Day: January 14, 2016

KENBO စမတ်ဖုန်းမော်ဒယ်သစ် မကြာမီ ဈေးကွက်ဝင်မည်

KENBO Fly O31 Plus မိုဘိုင်းဖုန်းအား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ပြည်တွင်းဈေးကွက်တွင် စတင်ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ “Fly O31 Plus ဖုန်းကို နောက်လ လဆန်းကစပြီး Pre Order အနေနဲ့ ရောင်းချပေးဖို့ရှိပါတယ်။ ဈေးကွက်ထဲမှာတော့ လလယ်ပိုင်းလောက်မှ စတင် ဝယ်ယူနိုင်မှာပါ။ ဈေးနှုန်းကတော့ ကျပ်နှစ်သိန်းဝန်း ကျင်လောက် ရှိမှာဖြစ်ပါတယ်” ဟု KENBO စမတ်ဖုန်းမြန်မာမှ တာဝန်ရှိသူတစ်ဦးက အင်တာနက် ဂျာနယ်သို့ ပြောသည်။ ၎င်း Fly O31 Plus စမတ် ဖုန်း GSM ကွန်ရက်စနစ်သုံး ဖုန်းဖြစ်ပြီး SIM ကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM ဖုန်းအမျိုးအစား ဖြစ်သည်။ […]

Read More

တရားဝင်မဟုတ်သော Huawei ဟန်းဆက်များ ပုံစံနှစ်မျိုးဖြင့် ဈေးကွက်အတွင်း ဝင်ရောက်

ဟန်းဆက်အဟောင်းများကို အသစ်အနေသို့ ရောက်ရှိအောင် ပြင်ဆင်၍သော်လည်းကောင်း၊ အခြားသော နိုင်ငံများအတွက် ထုတ်လုပ်ထားသည့် ဟန်းဆက်များကို မြန်မာနိုင်ငံသို့ တင်သွင်းခြင်းဖြင့်လည်းကောင်း ပုံစံနှစ်မျိုးဖြင့် တရားမဝင် Huawei ဟန်းဆက်များ ဈေးကွက်အတွင်း ဝင်ရောက်နေသည်ဟု သိရသည်။ အခြားသော နိုင်ငံများအတွက် ထုတ်လုပ်ထားသော ဟန်းဆက်များကို အသုံးပြုသည့်အခါ မြန်မာနိုင်ငံ၏ Network နှင့် ကိုက်ညီမှုမရှိဘဲ အခက်အခဲများ ကြုံတွေ့ရပြီး အဟောင်းကို အသစ်ကဲ့သို့ ပြုပြင်ထားသော ဟန်းဆက်များကို အသုံးပြုသည့်အခါ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ ပြဿနာများကြုံတွေ့ရကြောင်း Huawei Device Manager ဖြစ်သူ Cloudy Jiang က ပြောသည်။ တရားမဝင် Huawei ဟန်းဆက်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ Huawei မှ တရားဝင် ဖွင့်လှစ်ထားသော Service Center […]

Read More

ဆက်သွယ်ရေးကဏ္ဍတွင် edotco က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရင်းနှီးမြှုပ်နှံမည် ဟုဆို

ဆက်သွယ်ရေးတာဝါများကို တည်ဆောက်သည့် edotco သည် လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး လာမည့် ၃ နှစ်တာ ကာလအတွင်း တာဝါတိုင်ပေါင်း ၅ ထောင်ကိုလည်း စိုက်ထူသွားမည်ဟု ယနေ့ကြေညာခဲ့သည်။ edotco သည် Myanmar Tower Company တွင် Digicel ပိုင်ဆိုင်သည့် ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူ၍ မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍသို့ ၀င်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Company က ပိုင်ဆိုင်ပြီး လက်ရှိအချိန်၌ တာဝါတိုင်ပေါင်း ၁,၂၅၀ ကို Myanmar Tower Company ထံမှ ပြန်လည်ပိုင်ဆိုင်ထားသည်။ ၎င်းတို့တည်ဆောက်ခဲ့သည့် […]

Read More

မန်းတွင် MEIZU မှ ထုတ်ကုန်လေးမျိုး တရားဝင်မိတ်ဆက်

တရုတ်နိုင်ငံမှ နာမည်ကြီး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော MEIZU မှ ၂၀၁၆ ခုနှစ်အတွင်း ထုတ်လုပ်လိုက်သော စမတ်ဖုန်း ၄ မျိုးကို မြန်မာနိုင်ငံအတွင်း တရားဝင်မိတ်ဆက်ပွဲ အခမ်းအနားအား ဇန်န၀ါရီလ ၁၃ ရက်၊ ညနေ ၅ နာရီအချိန်က မန္တလေးမြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပွဲတွင် MEIZU PRO 5 , MX 5 , m2note နှင့် m2 မော်ဒယ်များကို အဓိကထား ပြသပေးခဲ့သည်။ ကုမ္ပဏီအနေဖြင့် လက်ရှိအချိန်တွင် ယူကေ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အစ္စရေး၊ ရုရှား၊ ယူကရိန်း၊ အိုင်ဒိုနီးရှား၊ ဟောင်ကောင်နှင့် အိန္ဒိယနိုင်ငံများတွင် ရောင်းချလျက်ရှိပြီး ယခု မြန်မာနိုင်ငံမှ Oriental Zebra […]

Read More

KTM Motor Bike ၏ ဆိုင်ကယ် စတန့်ဖျော်ဖြေပွဲ ပြုလုပ်မည်

မြန်မာနိုင်ငံ၏ ပထမဆုံး KTM Show Room မှ KTM Motor Bike စတန့်ရှိုးပွဲကို အတူတကွ စုပေါင်းမောင်းနှင်ခြင်းနှင့်အတူ ဇန်နဝါရီလ ၁၆ ရက်တွင် မင်္ဂလာမန္တလေး စင်တာတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ KTM ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် စုပေါင်းမောင်းနှင်ခြင်းကို အတူတကွဆင်နွှဲရန် စာရင်း ပေးသွင်းနိုင်မည်ဖြစ်ပြီး ပြင်သစ်စတန့်သမား၏ စတန့်အလှပြကွက်များ၊ DJ တေးဂီတနှင့် အခြားပျော်ရွှင်ဖွယ်ရာများကို လူတိုင်း အခမဲ့ကြည့်ရှုခွင့် ရမည်ဟုသိရသည်။ စတန့်ပြပွဲချိန်အား ညနေ ၄း၃၀ မှ ည ၈း၃၀ အထိ သတ်မှတ်ထားသည်။ ကမ္ဘာကျော် KTM Duke 200 ဆိုင်ကယ်အသုံးပြုကာ စတန့်ပြသမည်ဖြစ်ပြီး Duke 200 ဆိုင်ကယ်သည် လမ်းပေါ်တွင် စိတ်ကြိုက်မောင်းနှင်နိုင်သော Street Bike တစ်စီးအဖြစ်သာမက […]

Read More

၂၀၁၅ ခုနှစ်တွင် ကွန်ပျူတာ တင်ပို့ရောင်းချမှု ဆက်လက်ကျဆင်း

မိုဘိုင်းဖုန်းနှင့် tablet ရောင်းအား မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာတစ်ဝန်း တစ်ကိုယ်ရေသုံး ကွန်ပျူတာတင်ပို့ရောင်းချမှုသည် ၂၀၁၅ ခုနှစ် နောက်ဆုံး သုံးလပတ်အတွင်း ဆက်လက်ကျဆင်းခဲ့ကြောင်း သုတေသနကုမ္ပဏီ IDC နှင့် Gartner အစီရင်ခံစာအရ သိရသည်။ တစ်ကိုယ်ရေသုံး ကွန်ပျူတာများ ရောင်းအားကျဆင်းနေသည့် ကုမ္ပဏီများအနက် Apple အနေဖြင့် ဈေးကွက်ဝေစု မဆုံးရှုံးစေရန် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဝယ်ယူသူများနေဖြင့် တစ်ကိုယ်ရေသုံး ကွန်ပျူတာများပေါ်တွင် စိတ်ဝင်စားမှု အားနည်းနေပြီး ယခုနှစ်အတွက်တင်ပို့ရောင်းချမှုသည် ၂၀၀၈ နောက်ပိုင်းတွင် အနည်းဆုံးစံချိန် ဖြစ်ခဲ့ကြောင်း IDC အစီရင်ခံတွင် ဖော်ပြထားသည်။ သုံးစွဲသူများသည် မိုဘိုင်းထုတ်ကုန်များဖြင့် တွဲဖက်အသုံးပြုနိုင်သော touchscreen များနှင့် ဖယ်ရှားနိုင်သော keyboard များကို ဝယ်ယူရန် တွေဝေလေ့ရှိသည်။ အင်တာနက်ချိတ်ဆက်ထားသော နာရီများနှင့် ကျန်းမာရေး ခြေရာခံစက်များကိုမူ […]

Read More

CarPlay အထောက်အပံ့ပါဝင်မည့် ကားအမျိုးအစား ၁၀၀ ကျော်ကို Apple ထုတ်ပြန်

ကုမ္ပဏီ၏ CarPlay iPhone mirroring interface အထောက်အပံ့ပါဝင်မည့် ကားအမျိုးအစားစာရင်းကို Apple က ထုတ်ပြန်ကြေညာခဲ့သည်။ Apple ၏ CarPlay သုံးနိုင်မည့် ကားအမျိုးအစား စာရင်းတွင် Audi, Buick, Cadillac, Chevrolet, Citroen, DS Automobiles, Ferrari, Ford, GMC, Honda, Hyundai, Mercedes-Benz, Mitsubishi, Opel, Porsche, Peugeot, Seat, Skoda, Suzuki, Volkswagen နှင့် Volvo အပါအဝင် ကားကုမ္ပဏီ ၂၁ ခု၏ ၂၀၁၆ နှင့် ၂၀၁၇ ကားအမျိုးအစား တစ်ရာကျော်ခန့် ပါဝင်သည်။ CarPlay သည် ကားမောင်းနှင်သူများက iPhone ကို အသုံးပြုနေသကဲ့သို့ပင် […]

Read More

တရုတ်နိုင်ငံတွင် အိမ်သုံးအင်တာနက်ထက် အများသုံးအိမ်သာရှိ အင်တာနက်က ပိုမိုမြန်ဆန်နေ

တရုတ်နိုင်ငံ၏ ချုံရှင်းမြို့ရှိ အများပြည်သူသုံး အိမ်သာတွင် အခမဲ့ 50Mbps WiFi တပ်ဆင်ထားကြောင်း Chongqing Evening News ၏ ဖော်ပြချက် အရသိရသည်။ အဆိုပါသန့်စင်ခန်းသည် ၂၀၁၆ ခုနှစ်တွင် ချုံရှင်း၏ နာနန်းစီရင်စု၌ တည်ဆောက်ရန် စီစဉ်ထားသော နည်းပညာမြင့်အများပြည်သူသုံး အိမ်သာ၂၀ အနက် တစ်ခုအပါအဝင် ဖြစ်သည်။ ၎င်းတွင် အခမဲ့ WiFi ပါဝင်သလို မိုဘိုင်း ထုတ်ကုန်များအားသွင်းနိုင်သောရုံနှင့် နားနေခန်းအပြင် မိုက်ခရိုဝေ့၊ ရေခဲသေတ္တာ၊ ရေအေးစက်နှင့် အရေးပေါ်အခြေအနေများအတွက် ရှေးဦးသူနာပြု ပစ္စည်းနှင့် ဆေးဝါးများလည်း ပါဝင်မည် ဖြစ်သည်။ အဆိုပါအရာများအားလုံးအတွက် နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားကြောင်း ဆိုသည်။ ထို့အပြင် တရုတ်နိုင်ငံတွင် ကြယ်ငါးပွင့်အဆင့်ရှိ အများပြည်သူသုံး သန့်စင်ခန်းများစွာရှိသည်။ သို့သော်လည်း အဆိုပါ သန့်စင်ခန်းများအနက် အနည်းငယ်တွင်သာ […]

Read More

Xiaomi Redmi 3 နှင့်ယှဉ်ပြိုင်မည့် Lemon 3 ကို Lenovo မိတ်ဆက်

Lenovo သည် မကြာသေးမီက Xiaomi မှ မိတ်ဆက်ပေးခဲ့သော Redmi 3 နှင့် ယှဉ်ပြိုင်မည့် Lemon 3 ဟုခေါ်သော စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။ Lemon 3 ကို Redmi 3 ကဲ့သို့ပင် ၅ လက်မ HD display, Snapdragon 616 SoC, 2GB RAM နှင့် 16 GB သိုလှောင်မှုပမာဏဖြင့် အသုံးပြုနိုင်သည်။ ကင်မရာကလည်း တူညီပြီး 13MP ပင်မကင်မရာနှင့် 5MP selfie ကင်မရာတို့ကို အသုံးပြုထားသည်။ တန်ဖိုးကလည်း Redmi 3 ကဲ့သို့ပင် ၆၉၉ ယွမ် (၁၀၅ ဒေါ်လာ) ဖြင့် ရောင်းချမည် ဖြစ်သည်။ Lemon […]

Read More

Barathrum The Spirit Breaker

Solo Mmr 2000 ကနေ 3000 အထိ Push တဲ့အခါမှာ များသောအားဖြင့် Aggressive Hero တွေ အသုံးဝင်ပါတယ်။ ဒီအပိုင်းအခြားလောက်အထိ ကစားသမားအများစုဟာ Carry Hero တွေကိုသာ အကိုင်များလေ့ရှိဆဲဖြစ်ပြီး Farming ကို ဦးစားပေးတဲ့ Carry တွေ အတွေ့ရများတတ်ပါတယ်။ Carry Hero အများစုရဲ့ အဓိကအားနည်းချက်ကတော့ Disable Abiilty မရှိခြင်းဖြစ်ပြီး Disable Ability ကို အဓိကကြောက်ရတဲ့ Hero တွေအနေနဲ့ Disable နည်းတဲ့ Mmr အပိုင်းအခြားမှာ အသုံးဝင်လေ့ရှိပါတယ်။ ဒီလို Disable ကို ကြောက်ရတဲ့ Hero တွေထဲမှာမှ Aggressive Play Style နဲ့ အကိုက်ညီဆုံး Initiator […]

Read More