပါ password များသည် “1234”, “12345” နှင့် “qwerty” တို့နှင့်နှိုင်းယှဉ်လျှင် ပိုမိုရှည်လျားလာသော်လည်း လုံခြုံစိတ်ချမှုမရှိကြောင်း ကုမ္ပဏီမှ ပြောကြားသည်။ “လူတွေက သူတို့ရဲ့ password တွေမှာ စာလုံးတွေကို ထပ်ထည့်ပြီး ပိုမိုလုံခြုံမှုရှိအောင် ပြုလုပ်လာကြပါတယ်။ ဒါပေမဲ့ ရှည်လျားတဲ့ password တွေက ရိုးရိုးရှင်းရှင်းပုံစံပဲ ဖြစ်နေမယ်ဆိုရင် ဟက်ကာတွေရဲ့ identity ခိုးယူတဲ့ ဘေးအန္တရာယ်နဲ့ ပိုမိုကြုံတွေ့နိုင်ပါတယ်” […]

Read More

S Pen ပြဿနာ ဖြေရှင်းရန်အတွက် Note 5 ၏ hardware ကို ပြောင်းလဲခဲ့ကြောင်း Samsung ပြောကြား

ပြီးခဲ့သည့်နှစ်က Samsung သည် ၎င်း၏ Galaxy Note 5 တွင် S Pen ကို ဘက်မှားထည့်သွင်းမှုကြောင့် feature များ အသုံးပြု၍ မရသည့် ပြဿနာအချို့နှင့် တွေ့ကြုံခဲ့ရသည်။ သို့သော်လည်း ယခုအခါတွင် အဆိုပါ ပြဿနာကို ရှောင်လွဲနိုင်ရန်အတွက် Note 5 ၏ အတွင်းပိုင်းစက်ကိရိယာကို ပြောင်းလဲပြင်ဆင်ခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ အဆိုပါ ပြောင်းလဲပြင်ဆင်မှုကို အမည်မဖော်ပြသော Phandroid စာဖတ်ပရိသတ်တစ်ဦးက ပထမဦးဆုံး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းက မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက် ရိုက်ကူးထားသော Note 5 ဆားကစ်ပြား ဓာတ်ပုံများကို Phandroid ဆိုက်ထံ ပေးပို့ခဲ့သည်။ အဆိုပါ ဓာတ်ပုံများအရ Note 5 တွင် ပါဝင်လာသော S […]

Read More

LG Refrigerator

LG မှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် GC-B207GSQV မော်ဒယ်ရေခဲသေတ္တာဖြစ်သည်။ Door-in DoorTM ဒီဇိုင်းအသစ်မှာ ရေခဲ သေတ္တာထဲတွင် နေရာလွတ် ပိုရစေမည်ဖြစ်သည်။ ရေရှည်အသုံးပြုရာတွင်လည်း မီတာခကုန်ကျစရိတ်ကို အထူးသက်သာစေသည်ဟု သိရသည်။ Design ပိုင်းအတွက် ထိပ်တန်း စတီးလ်ပစ္စည်းများကိုသာ သုံးစွဲထားပြီး LED မျက်နှာပြင်ကို တပ်ဆင်ထားသည်။ ရေခဲသေတ္တာအတွင်း တံခါးများ၏ LED မီးသီးများမှာလည်း ပိုမိုအကြမ်းခံပြီး စွမ်းအင်သုံးစွဲမှုကို သက်သာစေမည်ဖြစ်သည်။ စွယ်စုံသုံး လေဝင်လေထွက်စနစ်စီးဆင်းမှုကိုလည်း ထည့်သွင်းပေးထားသည်။ V-fresh စနစ်သုံး freezer ကြောင့် အစားအသောက်များကို ပို၍ကြာရှည်အထားခံမည်ဖြစ်သည်။ Inverter Linear ကွန်ပရက်ဆာကလည်း လျှပ်စစ်သုံးစွဲမှုကိုလျှော့ချပေးပြီး ပိုအကြမ်းခံစေမည်ဖြစ် သည်။ ကွန်ပရက်ဆာကို ၁၀ နှစ် အာမခံပေးထားသည်။ တန်ဖိုး ၁,၂၉ဝ,ဝဝဝ ကျပ်ဖြင့် LG Showroom […]

Read More

MIND Investment Institute ဖွင့်လှစ်ခြင်းအခမ်းအနား ကျင်းပ

MIND Investment Institute စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ အမှတ် (4D), 99 ကွန်ဒို၊ ဓမ္မစေတီလမ်း၊ ကမာရွတ် မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစီအစဉ်တွင် MIND Investment Institute မှ Managing Director ဖြစ်သူ Maya Phyu Phyu Thaung မှ MIND Investment Institute ဖွင့်လှစ်ရခြင်း၏ အဓိကဦးတည်ချက်များနှင့် ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းများအကြောင်းကို အသေးစိတ် ဆွေးနွေးရှင်းလင်းပေးခဲ့သည်။ MIND Investment Institute သည် မြန်မာနိုင်ငံတွင် The Securities and Exchange Commission […]

Read More

PIR MP-Alarm

နီးနီးဝေးဝေး လုံခြုံစိတ်ချစေမည့် နည်းပညာသုံးကိရိယာငယ်ဖြစ်သည်။ PIR MP-Alarm ဖြစ်ပြီ်း 2G စနစ်သုံး GSM ဆင်းမ်ကတ်တစ်ကတ် ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ အရွယ်အစား အထူးသေးငယ်သည်။ ကိရိယာ၏ပတ်လည် ၁၅ ပေအတွင်း လူ၊ တိရစ္ဆာန် တစ်စုံတစ်ယောက် ဝင်လာခဲ့ပါက ကိရိယာဖြင့် ချိတ်ဆက်ထားသည့်ဖုန်းကို ချက်ချင်းလှမ်းခေါ်ပေးမည့်အပြင် အဆိုပါအချိန်တွင် ထွက်ပေါ်နေသော အသံကိုပါ တိုက်ရိုက်ကြားနိုင်မည်ဖြစ်သည်။ ပတ်လည် ၁၂၀ ဒီဂရီအထိ အသုံးပြုနိုင်သည့်အတွက် အသုံးဝင်မည်ဖြစ်သည်။ ဖုန်းခေါ်ခြင်းအပြင် အဆိုပါကိရိယာကို ဖုန်းခေါ်ပြီးအသံသီးသန့်လည်း နားထောင်နိုင်မည်ဖြစ်သည်။ အရုပ်မမြင်ရသော်လည်း အသံဖြင့် စိတ်ချနိုင်သော ကိရိယာဖြစ် သည်။ Built in Battery ပါဝင်ပြီး DC 5V ဖြင့် အားပြန်သွင်းနိုင်မည်ဖြစ်သည်။ အားပြည့်သွင်းထားပါက ၁၅ ရက်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ […]

Read More