Day: January 19, 2016

Google ၏အလိုအလျောက် မောင်းနှင်နိုင်သော ကားများ စမ်းသပ်ရာတွင် မတော်မဆ ဖြစ်ရပ်များ ရှောင်လွှဲနိုá€

Google ယာဉ်မောင်းများသည် စက်တင်ဘာလ ၂၀၁၄ ခုနှစ်နှင့် နိုဝင်ဘာလ ၂၀၁၅ ခုနှစ်အတွင်း ကယ်လီဖိုးနီး ယားပြည်နယ် လမ်းမများပေါ်တွင် အလိုအလျောက် မောင်းနှင်နိုင်သော ကားများစမ်းသပ်ရာတွင် ၁၃ ကြိမ်မြောက် ယာဉ်တိုက်မှုဖြစ်ခြင်းမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ ဒေသဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အချက်အလက်များ တောင်းဆိုခဲ့သည်။ အခြားကား နည်းပညာ ကုမ္ပဏီခြောက်ခုကလည်း အလိုအလျောက် မောင်းနှင်နိုင်သောကား လုံခြုံရေး စမ်းသပ်မှုနှင့် ပတ်သက်သော အချက်အလက်များအား ထုတ်ပြန်ပေးခဲ့သည်။ Google သည် လူထိန်းချုပ် မောင်းနှင်ခြင်းမရှိသော ကားများတည်ဆောက် လိုသော်လည်း  ကယ်လီဖိုးနီးယား အခြေစိုက် စားသုံးသူ ကာကွယ်စောင့်ကြည့်ရေး အဖွဲ့က ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်အမှုများကို ဖျောက်ဖျက်ပစ်လျက် ရှိကြောင်း ဝေဖန်ပြောကြားခဲ့သည်။ အဆိုပါ ကယ်လီဖိုနီးယား […]

Read More

ရှာဖွေမှု ရလဒ်များမှ တစ်ဆင့် Android app များကို install ပြုလုပ်နိုင်

Android သုံးစွဲသူများသည် app များကို install ပြုလုပ်ရာတွင် Play Store သို့ အမြဲတမ်းသွားရောက်ရန် မလိုတော့ဘဲ Google ၏ ရှာဖွေမှုရလဒ်များ (search results) မှတစ်ဆင့် install ပြုလုပ်နိုင်ပြီ ဖြစ်သည်။ Google app for Android တွင် ပါဝင်သော feature တစ်ခုသည် သုံးစွဲသူများက Google Play သို့ သွားရောက်ရန်မလိုတော့ဘဲ app များကို install ပြုလုပ်နိုင်စေမည် ဖြစ်သည်။ သို့သော်လည်း app permission များနှင့် popup များကို app portal သို့ သွားရောက်စဉ်ကအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။ App တစ်ခုကို ရှာဖွေသည့်အခါတွင် ၎င်းကို ရှာဖွေမှုရလဒ်များ၏ ထိပ်ဆုံး၌ […]

Read More

Tresdin the Legion Commander

Reborn သို့ ကူးပြောင်းသွားပြီးကတည်းက တရားဝင်မဟုတ်ပေမယ့် New MMR Calculation က ယခင်ကလို ရိုးရှင်းတဲ့ K/D/A ratio နဲ့တွက်ချက်တာ မျိုး မဟုတ်တော့ဘဲ အနည်းငယ် ကျယ်ပြန့်သွားခဲ့တာ အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ကစားသမားတစ်ယောက်ဟာ MOBA game များနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိမရှိပေါ်ကို မူတည်ပြီး တွက်ချက်ရုံသာမကဘဲ ကစားသမားတစ်ယောက်က Dota 2 အပေါ်မှာ ဘယ်လောက်ထိ နားလည်သလဲ ပေါ်မူတည်ပြီး တွက်ချက်မှုထဲမှာ ထည့်သွင်း စဉ်းစားခြင်းပြုတဲ့အချက်ကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိပေမယ့် လေ့လာချက်များအရ သိရပါတယ်။ ဒါကြောင့် ကစားပွဲ တစ်ခုမှာ K/D/A ကိုလည်း တစ်ဖက်က တိုးအောင်လုပ်ပေးပြီး Dota ရဲ့ ရှားပါး Role တစ်ခုဖြစ်တဲ့ Jungle ပါဆော့လို့ရတဲ့ Legion […]

Read More

Bee Talk New Version Launching Ceremony

Bee Talk New Version Launching Ceremony ကိုတော့ ဇန်နဝါရီလ ၁၃ ရက်က Junction Square ရှိ Junction Cineplex မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Read More

3D Blu-ray Player

LG အမှတ်တံဆိပ် BP640  မော်ဒယ် 3D Blu-Ray Player တွင် Sound Privacy စနစ်ပါရှိသည့်အတွက် နားကြပ်ဖြင့် ဂီတသံစဉ်များကို နားဆင်နိုင်မည်ဖြစ်သည်။ Remote တစ်ခုတည်းဖြင့် Player နှင့် TV ကို ထိန်းချုပ်ပေးနိုင်သော simplink HDMI ပါဝင်သည်။ USB Plus ပါရှိသည့်အတွက် USB ဖြင့် အလွယ်တကူကြည့်ရှု ခံစားနိုင်မည်ဖြစ်သည်။ USB Channel ဖြင့် DIVX HD ဖိုင်ကိုလည်း အထောက်ပံ့ပေးမည်ဖြစ်သည်။ Remote Control Player ကဲ့သို့ မိုဘိုင်းအသုံးပြုနိုင်သော Smart Remote Control နည်းပညာကိုလည်း အသုံးပြုထားသည်။ တန်ဖိုးမှာ ၁၉၉,ဝဝဝ ကျပ်ဝန်းကျင်ဖြင့် LG Showroom ဖုန်း ၂၅၄၅၅၉ […]

Read More

Samsung 48” Full HD LED TV

Samsung အမှတ်တံဆိပ် Full HD (1920×1080) အမျိုးအစား LED TV ဖြစ်သည်။ Hyper Real Engine ကို အသုံးပြုထားပြီး Wide Color Enhancer Plus နည်းပညာကြောင့် ရုပ်ထွက်အမှန်ကို ခံစားနိုင်မည်ဟု သိရသည်။ 100Hz Clear Motion Rate နည်းပညာကြောင့် ရွေ့လျားရုပ်ရှင်များတွင် အထစ်အငေါ့ မရှိဘဲ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Digital Tuner Function ပါဝင်သောကြောင့် အခမဲ့ရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ လက်မ ၄၀  ၃၈၀,၀၀၀ ကျပ်နှင့် ၄၈ လက်မ ၅၈၀,၀၀ ကျပ်ဖြစ်သည်။ Multi Generation Electronics Wholesales Centre ဖုန်း ၀၉-၇၃၂၄၀၁၂၃ ၌ ဆက်သွယ်ဝယ်ယူနိုင်သည်။

Read More

Save-o-gram Inatagram Downloader

http://goo.gl/1ZJIPl  ဆော့ဖ်ဝဲအမျိုးအစား    –    Social Networking Software ဗားရှင်း    –    3.4 ဖိုင်အရွယ်အစား    –    2.86MB အသုံးပြုနိုင်သည့် OS    –    XP/2003/Vista/Server 2008/7/8/10 Instagram ပေါ်က ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေကို Download ပြုလုပ်လိုသူတွေအနေနဲ့ အသုံးဝင်မယ့် ဆော့ဖ်ဝဲ တစ်ခုဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ Instagram ပေါ်မှာ တင်ထားတဲ့ပုံတွေကို ကိုယ့်ရဲ့ ကွန်ပျူ တာထဲကို အလွယ်တကူနဲ့ Download ပြုလုပ်နိုင်အောင် စီစဉ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ Download ပြုလုပ်တဲ့ ဖိုင်တွေကို Zip ဖိုင်တွေနဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို အသုံးပြုဖို့အတွက် Instagram မှာ အသုံးပြုတဲ့ User Name နဲ့ Password ကို အသုံးပြုရမှာဖြစ်ပါတယ်။ ဓာတ်ပုံတွေ […]

Read More

iDarkroom

iDarkroom ဆိုသည့် app သည် ISO, Shutter Speed, White Balance, Exposure အစရှိသည်တို့ကို DSLR ကင်မရာကဲ့သို့ ချိန်ညှိ၍ ရိုက်ကူးနိုင်မည့် app တစ်ခု ဖြစ်သည်။ ထို့ပြင် Camera Effect များကိုလည်း ထည့်သွင်းပေးထားပြီး အဆိုပါ Camera app ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကို Facebook, Twitter, Flickr အစရှိသည်တို့တွင် တိုက်ရိုက် Upload ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ app ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ iDarkroom iOS version […]

Read More

Learn Photography

Solo Learn မှ ထုတ်လုပ်ဖြန့်ချိထားသည့် Learn Photography app သည် Android OS သုံးစွဲသူများအတွက် ဓာတ်ပုံရိုက်ကူးနည်းနှင့် ဓာတ်ပုံနှင့် ပတ်သက်သည်များကို သိရှိစေရန် လေ့လာသင်ယူနိုင်မယ့် app တစ်ခုဖြစ်သည်။ အဆိုပါ app တွင် သင်ခန်းစာများကို ဗီဒီယိုဖိုင်များနှင့် ဖော်ပြပေးမည်ဖြစ်ပြီး သင်ခန်းစာ ပို့ချနေစဉ် အဆိုပါ သင်ခန်းစာနှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေဆိုရမည်ဖြစ်သည်။ မေးခွန်းများကို ဖြေဆို နိုင်မှသာ သင်ခန်းစာများကို ဆက်လက်လေ့လာနိုင်မည် ဖြစ်သည်။ Download ပြုလုပ်လိုသူများအနေဖြင့် အခမဲ့ download လုပ်ယူနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 6.3 MB ခန့်သာ ရှိမည်ဖြစ်သည်။ Android version 2.2 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် […]

Read More